fbpx

ယူရိုခြေစစ်ပွဲတွင် ဂျာမနီနှင့် နယ်သာလန် ထပ်မံထိပ်တိုက်တွေ့

အကြီးမားဆုံး ဥရောပ ဘောလုံးပြိုင်ဘက်နှစ်ဦးဖြစ်သော  ဂျာမနီနှင့်  နယ်သာလန်သည် ယနေ့ ည  ဥရောပခြေစစ်ပွဲ၌ ၁၁လအတွင်း  လေးကြိမ်မြောက် ထိပ်တိုက်တွေ့ဆုံမည်ဖြစ်သည်။

ဂျာမနီသည် မကြာမီက ခြေ စွမ်းအလှည့်အပြောင်းဖြစ်လာ ခြင်းကို အခွင့်ကောင်းယူမည်ဖြစ် ကာ နယ်သာလန်က ဇွန်လက နေးရှင်းလိဂ်ဗိုလ်လုပွဲတွင် ပေါ်တူ ဂီကိုရှုံးနိမ့်ပြီးနောက် ပထမဆုံး ပြန်လည်ကစားမည် ဖြစ်သည်။

နောက်ဆုံးသုံးကြိမ်တွေ့ဆုံ မှုတွင် ၁၂ ဂိုးသွင်းယူထားသော ယင်းအသင်းကြီးနှစ်သင်းကြား ယှဉ်ပြိုင်မှုသည် အမြဲတမ်းစိတ် ဝင်စားစရာကောင်းခဲ့သည်။

‘‘နယ်သာလန်ကစားသမား တွေက နေရာအမျိုးမျိုးမှာ ကစား နိုင်တယ်။ လျင်မြန်ပြီး ဂိုးရှေ့မှာ တည်တည်ငြိမ်ငြိမ်ရှိတယ်။ ကျွန် တော်တို့ သတိထားပြီး နိုးနိုးကြား ကြား ရှိရမယ်’’ ဟု ဂျာမနီဂိုးသမား နျူအာက ပြောကြားသည်။

ယခုရာသီတွင် လိုက်ပ်ဇစ် ၏ လိဂ်ပွဲသုံးပွဲ၌ ငါးဂိုးသွင်းယူ ထားသော ဂျာမနီတိုက်စစ်မှူး တီ မိုဝါနာကလည်း လက်ရွေးစင်အ သင်းတွင် ခြေစွမ်းပြနိုင်ရန်မျှော် လင့်နေမည်ဖြစ်သည်။

ဂျာမနီနှင့် နယ်သာလန်ပါ ဝင်သော အုပ်စု (C) တွင် မြောက် အိုင်ယာလန်က ထိပ်ဆုံး၌ ဦး ဆောင်နေသော်လည်း ဂျာမနီနှင့် နယ်သာလန်ကို နှစ်ကျော့စီကစား ရမည်ဖြစ်သည်။

အုပ်စု (H) တွင် ထိပ်ဆုံးနေ ရာရှိ ပြင်သစ်အသင်းသည် ဒဏ်ရာကြောင့် ပေါ့ဂ်ဘာမပါဝင်နိုင်သဖြင့် အာဆင်နယ်ကွင်းလယ်လူ မက်တီယိုဂွတ်ဒူဇီကစားခွင့်ရမည်ဖြစ်သည်။ ပြင်သစ်သည် စနေနေ့တွင် အယ်လ်ဘေးနီးယား၊ အင်္ဂါနေ့တွင် အန်ဒိုရာကိုအနိုင်ယူပြီးလောလောဆယ် အမှတ်တူနေသော တူရကီနှင့် အိုက်စလန်ကို အမှတ်ဖြတ်ရန်  ကြိုးစားမည်ဖြစ်သည်။

ပေါ်တူဂီ၌ ရော်နယ်ဒိုနှင့် ဂျာအိုဖီးလစ်တို့ ပြန်လည်ပါဝင် လာခြင်းနှင့်အတူ စနေနေ့တွင် ဆားဘီးယားနှင့်ပွဲ၊ အင်္ဂါနေ့တွင် လစ်သူယေးနီးယားနှင့်ပွဲများ၌ အ မှတ်ပြည့်ရရန် ကြိုးစားဖွယ်ရှိ သည်။                    —Ref:AP

Source : 7 Day Daily