fbpx

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖွင့်ပွဲတွင် မြန်မာအသင်း မွန်ဂိုလီးယားကို ရှုံးနိမ့်

မွန်ဂိုလီးယားနှင့် မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်နေစဉ် (MONGOLIAN FOOTBALL FEDERATION)

ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန် ဒုတိယအဆင့်ပွဲစဉ် အုပ်စု (စ) အဖွင့်ပွဲတွင် မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်း သည် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ ၁-၀ ဂိုးဖြင့်ရှုံး နိမ့်ခဲ့သည်။

စက်တင်ဘာ ၅ ရက်က မွန် ဂိုလီးယားနိုင်ငံ အူလန်ဘာတာမြို့ ၌ ယှဉ်ပြိုင်သည့် ယင်းပွဲတွင် မြန်မာအသင်းသည် ဘောလုံးပိုင် ဆိုင်မှု အသာစီးရသော်လည်း အ ဆုံးသတ် အားနည်းခြင်းကြောင့် အိမ်ရှင် မွန်ဂိုလီးယားအသင်းကို ရှုံးနိမ့်ခြင်းဖြစ်သည်။

မွန်ဂိုလီးယားအသင်းက ခံ စစ်ကိုဦးစားပေးကာ တန်ပြန် တိုက်စစ်ဖြင့် ယှဉ်ပြိုင်ခဲ့သော် လည်း မြန်မာနောက်တန်းကို ခြိမ်းခြောက်နိုင်ခဲ့သည်။ မွန်ဂိုလီး ယားအသင်းအတွက် တစ်လုံး တည်းသောအနိုင်ဂိုးကို ၁၇ မိနစ် တွင် တန်ပြန်တိုက်စစ်မှ တစ်ဆင့် သွင်းယူခဲ့သည်။

ပွဲချိန် ၆၅ မိနစ်တွင် မြန်မာ ကွင်းလယ်လူ မောင်မောင်လွင် ကစားပုံ ကြမ်းတမ်းသဖြင့် ဒိုင် လူကြီးက နှစ်ဝါ၊ တစ်နီဖြင့် ထုတ် ပယ်ခဲ့သည်။ လက်ကျန်မိနစ် များတွင် မြန်မာအသင်းသည် ၁၀ ဦးတည်းဖြင့်သာ ယှဉ်ပြိုင်ခဲ့ရသော်လည်း ဂိုးသွင်းခွင့်အချို့ထပ်မံရရှိခဲ့သည်။ သို့သော်အခွင့်အရေးများကို အသုံးမချနိုင်သဖြင့် ရမှတ်ဆုံးရှုံးကာ နစ်နာခဲ့ရသည်။

မြန်မာ့လက်ရွေးစင်အသင်း သည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် အုပ်စု (စ) ၌ ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့နှင့်အတူ ကျ ရောက်နေပြီး အိမ်ကွင်း၊ အဝေး ကွင်းနှစ်ကျော့စနစ်ဖြင့် အုပ်စု ပတ်လည် ယှဉ်ပြိုင်မည်ဖြစ်သည်။

မြန်မာအသင်းသည် အုပ်စု ဒုတိယပွဲအဖြစ် စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း ၌ ဂျပန်အသင်းနှင့် ယှဉ်ပြိုင်မည် ဖြစ်သည်။

Source : 7 Day Daily