fbpx

မြန်မာနိုင်ငံက ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေး ဘတ်ဂျက်လျာထားဟု ဒုသမ္မတပြော

မိတ္ထီလာမှာ အာကာသအေဂျင်စီ တည်ထောင်ဖို့အတွက် စီစဉ်ဖို့နဲ့ မြန်မာနိုင်ငံက အလုံးစုံ ပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ်ဂျက် လျာထားပြီး ဖြစ်တယ်လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောပါတယ်။

မနေ့က နေပြည်တော်မှာလုပ်တဲ့ မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်ရေး ဦးဆောင်ကော်မတီရဲ့ အစည်းအဝေးမှာ ပြောတာဖြစ်ပြီး  အဲဒီကော်မတီမှာ ဒုတိယသမ္မတ ဦးမြင့်ဆွေက ဥက္ကဋ္ဌ ဖြစ်ပါတယ်။

ဒုသမ္မတက ၂၀၁၉ ခုနှစ်၊ ဧပြီ ၁၂ ရက်မှာ ကျင်းပတဲ့ ဦးဆောင်ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ ဆုံးဖြတ်ချက် ၇ ခု ချခဲ့ပြီး ၅ ခုကတော့ လုပ်ပြီးပြီလို့ ပြောပါတယ်။

ကျန်တဲ့ ၂ ခုထဲက Space Agency (အာကာသအေဂျင်စီ) ကို မိတ္ထီလာမြို့နယ်မှာ တည်ထောင်ဖို့အတွက် မြေနေရာရရှိနေရေး သက်ဆိုင်ရာဝန်ကြီးဌာနတွေက အမြန်ညှိနှိုင်း စီစဉ်ပေးဖို့ ပြောပါတယ်။

Space Agency တည်ထောင်နိုင်ဖို့ United Nations Office for Outer Space Affairs ( UNOOSA-ကုလသမဂ္ဂ အာကာသရေးရာရုံး) ကို တင်ပြနိုင်ရေးအတွက်လည်း သက်ဆိုင်တဲ့ ဝန်ကြီးဌာနက အမြန်ပြီးပြတ်အောင် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးကြစေလိုပြီး ကော်မတီအဖွဲ့ဝင် ဝန်ကြီးဌာနတွေ အကျုံးဝင်မယ့် ဥပဒေကို အမြန်ပြီးအောင်ရေးဆွဲဖို့လည်း ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ် တည်ထောင်နိုင်ရေး အကောင်အထည်ဖော်ဖို့ အဆင့် ၃ ဆင့်နဲ့ ဆောင်ရွက်နေပြီး ဒုတိယအဆင့်ကတော့ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်က လွှတ်တင်နိုင်ခဲ့တဲ့ အချိုးကျ ပူးတွဲပိုင်ဆိုင်တဲ့ MyanmarSat-2 ဂြိုဟ်တု ဖြစ်ပါတယ်။ ဒီဂြိုဟ်တုအတွက် အမေရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ကုန်ကျမှာဖြစ်ပြီး အရစ်ကျ ငွေပေးချေခြင်းစနစ် ဖြစ်ပါတယ်။

လက်ရှိမှာတော့ အဲဒီဂြိုဟ်တုကို လိုအပ်တဲ့ စမ်းသပ်စစ်ဆေးတာတွေ လုပ်နေပြီး ၂၀၁၉၊ အောက်တိုဘာ ၁၅ ရက်မှာ အစောဆုံး စတင်အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။

တတိယအဆင့်အနေနဲ့ မြန်မာနိုင်ငံက အလုံးစုံပိုင်ဆိုင်တဲ့ ကိုယ်ပိုင်ဂြိုဟ်တု လွှတ်တင်ရေးအတွက် ဂျပန်နိုင်ငံ၊ Hokkaido (ဟော့ကိုင်းဒိုး) တက္ကသိုလ်က ကမ်းလှမ်းထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ဘတ်ဂျက်လျာထားပြီးဖြစ်လို့ မြန်မြန် အကောင်အထည်ဖော်ဖို့ကိုလည်း ဒုသမ္မတက ပြောပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ျမန္မာနိုင်ငံက ကိုယ္ပိုင်ဂြိုဟ္တု လွှတ္တင်ရေး ဘတ္ဂ်က္လ်ာထားဟု ဒုသမ္မတျေပာ

မိတ္ထီလာမွာ အာကာသေအဂ်င္စီ တည်ထောင္ဖို့အတြက် စီစဉ္ဖို့နျဲ့မန္မာနိုင်ငံက အလုံးစုံ ပိုင်ဆိုင္တဲ့ ကိုယ္ပိုင်ဂြိုဟ္တု လွှတ္တင်ရေးအတြက် သက်ဆိုင်ရာဝန်ကြီးဌာနက ဘတ္ဂ်က် လ်ာထားပြီျးဖစ္တယ္လို့ ဒုသမ္မတ ဦျးမင့်ဆြေကျေပာပါတယ်။

မေန့က နျေပည်တ္မေွာာလုပ္တျဲ့မန္မာနိုင်ငံပိုင် ဂြိုဟ္တုစနစ် တည်ထောင်ရေး ဦးဆောင်က္မောတီရဲ့ အစည်းအေဝးမွာျေပာတျာဖစ်ပြီး  အဲဒီက္မောတီမွာ ဒုတိယသမ္မတ ဦျးမင့်ဆြေက ဥက္ကဋ္ဌျဖစ္ပါတယ်။

ဒုသမ္မတက ၂၀၁၉ ခုနွစ်၊ ဧပြီ ၁၂ ရက္မွာ က်င်းပတဲ့ ဦးဆောင်က္မောတီလုပ်ငန်း ညှိနှိုင်းအစည်းအေဝးမွာ ဆုံျးဖတ္ခ်က် ၇ ခု ခ်ခဲ့ပြီး ၅ ခုကေတာ့ လုပ်ပြီးပြီလို့ျေပာပါတယ်။

က်န္တဲ့ ၂ ခုထဲက Space Agency (အာကာသေအဂ်င္စီ) ကို မိတ္ထီလာမြို့နယ္မွာ တည်ထောင္ဖို့အတြက်ျေမေနရာရရွိနေရး သက်ဆိုင်ရာဝန်ကြီးဌာနေတြက အျမန်ညှိနှိုင်း စီစဉ်ပေးဖို့ျေပာပါတယ်။

Space Agency တည်ထောင်နိုင္ဖို့ United Nations Office for Outer Space Affairs ( UNOOSA-ကုလသမဂ္ဂ အာကာသေရးရာရုံး) ကို တင်ျပနိုင်ရေးအတြက္လည်း သက်ဆိုင္တဲ့ ဝန်ကြီးဌာနက အျမန်ပြီျးပတ်အောင် ပူးပေါင်းညှိနှိုင်းဆောင်ရက်ြပေးကြေစလိုပြီး က္မောတီအဖြဲ့ဝင် ဝန်ကြီးဌာနေတြ အက်ုံးဝင္မယ့် ဥပေဒကို အျမန်ပြီးအောင်ရေးဆြဲဖို့လည်းျေပာခဲ့ပါတယ်။

ျမန္မာနိုင်ငံပိုင် ဂြိုဟ္တုစနစ် တည်ထောင်နိုင်ရေး အေကာင်အထည်ဖ္ဖောို့ အဆင့် ၃ ဆင့္နဲ့ ဆောင်ရက်ြနေပြီး ဒုတိယအဆင့္ကတော့ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက္က လွှတ္တင်နိုင္ခဲ့တဲ့ အခိုးက် ပူးတြဲပိုင်ဆိုင္တဲ့ MyanmarSat-2 ဂြိုဟ္တျုဖစ္ပါတယ်။ ဒီဂြိုဟ္တုအတြက် အေမရိကန် ဒေါ်လာ ၁၅၅ ဒသမ ၇ သန်း ကုန္က်မျွာဖစ်ပြီး အရစ္က် ငြေပးခေ်ျခင်းစနစ်ျဖစ္ပါတယ်။

လက်ရွိမွာတော့ အဲဒီဂြိုဟ္တုကို လိုအပ္တဲ့ စမ်းသပ္စစ်ဆေးတာတြေ လုပ်နေပြီး ၂၀၁၉၊ အောက္တိုဘာ ၁၅ ရက္မွာ အေစာဆုံး စတင်အသုံျးပုနိုင္မယ္လို့ ဆိုပါတယ်။

တတိယအဆင့်အေနနျဲ့မန္မာနိုင်ငံက အလုံးစုံပိုင်ဆိုင္တဲ့ ကိုယ္ပိုင်ဂြိုဟ္တု လွှတ္တင်ရေးအတြက် ဂ်ပန်နိုင်ငံ၊ Hokkaido (ဟော့ကိုင်းဒိုး) တက္ကသိုလ္က ကမ်းလွမ်းထားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကလည်း ဘတ္ဂ်က္လ်ာထားပြီျးဖစ္လိျု့မန်ျမန် အေကာင်အထည်ဖ္ဖောို့ကိုလည်း ဒုသမ္မတကျေပာပါတယ်။

Source : DVB