fbpx

အောင်လအန်ဆန်နှင့် One Championship ၁၀ ပွဲ ထပ်မံစာချုပ်

MMA ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ ကချင်တိုင်းရင်း သား အောင်လအန်ဆန်သည် One Championship ကုမ္ပဏီနှင့် ပွဲစဉ် ၁၀ ပွဲ ထပ်မံလက်တွဲရန် စက်တင်ဘာ ၄ ရက်က စာချုပ် ချုပ်ဆိုသည်။

MMA(One Championship) ပြိုင်ပွဲကျင်းပရေးကုမ္ပဏီ နှင့် ထပ်မံလက်တွဲခွင့်ရသဖြင့် စိတ်လှုပ်ရှားမိကြောင်း အောင် လအန်ဆန်က လူမှုကွန်ရက်စာ မျက်နှာ၌ ရေးသားသည်။

‘‘One Championship နဲ့အတူ နောက်ထပ်ပြိုင်ပွဲ ၁၀ ပွဲ လက်တွဲသွားဖို့ စာချုပ်လက်မှတ် ထိုးတဲ့အကြောင်း အားလုံးကို အ သိပေးလိုက်ပါတယ်။ ဒါဟာ အ ရမ်းစိတ်လှုပ်ရှားဖွယ်ရာ ကောင်း ပါတယ်။ One championship က ဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ဒီအဖွဲ့အ စည်းနဲ့အတူ တိုးတက်လာခဲ့ပြီး ကျွန်တော့်ကို အခွင့်အရေးတွေ ပေးခဲ့တဲ့အတွက် ဂုဏ်ယူဝမ်း မြောက်မိပါတယ်။ ကျွန်တော်တို့ အတူတူဖော်ဆောင်မယ့် ခမ်းနား တဲ့အနာဂတ်အတွက် ဒီလက်တွဲ မှုက ကနဦးအစပဲဖြစ်ပါတယ်’’ဟု အောင်လအန်ဆန်က ရေးသား ထားသည်။

 အောင်လအန်ဆန်သည် ၂၀၁၄ ကစတင်ကာ One Championship နှင့် လက်တွဲခဲ့ပြီး လက်ရှိ အချိန်ထိ One က စီစဉ် သည့် MMA ၁၁ ပွဲထိုးသတ်ခဲ့ကာ ၁၀ ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။

အောင်လအန်ဆန်သည် One Championship က ပြုလုပ် သည့် MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံခါးပတ်နှင့် လိုက်ဟဲဗီး ၀ိတ်ချန်ပီယံခါးပတ်တို့ကို ရရှိ ထားသည်။ ထို့အပြင် ၎င်းသည် Global Martial Arts Awards ဆုပေးပွဲ၏ ၂၀၁၈ အကောင်းဆုံး အမျိုးသားကစားသမားဆု၊ အ ကောင်းဆုံးပွဲဆုနှင့် Fighters Only မဂ္ဂဇင်းက ရွေးချယ်သည့် ၂၀၁၈ တစ်နှစ်တာ နိုင်ငံတကာ အကောင်းဆုံး အားကစားသမား

ဆုရရှိထားသူလည်း ဖြစ်သည်။

အသက် (၃၃) နှစ်အရွယ် အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၅ ပွဲယှဉ်ပြိုင် ရာ ၂၅ ပွဲနိုင်၊ ၁၀ ပွဲရှုံးနိမ့်ထား သည်။ အောင်လအန်ဆန်သည် MMA (One Championship)  လိုက်ဟဲဗီးဝိတ်တန်းချန်ပီယံကာ ကွယ်ပွဲအဖြစ် လာမည့်အောက်တို ဘာ ၁၃ ရက်တွင် အမေရိကန်-ဖိလစ်ပိုင်နိုင်ငံသား ဘရန်ဒန်ဗီ ရာနှင့် ဂျပန်နိုင်ငံ၌ ယှဉ်ပြိုင်ထိုး သတ်မည်ဖြစ်သည်။

Source : 7 Day Daily