fbpx

မုံရွာတက္ကသိုလ်တွင် ပါမောက္ခချုပ်များကော်မတီ အတွေ့အကြုံရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာတက္ကသိုလ်မှာ အမျိုးသားပညာရေးမူဝါဒကော်မရှင် ပါမောက္ခချုပ်များကော်မတီရဲ့ တနှစ်ကျော်ကာလအတွင်း အတွေ့အကြုံရှင်းလင်းပွဲကို စက်တင်ဘာ ၁ ရက်က ကျင်းပပါတယ်။

ဒီအခမ်းအနားကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားခဲ့ပြီး တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် ၂၄ ခုက ပါမောက္ခချုပ်၊ ဒုပါမောက္ခချုပ်နဲ့ ကျောင်းအုပ်ကြီးတွေ၊ ပါမောက္ခတွေ၊ ဆရာသမဂ္ဂ၊ ကျောင်းသားသမဂ္ဂတွေ တက်ရောက်ခဲ့ကြပါတယ်။ 

ဒီအခမ်းအနားမှာ Teaching for Tomorrow, Effect of Digitalization on Higher Education, Internationalization, University link for industry engagement, Comprehensive University, Internal Quality Assurance နဲ့ Research Capacity Building in Universities စတဲ့ ခေါင်းစဉ် ၇ ခုကို အဓိကထားကာ တက်ရောက်လာသူတွေက အုပ်စုဖွဲ့ ဆွေးနွေးခဲ့ကြပါတယ်။

သင်ကြားခြင်းနဲ့ သင်ယူခြင်းမှာ ဘယ်ဟာက ပိုပြီးအရေးကြီးသလဲ၊ သင်ကြားမှုပုံစံတွေကို ခေတ်နဲ့အညီပြောင်းဖို့လိုအပ်နေတဲ့အကြောင်း၊ နိုင်ငံတကာက တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဖို့ လိုအပ်နေတဲ့အကြောင်းတွေနဲ့ပတ်သက်ပြီး ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ဇော်ဝေစိုးက ပြောကြားခဲ့ပါတယ်။

နည်းပညာဖွံ့ဖြိုးတိုးတက်နေတဲ့ ယနေ့ခေတ်ကြီးမှာ သင်ကြားမှု သင်ယူမှုပုံစံတွေ ပြောင်းလဲဖို့၊ စာသင်ခန်းတွေမှာ ဆရာကို ဗဟိုပြုတဲ့ သင်ကြားသင်ယူမှုကနေ သင်ယူသူကို ဗဟိုပြုတဲ့ နည်းလမ်းတွေကို သွားဖို့၊ စာသင်ခန်းထဲမလာခင် ကြိုတင်လေ့လာခိုင်းဖို့၊ တက္ကသိုလ် ဝက်ဘ်ဆိုက်တွေမှာ ကြိုတင်ထားဖို့လည်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက တိုက်တွန်း ပြောဆိုခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနအနေနဲ့ သုတေသနလုပ်တာကို မလွဲမသွေ အားပေးရမယ့် တာဝန်ရှိ တာကြောင့် တက္ကသိုလ်တွေမှာ သုတေသနဆွေးနွေးပွဲတွေ၊ ဂျာနယ်တွေ၊ သုတေသန စာတမ်းရေးသားတာတွေကို အားပေးဖို့လည်း လိုတယ်လို့လည်း ဝန်ကြီးက ပြောဆိုခဲ့ပါသေးတယ်။

လာမယ့် အောက်တိုဘာလအတွင်းမှာလည်း တက္ကသိုလ်တွေရဲ့ နှီးနှောဖလှယ်ပွဲကို ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။


မုံရြာတက္ကသိုလ္တြင် ပါမောက္ခခ်ုပ္မ်ားက္မောတီ အေတြ့အကြုံရွင်းလင်း
အောင္ကိုလတ်

စစ္ကိုင်းတိုင်းဒေသကြီး၊ မုံရြာမြို့၊ မုံရြာတက္ကသိုလ္မွာ အမိုးသားပညာရေးမူဝါဒေက္မာရွင် ပါမောက္ခခ်ုပ္မ်ားက္မောတီရဲ့ တနွစ်ကေ်္ကာာလအတြင်း အေတြ့အကြုံရွင်းလင်းပြဲကို စက္တင္ဘာ ၁ ရက္က က်င်းပပါတယ်။

ဒီအခမ်းအနားကို ပညာရေးဝန်ကြီးဌာနျပည်ထောင္စုဝန်ကြီး ဒေါက္တာ မိုးသိမ်းကြီး တက်ရောက်အမွာစကာျးေပာကြားခဲ့ပြီး တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ် ၂၄ ခုက ပါမောက္ခခ်ုပ်၊ ဒုပါမောက္ခခ်ုပ္နဲ့ ကော်င်းအုပ်ကြီးတြေ၊ ပါမောက္ခေတြ၊ ဆရာသမဂ္ဂ၊ ကော်င်းသားသမဂ္ဂေတြ တက်ရောက္ခဲ့ကြပါတယ်။

ဒီအခမ်းအနားမွာ Teaching for Tomorrow, Effect of Digitalization on Higher Education, Internationalization, University link for industry engagement, Comprehensive University, Internal Quality Assurance နဲ့ Research Capacity Building in Universities စတဲ့ ခေါင်းစဉ် ၇ ခုကို အဓိကထားကာ တက်ရောက္လာသူတြေက အုပ္စုဖြဲ့ ဆြေးနြေးခဲ့ကြပါတယ်။

သင်ကြာျးခင်းနဲ့ သင်ယျူခင်းမွာ ဘယ်ဟာက ပိုပြီးအေရးကြီးသလဲ၊ သင်ကြားမှုပုံစံတြေကို ခေတ္နဲ့အညျီေပာင်းဖို့လိုအပ်နေတဲ့အေကြာင်း၊ နိုင်ငံတကာက တက္ကသိုလ်တြေနဲ့ ခိတ်ဆက္ဖို့ လိုအပ်နေတဲ့အေကြာင်းတြေနဲ့ပတ်သက်ပြီး ပါမောက္ခခ်ုပ္မ်ားက္မောတီ ဥက္ကဋ္ဌ ဒေါက္တာ ဇော်ဝေစိုးကျေပာကြားခဲ့ပါတယ်။

နည်းပညာဖြံ့ဖြိုးတိုးတက်နေတဲ့ ယေန့ခေတ်ကြီးမွာ သင်ကြားမှု သင်ယူမှုပုံစံတြေျေပာင်းလဲဖို့၊ စာသင္ခန်းတြေမွာ ဆရာကို ဗဟျိုပုတဲ့ သင်ကြားသင်ယူမှုကေန သင်ယူသူကို ဗဟျိုပုတဲ့ နည်းလမ်းတြေကို သြားဖို့၊ စာသင္ခန်းထဲမလာခင် ကြိုတင်လေ့လာခိုင်းဖို့၊ တက္ကသိုလ် ဝက္ဘ်ဆိုက်တြေမွာ ကြိုတင္ထားဖို့လည်း ပညာရေးဝန်ကြီး ဒေါက္တာ မိုးသိမ်းကြီးက တိုက္တြန်းျေပာဆိုခဲ့ပါတယ်။

ပညာရေးဝန်ကြီးဌာနအေနနဲ့ သုတေသနလုပ္တာကို မလြဲမေသြ အားပေးရမယ့် တာဝန်ရွိ တာကြောင့် တက္ကသိုလ်တြေမွာ သုတေသနေဆြးနြေးပြဲတြေ၊ ဂ်ာနယ်တြေ၊ သုတေသန စာတမ်းရေးသားတာတြေကို အားပေးဖို့လည်း လိုတယ္လို့လည်း ဝန်ကြီးကျေပာဆိုခဲ့ပါသေးတယ်။

လာမယ့် အောက္တိုဘာလအတြင်းမွာလည်း တက္ကသိုလ်တြေရဲ့ နွီးနွောဖလွယ္ပြဲကို က်င်းပဖို့ရွိတယ္လို့ သိရပါတယ်။

Tags:

Source : DVB