fbpx

“ကျနော့်သားတွေ အကြမ်းဖက်မှုလုံးဝ မပတ်သက်ဘူး”  ဖမ်းဆီးခံ ကျောင်းဆရာ ၂ ဦး၏ ဖခင်နှင့် မေးမြန်းချက်  

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့မှာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်က တပ်မတော်နည်းပညာတက္ကသိုလ်ကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့က ပစ်ခတ်ခဲ့ပြီးနောက် စရဖ (စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့က) ပြင်ဦးလွင်က ပရဟိတကျောင်းဆရာ ညီအစ်ကို နှစ်ဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဖမ်းဆီးခံနေရသူတွေရဲ့ နောက်ဆုံးအခြေအနေကိုသိရဖို့  ကျောင်းဆရာ ၂ ဦးရဲ့ ဖခင်ဖြစ်သူ ဦးစိုင်းစောလှကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး – သားနှစ်ယောက်ဖြစ်တဲ့ စိုင်းခွန်မိုင်း (၂၈-နှစ်) နဲ့ စိုင်းလင်းစင့် (၂၄-နှစ်) တို့ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။ ဘယ်နေ့က ဘယ်လိုလုပ်ပြီး ဖမ်းသွားသလဲ ဆိုတာ အရင် ပြောပြပါလား။

ဖြေ – “စစ်တက္ကသိုလ်ကျောင်း အပစ်ခံရပြီး နောက် ၂ ရက် သြဂုတ်လ ၁၇ ရက်နေ့က စစ်တပ်က လူ ၂၀ ကျော် အိမ်ကို ရောက်လာတယ်။ သူတို့က တိုင်ကြားချက်အရ လာရှာတာတဲ့၊ ဘာရှာသလဲ ဆိုတာ မေးတော့ နောက်တော့ သိရမှာပေါ့လို့ ပြောပြီး အိမ်ထဲရော ခြံထဲမှာရော ရှာတယ်။ ညနေ ၅ နာရီကနေ ည ၁၁ နာရီအထိ ရှာတာ။ ကျနော့်သားရဲ့ ကွန်ပျူတာ၊ နောက် သူတို့ ခရီးသွားရင် သုံးတဲ့ ပြောက်ကျား ပလတ်စတစ် မိုးကာ အိပ်ရာခင်း၊ ပုခက်၊ သူတို့ကျောင်းက ကလေးတွေနဲ့ တောထဲ လေ့လာရေးသွားရင် သုံးတဲ့ ဝေါ်ကီတော်ကီ အသေးစား၊ ခြံထဲက ဓာတ်မြေသြဇာတွေ တွေ့တယ်ပေါ့။ အဲဒီပစ္စည်းတွေကြောင့် သားကို စစ်ဆေးစရာ ရှိတယ်ဆိုပြီး ခေါ်သွားတာ။” 

 “နောက်နေ့မှ ကျနော့်သားကို ပြင်ဦးလွင်ရဲစခန်းမှာ သွားတွေ့တော့ ကျနော့်ကိုလည်း အကြာကြီး ထပ်မေးတယ်။ ကျနော်လည်း အမှန်အတိုင်း ပြောတယ်လေ။ သား ၂ ယောက်လုံးက ကာလိ-ကွန်ဟိန်းဘက်မှာ ရှမ်းပရဟိတကျောင်းဆရာ လုပ်တာလို့။ အဲဒီပစ္စည်းတွေက သူတို့ခ ရီးသွားရင် သုံးတယ်။ အများသူငါလည်း သုံးနေကြတာ မဟုတ်လား။ ဝေါ်ကီတော်ကီ စကားပြောစက်က သူတို့ကျောင်းက ကလေးတွေနဲ့ တောထဲ လေ့လာရေးသွားရင် လူတွေ မပျောက်အောင် ဆက်သွယ်ကြတာ။ လေ့လာရေးလည်းပြီးရော သားက ကျနော်တို့ ခြံထဲမှာ သုံးချင် သုံးရအောင်ဆိုပြီး ယူလာခဲ့တာလို့။ ဒါနဲ့ သားငယ်ကိုပါ ခေါ်လာဖို့ ပြောတယ်။ နောက်တနေ့ သြဂုတ် ၁၉ ရက်မှာ သားငယ်လည်း ခရီးက ပြန်လာတော့ ကျနော်လည်း စိတ်သန့်သန့်နဲ့ ခေါ်သွားတာပေါ့။ ဒါပေမဲ့ ရဲစခန်း ရောက်တော့ သားငယ်ကိုပါ မေးစရာရှိတယ်ဆိုပြီး ထပ်ခေါ်ထားလိုက်တယ်ခင်ဗျ။”

မေး – သူတို့ ၂ ယောက်ကို ရဲစခန်းက ဘယ်လိုနေရာမှာ ထိန်းသိမ်းထားလဲ၊ တွေ့ခွင့် စကားပြောခွင့် ရလား၊ ဦးတို့ သွားတွေ့သေးလား။

ဖြေ – “သူတို့ကို အချုပ်ခန်းထဲ ထည့်ထားတာခင်ဗျ။ တွေ့ခွင့်၊ စကားပြောခွင့်တော့ ရတယ်။ ကျနော် သွားတွေ့တာ လေးခါ ရှိပြီ။ သူတို့ကို ရိုက်နှက်စစ်မေးတာတွေတော့ မရှိဘူး။ စားချင်တာလေးတွေလည်း ပို့ပေးလို့ ရတယ်။ ဒါပေမဲ့ သားတွေက အပြစ်မရှိဘဲ အချုပ်ထဲ နေရတာ မြင်တော့ စိတ်မကောင်းဘူး။ ပြီးတော့ လက်ထိတ်လည်း ခတ်ထားသေးတယ် ခင်ဗျ။”

မေး – သူတို့ကို အမှုဖွင့်ထားပြီးပြီလား၊ ဘာအမှုနဲ့ဖွင့်ထားလဲ။

ဖြေ – “၁၇(၁) မတရားအသင်း ဆက်သွယ်မှုလို့ ပြောပါတယ်။ ကျနော့်သားတွေက စာပေနဲ့ ယဉ်ကျေးမှု၊ ပရဟိတအလုပ်တွေပဲ လုပ်တယ်။ ကလေးတွေ စာပြပေးတယ်။ ဘယ်လက်နက်ကိုင် အဖွဲ့နဲ့မှလည်း အဆက်အသွယ် မရှိဘူး။ အကြမ်းဖက်လုပ်ဖို့ဆို ဝေလာဝေးပေါ့။ စစ်တက္ကသိုလ်နဲ့ ကျနော်တို့ နေတဲ့အိမ်ဆို ၁၂ မိုင်လောက် ဝေးတာ”

မေး – ပြင်ဦးလွင်မှာ ဦးတို့အိမ်ကို လာစစ်တာအပြင် တခြားအိမ်တွေရော စစ်သေးလား၊ တခြားဘယ်သူတွေ အဖမ်းခံရသေးလဲ။

ဖြေ – “မသိဘူးခင်ဗျ။ ကျနော်တို့လည်း ကိုယ့်အပူနဲ့ကိုယ် ဆိုတော့ ကိုယ့်အိမ်အကြောင်းပဲ သိပါတယ်။ တခြား နောက်ထပ် ဘယ်သူတွေ အဖမ်းခံရလဲဆိုတာ မသိပါဘူး။

မေး – ဦးတို့အိမ်က ဘယ်ရပ်ကွက်မှာလဲ၊  ဘာအလုပ်လုပ်တာလဲရှင့်။

ဖြေ – “ကျနော်တို့က ဖောင်းတော်ရပ်ကွက်မှာ နေပါတယ်။ ခြံလုပ်ငန်းပါပဲ၊ ရာသီပေါ်ပန်းနဲ့ သီးနှံတွေ စိုက်ပါတယ်။”

မေး – သား ၂ ယောက် ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းတွေဆီ အကူအညီ တောင်းထားသလဲ။

ဖြေ – “အစပိုင်းတော့ ကလေးတွေကို ခဏပဲ ခေါ်မေးတာ နေမှာပါ ဆိုပြီး ဘယ်သူ့ကိုမှ မပြောဖြစ်ပါဘူး။ နောက် တပတ်ကျော်လာတော့ လွှတ်မပေးလို့ စိတ်ပူလာတယ်။ အဲဒါနဲ့ ကွန်ဟိန်းမြို့နယ် ကာလိမြို့နယ်ခွဲ ရှမ်းပရဟိတ စာသင်ကျောင်းက သူတို့ ကျောင်းအုပ်ဆီကိုရော၊ အဲဒီနယ်မြေက ပြည်သူ့စစ် လက်အောက်ခံနယ်မြေ ဆိုတော့ ပြည်သူ့စစ်အဖွဲ့ကိုရော၊ ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ မန္တလေးတိုင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီးဆီပါ ကလေးတွေ လွတ်အောင် ကူပြောပေးဖို့ အကူအညီတောင်းထားပါတယ် ခင်ဗျ။”

မေး –  အဲဒီအဖွဲ့တွေက ဘယ်လို ကူညီပေးမယ်လို့ ပြောလဲ။

ဖြေ – “ဟုတ်ကဲ့ သက်ဆိုင်ရာတွေဆီ ကူပြောပေးမယ်လို့တော့ ပြောတာပဲ။ ရှမ်းပါတီက သူတို့ လွှတ်တော်ထဲမှာ တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ရှိတော့ အဲဒီကနေတဆင့် ပြောပေးမယ်။ လိုအပ်ရင် ရှေ့နေတွေ ရှာပေးမယ်တဲ့။ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးကတော့ ဒီကနေ့ ခဏနေကျရင် သူနဲ့ သွားတွေ့ဖို့ ပြောထားပါတယ်။”

မေး – နောက်ထပ် ဘာများ ဖြည့်စွက်ပြောချင်ပါသေးလဲ။

ဖြေ – “ပြင်ဦးလွင် စစ်တက္ကသိုလ် ပစ်ခတ်မှုက မြောက်ပိုင်းမဟာမိတ်အဖွဲ့က သူတို့ လုပ်တာလို့ ပြောထားပြီးပြီလေ ခင်ဗျာ။ ကျနော့်သားတွေနဲ့ ဘာဆိုင်လို့လဲ၊ ကျနော့်သားတွေက ရိုးရိုးအေးအေးသမားတွေ၊ စာပေယဉ်ကျေးမှုနဲ့ ပရဟိတ လူမှုကူညီရေးအလုပ်တွေပဲ စိတ်ဝင်စားတယ်။ သား ၃ ယောက်ရှိတာ။ ၃ ယောက်လုံး ကျောင်းဆရာ လုပ်ဖူးတယ်။ အခု အဖမ်းခံရတာ ဒုတိယသားနဲ့ အငယ်ဆုံးသား။ ဒုတိယသားက ကျောင်းဆရာအလုပ်က ထွက်ပြီး မိဘတွေရဲ့ ခြံလုပ်ငန်းကို လာကူလုပ်နေတာ။ ကျနော့်သားတွေ အကြမ်းဖက်မှု လုံးဝ မပတ်သက်ဘူး။ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေနဲ့လည်း လုံးဝ မပတ်သက်ပါဘူး။ သူတို့ လူမှုကူညီရေး ပရဟိတအလုပ်တွေ အများကြီး လုပ်ခဲ့တာကို ထောက်ရှုပြီး ကျနော့်သားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါလို့ တောင်းဆိုပါတယ် ခင်ဗျ။” 

ဖမ်းဆီးခံနေရတဲ့ လူငယ် ၂ ဦးမှာ ရှမ်းလူငယ်အဖွဲ့အစည်းတွေကြား လူသိများသလို လူချစ်လူခင်လည်း ပေါတဲ့အတွက် ၎င်းတို့ ၂ ဦး အမြန်ဆုံးပြန်လွှတ်ပေးရေး လူမှုကွန်ရက်တွေကနေ လှုပ်ရှား တောင်းဆိုနေကြပါတယ်။

ဓာတ်ပုံ-  Free Leng Zuen & Hkun Mong 

~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

“က်နော့်သားတြေ အကြမ်းဖက္မှုလုံးဝ မပတ်သက္ဘူး”  ဖမ်းဆီးခံ ကော်င်းဆရာ ၂ ဦး၏ ဖခင်နွင့် မေျးမန်းခ်က်  

မန္တေလးတိုင်း၊ျပင်ဦးလြင်မြို့မွာ ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက္က တပ္မေတ္နာည်းပညာတက္ကသိုလ္ကိုျေမာက္ပိုင်းမဟာမိတ္တပ္ဖြဲ့က ပစ္ခတ္ခဲ့ပြီးနောက် စရဖ (စစ္ဘက်ဆိုင်ရာ လုံခြုံရေးတပ္ဖြဲ့က)ျပင်ဦးလြင္က ပရဟိတေက်ာင်းဆရာ ညီအစ္ကို နွစ်ဦးကို မသင်္ကာမှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

ဖမ်းဆီးခံနေရသူတြေရဲ့ နောက်ဆုံးအျေခအေနကိုသိရဖို့  ကော်င်းဆရာ ၂ဦးရဲ့ ဖခင်ျဖစ်သူ ဦးစိုင်းစောလွကို ဒီဗြီဘီက ဆက်သြယ်မေျးမန်းထားပါတယ်။

မေး – သားနွစ်ယောက်ျဖစ္တဲ့ စိုင်းခြန္မိုင်း (၂၈-နွစ်) နဲ့ စိုင်းလင်းစင့် (၂၄-နွစ်) တို့ကို သက်ဆိုင်ရာက ဖမ်းဆီးထိန်းသိမ်းထားတယ္လို့ သိရပါတယ်။ ဘယ်နေ့က ဘယ္လိုလုပ်ပြီး ဖမ်းသြားသလဲ ဆိုတာ အရင် ေ်ပာ်ပပါလား။

ေ်ဖ – “စစ္တက္ကသိုလ်ကော်င်း အပစ္ခံရပြီး နောက် ၂ ရက် သြဂုတ္လ ၁၇ ရက်နေ့က စစ္တပ္က လူ ၂၀ ကော်် အိမ္ကို ရောက္လာတယ်။ သူတို့က တိုင်ကြားခ်က်အရ လာရွာတာတဲ့၊ ဘာရွာသလဲ ဆိုတာ မေးတော့ နောက်တော့ သိရမွာပေါ့လို့ျေပာပြီး အိမ္ထဲရော ခြံထဲမွာရော ရွာတယ်။ ညေန ၅ နာရီကေန ည ၁၁ နာရီအထိ ရွာတာ။ က်နော့်သားရဲ့ ကြန္ပ်ူတာ၊ နောက် သူတို့ ခရီးသြားရင် သုံးတဲ့ျေပာက္က်ား ပလတ္စတစ် မိုးကာ အိပ်ရာခင်း၊ ပုခက်၊ သူတို့ကော်င်းက ကေလးတြေနဲ့ တောထဲ လေ့လာရေးသြားရင် သုံးတဲ့ ဝေါ်ကီတ္ကောီ အေသးစား၊ ခြံထဲက ဓာတ်ျေမသြဇာတြေ တြေ့တယ်ပေါ့။ အဲဒီပစ္စည်းတြေကြာင့် သားကို စစ်ဆေးစရာ ရွိတယ်ဆိုပြီး ခေါ်သြားတာ။”

“နောက်နေ့မွ က်နော့်သားကျိုပင်ဦးလြင်ရဲစခန်းမွာ သြားတြေ့တော့ က်နော့္ကိုလည်း အကြာကြီး ထပ်မေးတယ်။ က်န္လောည်း အမွန်အတိုင်းျေပာတယ်လေ။ သား ၂ ယောက္လုံးက ကာလိ-ကြန်ဟိန်းဘက္မွာ ရွမ်းပရဟိတေက်ာင်းဆရာ လုပ္တာလို့။ အဲဒီပစ္စည်းတြေက သူတို့ခ ရီးသြားရင် သုံးတယ်။ အမ်ားသူငါလည်း သုံးနေကြတာ မဟုတ္လား။ ဝေါ်ကီတ္ကောီ စကာျးေပာစက္က သူတို့ကော်င်းက ကေလးတြေနဲ့ တောထဲ လေ့လာရေးသြားရင် လူတြေ မေပ်ာက်အောင် ဆက်သြယ်ကြတာ။ လေ့လာရေးလည်းပြီးရော သားက က်န္တောို့ ခြံထဲမွာ သုံးခ်င် သုံးရေအာင်ဆိုပြီး ယူလာခဲ့တာလို့။ ဒါနဲ့ သားငယ္ကိုပါ ခေါ်လာဖို့ျေပာတယ်။ နောက္တေန့ သြဂုတ် ၁၉ ရက္မွာ သားငယ္လည်း ခရီးကျပန္လာတော့ က်န္လောည်း စိတ်သန့်သန့္နဲ့ ခေါ်သြားတာပေါ့။ ဒါပေမဲ့ ရဲစခန်း ရောက်တော့ သားငယ္ကိုပါ မေးစရာရွိတယ်ဆိုပြီး ထပ်ခေါ်ထားလိုက္တယ္ခင္ဗ်။”

မေး – သူတို့ ၂ ယောက္ကို ရဲစခန်းက ဘယ္လိုနေရာမွာ ထိန်းသိမ်းထားလဲ၊ တြေ့ခြင့် စကာျးေပာခြင့် ရလား၊ ဦးတို့ သြားတြေ့သေးလား။

ျေဖ – “သူတို့ကို အခ်ုပ္ခန်းထဲ ထည့္ထားတာခင္ဗ်။ တြေ့ခြင့်၊ စကာျးေပာခြင့်တော့ ရတယ်။ က်နော် သြားတြေ့တာ လေးခါ ရွိပြီ။ သူတို့ကို ရိုက်နွက္စစ်မေးတာတြေတာ့ မရွိဘူး။ စားခ်င္တာလေးတြေလည်း ပို့ပေးလို့ ရတယ်။ ဒါပေမဲ့ သားတြေက အျပစ္မရွိဘဲ အခ်ုပ္ထဲ နေရတျာမင်တော့ စိတ္မေကာင်းဘူး။ ပြီးတော့ လက္ထိတ္လည်း ခတ္ထားသေးတယ် ခင္ဗ်။”

မေး – သူတို့ကို အမှုဖြင့္ထားပြီးပြီလား၊ ဘာအမှုနဲ့ဖြင့္ထားလဲ။

ျေဖ – “၁၇(၁) မတရားအသင်း ဆက်သြယ္မှုလို့ျေပာပါတယ်။ က်နော့်သားတြေက စာပေနဲ့ ယဉ်ကေ်းမှု၊ ပရဟိတအလုပ်တြေပဲ လုပ္တယ်။ ကေလးတြေ ဈာပေပးတယ်။ ဘယ္လက္နက္ကိုင် အဖြဲ့နဲ့မွလည်း အဆက်အသြယ် မရွိဘူး။ အကြမ်းဖက္လုပ္ဖို့ဆို ဝေလာဝေးပေါ့။ စစ္တက္ကသိုလ္နဲ့ က်န္တောို့ နေတဲ့အိမ်ဆို ၁၂ မိုင်လောက် ဝေးတာ”

မေး –ျပင်ဦးလြင္မွာ ဦးတို့အိမ္ကို လာစစ္တာအျပင် တျခားအိမ်တြေရာ စစ်သေးလား၊ တျခားဘယ်သူတြေ အဖမ်းခံရေသးလဲ။

ျေဖ – “မသိဘူးခင္ဗ်။ က်န္တောို့လည်း ကိုယ့်အပူနဲ့ကိုယ် ဆိုတော့ ကိုယ့်အိမ်အေကြာင်းပဲ သိပါတယ်။ တျခား နောက္ထပ် ဘယ်သူတြေ အဖမ်းခံရလဲဆိုတာ မသိပါဘူး။

မေး – ဦးတို့အိမ္က ဘယ်ရပ္ကြက္မွာလဲ၊  ဘာအလုပ္လုပ္တာလဲရွင့်။

ျေဖ – “က်န္တောို့က ဖောင်းတော်ရပ္ကြက္မွာ နေပါတယ်။ ခြံလုပ်ငန်းပါပဲ၊ ရာသီပေါ်ပန်းနဲ့ သီးနွံတြေ စိုက္ပါတယ်။”

မေး – သား ၂ ယောက် ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး ဘယ်အဖြဲ့အစည်းတြေဆီ အကူအညီ တောင်းထားသလဲ။

ျေဖ – “အစပိုင်းတော့ ကေလးတြေကို ခဏပဲ ခေါ်မေးတာ နေမွာပါ ဆိုပြီး ဘယ်သူ့ကိုမွ မျေပျာဖစ္ပါဘူး။ နောက် တပတ်ကေ်္လာာတော့ လွှတ္မေပးလို့ စိတ္ပူလာတယ်။ အဲဒါနဲ့ ကြန်ဟိန်းမြို့နယ် ကာလိမြို့နယ္ခြဲ ရွမ်းပရဟိတ စာသင်ကော်င်းက သူတို့ ကော်င်းအုပ်ဆီကိုရော၊ အဲဒီနယ်ျေမကျပည်သူ့စစ် လက်အောက္ခံနယ်ျေမ ဆိုတေျာ့ပည်သူ့စစ်အဖြဲ့ကိုရော၊ ရွမ်းတိုင်းရင်းသားဒီမိုကေရစီအဖြဲ့ခ်ုပ္ပါတီနဲ့ မန္တေလးတိုင်း ရွမ်းတိုင်းရင်းသားရေးရာဝန်ကြီးဆီပါ ကေလးတြေ လြတ်အောင် ကျူေပာပေးဖို့ အကူအညီတောင်းထားပါတယ် ခင္ဗ်။”

မေး –  အဲဒီအဖြဲ့တြေက ဘယ္လို ကူညီပေးမယ္လို့ ေ်ပာလဲ။

ေ်ဖ – “ဟုတၠဲ့ သက်ဆိုင်ရာတြေဆီ ကျူေပာပေးမယ္လို့တော့ျေပာတာပဲ။ ရွမ်းပါတီက သူတို့ လွှတ်တ္ထောဲမွာ တပ္မေတ်ာသား ကိုယ္စားလွယ်တြေလည်း ရွိတော့ အဲဒီကေနတဆင့်ျေပာပေးမယ်။ လိုအပ်ရင် ရွေ့နေတြ ရွာပေးမယ္တဲ့။ ရွမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးကေတာ့ ဒီကေန့ ခဏေနက်ရင် သူနဲ့ သြားတြေ့ဖို့ျေပာထားပါတယ်။”

မေး – နောက္ထပ် ဘာမ်ာျးဖည့္စကြ်ျေပာခ်င္ပါသေးလဲ။

ျေဖ – “ျပင်ဦးလြင် စစ္တက္ကသိုလ် ပစ္ခတ္မှုကျေမာက္ပိုင်းမဟာမိတ်အဖြဲ့က သူတို့ လုပ္တာလို့ျေပာထားပြီးပြီလေ ခင္ဗ်ာ။ က်နော့်သားတြေနဲ့ ဘာဆိုင္လို့လဲ၊ က်နော့်သားတြေက ရိုးရိုးအေးအေးသမားတြေ၊ စာပေယဉ်ကေ်းမှုနဲ့ ပရဟိတ လူမှုကူညီရေးအလုပ်တြေပဲ စိတ်ဝင္စားတယ်။ သား ၃ ယောက်ရွိတာ။ ၃ ယောက္လုံး ကော်င်းဆရာ လုပ္ဖူးတယ်။ အခု အဖမ်းခံရတာ ဒုတိယသားနဲ့ အငယ်ဆုံးသား။ ဒုတိယသားက ကော်င်းဆရာအလုပ္က ထြက်ပြီး မိဘေတြရဲ့ ခြံလုပ်ငန်းကို လာကူလုပ်နေတာ။ က်နော့်သားတြေ အကြမ်းဖက္မှု လုံးဝ မပတ်သက္ဘူး။ျေမာက္ပိုင်းမဟာမိတ္တပ္ဖြဲ့တြေနဲ့လည်း လုံးဝ မပတ်သက္ပါဘူး။ သူတို့ လူမှုကူညီရေး ပရဟိတအလုပ်တြေ အမ်ားကြီး လုပ္ခဲ့တာကို ထောက်ရှုပြီး က်နော့်သားတြေကို အျမန်ဆုံျးပန္လွှတ်ပေးပါလို့ တောင်းဆိုပါတယ် ခင္ဗ်။”

ဖမ်းဆီးခံနေရတဲ့ လူငယ် ၂ ဦးမွာ ရွမ်းလူငယ်အဖြဲ့အစည်းတြေကြား လူသိမ်ားသလို လူခ်စ္လူခင္လည်း ပေါတဲ့အတြက် ၎င်းတို့ ၂ ဦး အျမန်ဆုံျးပန္လွှတ်ပေးရေး လူမှုကြန်ရက်တြေကေန လှုပ်ရွား တောင်းဆိုနေကြပါတယ်။

ဓာတ္ပုံ-  Free Leng Zuen & Hkun Mong 

Source : DVB