fbpx

ထိုးစစ်ရပ်ပြီး ခုခံကာကွယ်စစ်ကိုသာ လုပ်ဆောင်မည်ဟု မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

ပြည်တွင်းစစ်ပွဲများရပ်စဲပြီး နိုင်ငံရေးဆွေးနွေးပွဲတွေဖော်ဆောင်နိုင်ဖို့ ထိုးစစ်တွေကို ပြုလုပ်တော့မှမဟုတ်ဘဲ ခုခံကာကွယ်တာကိုပဲ လုပ်ဆောင်သွားမယ်လို့ မြောက်ပိုင်းမဟာမိတ် ညီနောင်တိုင်းရင်းသား လက်နက်ကိုင်  ၃ ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာ မိတ်တပ်မတော် (ကိုးကန့်)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (တီအန်အလ်အေ)နဲ့ ရက္ခိုင်တပ်မတော်(အေအေ)အဖွဲ့ စက်တင်ဘာလ၁ ရက်က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တီအန်အလ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က  “အဓိက ၃ ချက်ပါပဲ။ တခုကတော့ ပြည်တွင်းစစ်များအမြန်ရပ်စဲပြီးမှ တနိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးဖော်ဆောင်နိုင်ဖို့အတွက်ပေါ့နော်။ နိုင်ငံရေးတွေ့ဆုံဆွေးနွေးလိုတဲ့ ဆန္ဒအပြည့်အဝ ကျနော်တို့ မဟာမိတ်အဖွဲ့မှာရှိတယ်။ ပြီးတော့မြန်မာစစ်တပ်ရဲ့ထိုးစစ်ကိုကျနော်တို့က ခုခံကာကွယ်စစ်ပဲပြုလုပ်တော့မယ်။ ကျနော်တို့ကနေစပြီးမှ ထိုးစစ်ဆင်တိုက်ခိုက်မှုမပြုလုပ်ဘဲနဲ့ပြု လုပ်ဖို့အကြောင်းပေါ့နော်။ နောက်တချက်ကတော့ ဩဂုတ် ၃၁ ရက်နေ့ ကျိုင်းတုံဆွေးနွေးပွဲထဲက တွေ့ဆုံမှုအတိုင်းပေါ့ bilateral ကိစ္စရပ်ကို ညှိနှိုင်းဆွေးနွေးပြီးမှအတည်ပြုဖို့အတွက်ကို ကျနော်တို့ကတိုက်တွန်းတာပေါ့နော်။ bilateral ကိစ္စညှိနှိုင်းမှုကနေတဆင့် မြန်မာပြည်မှာ ဖြစ်ပွားနေတဲ့လက်နက်ကိုင်ပဋိပက္ခနဲ့ ပြည်တွင်းစစ်မီးကို အဆုံးသတ်သွားသည့်အထိ ကျနော်တို့က အမှန်တကယ်ဖော်ဆောင်သွားမှာဖြစ်တယ်။ ”

ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် (DSTA) အပါအဝင် နေရာ၅ ခုကို ဩဂုတ် ၁၅ ရက်မှာ  ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ရှမ်းပြည်မြောက်ပိုင်းမှာ ရက်ဆက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက်မှာတော့ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ကျိုင်းတုံမြို့မှာ တွေ့ဆုံခဲ့ပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

နောက်ထပ်တွေ့ဖို့အတွက် စက်တင်ဘာလလယ်ကိုသတ်မှတ်ထားပြီး နေရာကိုတော့မညှိကြရသေးပါဘူး။


ထိုးစစ်ရပ်ပြီး ခုခံကာကြယ္စစ္ကိုသာ လုပ်ဆောင္မည်ဟုျေမာက္ပိုင်းမဟာမိတ် ၃ ဖြဲ့ထုတ်ျပန်
နော်နိုရင်း

ျပည္တငြ်းစစ္ပြဲမ်ားရပ္စဲပြီး နိုင်ငံရေးဆြေးနြေးပြဲတြေဖ်ာဆောင်နိုင္ဖို့ ထိုးစစ်တြေကျိုပုလုပ်တော့မွမဟုတ္ဘဲ ခုခံကာကြယ္တာကိုပဲ လုပ်ဆောင်သြားမယ္လို့ျေမာက္ပိုင်းမဟာမိတ် ညီနောင္တိုင်းရင်းသား လက္နက္ကိုင် ၃ ဖြဲ့က ထုတ်ျပန္လိုက္ပါတယ်။

ျမန္မာအမိုးသား ဒီမိုကရက္တစ္မဟာ မိတ္တပ္မေတာ် (ကိုးကန့်)၊ တအာင်းအမိုးသား လြတ်ျေမာက်ရေးတပ္မေတာ် (တီအန်အလ်အေ)နဲ့ ရက္ခိုင္တပ္မေတာ်(အေအ)အဖြဲ့ စက္တင္ဘာလ၁ ရက္က ထုတ်ျပန်ကြေညာခဲ့တျာဖစ္ပါတယ်။

ထုတ်ျပန္ခ်က္နဲ့ပတ်သက်ပြီး တီအန်အလ်အေျေပာခြင့်ရသူ ဗိုလ္မှူးမိုင်အိုက်ကေ်္ကာ “အဓိက ၃ ခ်က္ပါပဲ။ တခုကေတျာ့ပည္တငြ်းစစ္မ်ားအျမန်ရပ္စဲပြီးမွ တနိုင်ငံလုံးအတိုင်းအတာ နိုင်ငံရေးဖော်ဆောင်နိုင္ဖို့အတြက်ပေါ့နော်။ နိုင်ငံရေးတြေ့ဆုံဆြေးနြေးလိုတဲ့ ဆန္ဒအျပည့်အဝ က်န္တောို့ မဟာမိတ်အဖြဲ့မွာရွိတယ်။ ပြီးတေျာ့မန္မာစစ္တပ်ရဲ့ထိုးစစ္ကိုက်န္တောို့က ခုခံကာကြယ္စစ္ပျဲပုလုပ်တော့မယ်။ က်န္တောို့ကေနစပြီးမွ ထိုးစစ်ဆင္တိုက္ခိုက္မှုမျပုလုပ္ဘဲနျဲ့ပု လုပ္ဖို့အေကြာင်းပေါ့နော်။ နောက္တခ်က္ကေတာ့ ဩဂုတ် ၃၁ ရက်နေ့ ကိုင်းတုံဆြေးနြေးပြဲထဲက တြေ့ဆုံမှုအတိုင်းပေါ့ bilateral ကိစ္စရပ္ကို ညှိနှိုင်းဆြေးနြေးပြီးမွအတည်ျပုဖို့အတြက္ကို က်န္တောို့ကတိုက္တြန်းတာပေါ့နော်။ bilateral ကိစ္စညှိနှိုင်းမှုကေနတဆင့်ျမန္မျာပည္မျွာဖစ္ပြားနေတဲ့လက္နက္ကိုင္ပဋိပက္ခနျဲ့ပည္တငြ်းစစ္မီးကို အဆုံးသတ်သြားသည့်အထိ က်န္တောို့က အမွန္တကယ်ဖော်ဆောင်သြားမျွာဖစ္တယ်။ ”

ျပင်ဦးလြင်ရွိ တပ္မေတ္နာည်းပညာတက္ကသိုလ် (DSTA) အပါအဝင် နေရာ၅ ခုကို ဩဂုတ် ၁၅ ရက္မွာ ညီနောင္မဟာမိတ် တိုင်းရင်းသားလက္နက္ကိုင် ၃ ဖြဲ့က ဝင်ရောက္တိုက္ခိုက်ပြီးနောက် ရွမ်ျးပည်ျေမာက္ပိုင်းမွာ ရက်ဆက္တိုက္ပြဲတျြေဖစ္ပြားခဲ့ပါတယ်။

ဩဂုတ် ၃၁ ရက္မွာတော့ျေမာက္ပိုင်းမဟာမိတ္တပ်တြေနဲ့ အစိုးရငြိမ်းခ်မ်းရေးက္မောရွင္တို့ ကိုင်းတုံမြို့မွာ တြေ့ဆုံခဲ့ပြီး တိုက္ပြဲတြေ အျမန်ဆုံး ရပ္တန့်ရေးအတြက် တပ္မေတ္ကာိုယ္စားလွယ်တြေနဲ့ ဆက္လက် တြေ့ဆုံဆြေးနြေးဖို့ သေဘာတူခဲ့ကြပါတယ်။

နောက္ထပ်တြေ့ဖို့အတြက် စက္တင္ဘာလလယ္ကိုသတ္မွတ္ထားပြီး နေရာကိုတော့မညှိကြရေသးပါဘူး။

Tags:

Source : DVB