fbpx

တောင်းဆိုချက်များအား ပညာရေးဝန်ကြီးဌာန အမြန်ဖြေရှင်းပေးရန် သပိတ်မှောက်ကျောင်းသားများ ပြော

ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို အယုံအကြည်မရှိတာကြောင့် ပညာရေးဝန်ကြီးဌာနအနေနဲ့ တောင်းဆိုထားတဲ့အချက်တွေကို ၄၈ နာရီအတွင်း အမြန်ဆုံးလာရှင်းပေးဖို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက သပိတ်မှောက် ၅ ရက်မြောက်နေ့ ဒီနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲပြုလုပ် တောင်းဆိုလိုက်ပါတယ်။

“ဒီနေ့နဲ့ဆို ကျနော်တို့ ကျောင်းသားတွေ သပိတ်တိုက်ပွဲဝင်ခဲ့တာ ၅ ရက်မြောက်နေ့ဖြစ်တယ်။ ခုလာမဲ့ ၁၈ ရက်နေ့ဆိုရင် ကျနော်တို့ကျောင်းသားတွေ စာမေးပွဲဖြေရတော့မယ်၊ ဒါကြောင့်မို့ ပညာရေးဝန်ကြီးဌာနကလည်း ဒီကိစ္စကို အမြန်ဆုံးလာရောက်ဖြေရှင်းပေးဖို့ ကျနော်တို့မနေ့ညက ပညာရေးဝန်ကြီးဌာနကို ကြေညာချက်ထုတ်ပြီးတောင်းဆိုခဲ့တာဖြစ်တယ်။ ဖြေရှင်းပေးဖို့လည်း မျှော်လင့်ပါတယ်၊ လာရောက်ဖြေရှင်းမပေးခဲ့ဘူးဆိုရင်တော့ နောက်ဆက်တွဲရလဒ်ကတော့ ပညာရေးဝန်ကြီးဌာနရဲ့တာဝန်ပဲ ဖြစ်တယ်” လို့ သပိတ်ဦးဆောင်ကော်မတီဝင် ကိုရန်စိုးပိုင်က ပြောပါတယ်။

မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂက ဦးဆောင်ပြီး မန္တလေးတက္ကသိုလ်ကျောင်းဝင်းအတွင်းက စားသောက်ဆိုင်တန်း Food Court ဆောက်လုပ်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ကျောင်းဝင်းထဲမှာ အချက် ၅ ချက်ကို ဆန္ဒပြ တောင်းဆိုနေကြတာပါ။

သပိတ်မှောက်ရက် ၄ ရက်မြောက်နေ့မှာတော့ မန္တလေးတက္ကသိုလ်ပါမောက္ခချုပ်အား တာဝန်မှ အမြန်ဆုံးရပ်ဆိုင်းပေးရေးကို မန္တလေးတက္ကသိုလ်သမဂ္ဂသပိတ်မှောက်ကျောင်းသားတွေ က ထည့်သွင်းတောင်းဆိုခဲ့ကြပါတယ်။

သပိတ်တိုက်ပွဲဆင်နွှဲနေကြတဲ့ ကျောင်းသားတွေဟာ မြတမာ အမျိုးသမီးဆောင်၊ ရွှေမန်းဆောင်၊ သစ္စာကျောင်းဆောင် စတဲ့အဆောင်တွေက ကျောင်းသားကျောင်းသူတွေကို သပိတ်တိုက်ပွဲကြွေးကြော်သံတွေကြွေးကြော်ရင်း ဝင်ရောက်စည်းရုံးခဲ့ကြတာကြောင့် အင်အားပိုမို များပြား လာနေပါတယ်။


တောင်းဆိုခ်က္မ်ားအား ပညာရေးဝန်ကြီးဌာန အျမန်ျေဖရွင်းပေးရန် သပိတ်မွောက်ကော်င်းသားမ်ားျေပာ

အောင်အောင်နိုင်

ပညာရေးဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးအဖြဲ့ကို အယုံအကြည္မရွိတာကြောင့် ပညာရေးဝန်ကြီးဌာနအေနနဲ့ တောင်းဆိုထားတဲ့အခ်က်တြေကို ၄၈ နာရီအတြင်း အျမန်ဆုံးလာရွင်းပေးဖို့ မန္တေလးတက္ကသိုလ်ကော်င်းသားမ်ားသမဂ္ဂက သပိတ်မွောက် ၅ ရက်ျေမာက်နေ့ ဒီနေ့မနက္ပိုင်းက သတင်းစာရွင်းလင်းပျြဲပုလုပ် တောင်းဆိုလိုက္ပါတယ်။

“ဒီနေ့နဲ့ဆို က်န္တောို့ ကော်င်းသားတြေ သပိတ္တိုက္ပြဲဝင္ခဲ့တာ ၅ ရက်ျေမာက်နျေ့ဖစ္တယ်။ ခုလာမဲ့ ၁၈ ရက်နေ့ဆိုရင် က်န္တောို့ကော်င်းသားတြေ စာမေးပြျဲေဖရေတာ့မယ်၊ ဒါကြောင့္မို့ ပညာရေးဝန်ကြီးဌာနကလည်း ဒီကိစ္စကို အျမန်ဆုံးလာရောက်ျေဖရွင်းပေးဖို့ က်န္တောို့မေန့ညက ပညာရေးဝန်ကြီးဌာနကို ကြေညာခ်က္ထုတ်ပြီးတောင်းဆိုခဲ့တျာဖစ္တယ်။ျေဖရွင်းပေးဖို့လည်း မွေ်္လာင့္ပါတယ်၊ လာရောက်ျေဖရွင်းမေပးခဲ့ဘူးဆိုရင်တော့ နောက်ဆက္တြဲရလဒ္ကေတာ့ ပညာရေးဝန်ကြီးဌာနရဲ့တာဝန္ပျဲဖစ္တယ်” လို့ သပိတ်ဦးဆောင်က္မောတီဝင် ကိုရန္စိုးပိုင္ကျေပာပါတယ်။

မန္တေလးတက္ကသိုလ်ကော်င်းသားမ်ားသမဂ္ဂက ဦးဆောင်ပြီး မန္တေလးတက္ကသိုလ်ကော်င်းဝင်းအတြင်းက စားသောက်ဆိုင္တန်း Food Court ဆောက္လုပ္တဲ့ ကိစ္စနဲ့ပတ်သက်ပြီး မန္တေလးတက္ကသိုလ် ကော်င်းသားမ်ားသမဂ္ဂက ကော်င်းဝင်းထဲမွာ အခ်က် ၅ ခ်က္ကို ဆန္ဒျပ တောင်းဆိုနေကြတာပါ။

သပိတ်မွောက်ရက် ၄ ရက်ျေမာက်နေ့မွာတော့ မန္တေလးတက္ကသိုလ္ပါမောက္ခခ်ုပ်အား တာဝန္မွ အျမန်ဆုံးရပ်ဆိုင်းပေးရေးကို မန္တေလးတက္ကသိုလ်သမဂ္ဂသပိတ်မွောက်ကော်င်းသားတြေ က ထည့်သြင်းတောင်းဆိုခဲ့ကြပါတယ်။

သပိတ္တိုက္ပြဲဆင်နွှဲနေကြတဲ့ ကော်င်းသားတြေဟျာမတမာ အမိုးသမီးဆောင်၊ ရွှေမန်းဆောင်၊ သစ္စာကော်င်းဆောင် စတဲ့အေဆာင်တြေက ကော်င်းသားကော်င်းသူတြေကို သပိတ္တိုက္ပြဲကြေးကြော်သံတြေကြးကြော်ရင်း ဝင်ရောက္စည်းရုံးခဲ့ကြတာကြောင့် အင်အားပိုမို မ်ာျးပား လာနေပါတယ်။

Tags:

Source : DVB