fbpx

GQ ရဲ့တစ်နှစ်တာ အမျိုးသားများဆုပေးပွဲမှာ အထူးဆုရတဲ့ ဒေးဗစ်ဘက်ခမ်း

 နယူးယောက်မြို့  အခြေစိုက်နိုင်ငံတကာအမျိုးသား မဂ္ဂဇင်း GQ ၏ တစ်နှစ်တာ အမျိုးသားများဆုပေးပွဲတွင်အယ် ဒီတာအထူးဆုကို အင်္ဂလန်ဘော လုံးကြယ်ပွင့်ဟောင်း   ဒေးဗစ် ဘက်ခမ်းကရရှိသည်။

၎င်းသည် ဖက်ရှင်ကဏ္ဍ၊ ဘောလုံးနှင့် ပရဟိတနယ်ပယ် တို့တွင် ဆောင်ရွက်နေသောစီမံ ကိန်းများအတွက် ယင်းဆုရရှိခဲ့ ခြင်းဖြစ်သည်။

တစ်နှစ်တာအမျိုးသား သ ရုပ်ဆောင်ဆုကို ဝေးလ်စ်မင်းသား  တာရွန်အီဂါတန်က ရရှိသည်။

ယင်းဆုပေးပွဲအခမ်းအနား သို့ဒေးဗစ်ဘက်ခမ်းက ဇနီးဗစ် တိုးရီးယား၊ သားဘရွတ်ကလင်း တို့နှင့်အတူ တက်ရောက်ပြီး ကိုင်လီမီနီဂူး၊ နီကိုးလ်ကစ်ဒ်မန်း နှင့် နာအိုမီကမ်းဘဲလ်တို့အ ပါအ၀င်အခြားကြယ်ပွင့်များစွာ လည်းတက်ရောက်ခဲ့သည်။

Metro

Source : 7 Day Daily