fbpx

မန်စီးတီးနောက်ခံလူ လာပေါ်တီ လေးလကြာ နားရဖွယ်ရှိ

 ပြီးခဲ့သည့်သီတင်းပတ် ကုန်က ဘုန်းမောက်နှင့်ပွဲတွင် ဒူး ဒဏ်ရာရရှိခဲ့သည့် နောက်ခံလူ လာပေါ်တီသည် လေးလအထိ အနားယူရမည်ဖြစ်သော်လည်း မန်စီးတီးနည်းပြ ဂွာဒီယိုလာက နောက်ခံလူအသစ်တစ်ဦး ခေါ်ယူ ရန် စီစဉ်ထားခြင်းမရှိပေ။


လာပေါ်တီသည် ယင်းဒူး ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံ ယူခဲ့ရပြီး ၎င်းဘောလုံးပြန်ကစား နိုင်မည့်အချိန်ကို မန်စီးတီးကဖော် ပြခြင်းမရှိသော်လည်း အနည်းဆုံး  ၂၃ ပွဲအထိ ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း သိရသည်။

ကြာသပတေးနေ့က အား ကစားသတင်းထောက်အချို့၏ သုံးသပ်မှုအရ လာပေါ်တီသည် အစောဆုံး ဇန်နဝါရီအတွင်း ပြန် ကစားနိုင်မည်ဖြစ်ကြောင်း သိရ သည်။၎င်းသည်မန်စီးတီး၏ ချန်ပီ ယံလိဂ် အုပ်စုအဆင့်ပွဲ အားလုံး နှင့်ဒီဇင်ဘာ ၇ ရက် ယခုရာသီ၏ ပထမဆုံး မန်ချက်စတာဒါဘီပွဲ အပြင် လီဗာပူး၊ ချယ်လ်ဆီး၊ အာ ဆင်နယ်တို့နှင့်ပွဲများကို လွဲချော် မည်ဖြစ်သည်။

လာပေါ်တီ၏နေရာတွင် အ စားထိုးရန် အခက်အခဲရှိနေစဉ် ဂွာဒီယိုလာအနေဖြင့် ဂျွန်စတုန်း နှင့် ဖာနန်ဒင်ဟိုတို့အနက် တစ်ဦး ကို ဗဟိုနောက်ခံလူနေရာထည့် သုံးမည်ဖြစ်သည်။

ဂွာဒီယိုလာက နောက်တန်း ခံစစ်နေရာများအတွက် အော်တာ မန်ဒီနှင့် ဂျွန်စတုန်းတို့ကို ထည့်သုံး ကာ ယခုရာသီတွင် ဖာနန်ဒင်ဟို ကို နောက်တန်းဗဟိုနေရာ၌ ထား ကစားရန်လည်း စီစဉ်ထားသည်။

စတုန်း (၂၅) နှစ်သည်ပေါင် ဒဏ်ရာကြောင့် နောက်ဆုံး သုံးပွဲ စလုံးနှင့် လွဲခဲ့သော်လည်း နောဝစ်ခ်ျနှင့်ပွဲမတိုင်မီ ကြံ့ခိုင်မှုပြည့် မည်ဟု ဂွာဒီယိုလာကမျှော်လင့် ထားသည်။  —Ref:Greatgoals

Source : 7 Day Daily