fbpx

ရှစ်လေးလုံးပြတိုက်ဖွင့်လှစ်နိုင်ရေး ဒီမိုကရေစီအင်အားစုများထံမှ အကြံဉာဏ်ယူမည်

ရှစ်လေးလုံး အထိမ်း အမှတ်ပြတိုက် ဖွင့်လှစ်နိုင်ရေး ဒီမိုကရေစီ အင်အားစုများနှင့် တွေ့ဆုံ၍ အကြံဉာဏ်ရယူမည် ဖြစ်ကြောင်း ရှစ်လေးလုံးပြတိုက်  ဖြစ်မြောက်ရေးကော်မတီ ပြော ရေးဆိုခွင့်ရှိသူ ဦးရဲနိုင်အောင်က စက်တင်ဘာ ၅ ရက်တွင် ပြော သည်။


အဆိုပါ ပြတိုက်ထားရှိရေး နှင့်ပတ်သက်၍ ဖြစ်မြောက်ရေး ကော်မတီတာဝန်ရှိသူများနှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်ဦးမင်းကိုနိုင်၊ ဦးမြအေးအ ပါအ၀င် ရှစ်လေးလုံးမျိုးဆက် ကျောင်းသားအချို့သည် စက် တင်ဘာ ၄ ရက်က ရန်ကုန်မြို့ တွင် တွေ့ဆုံဆွေးနွေး၍ ယင်း သို့ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း၎င်း က ပြောသည်။

‘‘ဘယ်နေရာမှာ ဆက်ထား ရမလဲဆိုတာအရေးကြီးတဲ့ အချိုး အကွေ့ဖြစ်သွားတယ်။ နေရာက လည်း ကော်မတီနဂိုစဉ်းစားထား တဲ့နေရာကလည်း အဆင်မပြေ ဘူးဆိုတော့ ကော်မတီတစ်ခု တည်းက ဆုံးဖြတ်တာထက် ဒီမို ကရေစီလှုပ်ရှားမှုမှာပါခဲ့တဲ့ အင် အားစုအားလုံး ပြန်ဖိတ်ပြီးတော့  တိုင်ပင်တာက ပိုကောင်းမယ်ပေါ့ နော်။ အဲဒီလိုယူဆတဲ့အတွက် အားလုံးကိုလည်း ကျယ်ကျယ်ပြန့် ပြန့် အသိပေးနိုင်အောင် တစ်လ နီးပါး လောက် အချိန်ယူပြီးတော့  အောက်တိုဘာလဆန်းမှာ  ဒီအင် အားစုအားလုံးဖိတ်ပြီးမှ၊ သူတို့ရဲ့ သဘောထားအကြံဉာဏ် ရယူ ပြီးမှ ဘာဆက်လုပ်မယ်ဆိုတာ  ဆုံးဖြတ်ပါမယ်’’ ဟု ဦးရဲနိုင် အောင်ကယမန်နေ့တွင် ပြော သည်။

ပြတိုက်ဖြစ်မြောက်ရေးနှင့် ပတ်သက်၍  အောက်တိုဘာလ ဆန်းတွေ့ဆုံမှု၌ ရှစ်လေးလုံး ကာလအပါအ၀င် နိုင်ငံရေးလှုပ် ရှားမှုအသီးသီးတွင် ပါဝင်ခဲ့သည့် ပုဂ္ဂိုလ်များထဲမှ စိတ်ဝင်စားသူများ  တက်ရောက်အကြံပြုနိုင်မည်ဖြစ် ကြောင်း ၎င်းကရှင်းပြသည်။

ရှစ်လေးလုံးသမိုင်း ပြတိုက် (ယာယီ) ကို ယခင်က ရန်ကုန်မြို့  သင်္ဃန်းကျွန်းမြို့နယ် သုမင်္ဂလာ လမ်းတွင်ဖွင့်လှစ်ခဲ့သော်လည်း   မြေနေရာငှား ရမ်းခတိုးလာခြင်း၊ ပြတိုက်သို့ လာရောက်လေ့လာသူ  ကျဆင်းလာခြင်းနှင့် ပြတိုက် ရေရှည်တည်တံ့ရေး လှူဒါန်းငွေ ရရှိမှု နည်းပါးလာခြင်းကြောင့်  ပိတ်ထားခဲ့ရသည်မှာ ငါးလကျော် ပြီဖြစ်သည်။ 

ရှစ်လေးလုံး အထိမ်းအမှတ် ပြတိုက်ကို ၀န်ကြီးများရုံးတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် ရန်ကုန် တိုင်းအစိုးရ၊ အတွင်းဝန်ရုံး ပြန်လည်ထိန်းသိမ်းရေးတင်ဒါရ ကုမ္ပဏီနှင့် ပြတိုက်ဖြစ်မြောက် ရေးကော်မတီတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးသော်လည်း ညှိ နှိုင်းမှု အဆင်မပြေကြောင်း ကော် မတီတာဝန်ရှိသူများက ပြော သည်။

Source : 7 Day Daily