fbpx

ရနောင်းတွင် ဖမ်းဆီးခံထားရသည့်  ဆရာဆရာမများ ပြန်လည်လွတ်မြောက်

ထိုင်းတောင်ပိုင်း၊ ရနောင်းမြို့ရှိ ရနောင်းဌာနီကျောင်းမှာ ထိုင်း ဥပဒေနဲ့ညီညွှတ်မှုမရှိဘဲ ပညာသင်ပေးနေလို့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံက ဆရာဆရာမ ၃၂ ဦး မနေ့ညနေက ပြန်လွတ်လာကြပြီ ဖြစ်ပါတယ်။

အဆိုပါ ဆရာဆရာမတွေဟာ ခွင့်ပြုချက်မရတဲ့ ကျောင်းဆရာအလုပ်ကို ဝင်ရောက်လုပ်ကိုင်နေတာကြောင့် ရနောင်းခရိုင်အလုပ်သမားရုံးက ဒဏ်ငွေ ဘတ် ၅၀၀၀ စီ တပ်ပြီး မနေ့ညနေ ၅ နာရီခွဲလောက်က ပြန်လွှတ်ပေးလိုက်တာလို့  ထိုင်းတောင်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း၊ ရွှေ့ပြောင်းအလုပ်သမားရေးရာမှ ကိုမင်းဦးက ဒီဗွီဘီကို ပြောပါတယ် ။

“အလုပ်သမားဥပဒေမှာ ဝန်ကြီးဌာနကပြဋ္ဌာန်းထားတဲ့ ဖောရောဘော ဆိုတဲ့ ဥပဒေနဲ့ အလုပ်သမားဝန်ကြီး ဌာနလက်အောက်ခံ အလုပ်သမားစီမံခန့်ခွဲရေး စည်းကမ်းသတ်မှတ်ချက် ဖောရောကော ဆိုတာရှိတယ်။ ဆရာ ဆရာမတွေကိစ္စမှာ သက်ညှာစွာနဲ့ ဖောရောဘောဥပဒေနဲ့ မဆုံးဖြတ်ဘဲ အောက်ခြေစည်းကမ်း သတ်မှတ်ချက်နဲ့ပဲ  ဆုံးဖြတ်ပေးလိုက်တာကြောင့် တယောက်ကို ဘတ် ၅၀၀၀ ဒဏ်ကြေးသွင်းပြီး မနေ့ညနေက အားလုံးပြန်လွတ်လာပါပြီခင်ဗျ ။ ဒါပေမယ့် ကလေးတွေကို စာသင်လို့တော့မရဘူး ၊ အလည်အပတ်ပရမယ်”

အလုပ်သမားဝန်ကြီးဌာနဥပဒေနဲ့ ပြစ်ဒဏ်ချမယ်ဆိုရင် ဆရာဆရာမတွေဟာ တရားရုံးတက်ရမှာဖြစ်ပြီး ငွေဒဏ်အနည်းဆုံး ဘတ်ငွေ ၅၀၀၀ ကနေ  ၅၀၀၀၀ အထိ ကျခံရမှာဖြစ်ကာ ပြည်နှင်ဒဏ်ပါပေးခံရမှာဖြစ်ပါတယ်။

အခုလို ဆရာ/ဆရာမတွေ ပြန်လွတ်လာပေမယ့် စာသင်ခွင့်မရှိတော့တာကြောင့် ရနောင်းဌာနီကျောင်းက ကျောင်းသူကျောင်းသားပေါင်း ၁၀၀၀ ကျော် ဆရာမဲ့ဖြစ်သွားကြောင်း ၊ ကျောင်းဝင်စစ်ခံရကတည်းက ရနောင်းဌာနီကျောင်းနဲ့တကွ ရနောင်းခရိုင်ရှိ နားလည်မှုနဲ့ ဖွင့်ထားတဲ့ ရွှေ့ပြောင်းလုပ်သားကျောင်း ၊ learning Center တွေ စုစုပေါင်း ၁၀ ကျောင်းလောက်ပိတ်ထားရဆဲဖြစ်ပါတယ်။

ကျောင်းတွေပြန်ဖွင့်နိုင်ဖို့၊ ဆရာဆရာမတွေ ခန့်ထားနိုင်ဖို့ လောလောဆယ် ထိုင်းတောင်ပိုင်း ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း FED အဖွဲ့၊ ရနောင်းခရိုင်ရှိ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အဖွဲ့အစည်း၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး ညွှန်ကြားချက်အရ ရောက်ရှိလာတဲ့ အလုပ်သမားသံအရာရှိ၊ လူမှုဖွံ့ဖြိုးရေး အဖွဲ့တွေက သက်ဆိုင်ရာထိုင်းအာဏာပိုင်၊ ပညာရေးဌာန တို့နဲ့ ဆွေးနွေးညှိနှိုင်းဖို့ ဆောင်ရွက်နေကြပါတယ်။ 

ရနောင်းမြို့က ရနောင်းဌာနီကျောင်းဟာ မြန်မာရွှေ့ပြောင်းလုပ်သားရင်သွေးငယ်တို့ ပညာရေးအတွက် လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ကတည်းက ဖွင့်လှစ်ထားခဲ့ပေမယ့် ထိုင်းနိုင်ငံ ဥပဒေနဲ့အညီ တရားဝင်မှတ်ပုံတင်လို့ မရသေးပါဘူး။ 

ပြီးခဲ့တဲ့ စနေနေ့ကတော့ ထိုင်းအာဏာပိုင်တွေက အဆိုပါကျောင်းကို ရှောင်တခင်ဝင်ရောက် စစ်ဆေးပြီး ဥပဒေနဲ့ မညီတဲ့ ဆရာဆရာမတွေကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။


ရေနာင်းတြင် ဖမ်းဆီးခံထားရသည့် ဆရာဆရာမမ်ာျးပန္လည္လတြ်ျေမာက်
နန်ျးမနဒီ

ထိုင်းတောင္ပိုင်း၊ ရေနာင်းမြို့ရွိ ရေနာင်းဌာနီကော်င်းမွာ ထိုင်း ဥပေဒနဲ့ညီညွှတ္မှုမရွိဘဲ ပညာသင်ပေးနေလို့ ဖမ်းဆီးခံထားရတျဲ့မန္မာနိုင်ငံက ဆရာဆရာမ ၃၂ ဦး မေန့ညေနကျပန္လတ္လြာကြပျြီဖစ္ပါတယ်။

အဆိုပါ ဆရာဆရာမေတြဟာ ခြင့်ျပုခ်က္မရတဲ့ ကော်င်းဆရာအလုပ္ကို ဝင်ရောက္လုပ္ကိုင်နေတာကြောင့် ရေနာင်းခရိုင်အလုပ်သမားရုံးက ဒဏ်ငြေ ဘတ် ၅၀၀၀ စီ တပ်ပြီး မေန့ညေန ၅ နာရီခြဲလောက္ကျပန္လွှတ်ပေးလိုက္တာလို့ ထိုင်းတောင္ပိုင်း ပညာရေးနဲ့ ဖြံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရွင်း၊ ရွှေ့ျေပာင်းအလုပ်သမားရေးရာမွ ကိုမင်းဦးက ဒီဗြီဘီကိုျေပာပါတယ် ။

“အလုပ်သမားဥပေဒမွာ ဝန်ကြီးဌာနကျပဋ္ဌာန်းထားတဲ့ ဖောရောဘော ဆိုတဲ့ ဥပေဒနဲ့ အလုပ်သမားဝန်ကြီး ဌာနလက်အောက္ခံ အလုပ်သမားစီမံခန့္ခြဲရေး စည်းကမ်းသတ္မွတ္ခ်က် ဖောရောကော ဆိုတာရွိတယ်။ ဆရာ ဆရာမေတြကိစ္စမွာ သက်ညှာစြာနဲ့ ဖောရောဘောဥပေဒနဲ့ မဆုံျးဖတ္ဘဲ အောက်ျေခစည်းကမ်း သတ္မွတ္ခ်က္နဲ့ပဲ ဆုံျးဖတ်ပေးလိုက္တာကြောင့် တေယာက္ကို ဘတ် ၅၀၀၀ ဒဏ်ကြေးသြင်းပြီး မေန့ညေနက အားလုံျးပန္လတ္လြာပါပြီခင္ဗ် ။ ဒါပေမယ့် ကေလးတြေကို စာသင္လို့တော့မရဘူး ၊ အလည်အပတ္ပရမယ်”

အလုပ်သမားဝန်ကြီးဌာနဥပေဒနျဲ့ပစ္ဒဏ္ခ်မယ်ဆိုရင် ဆရာဆရာမေတြဟာ တရားရုံးတက်ရမျွာဖစ်ပြီး ငြေဒဏ်အနည်းဆုံး ဘတ်ငြေ ၅၀၀၀ ကေန ၅၀၀၀၀ အထိ က်ခံရမျွာဖစ္ကျာပည်နွင္ဒဏ္ပါပေးခံရမျွာဖစ္ပါတယ်။

အခုလို ဆရာ/ဆရာမေတျြပန္လတ္လြာပေမယ့် စာသင္ခြင့္မရွိတော့တာကြောင့် ရေနာင်းဌာနီကော်င်းက ကော်င်းသူကော်င်းသားပေါင်း ၁၀၀၀ ကော်် ဆရာမျဲ့ဖစ်သြားကြောင်း ၊ ကော်င်းဝင္စစ္ခံရကတည်းက ရေနာင်းဌာနီကော်င်းနဲ့တကြ ရေနာင်းခရိုင်ရွိ နားလည္မှုနဲ့ ဖြင့္ထားတဲ့ ရွှေ့ျေပာင်းလုပ်သားကော်င်း ၊ learning Center တြေ စုစုပေါင်း ၁၀ ကော်င်းလောက္ပိတ္ထားရဆျဲဖစ္ပါတယ်။

ကော်င်းတျြေပန္ဖငြ့်နိုင္ဖို့၊ ဆရာဆရာမေတြ ခန့္ထားနိုင္ဖို့ လောလောဆယ် ထိုင်းတောင္ပိုင်း ပညာရေးနဲ့ ဖြံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရွင်း FED အဖြဲ့၊ ရေနာင်းခရိုင်ရွိ ကေလးသူငယ် အခြင့်အေရးဆိုင်ရာ အဖြဲ့အစည်း၊ ထိုင်းနိုင်ငံဆိုင်ရျာမန္မာသံရုံး ညွှန်ကြားခ်က်အရ ရောက်ရွိလာတဲ့ အလုပ်သမားသံအရာရွိ၊ လူမှုဖြံ့ဖြိုးရေး အဖြဲ့တြေက သက်ဆိုင်ရာထိုင်းအာဏာပိုင်၊ ပညာရေးဌာန တို့နဲ့ ဆြေးနြေးညှိနှိုင်းဖို့ ဆောင်ရက်ြနေကြပါတယ်။

ရေနာင်းမြို့က ရေနာင်းဌာနီကော်င်းဟျာမန္မာရွှေ့ျေပာင်းလုပ်သားရင်သြေးငယ္တို့ ပညာရေးအတြက် လြန္ခဲ့တဲ့ ၁၀ နွစ်ကေ်္ကာတည်းက ဖြင့္လွစ္ထားခဲ့ပေမယ့် ထိုင်းနိုင်ငံ ဥပေဒနဲ့အညီ တရားဝင္မွတ္ပုံတင္လို့ မရေသးပါဘူး။

ပြီးခဲ့တဲ့ စေနေန့ကေတာ့ ထိုင်းအာဏာပိုင်တြေက အဆိုပါကော်င်းကို ရွောင္တခင်ဝင်ရောက် စစ်ဆေးပြီး ဥပေဒနဲ့ မညီတဲ့ ဆရာဆရာမေတြကို ဖမ်းဆီး ခေါ်ဆောင်သြားခဲ့တာပါ။

Source : DVB