fbpx

တက္ကသိုလ်များတွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အားပေးမြှင့်တင်ရန် ပညာရေးဝန်ကြီး တိုက်တွန်း

တက္ကသိုလ်တွေအားလုံးမှာ တိုင်းရင်းသား စာပေနဲ့ ယဉ်ကျေးမှုကို အားပေးမြှင့်တင်ဖို့ လိုအပ်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားလိုက်ပါတယ်။

အမျိုးသားပညာရေးမူဝါဒကော်မရှင် ပါမောက္ခချုပ်များကော်မတီရဲ့ ၁ နှစ်ကျော်ကာလ အတွင်း အတွေ့အကြုံရှင်းလင်းပွဲကို စက်တင်ဘာ ၁ ရက်နေ့က မုံရွာတက္ကသိုလ်မှာ ကျင်းပရာမှာ ပညာရေးဝန်ကြီးက တက်ရောက် ပြောကြားသွားတာပါ။

ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက “တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှာ မတူကွဲပြားတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ အတူတူ နေထိုင်ပြီးတော့ တိုင်းရင်းသား တက္ကသိုလ်ကျောင်းသားကျောင်းသူတွေ ပညာသင်ယူနေတဲ့ တက္ကသိုလ်တွေဖြစ်တဲ့အတွက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုတွေက အားပေးမြှင့်တင်ဖို့အတွက် အရေးကြီးပါတယ်။ ကျနော်တို့ရဲ့ အခြေခံမူဝါဒဖြစ်တဲ့ မည်သည့်ခွဲခြားမှုမျှမရှိ။ မည်သူတဦးတယောက်ကိုမျှ မချန်တဲ့အတွက်ကြောင့်မို့ ကျနော်တို့တွေရဲ့ မူဝါဒကတော့ ဘက်မလိုက်ဘူး။ အမျှတဆုံးဖြစ်အောင် အားလုံးကို ပံ့ပိုးဖြည့်ဆည်းပေးပြီးတော့မှ ဒီတက္ကသိုလ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ဖို့ဆိုတဲ့အခါ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုတွေက အားပေးမြှင့်တင်ဖို့လို့အတွက် အရေးကြီးတယ်လို့ ပြောချင်ပါတယ်။”လို့ ပြောဆိုခဲ့တာပါ။

မုံရွာတက္ကသိုလ်မှာတော့ ချင်းတိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ရှမ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီတွေကို ဖွဲ့စည်းထားပြီး အခုနှစ် မတ်လအတွင်းက နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လာရောက်ဖွင့်လှစ်ပေး ခဲ့ပါတယ်။

ဒါ့အပြင် တက္ကသိုလ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာများသမဂ္ဂနဲ့ ကျောင်းသားများ သမဂ္ဂတွေကိုလည်း အားပေးရမယ်လို့ ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။

“တက္ကသိုလ်ကို ဘယ်လောက်ချစ်တယ်ပြောပြော အနှစ် ၄၀ ထက်ပိုပြီးတော့ တာဝန် ထမ်းဆောင်ဖို့ မလွယ်ပါဘူး။ သို့သော် ဒီတက္ကသိုလ်တွေဆိုတာကတော့ မြန်မာနိုင်ငံတည်သရွေ့၊ ကမ္ဘာတည်သရွေ့ အများက လေးစားတန်ဖိုးထားရတဲ့ တက္ကသိုလ်တွေဖြစ်အောင် လုပ်ဖို့လို့အတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ ဒီတိုင်းပဲခံယူပြီးတော့ ဆရာသမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းခြင်းကို အားပေးပြီးတော့ စုပေါင်းအင်အားနဲ့ တက္ကသိုလ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ဖို့ ဖွဲ့စည်းတာကို အားပေးခြင်းဖြစ်တယ်ဆိုတာကို ဒီနေရာမှာ အလေးအနက် တင်ပြလိုပါတယ်။”လို့  ဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။

ပညာရေးကောလိပ်အားလုံးကိုလည်း လာမယ့် ၂၀၁၉ ဒီဇင်ဘာလက စတင်ကာ ဒီဂရီကောလိပ်အဖြစ် သင်ရိုးညွှန်းတမ်းအသစ်တွေနဲ့ ပြောင်းလဲပေးသွားမယ်လို့ ဆိုပါတယ်။

ပါမောက္ခချုပ်များကော်မတီရဲ့ အတွေ့အကြုံရှင်းလင်းပွဲကို တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ် စုစုပေါင်း ၂၄ ခုက ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးတွေ၊ ပါမောက္ခတွေ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေ တက်ရောက်ခဲ့ကြပါတယ်။


တက္ကသိုလ္မ်ားတြင် တိုင်းရင်းသားစာပေနွင့် ယဉ်ကေ်းမှု အားပေျးမှင့္တင်ရန် ပညာရေးဝန်ကြီး တိုက္တြန်း
အောင္ကိုလတ်

တက္ကသိုလ်တြေအားလုံးမွာ တိုင်းရင်းသား စာပေနဲ့ ယဉ်ကေ်းမှုကို အားပေျးမှင့္တင္ဖို့ လိုအပ်နေတယ္လို့ ပညာရေးဝန်ကြီးဌာနျပည်ထောင္စုဝန်ကြီး ဒေါက္တာမိုးသိမ်းကြီးကျေပာကြားလိုက္ပါတယ်။

အမိုးသားပညာရေးမူဝါဒေက္မာရွင် ပါမောက္ခခ်ုပ္မ်ားက္မောတီရဲ့ ၁ နွစ်ကေ်္ကာာလ အတြင်း အေတြ့အကြုံရွင်းလင်းပြဲကို စက္တင္ဘာ ၁ ရက်နေ့က မုံရြာတက္ကသိုလ္မွာ က်င်းပရာမွာ ပညာရေးဝန်ကြီးက တက်ရောက်ျေပာကြားသြားတာပါ။

ဝန်ကြီးဒေါက္တာမိုးသိမ်းကြီးက “တိုင်းဒေသကြီးနွင့်ျပည္နယ်အသီးသီးမွာ မတူကျြဲပားတဲ့ တိုင်းရင်းသား လူမိုးပေါင်းစုံ အတူတူ နေထိုင်ပြီးတော့ တိုင်းရင်းသား တက္ကသိုလ်ကော်င်းသားကော်င်းသူတြေ ပညာသင်ယူနေတဲ့ တက္ကသိုလ်တျြေဖစ္တဲ့အတြက် တိုင်းရင်းသားစာပေနွင့် ယဉ်ကေ်းမှုတြေက အားပေျးမှင့္တင္ဖို့အတြက် အေရးကြီးပါတယ်။ က်န္တောို့ရဲ့ အျေခခံမူဝါဒျဖစ္တဲ့ မည်သည့္ချြဲခားမှုမ်ွမရွိ။ မည်သူတဦးတေယာက္ကိုမွ် မခ်န္တဲ့အတြက်ကြောင့္မို့ က်န္တောို့တြေရဲ့ မူဝါဒကေတာ့ ဘက္မလိုက္ဘူး။ အမ်ွတဆုံျးဖစ်အောင် အားလုံးကို ပံ့ပိုျးဖည့်ဆည်းပေးပြီးတော့မွ ဒီတက္ကသိုလ်တြေရဲ့ ဖြံ့ဖြိုးတိုးတက်ရေးကို ဆောင်ရက္ဖြို့ဆိုတဲ့အခါ တိုင်းရင်းသားစာပေနွင့် ယဉ်ကေ်းမှုတြေက အားပေျးမှင့္တင္ဖို့လို့အတြက် အေရးကြီးတယ္လို့ျေပာခ်င္ပါတယ်။”လို့ျေပာဆိုခဲ့တာပါ။

မုံရြာတက္ကသိုလ္မွာတော့ ခ်င်းတိုင်းရင်းသား စာပေနွင့် ယဉ်ကေ်းမှုက္မောတီ၊ ရွမ်းတိုင်းရင်းသားစာပေနွင့် ယဉ်ကေ်းမှုက္မောတီတြေကို ဖြဲ့စည်းထားပြီး အခုနွစ် မတ္လအတြင်းက နိုင်ငံတော်ရဲ့ အတိုင္ပင္ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည္ကိုယ္တိုင် လာရောက္ဖြင့္လွစ်ပေး ခဲ့ပါတယ်။

ဒါ့အျပင် တက္ကသိုလ္ဖြံ့ဖြိုးတိုးတက်ရေးအတြက် ဆရာမ်ားသမဂ္ဂနဲ့ ကော်င်းသားမ်ား သမဂ္ဂေတြကိုလည်း အားပေးရမယ္လို့ ဝန်ကြီးကျေပာဆိုခဲ့ပါသေးတယ်။

“တက္ကသိုလ္ကို ဘယ်လောက္ခ်စ္တယ်ျေပျာေပာ အနွစ် ၄၀ ထက္ပိုပြီးတော့ တာဝန် ထမ်းဆောင္ဖို့ မလြယ္ပါဘူး။ သို့သော် ဒီတက္ကသိုလ်တြေဆိုတာကေတျာ့မန္မာနိုင်ငံတည်သေရြ့၊ ကမ္ဘာတည်သေရြ့ အမ်ားက လေးစားတန္ဖိုးထားရတဲ့ တက္ကသိုလ်တျြေဖစ်အောင် လုပ္ဖို့လို့အတြက် အားလုံးမွာ တာဝန်ရွိပါတယ်။ ဒီတိုင်းပဲခံယူပြီးတော့ ဆရာသမဂ္ဂေတြ၊ ကော်င်းသားသမဂ္ဂေတြ ဖြဲ့စည်ျးခင်းကို အားပေးပြီးတော့ စုပေါင်းအင်အားနဲ့ တက္ကသိုလ်တြေရဲ့ ဖြံ့ဖြိုးတိုးတက်ရေးအတြက် ပူးပေါင်းဆောင်ရက္ဖြို့ ဖြဲ့စည်းတာကို အားပေျးခင်ျးဖစ္တယ်ဆိုတာကို ဒီနေရာမွာ အေလးအနက် တင်ျပလိုပါတယ်။”လို့ ဝန်ကြီးဒေါက္တာမိုးသိမ်းကြီးကျေပာပါတယ်။

ပညာရေးကောလိပ်အားလုံးကိုလည်း လာမယ့် ၂၀၁၉ ဒီဇင္ဘာလက စတင္ကာ ဒီဂရီကောလိပ်အျဖစ် သင်ရိုးညွှန်းတမ်းအသစ်တြေနဲ့ျေပာင်းလဲပေးသြားမယ္လို့ ဆိုပါတယ်။

ပါမောက္ခခ်ုပ္မ်ားက္မောတီရဲ့ အေတြ့အကြုံရွင်းလင်းပြဲကို တက္ကသိုလ်ကောလိပ် ဒီဂရီကောလိပ် စုစုပေါင်း ၂၄ ခုက ပါမောက္ခခ်ုပ်၊ ဒုတိယပါမောက္ခခ်ုပ်နွင့် ကော်င်းအုပ်ကြီးတြေ၊ ပါမောက္ခေတြ၊ ဆရာသမဂ္ဂ၊ ကော်င်းသားသမဂ္ဂေတြ တက်ရောက္ခဲ့ကြပါတယ်။

Tags:

Source : DVB