fbpx

ထိုင်းလိုဏ်ဂူတွင်းပိတ်မိခဲ့သည့် ကလေးငယ်များအကြောင်း-The Cave ရုပ်ရှင် (နမူနာ)


ထိုင်းနိုင်ငံမြောက်ပိုင်း လိုဏ်ဂူတခုထဲမှာ ပိတ်မိနေခဲ့ကြတဲ့ တောဝက်အကယ်ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးကို ကယ်တင်နိုင်ခဲ့တဲ့အကြောင်း ရုပ်ရှင်ကားကို အခုလာမယ့် နိုဝင်ဘာအကုန်မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။

ရုပ်ရှင်ကားနာမည်ကိုတော့ ထိုင်းဘာသာနဲ့ နန်းနွန်း၊ အင်္ဂလိပ်ဘာသာနဲ့ The Cave လို့ အမည်ပေးထားတဲ့ ဒီရုပ်ရှင်ကားကိုတော့ အိုင်ယာလန်နွယ်ဖွား ထိုင်းရုပ်ရှင်ဒါရိုက်တာ တွမ်ဝေါ်လာက ရိုက်ကူးပုံဖော်ပေးထားတာ ဖြစ်ပါတယ်။

တောဝက် အကယ်ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်းပြတို့ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်း လိုဏ်ဂူထဲမှာ ၂၀၁၈ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ကနေ ဇူလိုင် ၁၀ ရက်နေ့ထိ အချိန် ၂ ပတ်ကျော်ကြာ ပိတ်မိနေခဲ့ကြပြီးမှ ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပေးထားတဲ့ ရုပ်ရှင်နာမည် နန်းနွန်းဆိုတာကတော့ သူတို့ပိတ်မိနေခဲ့တဲ့ လိုဏ်ဂူရဲ့ အမည်ဖြစ်ပြီး ဒီအဖြစ်အပျက်ဟာ တကမ္ဘာလုံးက စိတ်ဝင်တစားစောင့်ကြည့်ခဲ့ရတဲ့ ဖြစ်စဉ်မို့ ရုပ်ရှင်အနေနဲ့လည်း နိုင်ငံတကာကို ထိုးဖောက်နိုင်မှာ ဖြစ်ပါ တယ်။

ဝေါ်လာကတော့ ဒီရုပ်ရှင်ကားထဲမှာ ဂူတွင်းပိတ်မိနေခဲ့တဲ့ တောဝက်လူငယ် ဘောလုံးအသင်းသားတွေကို ကယ်တင်ခဲ့တဲ့ ဖြစ်စဉ်ရဲ့ ကနဦး ပါဝင်ခဲ့သူတွေ၊ မဖော်ကျူးရသေးတဲ့ သူရဲကောင်းတွေအနေနဲ့ အဓိကထား ရိုက်ကူးသွားမယ်လို့ အစောပိုင်းကာလမှာ ပြောခဲ့တာပါ။

ဒီရုပ်ရှင်ကား Trailer ဟာ စက်တင်ဘာလ ၄ ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီဖြစ်ကာ လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့မှာတော့ ထိုင်းနိုင်ငံတဝှမ်းရုပ်ရှင်ရုံတွေမှာပါ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါရိုက်တာ ဝေါ်လာကတော့ ဆင်ဆာကိစ္စတွေ၊ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်တွေအပြင် ဒီအဖြစ်အပျက်ဇာတ်လမ်းမှာ ပါဝင်သူတွေကြား ရုပ်ရှင်ရိုက်ကူးရတာ တကယ့်အိပ် မက်ဆိုးတခုလိုပဲလို့ ပြောလိုက်ပါတယ်။

လတ်တလောမှာတော့ ဒီရုပ်ရှင်ကားကို လန်ဒန်ရုပ်ရှင်ပွဲတော်မှာ လာမယ့် အောက်တိုဘာလ ၂ ရက်နေ့မှာ ပွဲဦးထွက်ပြသဖို့ စီစဉ်ထားပြီး တခြားနိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာပါ ပြသသွားမယ်လို့ ဆိုပါတယ်။


ထိုင်းလိုဏ္ဂူတြင်းပိတ္မိခဲ့သည့် ကေလးငယ္မ်ားအေကြာင်း-The Cave ရုပ်ရွင် (နမူနာ)
DVB
ထိုင်းနိုင်ငံျေမာက္ပိုင်း လိုဏ္ဂူတခုထဲမွာ ပိတ္မိနေခဲ့ကြတဲ့ တောဝက်အကယ္ဒမီ လူငယ်ဘောလုံးအသင်းဝင် ၁၃ ဦးကို ကယ္တင်နိုင္ခဲ့တဲ့အေကြာင်း ရုပ်ရွင္ကားကို အခုလာမယ့် နိုဝင္ဘာအကုန္မွာ ရုံတင်ျပသေတာ့မျွာဖစ္ပါတယ်။

ရုပ်ရွင္ကားနာမည္ကိုတော့ ထိုင်းဘာသာနဲ့ နန်းနနြ်း၊ အဂင်္လိပ္ဘာသာနဲ့ The Cave လို့ အမည်ပေးထားတဲ့ ဒီရုပ်ရွင္ကားကိုတော့ အိုင်ယာလန်နယ္ဖြား ထိုင်းရုပ်ရွင္ဒါရိုက္တာ တြမ်ဝေါ်လာက ရိုက္ကူးပုံဖော်ပေးထားတျာဖစ္ပါတယ်။

တောဝက် အကယ္ဒမီ လူငယ်ဘောလုံးသမား ၁၂ ဦးနဲ့ နည်ျးပတို့ဟာ ထိုင်းနိုင်ငံျေမာက္ပိုင်း၊ ခ်င်းရိုင္ခရိုင်၊ မယ်ဆိုင်မြို့ ခြန္နမ့္နန်းနနြ်း လိုဏ္ဂူထဲမွာ ၂၀၁၈ ခုနွစ်၊ ဇြန္လ ၂၃ ရက်နေ့ကေန ဇူလိုင် ၁၀ ရက်နေ့ထိ အခိန် ၂ ပတ်ကော််ကြာ ပိတ္မိနေခဲ့ကြပြီးမွ ကယ္တင်နိုင္ခဲ့တျာဖစ္ပါတယ်။

အခုပေးထားတဲ့ ရုပ်ရွင္နာမည် နန်းနနြ်းဆိုတာကေတာ့ သူတို့ပိတ္မိနေခဲ့တဲ့ လိုဏ္ဂူရဲ့ အမည်ျဖစ်ပြီး ဒီအျဖစ်အပ်က်ဟာ တကမ္ဘာလုံးက စိတ်ဝင္တစားစောင့်ကြည့္ခဲ့ရတျဲ့ဖစ္စဉ္မို့ ရုပ်ရွင်အေနနဲ့လည်း နိုင်ငံတကာကို ထိုးဖောက်နိုင္မျွာဖစ္ပါ တယ်။

ဝေါ်လာကေတာ့ ဒီရုပ်ရွင္ကားထဲမွာ ဂူတြင်းပိတ္မိနေခဲ့တဲ့ တောဝက္လူငယ် ဘောလုံးအသင်းသားတြေကို ကယ္တင္ခဲ့တျဲ့ဖစ္စဉ်ရဲ့ ကနဦး ပါဝင္ခဲ့သူတြေ၊ မေဖ္ကာ်ူးရေသးတဲ့ သူရဲကောင်းတြေအေနနဲ့ အဓိကထား ရိုက္ကူးသြားမယ္လို့ အေစာပိုင်းကာလမွာျေပာခဲ့တာပါ။

ဒီရုပ်ရွင္ကား Trailer ဟာ စက္တင္ဘာလ ၄ ရက်နေ့မွာ ထြက်ရွိလာခဲ့ပျြီဖစ္ကာ လာမယ့် နိုဝင္ဘာလ ၂၈ ရက်နေ့မွာတော့ ထိုင်းနိုင်ငံတဝွမ်းရုပ်ရွင်ရုံတြေမွာပါ ရုံတင်ျပသေတာ့မျွာဖစ္တယ္လို့ ဆိုပါတယ်။

ဒါရိုက္တာ ဝေါ်လာကေတာ့ ဆင်ဆာကိစ္စေတြ၊ မူပိုင္ခြင့်ဆိုင်ရာကိစ္စရပ်တြေအျပင် ဒီအျဖစ်အပ်က္ဇာတ္လမ်းမွာ ပါဝင်သူတြေကြား ရုပ်ရွင်ရိုက္ကူးရတာ တကယ့်အိပ် မက်ဆိုးတခုလိုပဲလို့ျေပာလိုက္ပါတယ်။

လတ္တေလာမွာတော့ ဒီရုပ်ရွင္ကားကို လန္ဒန်ရုပ်ရွင္ပြဲတ္မေွာာ လာမယ့် အောက္တိုဘာလ ၂ ရက်နေ့မွာ ပြဲဦးထြက်ျပသဖို့ စီစဉ္ထားပြီး တျခားနိုင်ငံတကာ ရုပ်ရွင္ပြဲတော်တြေမွာပျါပသသြားမယ္လို့ ဆိုပါတယ်။

Tags:

Source : DVB