fbpx

ဗဟိုဘဏ်ထိန်းကျောင်းနေပြီဖြစ်၍ ဘဏ်ကောလာဟလများအပေါ် မစိုးရိမ်ရန် တာဝန်ရှိသူများပြောကြား

ဗဟိုဘဏ်နှင့် တွေ့ဆုံဆွေးနွေးရာ ဘဏ်ကော လာဟလများအပေါ် စိတ်မပူရန်  ဗဟိုဘဏ်ကထိန်းကျောင်းနေပြီ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်   ဘဏ်များနှင့် ငွေကြေးဆိုင်ရာဖွံ့ ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ  ဒေါ်ခင်စန်းလှိုင်ကပြောသည်။

စက်တင်ဘာ ၃ ရက်က  ယင်းကော်မတီနှင့် ဗဟိုဘဏ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌတို့အပါအ၀င်   တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေး နွေးခြင်းကို စက်တင်ဘာ ၄ ရက်က ပြည်ထောင်စုလွှတ်တော် တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

‘‘ဗဟိုဘဏ်အနေနဲ့အများ ကြီးထိန်းကျောင်းနေပြီး ပြည်သူ လူထုတွေ စိတ်ချမ်းချမ်းသာသာနဲ့ နေပါ’’ ဟု  ဗဟိုဘဏ် တာဝန်ရှိ သူများက ဘဏ်ကောလာဟလ  များနှင့် ပတ်သက်၍ မစိုးရိမ်ရန် နှင့် ဗဟိုဘဏ်ကထိန်းကျောင်းနေ ပြီဟု ပြောကြောင်း ဒေါ်ခင်စန်း လှိုင်ကပြောသည်။

ထို့အပြင် ရွှေဈေးတက်နေ ခြင်းသည် ကမ္ဘာ့ရွှေဈေးတက်နေပြီး လိုက်ပါတက်နေရ၍ ထိန်း ကျောင်းတည့်မတ်ရန် အထွေအ ထူးမလုပ်နိုင်ကြောင်း ဗဟိုဘဏ် ကပြောဆိုခဲ့သည်ဟု ၎င်းကရှင်းပြ သည်။

လက်ရှိရေးဆွဲနေသည့်နိုင်ငံ  ခြားချေးငွေ စီမံခန့်ခွဲရေးဥပဒေ တွင် ရွှေနှင့်ပတ်သက်၍ မပါရှိ  သောကြောင့် ရွှေနှင့်ပတ်သက်ပြီး  အရေးယူနိုင်သည့် ဥပဒေများ ထည့်ရန် ဆွေးနွေးခဲ့ကြောင်း ဒေါ်  ခင်စန်းလှိုင်ကပြောသည်။

‘‘ဒီဥပဒေထဲမှာ (နိုင်ငံခြား  ချေးငွေစီမံခန့်ခွဲရေးဥပဒေ) ကျွန်  မတို့ တိတိကျကျမပါတဲ့အခါ ဘယ်လို ဖောက်ဖျက်ရင်ဘယ်လို  အရေးယူမလဲ။ဘယ်လိုလုပ်ငန်း တွေမဆောင်ရွက်ရဘူး၊ ဘယ်လို  လုပ်ငန်းတွေဆောင်ရွက်ရမယ် တိကျတဲ့ဥပဒေပုဒ်မ၊ တားမြစ် ချက်၊ ကန့်သတ်ချက်ပါနိုင်ဖို့ရာ  အတွက် ဥပဒေမှာ ထည့်သွင်းရေး ဆွဲဖို့ပြောခဲ့ပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ထိုသို့ထည့်သွင်းရန်တာဝန် ရှိသူများနှင့် တိုင်ပင်လုပ်ဆောင်  မည်ဖြစ်ပြီး ယင်းဥပဒေကို ယခု နှစ်မကုန်မီ လွှတ်တော်သို့တင်  သွင်းမည်ဟု ဒေါ်ခင်စန်းလှိုင်က ဆိုသည်။

 

Source : 7 Day Daily