fbpx

လူနာများ၏ ရပိုင်ခွင့်များ (မိမိ၏ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်နှင့် ပတ်သက်သည့် ရပိုင်ခွင့်)

ဖြစ်ရပ်နမူနာ (၁)

မောင်မောင်ဟာ ပန်ကရိယကင်ဆာဝေဒနာ ခံစားနေရသူဖြစ်ပါတယ်။ သူ့ရောဂါအခြေအနေဟာ အတော်လေး ဆိုးရွားနေပြီး လပိုင်းခန့်ပဲ အသက်ရှင်တော့မယ်လို့ ဆရာဝန်က ခန့်မှန်းထားပါတယ်။ ဒါပေမယ့် အဲဒီခန့်မှန်းချက်ကို မောင်မောင်ရဲ့ မိသားစုဝင်တွေပဲ သိရှိထားပြီး ကာယကံရှင်ဖြစ်သူ မောင်မောင်တစ်ယောက် လုံးဝမသိပါဘူး။ အခြေအနေဆိုးနေသည့်တိုင် မောင်မောင်ဟာ သူ့ရောဂါကို ပျောက်ကင်းအောင်ကုသနိုင်မယ်လို့ ယုံကြည်နေတုန်းပဲ ဖြစ်ပါတယ်။

ဖြစ်ရပ်နမူနာ (၂)

ဒေါ်ချိုဟာ ဆေးရုံမှာ ကျန်းမာရေးစစ်ဆေးခြင်းကို သွားရောက်ပြုလုပ်ပါတယ်။ ကိစ္စတစ်ခုပေါ်လာလို့ ခရီးထွက်သွားတဲ့ ဒေါ်ချိုဟာ ဆေးရုံက ဆေးစစ်ချက်အဖြေတွေကို သူမနဲ့ ခင်မင်နေတဲ့ မချောကို လှမ်းပြောပေးဖို့ ဆေးရုံကို မှာခဲ့ပါတယ်။ ဒေါ်ချိုရဲ့ ညီမဖြစ်သူ ဒေါ်ပိုကတော့ ဆေးရုံကိုရောက်လာပြီး သူ့ကိုပဲဖွင့်ပြောဖို့ ပြောပါတယ်။

ဒီဥပမာတွေဟာ လူနာတွေရဲ့ ကျန်းမာရေးသတင်းအချက်အလက်ဆိုင်ရာကိစ္စတွေကို ကိုင်တွယ်ရာမှာ ကြုံတွေ့ရတဲ့ အငြင်းပွားစရာကိစ္စတွေကို ဖော်ပြထားခြင်းဖြစ်ပါတယ်။

အကယ်၍ အဲဒီဖြစ်ရပ်တွေမှာ သင်သာ လူနာအနေနဲ့ (သို့) လူနာရဲ့မိသားစုဝင်အနေနဲ့ (သို့) ကျန်းမာရေးစောင့်ရှောက်သူအနေနဲ့ ပါဝင်ကြုံတွေ့ရရင် ဘယ်လိုဆုံးဖြတ်မယ် ထင်ပါသလဲ။

လူနာတွေရဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ရင် လိုက်နာရမယ့် နည်းလမ်း (သို့) စည်းမျဉ်း ရှိပါသလား။

ဒီအကြောင်းနဲ့ ပတ်သက်ရင်တော့ ၁၉၈၁၊ ပေါ်တူဂီနိုင်ငံ၊ လစ္စဘွန်းမြို့မှာ ပြုလုပ်ခဲ့တဲ့ (၃၄) ကြိမ်မြောက် ကမ္ဘာ့ဆေးပညာဆိုင်ရာညီလာခံကနေ လူနာများရဲ့ ရပိုင်ခွင့် (သို့) အခွင့်အရေးနဲ့စပ်လျဉ်းတဲ့ ဆုံးဖြတ်ချက်တချို့ချမှတ်ခဲ့ပါတယ်။ ဒါကို လစ္စဘွန်းကြေငြာစာတမ်းလို့ သိကြပါတယ်။

အဲဒီကြေငြာစာတမ်းမှာ လူနာတွေရဲ့ ရပိုင်ခွင့် (၁၁) ချက်ကို ဖော်ပြထားပြီး သတင်းအချက်အလက်ဆိုင်ရာနဲ့ ပတ်သက်တဲ့ ဖော်ပြချက်တွေလည်း (၅) ချက် ပါဝင်ပါတယ်။

Patient’s Right to Information အတွက်ကြေငြာချက်ကို ဖော်ပြရမယ်ဆိုရင်-

၁။ လူနာတစ်ဦးဟာ သူ့ရဲ့ကျန်းမာရေးအခြေအနေ၊ ဆေးကုသမှုမှတ်တမ်း စတာတွေကို အပြည့်အဝသိရှိပိုင်ခွင့် ရှိရပါမယ်။ သူ့ရဲ့မှတ်တမ်းမှာ တခြားတတိယလူတစ်ဦးဦးရဲ့ အတွင်းရေး အချက်အလက်ပါ ပါဝင်ခဲ့မယ်ဆိုရင်တော့ တတိယလူရဲ့ သဘောတူညီချက်မပါဘဲ လူနာဟာ သိရှိခွင့်မရှိပါဘူး။

၂။ ခြွင်းချက်အနေနဲ့ လူနာကိုပေးသိမယ့် သတင်းအချက်အလက်ဟာ အဲဒီလူနာရဲ့ အသက်နဲ့ ကျန်းမာရေးအခြေအနေကို ဆိုးရွားစွာ ထိခိုက်သွားစေနိုင်ဖို့ အကြောင်းခိုင်လုံရင်တော့ ပေးမသိဘဲထားနိုင်ပါတယ်။

၃။ လူနာကို ဖွင့်ပြောပြမယ့် အချက်အလက်အကြောင်းအရာဟာ လူနာရဲ့ယဉ်ကျေးမှုဓလေ့နဲ့ သင့်တော်ကိုက်ညီပြီး လူနာကကောင်းစွာ လက်ခံနားလည်မယ့် နည်းလမ်းနဲ့ ဖွင့်ပြောခြင်း ဖြစ်ရပါမယ်။

၎။ သတင်းအချက်အလက်ဟာ တခြားလူပုဂ္ဂိုလ်တစ်ဦးဦးရဲ့ အသက်နဲ့ဆိုင်တဲ့ကိစ္စမဟုတ်ရင် လူနာအနေနဲ့ သူ့ကို ဖွင့်ဟမပြောပြဖို့ မေတ္တာရပ်ခံပိုင်ခွင့်ရှိပါတယ်။ တစ်နည်းပြောရရင် မသိလိုက မသိဘဲ နေနိုင်ပါတယ်။

၅။ လူနာဟာ သူ့ကိုယ်စား သတင်းအချက်အလက်တွေ လက်ခံဖို့ ဘယ်သူ့ကိုမဆို ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။

ဒါတွေကတော့ လူနာရဲ့ သတင်းအချက်အလက်ဆိုင်ရာ ရပိုင်ခွင့်တွေ ဖြစ်ပါတယ်။

အလွယ်ပြောရရင် လူနာဟာ မိမိကျန်းမာရေးနဲ့ ပတ်သက်ပြီး စစ်ဆေးမှုရလဒ်တွေ၊ ဆေးမှတ်တမ်းတွေ၊ ရောဂါတိုးတက်မှု ဆုတ်ယုတ်မှု အချက်အလက်တွေကို အလုံးစုံသိရှိပိုင်ခွင့်ရှိပါတယ်။ မသိချင်တဲ့ ဆန္ဒရှိရင်လည်း အဲဒီဆန္ဒကို လေးစားရမှာ ဖြစ်ပါတယ်။ သူ့ရဲ့အချက်အလက်တွေကို သူ့ကိုယ်စား တစ်ယောက်ယောက်ကို ဖွင့်ပြောဖို့ ဆန္ဒရှိရင်လည်း ဘယ်သူ့ကိုမဆို ဖွင့်ပြောပြရမှာ ဖြစ်ပါတယ်။

စဉ်းစားရမှာကတော့ လူနာဟာ သူသိရမယ့် အချက်အလက်ကို လက်ခံနိုင်ဖို့ အင်အားရှိရဲ့လား ဆိုတာပါပဲ။ လူနာရဲ့အချက်အလက်မှန်သမျှ လူနာကိုပဲ ပြောရမယ်လို့ တရားသေသဘော မဟုတ်ပါဘူး။

ခြုံပြောရရင် ဒီကြေငြာစာတမ်းဟာ လူနာရဲ့အကျိုးစီးပွားအတွက် ဦးစားပေးထုတ်ပြန်ခဲ့ခြင်း ဖြစ်ပါတယ်။

အကယ်၍ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်များနဲ့ ပတ်သက်တဲ့ လူနာများရဲ့ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး အငြင်းပွားစရာ ကိစ္စလေးတွေပေါ်လာရင် လစ္စဘွန်းကြေငြာစာတမ်းကို မိမိတို့ရဲ့ကာလံဒေသံအလိုက် ကိုးကားအသုံးပြုနိုင်ဖို့ပဲ ဖြစ်ပါတယ်။

ရေးသားသူ Dr. Thant Zin


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လူနာမ်ား၏ ရပိုင္ခြင့္မ်ား (မိမိ၏ က်န်းမာရေးဆိုင်ရာ သတင်းအခ်က်အလက်နွင့် ပတ်သက်သည့် ရပိုင္ခြင့်)

ျဖစ်ရပ္နမူနာ (၁)

မောင်မောင်ဟာ ပန္ကရိယကင်ဆာဝေဒနာ ခံစားနေရသျူဖစ္ပါတယ်။ သူ့ရောဂါအျေခအေနဟာ အေတ်ာလေး ဆိုးရြားနျေပီး လပိုင်းခန့်ပဲ အသက်ရွင်တော့မယ္လို့ ဆရာဝန္က ခန့်မွန်းထားပါတယ်။ ဒါပေမယ့် အဲဒီခန့်မွန်းခ်က္ကို မောင်မောင်ရဲ့ မိသားစုဝင်တြေပဲ သိရွိထာျးပီး ကာယကံရွင်ျဖစ်သူ မောင်မောင္တစ်ယောက် လုံးဝမသိပါဘူး။ အျေခအေနဆိုးနေသည့်တိုင် မောင်မောင်ဟာ သူ့ရောဂါကို ပော်က္ကင်းအောင္ကုသနိုင္မယ္လို့ ယုံကြည်နေတုန်းပျဲဖစ္ပါတယ်။

ျဖစ်ရပ္နမူနာ (၂)

ဒေါ်ခိုဟာ ဆေးရုံမွာ က်န်းမာရေးစစ်ဆေျးခင်းကို သြားရောက်ျပုလုပ္ပါတယ်။ ကိစ္စတစ္ခုပေါ်လာလို့ ခရီးထြက်သြားတဲ့ ဒေါ်ခိုဟာ ဆေးရုံက ဆေးစစ္ခ်က်အျေဖေတြကို သူမနဲ့ ခင္မင်နေတဲ့ မေခ်ာကို လွမ်ျးေပာပေးဖို့ ဆေးရုံကို မွာခဲ့ပါတယ်။ ဒေါ်ခိုရဲ့ ညီမျဖစ်သူ ဒေါ်ပိုကေတာ့ ဆေးရုံကိုရောက္လျာပီး သူ့ကိုပဲဖြင့်ျေပာဖို့ျေပာပါတယ်။

ဒီဥပမာတြေဟာ လူနာတြေရဲ့ က်န်းမာရေးသတင်းအခ်က်အလက်ဆိုင်ရာကိစ္စေတြကို ကိုင္တြယ်ရာမွာ ကြုံတြေ့ရတဲ့ အျငင်းပြားစရာကိစ္စေတြကို ဖော်ျပထာျးခင်ျးဖစ္ပါတယ်။

အကယ်၍ အဲဒျီဖစ်ရပ်တြေမွာ သင်သာ လူနာအေနနဲ့ (သို့) လူနာရဲ့မိသားစုဝင်အေနနဲ့ (သို့) က်န်းမာရေးစောင့်ရွောက်သူအေနနဲ့ ပါဝင်ကြုံတြေ့ရရင် ဘယ္လိုဆုံျးဖတ္မယ် ထင္ပါသလဲ။

လူနာတြေရဲ့ သတင်းအခ်က်အလက်တြေနဲ့ ပတ်သက်ရင် လိုက္နာရမယ့် နည်းလမ်း (သို့) စည်းမ်ဉ်း ရွိပါသလား။

ဒီအေကြာင်းနဲ့ ပတ်သက်ရင်တော့ ၁၉၈၁၊ ပေါ်တူဂီနိုင်ငံ၊ လစ္စဘြန်ျးမို့မျွာပုလုပ္ခဲ့တဲ့ (၃၄) ကြိမ်ျေမာက် ကမ္ဘာ့ဆေးပညာဆိုင်ရာညီလာခံကေန လူနာမ်ားရဲ့ ရပိုင္ခြင့် (သို့) အခြင့်အေရးနဲ့စပ္လ်ဉ်းတဲ့ ဆုံျးဖတ္ခ်က္တခို့ခ်မွတ္ခဲ့ပါတယ်။ ဒါကို လစ္စဘြန်းကျြေငာစာတမ်းလို့ သိကြပါတယ်။

အဲဒီကျြေငာစာတမ်းမွာ လူနာတြေရဲ့ ရပိုင္ခြင့် (၁၁) ခ်က္ကို ဖော်ျပထာျးပီး သတင်းအခ်က်အလက်ဆိုင်ရာနဲ့ ပတ်သက္တဲ့ ဖော်ျပခ်က်တြေလည်း (၅) ခ်က် ပါဝင္ပါတယ်။

Patient’s Right to Information အတြက်ကျြေငာခ်က္ကို ဖော်ျပရမယ်ဆိုရင်-

၁။ လူနာတစ်ဦးဟာ သူ့ရဲ့က်န်းမာရေးအျေခအေန၊ ဆေးကုသမှုမွတ္တမ်း စတာတြေကို အျပည့်အ၀သိရွိပိုင္ခြင့် ရွိရပါမယ်။ သူ့ရဲ့မွတ္တမ်းမွာ တျခားတတိယလူတစ်ဦးဦးရဲ့ အတြင်းရေး အခ်က်အလက္ပါ ပါဝင္ခဲ့မယ်ဆိုရင်တော့ တတိယလူရဲ့ သေဘာတူညီခ်က္မပါဘဲ လူနာဟာ သိရွိခြင့်မရွိပါဘူး။

၂။ျခြင်းခ်က်အေနနဲ့ လူနာကိုပေးသိမယ့် သတင်းအခ်က်အလက်ဟာ အဲဒီလူနာရဲ့ အသက်နဲ့ က်န်းမာရေးအျေခအေနကို ဆိုးရြားစြာ ထိခိုက်သြားစေနိုင္ဖို့ အေကြာင်းခိုင္လုံရင်တော့ ပေးမသိဘဲထားနိုင္ပါတယ်။

၃။ လူနာကို ဖြင့်ျေပျာပမယ့် အခ်က်အလက်အေကြာင်းအရာဟာ လူနာရဲ့ယဉ်ကေ်းမှုဓေလ့နဲ့ သင့်တ္ကောိုက်ညျီပီး လူနာကေကာင်းစြာ လက္ခံနားလည္မယ့် နည်းလမ်းနဲ့ ဖြင့်ျေပျာခင်ျးဖစ်ရပါမယ်။

၎။ သတင်းအခ်က်အလက်ဟာ တျခားလူပုဂ္ဂိုလ္တစ်ဦးဦးရဲ့ အသက္နဲ့ဆိုင္တဲ့ကိစ္စမဟုတ်ရင် လူနာအေနနဲ့ သူ့ကို ဖြင့်ဟမျေပျာပဖို့ မေတ္တာရပ္ခံပိုင္ခြင့်ရွိပါတယ်။ တစ္နည်ျးေပာရရင် မသိလိုက မသိဘဲ နေနိုင္ပါတယ်။

၅။ လူနာဟာ သူ့ကိုယ္စား သတင်းအခ်က်အလက်တြေ လက္ခံဖို့ ဘယ်သူ့ကိုမဆို ရြေးခ်ယ္ပိုင္ခြင့် ရွိပါတယ်။

ဒါတြေကေတာ့ လူနာရဲ့ သတင်းအခ်က်အလက်ဆိုင်ရာ ရပိုင္ခြင့်တျြေဖစ္ပါတယ်။

အလြယ်ျေပာရရင် လူနာဟာ မိမိက်န်းမာရေးနဲ့ ပတ်သက်ျပီး စစ်ဆေးမှုရလဒ်တြေ၊ ဆေးမွတ္တမ်းတြေ၊ ရောဂါတိုးတက္မှု ဆုတ်ယုတ္မှု အခ်က်အလက်တြေကို အလုံးစုံသိရွိပိုင္ခြင့်ရွိပါတယ်။ မသိခ်င္တဲ့ ဆန္ဒရွိရင္လည်း အဲဒီဆန္ဒကို လေးစားရမျွာဖစ္ပါတယ်။ သူ့ရဲ့အခ်က်အလက်တြေကို သူ့ကိုယ္စား တစ်ယောက်ယောက္ကို ဖြင့်ျေပာဖို့ ဆန္ဒရွိရင္လည်း ဘယ်သူ့ကိုမဆို ဖြင့်ျေပျာပရမျွာဖစ္ပါတယ်။

စဉ်းစားရမွာကေတာ့ လူနာဟာ သူသိရမယ့် အခ်က်အလက္ကို လက္ခံနိုင္ဖို့ အင်အားရွိရဲ့လား ဆိုတာပါပဲ။ လူနာရဲ့အခ်က်အလက္မွန်သမွ် လူနာကိုပဲျေပာရမယ္လို့ တရားသေသေဘာ မဟုတ္ပါဘူး။

ျခုံျေပာရရင် ဒီကျြေငာစာတမ်းဟာ လူနာရဲ့အကိုးစီးပြားအတြက် ဦးစားပေးထုတ်ျပန္ချဲ့ခင်ျးဖစ္ပါတယ်။

အကယ်၍ က်န်းမာရေးဆိုင်ရာ သတင်းအခ်က်အလက္မ်ားနဲ့ ပတ်သက္တဲ့ လူနာမ်ားရဲ့ရပိုင္ခြင့်နဲ့ ပတ်သက်ျပီး အျငင်းပြားစရာ ကိစ္စေလးတြေပ်ါလာရင် လစ္စဘြန်းကျြေငာစာတမ်းကို မိမိတို့ရဲ့ကာလံဒေသံအလိုက် ကိုးကားအသုံျးပုနိုင္ဖို့ပျဲဖစ္ပါတယ်။

ရေးသားသူ Dr. Thant Zin


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Tags:

Source : DVB