fbpx

ခြေစမ်းပွဲတွင် မြန်မာယူ – ၂၂ အသင်း ထိုင်းကလပ် ချင်းရွိုင်ကို ဂိုးပြတ်ရှုံးနိမ့်

 ဆီးဂိမ်းပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ယှဉ်ပြိုင်သည့် ခြေစမ်းပွဲတွင် မြန်မာ့လက်ရွေးစင် ယူ – ၂၂ အသင်းက ထိုင်းကလပ် ချင်းရွိုင်အသင်းကို ၅ – ၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။

စက်တင်ဘာ ၅ ရက်က ထိုင်းနိုင်ငံ ချင်းရွိုင်မြို့ရှိ Singha Stadium တွင်ယှဉ်ပြိုင်သည့် ယင်းခြေစမ်းပွဲ၌ အိမ်ရှင်ချင်း ရွိုင်အသင်းက မြန်မာယူ – ၂၂ အသင်းကို ခြေစွမ်းအသာဖြင့်ဖိ အားပေးပြီးပထမပိုင်းတွင် သုံးဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းယူကာ ဂိုးပြတ်အနိုင်ယူခဲ့သည်။

မြန်မာ့လက်ရွေးစင် ယူ – ၂၂ အသင်းသည် ဆီးဂိမ်းအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံသို့ ခြေစမ်းခရီးစဉ်ရောက်ရှိနေပြီး စက်တင်ဘာ ၈ ရက်တွင် ထိုင်း လိဂ် – ၁ ကလပ်ချင်းမိုင်အသင်း နှင့် ခြေစမ်းပွဲယှဉ်ပြိုင်မည်ဖြစ် သည်။  ဖိလစ်ပိုင်ဆီးဂိမ်းအတွက် ပြင်ဆင်နေသည့် မြန်မာယူ – ၂၂ အသင်းသည် အောက်တိုဘာတွင် ကာတာနိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်ရန်စီစဉ်ထားသည်။

Source : 7 Day Daily