fbpx

အမျိုးသမီးချင်း ချစ်ကြိုက်နေတဲ့ မိုင်လေဆိုင်းရပ်စ်နဲ့ ကိတ်တလင်းကာတာ

အမျိုးသားများနှင့်  များမကြာမီက ကိုယ်စီလမ်းခွဲခဲ့ သော အဆိုတော်မိုင်လေဆိုင်း ရပ်စ်နှင့် Lifestyle  ဘလော့ဂါ ကိတ်တလင်းကာတာတို့အမျိုး သမီးချင်း  ချစ်ကြိုက်နေကြောင်း  သတင်းရင်းမြစ်များက ပြော သည်။

၎င်းတို့နှစ်ဦးစလုံးသည် သြ ဂုတ်က၎င်းတို့၏ အမျိုးသားများ  နှင့် ကိုယ်စီလမ်းခွဲခဲ့သည်။ မိုင် လေက သြစတြေးလျမင်းသား လီယံဟမ်းစ်ဝါ့သ်နှင့် လမ်းခွဲပြီး ကိတ်တလင်းမှာ ဘရော့ဒီဂျန်နာ နှင့် လမ်းခွဲကာ နှစ်ဦးသားစိတ်တူ ကိုယ်တူလက်တွဲနေကြောင်း သ တင်းရင်းမြစ်များကပြောသည်။

မိုင်လေ (၂၆) နှစ်နှင့် ကိတ်  တလင်း (၃၆) နှစ်တို့ကို သြဂုတ် ၁၀ ရက်ကအီတလီနိုင်ငံတွင် လှေတစ်စီးပေါ်၌ ပထမဆုံးတွေ့ ပြီးနောက် ၎င်းတို့နှစ်ဦးချစ်ကြိုက် နေသည်ဆိုသော သတင်းများစ ထွက်လာခဲ့သည်။ ယင်းခရီးစဉ်အ တွင်း ၎င်းတို့နှစ်ဦးနမ်းနေသော ဓာတ်ပုံများလည်း ထွက်ပေါ်လာခဲ့ သည်။

Source : 7 Day Daily