fbpx

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ၂ ရက်မြောက် သပိတ်မှောက်

မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ စားသောက်ဆိုင်တန်း Food Court ဆောက်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက စက်တင်ဘာလ ၃ ရက် မနက်က ကျောင်းဝင်းထဲကို တပတ်ပတ်ကာ နှစ်ရက်မြောက်နေ့ သပိတ်မှောက်နေ ကြပါတယ်။

သမ္မတညွှန်ကြားချက်နဲ့ တည်ဆဲဥပဒေ‌ကို ဖောက်ဖျက်လုပ်ဆောင်တဲ့ ကျောင်းအုပ်ချုပ်ရေး အဖွဲ့ကို စိစစ်အရေးယူပေးရေး၊ မန္တလေးတက္ကသိုလ်ကို အသုံးချပြီး ကိုယ်ကျိုးရှာတဲ့ ပါမောက္ခချုပ် အလိုမရှိ၊ ပညာရေးဝန်ကြီးဌာနရဲ့ ဘက်လိုက်တဲ့ စုံစမ်း စစ်ဆေးရေးအဖွဲ အယုံအကြည်မရှိ၊ ကျောင်းတွင်းစီမံကိန်းတွေကို ပွင့်လင်းမြင်သာစွာချပြရေး၊ မှန်ကန်မျှတတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးအရေးယူပေးရေး စတဲ့အချက်တွေကို ကျောင်းသားတွေက ထိုင်သပိတ်မှောက်ပြီး မနေ့ကတည်း တောင်းဆိုနေကြတာပါ။

မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မယမင်းသူက “ကျမတို့က မှန်ကန်မျှတတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းပြီးတော့မှ စစ်ဆေးအရေးယူ တာမျိုးကို လိုချင်တာပါ။ ကျမတို့က အခုဆန္ဒပြတယ်ဆိုတာထက် သပိတ်မှောက်နေတာမို့ ကိုယ့်ရဲ့ ရည်ရွယ်ချက် ကိုယ့်ရဲ့ပန်းတိုင် မရောက်မချင်း ဘယ်နှစ်ရက်ပဲ ရောက်ရောက် ဘယ်အခြေအနေပဲ ဖြစ်ဖြစ် ဘယ်လောက်ပဲကြာကြာ ကျမတို့တောင်းဆိုချက်တွေ မရမချင်းဆက်ပြီးတိုက်နေရမှာပါ” လို့ ပြောပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသပိတ်ကို ထောက်ခံကြောင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရတနာပုံတက္ကသိုလ်(ဗကသ) ကျောင်းသားများ၊ မိတ္တီလာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်သမဂ္ဂ၊ နည်းပညာ တက္ကသိုလ်ကျောင်းသားများ ကွန်ယက်၊ ကျောက်ဆည် တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေကနေ  ကြေညာချက်အသီးသီးမနေ့က ထုတ်ပြန်ထားပါတယ်။

ဒီနေ့နက်မှာတော့ မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ သပိတ်တိုက်ပွဲကို သတ်မှတ်ထားတဲ့ ၅ရက်အတွင်းမှာ ပြေလည်မှု မရရှိခဲ့ပါက ပူးပေါင်းပါဝင်ဝန်းရံကြဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြပါတယ်။


မန္တေလးတက္ကသိုလ်ကော်င်းသားမ်ားသမဂ္ဂ ၂ ရက်ျေမာက် သပိတ်မွောက်
အောင်အောင်နိုင်

မန္တေလးတက္ကသိုလ်ကော်င်းဝင်းအတြင်းမွာ စားသောက်ဆိုင္တန်း Food Court ဆောက္လုပ္တဲ့ကိစ္စနဲ့ပတ်သက်ပြီး မန္တေလးတက္ကသိုလ် ကော်င်းသားမ်ားသမဂ္ဂက စက္တင္ဘာလ ၃ ရက် မနက္က ကော်င်းဝင်းထဲကို တပတ္ပတ္ကာ နွစ်ရက်ျေမာက်နေ့ သပိတ်မွောက်နေ ကြပါတယ်။

သမ္မတညွှန်ကြားခ်က္နဲ့ တည်ဆဲဥပေဒ‌ကို ဖောက္ဖ်က္လုပ်ဆောင္တဲ့ ကော်င်းအုပ္ခ်ုပ်ရေး အဖြဲ့ကို စိစစ်အေရးယူပေးရေး၊ မန္တေလးတက္ကသိုလ္ကို အသုံးခ်ပြီး ကိုယ္ကိုးရွာတဲ့ ပါမောက္ခခ်ုပ် အလိုမရွိ၊ ပညာရေးဝန်ကြီးဌာနရဲ့ ဘက္လိုက္တဲ့ စုံစမ်း စစ်ဆေးရေးအဖြဲ အယုံအကြည္မရွိ၊ ကော်င်းတြင်းစီမံကိန်းတြေကို ပြင့္လင်ျးမင်သာစြာခ်ျပေရး၊ မွန္ကန္မ်ွတတဲ့ စုံစမ်းစစ်ဆေးရေးအဖြဲ့ ဖြဲ့စည်း စစ်ဆေးအေရးယူပေးရေး စတဲ့အခ်က်တြေကို ကော်င်းသားတြေက ထိုင်သပိတ်မွောက်ပြီး မေန့ကတည်း တောင်းဆိုနေကြတာပါ။

မန္တေလးတက္ကသိုလ် ကော်င်းသားသမဂ္ဂအဖြဲ့ ဥက္ကဋ္ဌ မယမင်းသူက “က်မတို့က မွန္ကန္မ်ွတတဲ့ စုံစမ်းစစ်ဆေးရေးအဖြဲ့ကို ဖြဲ့စည်းပြီးတော့မွ စစ်ဆေးအေရးယူ တာမိုးကို လိုခ်င္တာပါ။ က်မတို့က အခုဆန္ဒျပတယ်ဆိုတာထက် သပိတ်မွောက်နေတာမို့ ကိုယ့်ရဲ့ ရည်ရယ္ခ်ြက် ကိုယ့်ရဲ့ပန်းတိုင် မေရာက္မခ်င်း ဘယ်နွစ်ရက္ပဲ ရောက်ရောက် ဘယ်အျေခအေနပျဲဖစ်ျဖစ် ဘယ်လောက္ပဲကြာကြာ က်မတို့တောင်းဆိုခ်က်တြေ မရမခ်င်းဆက်ပြီးတိုက်နေရမွာပါ” လို့ျေပာပါတယ်။

မန္တေလးတက္ကသိုလ်ကော်င်းသားမ်ားသပိတ္ကို ထောက္ခံကြောင်း ရန္ကုန္တက္ကသိုလ် ကော်င်းသားမ်ားသမဂ္ဂ၊ ရတနာပုံတက္ကသိုလ်(ဗကသ) ကော်င်းသားမ်ား၊ မိတ္တီလာတက္ကသိုလ်ကော်င်းသားမ်ား သမဂ္ဂ၊ မြေျးမူရေးဆိုင်ရာ ဆေးတက္ကသိုလ်သမဂ္ဂ၊ နည်းပညာ တက္ကသိုလ်ကော်င်းသားမ်ား ကြန်ယက်၊ ကော်က်ဆည် တက္ကသိုလ်ကော်င်းသားသမဂ္ဂေတြကေန ကြေညာခ်က်အသီးသီးမေန့က ထုတ်ျပန္ထားပါတယ်။

ဒီနေ့နက္မွာတော့ မန္တေလးတက္ကသိုလ် ကော်င်းသားမ်ားသမဂ္ဂရဲ့ သပိတ္တိုက္ပြဲကို သတ္မွတ္ထားတဲ့ ၅ရက်အတြင်းမွာျေပလည္မှု မရရွိခဲ့ပါက ပူးပေါင်းပါဝင်ဝန်းရံကြဖို့ ဆုံျးဖတ္ခ်က် ခ်မွတ္ခဲ့ကြပါတယ်။

Tags:

Source : DVB