fbpx

ရုပ်သံဇာတ်လမ်းတွဲမှာ ခပ်လည်လည် ကောင်မလေးအဖြစ် တွေ့ရမယ့် အိချောပို

ဓာတ်ပုံ− A Linn Young

 ပထမဆုံး ရုပ်သံဇာတ် လမ်းတွဲအဖြစ် ဆုံစည်းခွင့်ဇာတ် လမ်းတွဲရိုက်ကူးရန် လက်ခံထား ကြောင်း သရုပ်ဆောင် အိချောပို က ပြောသည်။

‘‘Channel 9 ကနေပြမယ်။ ဒီကားမှာ အိချောက ခပ်လည်လည် ကောင်မလေးပေါ့။ ပျော်ပျော်ပါးပါးနဲ့ ရိုက်ရမယ့်ပုံစံမျိုး လေးပေါ့။ ဟာသလေးတွေလည်း ပါတယ်။ လူနေမှုစရိုက်ပုံစံမျိုး လေးတွေလည်း ပါတယ်။ ရသက အစုံပါပဲ’’ ဟု ၎င်းက ပြောသည်။

ယင်းဇာတ်လမ်းတွဲကို ဒါရိုက်တာ စွမ်းပိုင်က ရိုက်ကူးမည် ဖြစ်ပြီး ခန့်စည်သူ၊ ထက်ယံ၊  အေးချမ်းမောင်၊ ဇေယံ၊ ဇွန်သံစဉ်၊  ချစ်စနိုးစုနှင့် သဇင်ထူးမြင့်အပြင် အခြားသရုပ်ဆောင်များစွာ ပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။  

‘‘အိချောမှာက ညီမလေးတွေ ရှိတယ်။ အားလုံးထဲမှာမှ အိချောက အကြီးဆုံးပေါ့။ လည်တယ်။ ညီမတွေကို ထိန်းချုပ်တယ် ပေါ့။ သရုပ်ဆောင်အသစ်လေး တွေလည်း ပါတယ်ဆိုတော့ လိုအပ်တာရှိရင်တော့ ကိုယ့်ဘက် က ပြောပြပေးဖို့ အဆင်သင့်ပါပဲ။ ကိုယ်ရိုက်တာဆို ဒါပထမဆုံး ဖြစ်ပေမယ့် တခြားဇာတ်လမ်းတွဲ တွေလည်း ကြည့်ဖြစ်တယ်။ နယ်က ပရိသတ်ဖြစ်ဖြစ်၊ ရန်ကုန်က ပရိသတ်ဖြစ်ဖြစ် ဇာတ်လမ်းတွဲကို အားပေးလာကြတယ်၊ စောင့်ကြည့်လာကြတယ်။ ဇာတ်လမ်းတွဲကတော့ အချိန်ပိုပေးရတယ်။ နောက်တစ်ခုက တစ်ပိုင်းနဲ့တစ် ပိုင်း အချိတ်အဆက်မိအောင် လည်း အက်တင်ပိုင်းရော အားလုံးကို ကြိုတင်ပြင်ဆင်ရတယ်’’ ဟု အိချောပိုက ပြောသည်။

ဇာတ်လမ်းတွဲ လက်ခံရိုက်ကူးခြင်းသည် ဇာတ်လမ်းတွဲများ ကို အားပေးကြည့်ရှုသည့် နယ်ပရိသတ်များအတွက် ရည်ရွယ် ကြောင်း ပြောသည်။

‘‘ဇာတ်လမ်းတွဲအနေနဲ့ အိချောကို နယ်က ပရိသတ်တွေ က မြင်ချင်ကြတဲ့အတွက် တောင်းဆိုကြတယ်။ အဲဒါကြောင့် လက်ခံဖြစ်ခဲ့တာပါ။ ရုပ်ရှင်ကားကြီးက တော့ တော်တော်များများ ရိုက်ပါ တယ်။ ကာရိုက်တာနှစ်မျိုးနဲ့ အိချောကို ဒီကားမှာတွေ့ရမှာပါ။ အိချောကတော့ အဓိကကတော့ ပီပြင်ဖို့နဲ့ သဘာဝကျဖို့ပါ။ ပါတဲ့သူ တွေ အကုန်လုံးနဲ့ တွဲရပါမယ်။ ကိုခန့်ရော၊ ထက်ယံနဲ့ရောပေါ့။ ထက်ယံနဲ့က သမီးရည်းစားပုံစံ သရုပ်ဆောင်ရမှာဆိုတော့ ဘယ်လိုပုံစံထွက်လာမလဲ ဆိုတာကို တော့ စောင့်ကြည့်ပေးပါလို့ ပြော ချင်ပါတယ်’’ ဟု အိချောပိုက ပြောသည်။

Source : 7 Day Daily