fbpx

လူးကပ်ဆေးလ်ဗားနှင့် ရီးရဲလ် နှစ်ဖက်သဘောတူ စာချုပ်ဖျက်သိမ်း

ဘရာဇီးကွင်းလယ်လူ လူးကပ်ဆေးလ်ဗားကို လူလျှော့ ရန် ရီးရဲလ်က နည်းလမ်းရှာမရ ဖြစ်ပြီးနောက် ၎င်း၏စာချုပ်ကို နှစ်ဖက်သဘောတူညီချက်ဖြင့် ဖျက်သိမ်းခဲ့သည်။


ဥရောပအဓိကလိဂ် အား လုံးတွင် ကစားသမားပြောင်းရွှေ့ ခွင့်ပိတ်သွားပြီဖြစ်ကာရီးရဲလ်က လူးကပ်ဆေးလ်ဗား (၂၆) နှစ် ပြောင်းရွှေ့ရန် နည်းလမ်းမရှာနိုင် ဖြစ်ခဲ့သည်။

ကစားသမားနှင့် ကလပ်က စာချုပ်ကို နှစ်ဖက်သဘောတူဖျက် သိမ်းရန် သဘောတူကြသဖြင့် ယ ခုအခါ ၎င်းကိုပြောင်းရွှေ့ကြေးအ လွတ်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်ပြီး ဥရောပတွင် ဆက်နေမည်ဆိုပါက ၎င်းသည်ကာလရှည် ဒဏ်ရာ ကြောင့်နားရမည့်ကစားသမားဖြစ် တစ်ဦးအနေဖြင့် လူစားလဲရန်လာ မည်ဖြစ်သည်။ မက္ကဆီကို၊ အာ ဂျင်တီးနားနှင့် ကာတာတို့ကိုရွေး ချယ်ရန် ကျန်ရှိနေဆဲဖြစ်သည်။

ဆေးလ်ဗား (၂၆) နှစ်သည် အသင်း၌ ပြဿနာတစ်ခု ဖြစ်နေ သည်မှာ အတန်ငယ်ကြာပြီဖြစ် ကာ စပိန်တွင် အလုပ်လုပ်ခွင့်မရှိ သော်လည်း ၂၀၂၀ အထိ စာချုပ် ချုပ်ဆိုထားသည်။

အာဂျင်တီးနားတွင် ပြည်ပ ကစားသမား ခေါ်ယူခွင့်သည် စက်တင်ဘာ ၅ ရက်၌ ပိတ်မည် ဖြစ်ကာ မက္ကဆီကိုတွင် ကြာသ ပတေးနေ့၌ ပိတ်မည်ဖြစ်၍ ၎င်း သည် ယင်းနှစ်နိုင်ငံအပြင် ကာ တာသို့ ပြောင်းရွှေ့နိုင်သေးသည်။ ထိုသို့မဟုတ်ပါက အရေးပေါ်လူ လိုသည့်အသင်းကို စောင့်ဆိုင်းရ မည်ဖြစ်သည်။

ဂျီနိုအာက စိတ်ဝင်စားခြင်း နှင့်အတူ ဆေးလ်ဗားက စီးရီးအေ သို့ ပြောင်းရွှေ့လိုသော်လည်း အ ဆင်မပြေဖြစ်ခဲ့သည်။—Ref: AS

Source : 7 Day Daily