fbpx

ဒေါပုံမြို့နယ်တွင် ကျပ်သိန်း ၇၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့်အတူ လူ ၁၂ ဦးကို ဖမ်းဆီး

 ဒေါပုံမြို့နယ်တွင် အိုက်စ်နှင့် စိတ်ကြွဆေးပြားများသုံးစွဲသူ ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၅ ရက်၌ ထုတ်ပြန်သည်။


စက်တင်ဘာ ၃ ရက် ညကဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံ ရပ်ကွက်နေ အသက်(၂၃)နှစ်အရွယ် ချမ်းသာစိုးစံ၏နေအိမ်သို့ ရဲတပ်ဖွဲ့ က ၀င်ရောက်ရှာဖွေစဉ် မူးယစ်ဆေးဝါးများနှင့်အတူ မင်္ဂလာ တောင်ညွန့်မြို့နယ်နေ (၁၉)နှစ်အရွယ် သန်းထိုက်အောင်အပါ အ၀င် ၁၂ ဦးကို တွေ့ရှိခဲ့သည်။

ချမ်းသာစိုးစံ၏ လွယ်အိတ် အတွင်းမှ အိုက်စ် ၈၈၀ ဂရမ်(တန်ဖိုးကျပ်သိန်း ၇၀၀ ကျော်)၊ WY စိတ်ကြွဆေးပြား ၆၂၅ ပြား (တန်ဖိုးကျပ် ၁၅ သိန်းကျော်)၊ ကျပ်နှစ်သိန်းကျော်နှင့် မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ပစ္စည်းများ သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။

ဖမ်းဆီးရမိသူ ၁၂ ဦးတွင် အမျိုးသား ရှစ်ဦးနှင့် အမျိုးသမီး လေးဦးပါဝင်ပြီး ကွင်းဆက်တရား ခံများ ဖမ်းဆီးရမိရေး စုံစမ်းစစ် ဆေးနေကြောင်း ရဲတပ်ဖွဲ့က ဆို သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူများကို ဒေါပုံ မြို့မရဲစခန်းက မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေတတ် သော ဆေးဝါးများ ဆိုင်ရာဥပဒေ ဖြင့် အမှုဖွင့်ထားသည်။

Source : 7 Day Daily