fbpx

ဂျကာတာလို အဖြစ်ဆိုးမျိုး မကြုံစေချင်ပါ

အင်ဒိုနီးရှားနိုင်ငံ  မြို့တော်  ဂျကာတာသည်ပင်လယ်ထဲသို့   တဖြည်းဖြည်း နိမ့်ဝင်လာပြီဖြစ်  သောကြောင့် မြို့တော်ကိုအခြား  တစ်နေရာသို့ ရွှေ့ပြောင်းတော့ မည်ဖြစ်ကြောင်း အစိုးရကထုတ် ပြန်ကြေညာထားသည့် သတင်း တစ်ပုဒ် ရွှေလက်တအံ့တသြဖြင့်  ဖတ်နေမိသည်။ ထိုသတင်းထဲ တွင် သမ္မတဂျိုကိုဝီဒိုဒိုက ဘော်နီ  ယိုကျွန်းရှိ အရှေ့ကာလင်မန် တန်ပြည်နယ်သို့ မြို့တော်အ သစ်ကို ရွှေ့ပြောင်းမည်ဖြစ် ကြောင်း ပြောကြားခဲ့သည် ဟု ဖော်ပြထားသည်။ သတင်းကိုဖတ် နေရင်း ရွှေလက်တုန်လှုပ်နေမိ သည်။ ရွှေလက်သည်လွန်ခဲ့ သောနှစ်က ဂျကာတာမြို့အ ကြောင်း ရေးသားခဲ့သည်။ ထို့ နောက်သက်ဆိုင်ရာ တာဝန်ရှိသူ များအနေဖြင့် ရန်ကုန်မြို့အတွက်  သင်ခန်းစာယူဖို့၊ ရန်ကုန်မြို့ကြီး ကို ပစ်မထားဖို့ တိုက်တွန်းခဲ့ဖူး သည်။ ယခုတော့ဂျကာတာမြို့ ကို မဖြစ်မနေပြောင်းရွှေ့ရတော့ မည်ဖြစ်သည်။ အဘယ်ကြောင့် နည်း။


လူ ၁၀ သန်းနီးပါး နေထိုင် နေသည့် အင်ဒိုနီးရှားနိုင်ငံမြို့ တော်ဂျကာတာသည် ၁၀ နှစ် အ တွင်း ၂ ဒသမ ၅ မီတာခန့် မြေ အောက်ကို ကျွံဆင်းနေကြောင်း၊  ထိုအခြေအနေကို မထိန်းသိမ်းနိုင် ပါက မြို့တော်၏ အစိတ်အပိုင်း အများစုသည် ၂၀၅၀ ပြည့်နှစ် တွင် ရေအောက်နစ်မြုပ်သွားနိုင် ကြောင်း လေ့လာသူများက လွန် ခဲ့သည့်နှစ်များကပင် ထုတ်ဖော် ပြောကြားခဲ့ပြီးဖြစ်သည်။ ဂျကာ တာမြို့သည် ရွှံ့နွံမြေပျော့ပေါ် တွင်တည်ရှိပြီး မြစ် ၁၃ စင်းက မြို့ကို ဖြတ်သန်းနေသည်။ ထို့ အပြင် ဂျာဗားပင်လယ်နှင့်လည်း  ထိစပ်နေသောကြောင့် ရေကြီးရေ လျှံမှုများ မကြာခဏဖြစ်နေပြီး တစ်နှစ်ထက်တစ်နှစ် အခြေအနေ က ပိုဆိုးလာခဲ့ပြီဖြစ်သည်။ ဂျ ကာတာမြို့တော် မြေအောက်ကျွံ ကျမှုကို လေ့လာနေသည့် ဘန် ဒေါင်းနည်းပညာဌာနမှ Heri Andreas က ‘‘အခုလိုမြေအောက် ကျွံဆင်းလာက ရယ်စရာလို သဘောထားလို့မရသလို ဒီအ ခြေအနေအတိုင်း ဆက်သွားမယ် ဆိုရင် ဂျကာတာမြို့ မြောက်ပိုင်း ရဲ့ ၉၅ ရာခိုင်နှုန်းက ၂၀၅၀ ပြည့်နှစ်ဆိုရင် ရေအောက်ရောက် သွားလိမ့်မယ်’’ ဟု သတိပေးခဲ့ သည်။

ဂျကာတာမြို့သည် တစ်နှစ် လျှင် ၂၅ စင်တီမီတာခန့် မြေ အောက်ကို နိမ့်ဆင်းလာပြီး ကမ္ဘာပေါ်ရှိ ကမ်းခြေမြို့များ၏ မြေအောက်နိမ့်ဆင်းမှုနှုန်းထက် နှစ်ဆဖြစ်နေသည်။ ထိုသို့ မြေ အောက်သို့ နိမ့်ဆင်းလာမှု ကြောင့် မြို့တော်၏တစ်ဝက်က  ပင်လယ် ရေမျက်နှာပြင်အမှတ် အောက်ရောက်လာခဲ့သည်။ မြို့ တော်၏ Muara Baru အရပ်တွင် မြေအောက်ကို ကျွံဆင်းမှုကြောင့် အဆောက်အအုံများ စွန့်ပစ် ထားပြီး ယင်းအဆောက်အအုံ များ၏ အောက်ထပ်တွင် ရေများ  ဝင်နေသည်ကို တွေ့ရမည်ဖြစ် သည်။ ထိုကဲ့သို့ ဂျကာတာမြို့ မြေအောက်သို့ နိမ့်ဆင်းလာသည် ကိုပညာရှင်များ၊ လေ့လာသူများ က သုံးသပ်ပြောကြားနေသကဲ့သို့ မြို့သူ၊ မြို့သားများကလည်း သတိထားမိလာခဲ့သည်။ ထို့ ကြောင့်ပင် သမ္မတဂျိုကိုဝီဒိုဒိုက  အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာ တာကို နေရာပြောင်းရွှေ့မည်ဟု အတည်ပြုကြေညာလိုက်ခြင်း ဖြစ်သည်။ ထိုကြေညာချက်သည် ကမ္ဘာသူ ကမ္ဘာသားတို့အတွက် အင်မတန်စိတ်မကောင်းစရာ သ တင်းစကားဖြစ်ပြီး ကမ္ဘာ့နိုင်ငံ အသီးသီးကိုလည်း အရေးပေါ် ခေါင်းလောင်း ထိုးလိုက်သကဲ့သို့ ပင်ဖြစ်သည်။ ဂျကာတာမြို့၏ သင်ခန်းစာကိုယူပြီး မိမိတို့နိုင်ငံ၏ မြို့ကြီးများကို ကြိုတင်ကာကွယ် ကြရတော့မည်ဖြစ်သည်။ ထို့ ကြောင့် ဂျကာတာမြို့ကြီး မြေ အောက်သို့ နိမ့်ဆင်းသွားမှုကို ဖြစ်စေသည့် အကြောင်းအရာ အနည်းငယ်ကို ထုတ်နုတ်ဖော်ပြ ချင်သည်။

၁၉၄၅ ခုနှစ်ကစ၍ အရှိန်အ ဟုန်နှင့် ကျယ်ပြန့်လာခဲ့သည့် ဂျကာတာမြို့ကွက်နှင့်အတူ အ သစ်အသစ်သော အဆောက် အအုံများအပြင် ကျူးကျော်ရပ် ကွက်များလည်း ဟိုမှ၊သည်မှပေါ် လာသည်။ စနစ်ကျသော ဖွံ့ဖြိုး ကြီးထွားမှု မဟုတ်ခြင်း၊ မြို့ တော်သူ မြို့တော်သားတို့၏ စည်းကမ်းလိုက်နာမှု အားနည်း ခြင်း၊ အုပ်ချုပ်သူတို့၏ စီမံခန့်ခွဲမှု  လွဲမှားခြင်း၊ အရေးယူမှုလျော့ ရဲခြင်းတို့ကြောင့် မြို့ပြဆိုင်ရာ  ပြဿနာပေါင်းစုံသည် တစ်ခုပြီး  တစ်ခုပေါ်ပေါက်လာခဲ့သည်။ ဗဟိုရေပေးရေး စနစ်မှရသော ရေသည် ဂျကာတာလူဦးရေ၏  ထက်ဝက်ကိုပင် လုံလောက် အောင်ပေးနိုင်စွမ်း မရှိသဖြင့် တရားဝင်ရော တရားမ၀င်ပါ အ ၀ီစိတွင်းပေါင်း မြောက်မြားစွာကို တူးဖော်၍ ရေရယူကြရသည်။  ဂျကာတာမြို့တော် တာဝန်ရှိ သူများက မြို့လယ်ကောင်ရှိအ ဆောက်အအုံ ၈၀ ကို ဝင်ရောက်  စစ်ဆေးရာတွင် အဆောက်အအုံ ၅၆ ခုက မြေအောက်မှရေကို ထုတ်ယူနေပြီး ၃၃ ခုကလိုင်စင် မယူဘဲ တရားမဝင်ရေထုတ်ယူ နေသည်ကို တွေ့ခဲ့ရသည်ဟုဆို သည်။ ထို့အပြင် ထုထည်ကြီးမား သောမြို့ပြ အဆောက်အအုံများ နှင့်အတူ ကွန်ကရစ်လမ်းများ လည်းအနှံ့အပြားပေါ်ပေါက်လာ  သဖြင့် မြေအောက်သို့မိုးရေစိမ့် ၀င်နိုင်မှုနည်းသွားသည်။ တိုး တက်များပြားလာသော အ ဆောက်အအုံများ၏ ၀န်အားက လည်း ဂျကာတာမြေပြင်ကို နိမ့် ကျစေရန် အကူအညီပေးသကဲ့သို့ ဖြစ်နေပြန်သည်။

ထိုကဲ့သို့ ဂျကာတာမြေပြင် နိမ့်ဆင်းလာနေချိန်တွင် ဂျကာ တာမြောက်ဘက်ရှိ ဂျာဗားပင် လယ်၏ ရေမျက်နှာပြင်သည် ရာသီဥတု ပြောင်းလဲမှုကြောင့် မြင့်တက်လာနေသဖြင့် ဂျကာ တာအတွက် ရေနစ်သူဝါးကူထိုး သကဲ့သို့ဖြစ်ကာ ရေလွှမ်းမှု အန္တရာယ်သည် တစ်နေ့တခြား ကြီးထွားလာခဲ့သည်။ ယခင်က ပင်လယ်ရေနှင့် လျှံတက်လာ သည့် မြစ်ရေတို့ကိုအကာအ ကွယ်ပေးထားသည့် ဒီရေတော များသည်လည်း ကျူးကျော်တဲ များကြောင့် ပြုန်းတီးနေခဲ့ပြီဖြစ် သည်။ ဂျကာတာမြို့ပင်မနယ် မြေတွင်လူဦးရေသည် ၁၀ သန်း ခန့်ရှိပြီး မြို့တော်နှင့်မနီးမဝေးရှိ  တိုးချဲ့မြို့ကွက်နေလူဦးရေသည် သန်း ၂၀ ခန့်အထိရှိနေသည်။  နယ်မှ ရောက်လာသူများသည် မြစ်ချောင်း တူးမြောင်းများ၏ ဘေးတစ်လျှောက်တွင် နေထိုင် ကြသည်။

ထိုသူတို့၏ စည်းကမ်းမဲ့မှု ကြောင့် မြစ်များ၊ တူးမြောင်းများ သည် အမှိုက်နှင့် မိလ္လာအညစ် အကြေးများ စီးဆင်းရာလမ်း ကြောင်းအဖြစ်သို့ ပြောင်းလဲသွား ခဲ့သည်။ စက်ရုံများမှထွက်သော  စွန့်ပစ် အညစ်အကြေးများက လည်း ညစ်ညမ်းမှုကို ပို၍ဆိုးရွား စေခဲ့သည်။ ၂၀၁၇ ခုနှစ် ဒီဇင် ဘာလအတွင်းက ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမိုးမှုကြောင့် ဂျကာတာ၏ လမ်းများကို ရေဖုံးသွားပြီး မြို့ တော်ကြီးတစ်ခုလုံးနီးပါး အသွား အလာများ ရပ်ဆိုင်းသွားခဲ့ရ သည်။ ယင်းအခြေအနေများ ကြောင့် အင်ဒိုနီးရှားနိုင်ငံသမ္မတ က မြို့တော်ကို ပြောင်းရွှေ့ဖို့ ဆောင်ရွက်ခြင်း ဖြစ်ပေသည်။  သို့သော် နိုင်ငံတော်၏အကြီး အကဲများအနေဖြင့် မြို့တော်ကြီး တစ်ခုကို စွန့်ပစ်ဖို့ထက် ထိုမြို့ တော်ကြီး မပျောက်ကွယ်သွားရန်  ပိုမို ကြံစည်ကြိုးစား အားထုတ် သင့်သည်ဟု ရွှေလက်မြင်မိ သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့၏ အခြေအနေကို ကြည့်လိုက်ပြန် တော့လည်း ယခင်နှစ်များနှင့် မတူတော့သည်ကို စိုးရိမ်ထိတ် လန့်ဖွယ်ရာ တွေ့လိုက်ရသည်။  လတ်တလော ရန်ကုန်မြို့တွင် ကြုံတွေ့နေရသော အဖြစ်အပျက် များသည် ဂျကာတာမြို့၏ အဖြစ် အပျက်များနှင့် တော်တော်လေး ဆင်တူနေသည်။

          ဂျကာတာမြို့တော်ကဲ့သို့ပင်  ရန်ကုန်မြို့တော်တွင် လူဦးရေ တိုးတက်လာပြီး အဆောက်အအုံ များတိုးပွားနေခဲ့သည်။ တိုးပွား လာသောတိုက်တာ အဆောက် အအုံများနှင့်အတူ မြေအောက် ရေထုတ်ယူသုံးစွဲမှုများကလည်း  စည်းမဲ့ကမ်းမဲ့ဖြစ်နေသည်။ အ ဆောက်အအုံတည်ဆောက်မှု များ  စနစ်မကျခြင်း၊ မိမိလုပ်ငန်း အဆင်ပြေဖို့ တစ်ခုတည်းကိုသာ ကြည့်ခြင်းတို့ကြောင့် ရေစုကန် များဆုံးရှုံးနေသည်။ ရေနုတ် မြောင်းများ ပျောက်ကွယ်ကုန် သည်။ ကျန်နေသေးသည့် ရေ နုတ်မြောင်းများကလည်း စည်း ကမ်းမဲ့အမှိုက်ပစ်သူများကြောင့် ပိတ်ဆို့ကုန်သည်။ ထိုအခြေအ နေတွင် မိုးသည်းထန်စွာရွာသွန်း သောအခါ မိုးရေများသည် ရုတ် တရက် မြစ်ထဲသို့ မဆင်းတော့ဘဲ ရန်ကုန်မြို့ကို ရေနစ်စေခဲ့သည်။ ထိုအခါမြို့တော်စည်ပင်က ရေ မြောင်းများကို ပြန်လည်တူးဖော် သည်။ အမှိုက်များကိုရှင်းလင်းပြီး  ရေစီးရေလာ ကောင်းမွန်ရေးအ တွက် ဆောင်ရွက်သည်။ ထိုမျှမ ကသေး၊ ရန်ကုန်မြို့၏ လမ်းအ များစုကို ကွန်ကရစ်လမ်းခင်းပြီး အဆင့်မြှင့်တင်လိုက်သည်။ အ ဆင့်မြင့်လာသော ကွန်ကရစ် လမ်းများကြောင့် နေအိမ်များ သည် လမ်းအောက်သို့ ရောက် ကုန်သည်။ မိုးရွာသွန်းသောအခါ  လမ်းပေါ်တွင် ရေတင်မကျန် တော့သည့်တိုင် အိမ်ထဲသို့ ရေ၀င် သည့်ဖြစ်စဉ်အသစ် ဖြစ်လာခဲ့ သည်။

          ရန်ကုန်မြို့တွင် အထပ်မြင့် အဆောက်အအုံများလာခြင်း၊ ကွန်ကရစ်လမ်းများ ဖြစ်လာခြင်း၊  စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းတို့ ကြောင့် မြက်ခင်းများ၊ မြေသား နေရာများ ဆုံးရှုံးခဲ့သဖြင့် ရေစိမ့် ၀င် သိုလှောင်ထိန်းသိမ်းနိုင်မှု နည်းပါးသွားခဲ့ရသည်။  ထိုအခြေ အနေများအပေါ်တွင် သက်ဆိုင် ရာအစိုးရအဖွဲ့၏ ထိန်းသိမ်းကာ ကွယ်၊ အရေးယူဆောင်ရွက်မှု ကလည်း အားနည်းလွန်းနေခဲ့ သည်။ တရားဥပဒေစိုးမိုးမှုသည်  အဂတိလိုက်စားမှုများကြားတွင်  ပျောက်ကွယ်နေခဲ့သည်။ ထိုအ ခြေအနေတွင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ဒီရေတောပြုန်းတီးမှု၊  သစ်ပင်၊ သစ်တော ပြုန်းတီးမှု များကြောင့် ကမ္ဘာကြီးပူနွေးမှုနှင့်  ရာသီဥတုပြောင်းလဲမှုကို တိုက် ရိုက်ခံစားလာခဲ့ရသည်။ ထို့ ကြောင့်ပင် ယခုနှစ်တွင် နှစ်ပေါင်း ၇၂ နှစ်အတွင်း စံချိန်တင် မိုးရွာ သွန်းမှုများနှင့် ကြုံတွေ့ခဲ့ရပြီး ရန် ကုန်မြို့နေရာတော်တော်များများတွင် ရေနစ်မြုပ်ခဲ့ရသည်။ သည် ကြားထဲ ထူးကဲဒီရေမြင့်တက်မှု များကလည်း ရန်ကုန်မြို့တော်ကို ခြိမ်းခြောက်လာခဲ့သည်။

စာရင်းများအရ ယခင်က ရန်ကုန်မြို့တွင် ထူးကဲဒီရေ ၂၂ ပေအထိ တက်ခဲ့ဖူးပြီး ပြီးခဲ့သည့် နှစ်က ၂၁ ပေကျော်အထိသာ တက်သည်။ သို့သော် ရန်ကုန်မြို့ တွင်းသို့ ရေ၀င်ရောက်မှုက ပိုမို များပြားခဲ့သည်ကို တွေ့ရသည်။ ထို့အပြင် ရန်ကုန်မြို့ကို အင်္ဂလိပ် တို့တည်ထောင်ခဲ့စဉ်က ရန်ကုန် မြစ်ရေ အမြင့်ဆုံးတက်သော ဩဂုတ်လ၏ ရေထ,ရက် (Spring Tide) ကို ထည့်သွင်း တွက်ချက် (Hydrographic Survey) ပြီးရေလွတ်အောင် တည်ခဲ့ကြလိမ့်မည်။ သို့သော် နှစ်ကာလများ ရွေ့လျားလာပြီး နောက် ရေထ,ရက်တွင် ရေ အမြင့်ပေ ၂၀ ၀န်းကျင်သို့ ရောက် ရှိလာလျှင်ပင် ရန်ကုန်မြို့တွင်းသို့ မြစ်ရေများ ၀င်ရောက်ခဲ့သည်။  ထိုဖြစ်စဉ်များအရ ‘ပင်လယ် ရေကပဲ မြင့်တက်လာတာလား၊  ရန်ကုန်မြို့ကြီးကပဲ မြေအောက် ကို နိမ့်ဝင်သွားတာလား’ စသဖြင့် စဉ်းစားစရာပင် ဖြစ်သည်။

သုတေသန မှတ်တမ်းများ အရလည်း သက္ကရာဇ်၂၀၅၀ ပြည့် နှစ်တွင်  ပင်လယ်ရေမျက်နှာပြင် အမြင့် ပေ ၂၀ တိုးလာပါကရေ ဖုံးလွှမ်းခံရနိုင်သော ဒုတိယအ ဆင့် အရန်ခုနစ်မြို့တွင် ရန်ကုန် မြို့က ထိပ်ဆုံးနေရာတွင် ပါဝင် နေပြန်သည်။ ထို့အပြင် သိပ်မ ကြာခင်က ထုတ်ပြန်လိုက်သည့် သုတေသနတစ်ခုတွင်လည်း သု တေသီများက ‘၂၀၅၀တွင် မကြုံ ဖူးသော ရာသီဥတုပြောင်းလဲမှု များနှင့် ရင်ဆိုင်ရမည့် မြို့များ ထဲတွင် ရန်ကုန်၊ စင်ကာပူနှင့် ကွာလာလမ်ပူတို့ ပါဝင်ကြောင်း၊  ယင်းပြောင်းလဲမှုများထဲတွင် မိုး ရွာသွန်းမှုပုံစံ ပြောင်းလဲခြင်းများ ပါဝင်နိုင်ပြီး ပြင်းထန်သော ရေ ကြီး ရေလျှံမှုနှင့် မိုးခေါင်ရေရှား ဖြစ်မှုများဆီ ဦးတည်သွားနိုင် ကြောင်း’ သတိပေးပြောကြား ထားသည်ကို တွေ့ရသည်။

          ယင်းအချက်အလက်များနှင့် ရန်ကုန်မြို့တွင် လတ်တလော ကြုံတွေ့နေရသည့် အဖြစ်အပျက် များကို အသေးစိတ် ဆက်စပ် ကြည့်ပါက ရန်ကုန်မြို့တော်သည် ဂျကာတာမြို့တော်ကဲ့သို့ ဖြစ်လာ နိုင်ကြောင်း ညွှန်ပြနေသည်ကို  ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့ ရမည်ဖြစ်သည်။ ထို့ကြောင့် သက်ဆိုင်ရာ အစိုးရအဖွဲ့များ၊ ပညာရှင်များ၊ အဖွဲ့အစည်းများ အနေဖြင့် ရန်ကုန်မြို့နှင့်ပတ် သက်သော အခြေအနေများကို အလေးထားဂရုပြုပြီး စနစ်တကျ လေ့လာသုတေသန ပြုလုပ်သင့် သည်။ ဆောင်ရန်၊ ရှောင် ရန်များကို လမ်းညွှန်သင့်သည်။ ဥပဒေအရ အရေးယူသင့်သည် များကိုလည်း ပြတ်ပြတ်သားသား ထိထိရောက်ရောက် အရေးယူ သင့်သည်။ သို့မှသာ ရန်ကုန် မြို့တော်သည် ဂျကာတာမြို့ တော်ကဲ့သို့ အဖြစ်ဆိုးမှ ကင်း ဝေးရမည် ဖြစ်သည်။

(ဆောင်းပါးရှင် ရွှေလက်သည် သဘာဝ ပတ်ဝန်းကျင်ရေးရာ ဆောင်းပါးများရေးသားနေသူဖြစ် သည်)

Source : 7 Day Daily