fbpx

ဇာတ်ပို့ဇာတ်ရံအလွှာအတွက် ရန်ပုံငွေဗီဒီယိုတွေမှာ နာမည်ကြီး အနုပညာရှင်တွေ ပါဝင်စေချင်တဲ့ မင်းရာဇာ

ဇာတ်ပို့ဇာတ်ရံအလွှာ အတွက် ရန်ပုံငွေရှာဖွေသည့်အ နေဖြင့် ဗီဒီယိုများရိုက်ကူးလျက် ရှိရာ နာမည်ကြီး အနုပညာရှင်များ လည်း ပါဝင်ကူညီစေလိုကြောင်း မင်းရာဇာကပြောသည်။

‘‘လက်ရှိမှာ အောင်မြင်နေ တဲ့ မင်းသား၊ မင်းသမီးတွေ ပါဝင်ကူညီပေးမယ်ဆိုရင်တော့ ပို ကောင်းတာပေါ့။ ကိုယ်တို့က ခွေတစ်သောင်းရောင်းရရင် သူတို့ပါ လာရင် ခွေနှစ်သောင်းလည်း ဖြစ်မယ်၊ လေးသောင်းလည်း ဖြစ်သွား ရင်ဖြစ်သွားနိုင်တယ်’’ ဟု မင်းရာ ဇာက ပြောသည်။

လတ်တလောတွင် မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဦးစီး၍ အလုပ်အကိုင်မရှိသည့် လောကသားများ အဆင်ပြေစေရန် ဗီဒီယိုဇာတ်ကားများ ပြန်လည်ရိုက် ကူးနေသည်။

‘‘ဦးဝင်းမြိုင်က ဖုန်းဆက်လာတာ။ ဇာတ်ပို့ဇာတ်ရံလေး ထောင်ကျော်လောက်မှာ တော်တော်များများ ကားရိုက်မရှိကြ ဘူး။ အဲဒီအတွက် ရန်ပုံငွေလေး ရှာမယ်။ မင်းရာဇာကူညီပေးနိုင် မလားဆိုလို့ အစ်ကိုပဲ ပထမဆုံး ကူညီပေးလိုက်တယ်။ အပြင်က ပရိုဂျူဆာက ငွေထုတ်ပေးတယ်။ အစ်ကိုရော၊ ဒါရိုက်တာရော၊ မင်းသမီးရောက အနုပညာကြေးမယူ ဘဲ ရိုက်ပေးတာ’’ ဟု မင်းရာဇာက ပြောသည်။

သို့သော် ဇာတ်ပို့ဇာတ်ရံအ လွှာတစ်ခုလုံး အလုပ်အကိုင်ရရှိ ရန်နှင့် ရန်ပုံငွေရရှိရန် ကားအရေအတွက်များစွာရိုက်ကူးရမည် ဖြစ်သလို နာမည်ကြီး အနုပညာရှင်များ ပါဝင်ပါက ပိုမို၍ ရန်ပုံငွေ ရရှိနိုင်ကြောင်း ၎င်းက ဆိုသည်။

‘‘ကိုယ်တိုက်တွန်းချင်တာ ကတော့ ကိုယ့်အချင်းချင်းတွေ ရိုင်းပင်းကူညီပေးစေချင်တယ်။ အားလုံးက ဗီဒီယိုကပဲ တက်လာတာ။ ရုပ်ရှင်မှာ တန်းပြီး နာမည် ကြီးတာမဟုတ်ဘူး။ ဗီဒီယိုမှာ သူတို့ရဲ့ ပရိသတ်အမာခံတွေရှိတော့ ကိုယ်အစပျိုးခဲ့တဲ့နေရာက ပရိသတ်တွေက ကိုယ့်ကားတွေ ပြန် ကြည့်ရတာပေါ့၊ ဈေးကွက်လည်း ပြန်ကောင်းနိုင်တယ်’’ ဟု မင်း ရာဇာက ပြောသည်။

လတ်တလောတွင် အောက်တိုဘာ ၁ ရက်၌ ကျရောက်မည့် ရဲတပ်ဖွဲ့နေ့အတွက် ဇာတ်ကားရိုက်ကူးထားပြီး အက်ရှင်များ သေချာစွာ ပြုလုပ်ထားကြောင်း ၎င်း က ဆိုသည်။

Source : 7 Day Daily