fbpx

ကြက်စွပ်ပြုတ်အပြင် တုပ်ကွေး သက်သာစေတဲ့အစားအသောက် ဘာတွေရှိသေးလဲ


နေမကောင်းဖြစ်နေပြီဆိုရင် တုပ်ကွေးဖြစ်ဖြစ် ဘာဖြစ်ဖြစ် ပုံမှန်အတိုင်းတော့မစားနိုင်တော့ပါဘူး။ သောက်ရတဲ့ဆေးတွေကြောင့်ရယ်၊ နေလို့မကောင်းတာရယ်ကြောင့် ခံတွင်းလည်းပျက်နေနိုင်တယ်။ အစာကြေလွယ်တာတွေပဲ စားရမှာဖြစ်လို့ မစားချင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ တုပ်ကွေးဖြစ်ရင် ကြက်စွပ်ပြုတ်က အကောင်းဆုံးလို့ ပြောကြတယ်နော်။ ဒါပေမယ့် ခံတွင်းပျက်ရတဲ့အထဲ ဒါချည်းပဲ စားနေလို့မှမဖြစ်တာလေ။ ဝေဒနာအမြန်သက်သာပြီး နာလန်ထလာစေဖို့ ကြက်စွပ်ပြုတ်လိုပဲ အကျိုးကျေးဇူးကောင်းတဲ့ အစားအသောက်လေးတွေရှိပါသေးတယ်နော်။ ဘာတွေလဲဆိုတော့ –

အရိုးစွပ်ပြုတ်

ကြက်စွပ်ပြုတ်လိုပဲ ငါးခေါင်းဟင်းချို သို့မဟုတ် တခြားအရိုးပြုတ်ရည်တွေကလည်း နေမကောင်းချိန်မှာ အာဟာရဓာတ်တွေပေးနိုင်တဲ့ အကောင်းဆုံးအရင်းအမြစ်တွေပါ။ ရေဓာတ်ဖြည့်ပေးမယ့်အပြင် အာဟာရဓာတ်မျိုးစုံကို အရည်ထဲမှာ တပါတည်းပေးနိုင်တော့ နည်းနည်းပဲသောက်နိုင်ရုံနဲ့ အားဖြစ်စေပါတယ်။

အရသာရှိတဲ့အပြင် ကယ်လိုရီတွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါမယ်၊ ပူပူလေးသောက်ရင် ချွဲသလိပ်တွေပျော်ဖို့ပါ အထောက်အကူပေးနိုင်ပါတယ်။

အုန်းစိမ်းရည်

ရေဓာတ်ပြည့်ဝနေဖို့က နေမကောင်းတဲ့အချိန်မှာ အရေးကြီးဆုံးအချက်ပါ။ ကိုယ်ပူနေမယ်၊ ချွေးတွေတအားထွက်ထားမယ်၊ အန်ထားမယ်၊ ဝမ်းလျှောထားမယ်ဆိုရင် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို ပြန်ဖြည့်တင်းဖို့လိုပါတယ်။ ဒီလိုအချိန်မှာ အုန်းစိမ်းရည်ကလည်း အစွမ်းထက်တဲ့ ဆေးတစ်ခွက်ပါပဲ။ ချိုချိုလေးနဲ့ ရင်ထဲအေးစေတဲ့ အုန်းစိမ်းရည်မှာ ဂလူးကို့စ်နဲ့ ဓာတ်ဆားဓာတ်တွေပါဝင်ပါတယ်။

ရေနွေးကြမ်းပူပူ

ရေနွေးပူပူလေးသောက်တာကတော့ အအေးမိ၊တုပ်ကွေး ဖျားနာတာတွေအတွက် သမားရိုးကျ နည်းလမ်းတစ်ခုပါ။ ကြက်စွပ်ပြုတ်လောက်အာဟာရမပါရင်တောင် ချွဲသလိပ်တွေရှင်းသွားစေဖို့၊ လည်ချောင်းရှင်းဖို့၊ နှာခေါင်းပိတ်သက်သာစေဖို့၊ ချွေးထွက်ပြီးအဖျားကျဖို့ အထောက်အကူပေးတယ်ဆိုတော့ သူ့အစွမ်းလည်းမသေးပါဘူး။ လည်ချောင်းအပူလောင်လောက်တဲ့အထိတော့ အပူမပြင်းစေနဲ့ပေါ့နော်။

လက်ဖက်ခြောက်မှာ polyphenols တစ်မျိုးဖြစ်တဲ့ Tannins ဓာတ်တွေပါဝင်လို့ ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကိုသေစေတဲ့အာနိသင်တွေရှိပါတယ်။

ပျားရည်

ပျားရည်မှာ ဘက်တီးရီးယားတွေသေစေတဲ့အာနိသင်ရှိပါတယ်။ ကိုယ်ခံအားစနစ်ကိုလည်း ကောင်းစေတယ်လို့ သုတေသနတွေ့ရှိချက်တွေရှိပါတယ်။ ဒါ့ကြောင့် ပျားရည်ကို ရေနွေးကြမ်းလေးထဲထည့်သောက်ရင် လည်ချောင်းနာတာတောင်သက်သာစေပါတယ်တဲ့။ နွားနို့တစ်ခွက်ကို ပျားရည်ဇွန်းတစ်ဝက်ထည့်သောက်ရင်လည်း ချောင်းဆိုးသက်သာတယ်၊ ရေဓာတ်ပြည့်ဝစေတယ်၊ ရောဂါပိုးတွေသေစေနိုင်တဲ့ သောက်စရာတစ်ခုဖြစ်ပါတယ်။

ချင်းလက်ဖက်ရည်ကြမ်း

နေမကောင်းလို့ မအီမသာဖြစ်နေတာ၊ ခံတွင်းပျက်တာတွေအတွက် ချင်းရေနွေးကြမ်းကိုသောက်ပေးရင် သက်သာပါလိမ့်မယ်။ အသင့်သောက် အထုပ်လေးတွေလည်းရှိသလို ချင်းကိုပါးပါးလှီးပြီးရေနွေးကြမ်းထဲခတ်သောက်လို့ရပါတယ်။ ပူရှိန်းရှိန်းနဲ့ ချွေးလေးစို့လာစေပြီး နေလို့ကောင်းစေမှာပါ။

ငှက်ပျောသီး

ငှက်ပျောသီးက နေမကောင်းချိန်မှာစားလို့သင့်တဲ့အသီးထဲမှာပါဝင်ပါတယ်။ စားရတာလည်းလွယ်တယ်၊ ကယ်လိုရီနဲ့အာဟာရဓာတ်တွေလည်း အများကြီးပါပါတယ်။ သူ့မှာပါတဲ့ ပျော်ဝင်လွယ်အမျှင်ဓာတ်ကြောင့် အစာခြေစနစ်အတွက်လည်း ကောင်းကျိုးများပါတယ်။

ကွေကာအုတ်

ကွေကာအုတ်က အစာကြေလွယ်တယ်၊ နေမကောင်းဖြစ်ချိန်မှာ လိုအပ်နေတဲ့ ကယ်လိုရီ၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ဖြည့်တင်းပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကိုအားပေးပြီး သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းပေးပါတယ်။ အကောင်းဆုံးကတော့ အသင့်သောက်အထုပ်တွေထက် အုတ်ဂျုံကွေကာအလွတ်ကို ကိုယ်တိုင်ဖျော်သောက်တာပါပဲ။

ဒီအစားအသောက်တွေက ရောဂါကိုသက်သာစေဖို့ အားဖြည့်ကူညီပေးမှာဖြစ်လို့ ဝေဒနာခံစားရတာလည်း သက်သာစေမှာပါ။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ကြက္စြပ်ျပုတ်အျပင် တုပ်ကြေး သက်သာစေတဲ့အစားအေသာက် ဘာတြေရွိသေးလဲ

နေမေကာင်ျးဖစ်နျေပီဆိုရင် တုပ်ကြေျးဖစ်ျဖစ် ဘျာဖစ်ျဖစ် ပုံမွန်အတိုင်းတော့မစားနိုင်တော့ပါဘူး။ သောက်ရတဲ့ဆေးတြေကြာင့်ရယ်၊ နေလို့မေကာင်းတာရယ်ကြောင့် ခံတြင်းလည်းပ်က်နေနိုင္တယ်။ အစာကြေလြယ္တာတြေပဲ စားရမျွာဖစ္လို့ မစားခ်င္တာလည်ျးဖစ်ရင်ျဖစ္မယ်။ တုပ်ကြေျးဖစ်ရင် ကြက္စြပ်ျပုတ္က အေကာင်းဆုံးလို့ျေပာကြတယ်နော်။ ဒါပေမယ့် ခံတြင်းပ်က်ရတဲ့အထဲ ဒါခ်ည်းပဲ စားနေလို့မွမျဖစ္တာလေ။ ဝေဒနာအျမန်သက်သျာပီး နာလန္ထလာစေဖို့ ကြက္စြပ်ျပုတ္လိုပဲ အကိုးကေ်းဇူးကောင်းတဲ့ အစားအေသာက်လေးတြေရွိပါသေးတယ်နော်။ ဘာတြေလဲဆိုတော့ –

အရိုးစြပ်ျပုတ်

ကြက္စြပ်ျပုတ္လိုပဲ ငါးခေါင်းဟင်းခို သို့မဟုတ် တျခားအရိုျးပုတ်ရည်တြေကလည်း နေမေကာင်းခိန္မွာ အာဟာရဓာတ်တြေပးနိုင္တဲ့ အေကာင်းဆုံးအရင်းအျမစ်တြေပါ။ ရေဓာတ်ျဖည့်ပေးမယ့်အျပင် အာဟာရဓာတ္မိုးစုံကို အရည္ထဲမွာ တပါတည်းပေးနိုင်တော့ နည်းနည်းပဲသောက္နိုင်ရုံနဲ့ အာျးဖစ်စေပါတယ်။

အရသာရွိတဲ့အျပင် ကယ္လိုရီတြေ၊ ဗီတာမင္နဲ့ သတ္တုဓာတ်တြေပါမယ်၊ ပူပူလေးသောက်ရင် ခြ်ဲသလိပ်တြေပ်္ဖာို့ပါ အေထာက်အကူပေးနိုင္ပါတယ်။

အုန်းစိမ်းရည်

ရေဓာတ်ျပည့်ဝေနဖို့က နေမေကာင်းတဲ့အခိန္မွာ အေရးကြီးဆုံးအခ်က္ပါ။ ကိုယ္ပူနေမယ်၊ ခြေ်းတြေတအားထြက္ထားမယ်၊ အန္ထားမယ်၊ ဝမ်းလွော်ထားမယ်ဆိုရင် ဆုံးရှုံးသြားတဲ့ ရေဓာတ္ကျိုပန်ျဖည့်တင်းဖို့လိုပါတယ်။ ဒီလိုအခိန္မွာ အုန်းစိမ်းရည္ကလည်း အစြမ်းထက္တဲ့ ဆေးတစ္ခြက္ပါပဲ။ ခိုခိုလေးနဲ့ ရင္ထဲအေးစေတဲ့ အုန်းစိမ်းရည္မွာ ဂလူးကို့စ္နဲ့ ဓာတ်ဆားဓာတ်တြေပါဝင္ပါတယ်။

ရေနြးကြမ်းပူပူ

ရေနြးပူပူလေးသောက္တာကေတာ့ အေအးမိ၊တုပ်ကြေး ဖ်ားနာတာတြေအတြက် သမားရိုးက် နည်းလမ်းတစ္ခုပါ။ ကြက္စြပ်ျပုတ်လောက်အာဟာရမပါရင်တောင် ခြ်ဲသလိပ်တြေရွင်းသြားစေဖို့၊ လည်ခော်င်းရွင်းဖို့၊ နွာခေါင်းပိတ်သက်သာစေဖို့၊ ခြေ်းထြက်ျပီးအဖ်ားက်ဖို့ အေထာက်အကူပေးတယ်ဆိုတော့ သူ့အစြမ်းလည်းမေသးပါဘူး။ လည်ခော်င်းအပူလောင်လောက္တဲ့အထိတော့ အပူမျပင်းစေနဲ့ပေါ့နော်။

လက္ဖက်ျေခာက္မွာ polyphenols တစ္မိုျးဖစ္တဲ့ Tannins ဓာတ်တြေပါဝင္လို့ ဗိုင်းရပ္စ္နဲ့ဘက္တီးရီးယားတြေ၊ မှိုပိုးတြေကိုသေစတဲ့အာနိသင်တြေရွိပါတယ်။

ပ်ားရည်

ပ်ားရည္မွာ ဘက္တီးရီးယားတြေသေစတဲ့အာနိသင်ရွိပါတယ်။ ကိုယ္ခံအားစနစ္ကိုလည်း ကောင်းစေတယ္လို့ သုတေသနေတြ့ရွိခ်က်တြေရွိပါတယ်။ ဒါ့ကြောင့် ပ်ားရည္ကို ရေနြးကြမ်းလေးထဲထည့်သောက်ရင် လည်ခော်င်းနာတာတောင်သက်သာစေပါတယ္တဲ့။ နြားနို့တစ္ခြက္ကို ပ်ားရည္ဇနြ်းတစ်ဝက္ထည့်သောက်ရင္လည်း ခော်င်းဆိုးသက်သာတယ်၊ ရေဓာတ်ျပည့်ဝေစတယ်၊ ရောဂါပိုးတြေသေစနိုင္တဲ့ သောက္စရာတစ္ချုဖစ္ပါတယ်။

ခ်င်းလက္ဖက်ရည်ကြမ်း

နေမေကာင်းလို့ မအီမသျာဖစ်နေတာ၊ ခံတြင်းပ်က္တာတြေအတြက် ခ်င်းရေနြးကြမ်းကိုသောက်ပေးရင် သက်သာပါလိမ့်မယ်။ အသင့်သောက် အထုပ်လေးတြေလည်းရွိသလို ခ်င်းကိုပါးပါးလွီျးပီးရေနြးကြမ်းထဲခတ်သောက္လို့ရပါတယ်။ ပူရွိန်းရွိန်းနဲ့ ခြေ်းလေးစို့လာဈေပီး နေလို့ကောင်းစေမွာပါ။

ငွက်ပော်သီး

ငွက်ပော်သီးက နေမေကာင်းခိန္မွာစားလို့သင့်တဲ့အသီးထဲမွာပါဝင္ပါတယ်။ စားရတာလည်းလြယ္တယ်၊ ကယ္လိုရီနဲ့အာဟာရဓာတ်တြေလည်း အမ်ားကြီးပါပါတယ်။ သူ့မွာပါတဲ့ ပော််ဝင္လြယ်အမ်ွင္ဓာတ်ကြောင့် အစျာေခစနစ်အတြက္လည်း ကောင်းကိုးမ်ားပါတယ်။

ကြေကာအုတ်

ကြေကာအုတ္က အစာကြေလြယ္တယ်၊ နေမေကာင်ျးဖစ္ခိန္မွာ လိုအပ်နေတဲ့ ကယ္လိုရီ၊ ဗီတာမင္နဲ့ သတ္တုဓာတ်တြေကျိုဖည့်တင်းပေးနိုင္တယ်။ ကိုယ္ခံအားစနစ္ကိုအားပေျးပီး သြေးတြင်းသကြားဓာတ္ကိုလည်း ထိန်းပေးပါတယ်။ အေကာင်းဆုံးကေတာ့ အသင့်သောက်အထုပ်တြေထက် အုတ္ဂ်ုံကြေကာအလြတ္ကို ကိုယ္တိုင်ဖော််သောက္တာပါပဲ။

ဒီအစားအေသာက်တြေက ရောဂါကိုသက်သာစေဖို့ အာျးဖည့်ကူညီပေးမျွာဖစ္လို့ ဝေဒနာခံစားရတာလည်း သက်သာစေမွာပါ။

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်ျးဖတ်သူ Dr. Thurein Hlaing Win


ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

Tags:

Source : DVB