fbpx

တိုက်ပွဲများရပ်စဲနိုင်ရေး အပြုသဘောဆောင်ကဏ္ဍတွင် ပါဝင်မည်ဟု တရုတ်နိုင်ငံခြားရေးပြော

 မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသတွင် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့်စပ်လျဉ်း၍ တရုတ် နိုင်ငံက အပြုသဘောဆောင် သည့်အခန်းကဏ္ဍမှ ဆက်လက် ပါဝင်မည်ဖြစ်ကြောင်း တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာန ပြောရေး ဆိုခွင့်ရှိသူ Geng Shuang က ပြောသည်။


စက်တင်ဘာ ၂ ရက်က တ ရုတ်နိုင်ငံတွင် ပြုလုပ်သည့် သ တင်းစာရှင်းလင်းပွဲတွင် Geng Shuang က ယင်းသို့ထည့်သွင်း ပြောကြားကြောင်း မြန်မာနိုင်ငံ ဆိုင်ရာတရုတ်သံရုံးက ယမန်နေ့ ၌ သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာနနှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ လေးဖွဲ့တို့ ဩဂုတ် ၃၁ ရက်က ရှမ်းပြည်နယ် ကျိုင်းတုံမြို့၌ တွေ့ဆုံဆွေးနွေး၍ ပူးတွဲ သတင်းထုတ်ပြန်ခြင်းနှင့် ထိုနေ့တွင် မြန်မာ့တပ်မတော်က အပစ်ရပ်ကာလသက်တမ်း ၂၁ ရက်တိုးမြှင့်ကြောင်းကြေညာခြင်း တို့နှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ အမြင်ကို မေးမြန်းမှုအပေါ် Geng Shuang က ယင်းသည် မြန်မာ နိုင်ငံမြောက်ပိုင်း အခြေအနေပြန် လည်ကောင်း မွန်လာစေရန် အ ထောက်အကူပြုသဖြင့် တရုတ် နိုင်ငံက ထောက်ခံကြောင်း ဖြေ ကြားခဲ့သည်ဟု ဖော်ပြသည်။

တရုတ်နိုင်ငံသည် မြန်မာ နိုင်ငံငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တစိုက်မတ်မတ်ထောက်ခံအား ပေးပြီး မြန်မာနိုင်ငံသက်ဆိုင်ရာ အဖွဲ့အစည်းများမှ ဆွေးနွေးညှိ နှိုင်းခြင်းဖြင့် သဘောထားမတိုက် ဆိုင်မှုများ ဖြေရှင်းရန် အဆိုပြု ကြောင်း ပြောကြားသည်ဟုလည်း ဖော်ပြသည်။

‘‘သက်ဆိုင်ရာအဖွဲ့အစည်း များမှ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်၍ မြန်မာ နိုင်ငံမြောက်ပိုင်းဒေသပစ်ခတ် တိုက်ခိုက်မှုရပ်စဲသည့် အနေအ ထားအား ဆက်လက်ထိန်းသိမ်း သွားနိုင်ရန် မျှော်လင့်ပါသည်။ ယင်းနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ က အပြုသဘောဆောင်သည့် အ ခန်းကဏ္ဍမှ ဆက်လက်ပါဝင် သွားပါမည်’’ ဟု Geng Shuang ၏ ပြောကြားချက်ကို တရုတ်သံ ရုံးထုတ်ပြန်ချက်က ဖော်ပြသည်။

တရုတ် – မြန်မာ နယ်စပ် တည်ငြိမ်အေးချမ်းမှုကို ထိန်း သိမ်းခြင်းသည် တရုတ်-မြန်မာ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများ ၏ ဘုံအကျိုးစီးပွားနှင့်ကိုက်ညီ ကြောင်း၎င်းကပြောကြားခဲ့သည်။

Source : 7 Day Daily