fbpx

ဒီယေဂိုရှဝက်ဇ်မန်းကို အနိုင်ယူပြီး ရာဖေးလ်နာဒယ် ယူအက်စ်အိုးပင်း ဆီမီးဖိုင်နယ်သို့ တက်ရောက်

စပိန်တင်းနစ်ချန် ပီယံ ရာဖေးလ်နာဒယ်သည် အာ ဂျင်တီးနားမှ ဒီယေဂိုရှဝက်ဇ်မန်း ကို ခက်ခက်ခဲခဲအနိုင်ယူကာ ယူ အက်စ်အိုးပင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းလာသည်။


နာဒယ်က ရှဝက်ဇ်မန်းကို ၆-၄၊ ၇-၅၊ ၆-၂ ဖြင့် ခက်ခက်ခဲ ခဲအနိုင်ယူခဲ့ရပြီးနောက် အီတလီ မှ မက်သရူးဘာရက်တီနိုနှင့်ဆီမီး ဖိုင်နယ်တွင် တွေ့ဆုံမည်ဖြစ် သည်။

ဆီမီးရောက် အမျိုးသားများ အနက် သုံးဦးဖြစ်သော ဘာရက် တီနို၊ ဒီမီထရော့ဗ်နှင့် ဗက်ဗီဒေ့ဗ် တို့သည် ဂရင်းဆလမ်ဗိုလ်လုပွဲ တစ်ခါမျှ မရောက်ဖူးသူများဖြစ်ပြီး ၂၀၁၉ ယူအက်စ်အိုးပင်းကို နာ ဒယ်ဆွတ်ခူးရန် ရေပန်းစားနေ သည်။

နာဒယ်သည် ဖက်ဒဲရာ၏ စုစုပေါင်း ဂရင်းဆလမ်ဖလား ၂၀ နှင့်တူညီရန် တစ်ခုသာလိုတော့ သည်။ ဆီမီးဖိုင်နယ်တွင် ရင်ဆိုင် ရမည့် ဘာရက်တီနိုသည် များစွာ ယုံကြည်မှုရှိသူဖြစ်သည်ဟု နာ ဒယ်က ပြောသည်။

နာဒယ်နှင့်အတူ ယခုပြိုင်ပွဲ တွင် ဗိုလ်စွဲရန် ရေပန်းစားခဲ့သော ဂျိုကိုဗစ်သည် နောက်ဆုံး (၁၆) ဦးအဆင့်တွင် ပခုံးဒဏ်ရာဖြင့် ထွက်ခဲ့ရပြီး ဖက်ဒဲရာမှာ ကွာတား ဖိုင်နယ်၌ ဒီမီထရော့မ်ကို ရှုံးနိမ့်ခဲ့ သည်။

အမျိုးသမီးပြိုင်ပွဲတွင် ဆွစ် ဇာလန်မှ ဘန်စစ်သည် ကနေဒါ ဆယ်ကျော်သက်တင်းနစ်မယ် ဘီယန်ကာအန်ဒရက်စ်ကူနှင့် ဆီမီး ဖိုင်နယ်၌ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

နောက်ထပ် ဆီမီးဖိုင်နယ်ပွဲ စဉ်တစ်ခုတွင် ၂၄ ခုမြောက်ဂရင်းဆလမ်ဖလားရရှိရန် ကြိုးစားနေ သော ဆီရီနာဝီလီယံသည် ယူက ရိန်းမှ အယ်လီနာစဗီတိုလီနာနှင့် တွေ့ဆုံမည်ဖြစ်သည်။

-Ref:BBC

Source : 7 Day Daily