fbpx

ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးရေး မန်ယူမယှဉ်ပြိုင်နိုင်ပါက ဆိုးလ်ရှားတွင်တာဝန်ရှိမည်ဟု ကွင်းလယ်လူ မက်တစ်ပြော

ယခုရာသီတွင် မန်ယူက ပရီးမီးယားလိဂ်ဖလား ယှဉ်ပြိုင်သောအသင်းများ၌ မပါ ဝင်လျှင် နည်းပြဆိုးလ်ရှားအနေ ဖြင့် တာဝန်ယူရမည်ဖြစ်ကြောင်း မန်ယူတွင် မျက်နှာသာမရဖြစ်နေ သော ကွင်းလယ်လူနီမန်ဂျာမက် တစ်က ပြောသည်။

၂၀၁၇ တွင် ချယ်လ်ဆီးမှ ရောက်လာချိန်ကစ၍ မန်ယူကွင်းလယ်၌ ပုံမှန်ပွဲထွက်ခဲ့သော မက်တစ်သည် ယခုရာသီတွင် လူစားဝင်ကစားသမားအဖြစ် ၂၂ မိနစ်သာ ကစားရသေးသည်။

၂၀၁၃ က နောက်ဆုံးအ ကြိမ် ဖလားရရှိခဲ့သော မန်ယူ သည် လေးပွဲကစားပြီးနောက် နံပါတ် (၈) နေရာ၌ ရပ်တည်နေ ကာ ထိပ်ဆုံးရှိ လီဗာပူးနှင့် ခုနစ် မှတ်ကွာဟနေသည်။

‘‘နည်းပြက ဖလားတိုက်ပွဲ ဝင်မယ့်အသင်းကို ရွေးချယ်ရပါ မယ်။ ပွဲတွေ အနိုင်မရဘူးဆိုရင် သူ့မှာတာဝန်ရှိပါတယ်’’ ဟု ဆား ဘီးယား၏ စနေနေ့တွင် ကစားမည့် ယူရိုခြေစစ်ပွဲမတိုင်မီ  မက်တစ်က သတင်းထောက်များအား ပြောကြားသည်။

မိမိအနေဖြင့် လွန်ခဲ့သော ၁၀ နှစ်က ကစားခဲ့သော အသင်း တိုင်းတွင် ပွဲတိုင်းနီးပါး ပါဝင်ခဲ့သည်ဟု  ဆားဘီးယားကွင်းလယ်လူမက်တစ်ကပြောကြားပြီး ကစားခွင့်ရရန် အရန်ခုံထိုင်ရမည်ကိုသဘောပေါက်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

ဆိုးလ်ရှားက ယခုရာသီ လေးပွဲတွင် မက်တိုမီနေး (၂၂) နှစ်ကို ပေါ့ဂ်ဘာနှင့် ကွင်းလယ် တွင် တွဲထားပြီး တစ်ပွဲနိုင်၊ တစ် ပွဲရှုံး၊ နှစ်ပွဲသရေရလဒ် ရရှိခဲ့ သည်။မိမိအနေဖြင့် ပွဲထွက်ခွင့်နှင့် ထိုက်တန်ကြောင်း သက်သေပြ မည်ဟု မက်တစ်ကပြောသည်။

‘‘ဒီပထမနှစ်ပွဲ၊ သုံးပွဲမှာ ကျွန်တော်မပါတဲ့အသင်းကို သူ ရွေးချယ်ပါတယ်။ ဆုံးဖြတ်ချက် ကို လေးစားပါတယ်။ ဒါပေမဲ့ အ သင်းအတွက် သူဆုံးဖြတ်ရတာ ပါ။ ကျွန်တော့်ကိုယ်ကျွန်တော်ပိုင် ဆိုင်တဲ့နေရာ ဆောင်ကြဉ်းရမယ် ဆိုတာကို ပြသသွားပါမယ်’’ ဟု မက်တစ် (၃၁) နှစ်က ပြောသည်။

—Ref:Reuters

Source : 7 Day Daily