fbpx

NCA စာချုပ်က အားလုံး ပူးတွဲတာဝန်ယူရမည့် ပဋိညာဉ်ဖြစ်ဟု NRPC ဒုဥက္ကဋ္ဌပြော

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး (NCA) စာချုပ်က အားလုံးပူးတွဲ တာဝန်ယူ တာဝန်ခံရမယ့် ပဋိညာဉ်ဖြစ်ပြီး လမ်းကြောင်းအသစ်တွေ ဖော်ဆောင်တာက ကိုယ့်ပဋိညာဉ်ကိုပြန်ဖျက်ရာရောက်နိုင်တယ်လို့ NRPC ဒုဥက္ကဋ္ဌက ပြောပါတယ်။ 

ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနမှာ NRPC က တာဝန်ရှိသူတွေနဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ကိုယ်စားလှယ်အဖွဲ့တို့ အလွတ်သဘော တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တာပါ။

နိုင်ငံတော်အစိုးရအနေနဲ့ ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်တွေ အပြည့်အဝရှိပြီး ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု ဖြစ်ပေါ်လာဖို့အတွက် ၂၁ ပင်လုံညီလာခံရဲ့ နိုင်ငံရေးစားပွဲဝိုင်းတွေမှာ နိုင်ငံရေး သဘောတူညီချက်တွေ ကြိုးပမ်းဆောင်ရွက်နေတာလို့  NRPC ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောဆိုခဲ့တာပါ။

“NCA ကို မဏ္ဍိုင်ပြုပြီး ပေါ်ပေါက်ခဲ့တာ ဖြစ်တဲ့အတွက် ကျနော်တို့ ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေကလည်း NCA ကနေ သွေဖည်လွဲချော်လို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း နိုင်ငံတော်အစိုးရအနေနဲ့ NCA ကို ဗဟိုပြုတဲ့ လုပ်ငန်းစဉ် ၄ ရပ်ကို ဖော်ထုတ်ကမ်းလှမ်းခဲ့တာ ဖြစ်ကြောင်းလည်း သတိပြုစေလိုပါတယ်။ NCA ဟာ ကျနော်တို့အားလုံး ပူးတွဲတာဝန်ယူ၊ တာဝန်ခံရမယ့် ပဋိညာဉ်ဖြစ်တာနဲ့အညီ NCA ရဲ့အပြင်ကို ထွက်ပြီးတော့ သီးခြားလမ်းကြောင်း အသစ်တွေ ဖော်ဆောင်ခြင်းဟာ ကျနော်တို့အားလုံးအတွက် ကိုယ့်အပင်တွေကို ကိုယ်ပြန်ဖျက်ရာလည်း ရောက်ပါတယ်။”

NCA စာချုပ်ကို အကောင်အထည်ဖော်တဲ့နေရာမှာ သဘောတူထားတဲ့အတိုင်း အပစ်အခတ် ရပ်စဲရေးကို ခိုင်မာအောင် ဆောင်ရွက်ရမှာဖြစ်ပြီး လက်ရှိမှာတော့ အဲဒီအတိုင်း ဆောင်ရွက်နိုင်ခြင်း မရှိဘူးဆိုတာကို အားလုံးသိထားပြီးဖြစ်တယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး KNU ဒု ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုပါတယ်။

“တည်တံ့ခိုင်မြဲရေးနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် တဖက်နဲ့ တဖက် ယုံကြည်မှုရှိဖို့ လိုပါတယ်။ ယုံကြည်မှု ဆိုတဲ့နေရာမှာ အမျိုးသားအကောင်အထည်ဖော်တဲ့နေရာမှာ ပံ့ပိုးမှုပေးပါ။ လက်တွေ့မှာ ကျနော်တို့အနေနဲ့ ယုံကြည်မှုကို ထိပါးစေတဲ့ ဆောင်ရွက်မှုတချို့ ရှိတဲ့အပေါ်မှာ ယုံကြည်မှုရှိအောင် လုပ်ပေးပါ။”

အပစ်အခတ်ရပ်စဲရေး ခိုင်မာရေးကိစ္စက နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်မှုကို အထောက်အကူပြုသလို နိုင်ငံရေးဆွေးနွေးမှု အောင်မြင်မှုကလည်း အပစ်အခတ်ရပ်စဲရေး ခိုင်မာအောင် ဆောင်ရွက်နိုင်ရေး ဖြစ်တာကြောင့် အားလုံးမှ တာဝန်ရှိတယ်လို့ သူကဆိုပါတယ်။

ဒီဆွေးနွေးပွဲမှာ KNU က အစိုးရဘက်ကို ပေးထားတဲ့ အဆိုပြုလွှာထဲက ဖက်ဒရယ်ပြည်ထောင်စုကို အဆင့် ၄ ဆင့်နဲ့ တည်ဆောက်မယ့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့်ဆွေနွေးကြတယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

အခု အလွတ်သဘောတွေ့ဆုံတာဟာ ၈ ကြိမ်မြောက်တွေ့ဆုံတာဖြစ်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နောက်ဆုံး တွေ့ဆုံခဲ့လို့ ရက်သတ္တ ၂ ပတ်ကျော်အတွင်း ဒုတိယအကြိမ် တွေ့ဆုံကြတာပါ။

အခုလာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တွေမှာလည်း ရန်ကုန်က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ရုံးမှာ NCA လက်မှတ်ထိုး ၁၀ ဖွဲ့နဲ့ အစိုးရအဖွဲ့တို့တွေ့ဆုံဆွေးနွေးဖို့ ရှိပါတယ်။

KNU အပါအဝင် NCA လက်မှတ်ထိုး ၁၀ ဖွဲ့က အစိုးရနဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာတွေ ဆွေးနွေးဖို့ဆိုပြီး ညှိနှိုင်းရေး အဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ NCA စာချုပ်အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့နဲ့ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့တွေကို   သြဂုတ်မှာ ဖွဲ့စည်းထားခဲ့တာပါ။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

NCA စာခ်ုပ္က အားလုံ ပူးတြဲတာဝန်ယူရမည့် ပဋိညာဉ်ျဖစ်ဟု NRPC ဒုဥက္ကဋ္ဌျေပာ

တနိုင်ငံလုံး ပစ္ခတ္တိုက္ခိုက္မှု ရပ္စဲရေး (NCA) စာခ်ုပ္က အားလုံးပူးတြဲ တာဝန်ယူ တာဝန္ခံရမယ့် ပဋိညာဉ်ျဖစ်ပြီး လမ်းကြောင်းအသစ်တြေ ဖော်ဆောင္တာက ကိုယ့္ပဋိညာဉ္ကျိုပန္ဖ်က်ရာရောက်နိုင္တယ္လို့ NRPC ဒုဥက္ကဋ္ဌကျေပာပါတယ်။

ရန္ကုန်မြို့ ရွှေလီလမ်းမွာရွိတဲ့ အမိုးသာျးပန္လည်သင့်ျမတ်ရေးနဲ့ ငြိမ်းခ်မ်းရေးဗဟိုဌာနမွာ NRPC က တာဝန်ရွိသူတြေနဲ့ ကရင်အမိုးသားအစည်းအရုံး (KNU) ကိုယ္စားလွယ်အဖြဲ့တို့ အလြတ်သေဘာ တြေ့ဆုံပြဲမွာျေပာဆိုခဲ့တာပါ။

နိုင်ငံတော်အစိုးရအေနနဲ့ ဒီမိုကေရစီရေး အမိုးသားတန်းတူရေးနဲ့ ကိုယ္ပိုင်ျပဋ္ဌာန်းခြင့် အာမခံခ်က်တြေ အျပည့်အဝရွိပြီး ဒီမိုကေရစီနဲ့ ဖက္ဒရယ္စနစ္ကို အျေခခံတျဲ့ပည်ထောင္ဈုဖစ်ပေါ်လာဖို့အတြက် ၂၁ ပင္လုံညီလာခံရဲ့ နိုင်ငံရေးစားပြဲဝိုင်းတြေမွာ နိုင်ငံရေး သေဘာတူညီခ်က်တြေ ကြိုးပမ်းဆောင်ရက်ြနေတာလို့  NRPC ဒုဥက္ကဋ္ဌ ဦးထြန်းထြန်းဦးကျေပာဆိုခဲ့တာပါ။

“NCA ကို မဏ္ဍိုင်ျပုပြီး ပေါ်ပေါက္ခဲ့တျာဖစ္တဲ့အတြက် က်န္တောို့ ရွေ့ဆက်သြားမယ့် လုပ်ငန်းစဉ်တြေကလည်း NCA ကေန သြေဖည္လြဲခေ်္လာို့ မျဖစ်နိုင္ပါဘူး။ ဒါကြောင့္လည်း နိုင်ငံတော်အစိုးရအေနနဲ့ NCA ကို ဗဟျိုပုတဲ့ လုပ်ငန်းစဉ် ၄ ရပ္ကို ဖ္ထောုတ္ကမ်းလွမ်းခဲ့တျာဖစ်ကြောင်းလည်း သတျိပုစေလိုပါတယ်။ NCA ဟာ က်နော်တို့အားလုံး ပူးတြဲတာဝန်ယူ၊ တာဝန္ခံရမယ့် ပဋိညာဉ်ျဖစ္တာနဲ့အညီ NCA ရဲ့အျပင္ကို ထြက်ပြီးတော့ သီျးခားလမ်းကြောင်း အသစ်တြေ ဖော်ဆောင်ျခင်းဟာ က်န္တောို့အားလုံးအတြက် ကိုယ့်အပင်တြေကို ကိုယ်ျပန္ဖ်က်ရာလည်း ရောက္ပါတယ်။”

NCA စာခ်ုပ္ကို အေကာင်အထည်ဖ္တောဲ့နေရာမွာ သေဘာတူထားတဲ့အတိုင်း အပစ်အခတ် ရပ္စဲရေးကို ခိုင္မာအောင် ဆောင်ရက်ြရမျွာဖစ်ပြီး လက်ရွိမွာတော့ အဲဒီအတိုင်း ဆောင်ရက်ြနိုင်ျခင်း မရွိဘူးဆိုတာကို အားလုံးသိထားပြီျးဖစ္တယ္လို့လည်း ကရင်အမိုးသားအစည်းအရုံး KNU ဒု ဥက္ကဋ္ဌ ပဒိုစောကြယ္ထူးဝင်းကျေပာဆိုပါတယ်။

“တည္တံ့ခိုင်မြဲရေးနဲ့ ငြိမ်းခ်မ်းရေးရဖို့အတြက် တဖက္နဲ့ တဖက် ယုံကြည္မှုရွိဖို့ လိုပါတယ်။ ယုံကြည္မှု ဆိုတဲ့နေရာမွာ အမိုးသားအေကာင်အထည်ဖ္တောဲ့နေရာမွာ ပံ့ပိုးမှုပေးပါ။ လက်တြေ့မွာ က်နော်တို့အေနနဲ့ ယုံကြည္မှုကို ထိပါးစေတဲ့ ဆောင်ရက္မြှုတခို့ ရွိတဲ့အေပ်ါမွာ ယုံကြည္မှုရွိအောင် လုပ်ပေးပါ။”

အပစ်အခတ်ရပ္စဲရေး ခိုင္မာရေးကိစ္စက နိုင်ငံရေးဆြေးနြေးပြဲတြေ အောင်ျမင္မှုကို အေထာက်အကျူပုသလို နိုင်ငံရေးဆြေးနြေးမှု အောင်ျမင္မှုကလည်း အပစ်အခတ်ရပ္စဲရေး ခိုင္မာအောင် ဆောင်ရက်ြနိုင်ရေျးဖစ္တာကြောင့် အားလုံးမွ တာဝန်ရွိတယ္လို့ သူကဆိုပါတယ်။

ဒီဆြေးနြေးပြဲမွာ KNU က အစိုးရဘက္ကို ပေးထားတဲ့ အဆျိုပုလွှာထဲက ဖက္ဒရယ်ျပည်ထောင္စုကို အဆင့် ၄ ဆင့္နဲ့ တည်ဆောက္မယ့်အေကြာင်းကို က်ယ္က်ယ်ျပန့်ျပန့်ဆြေနြးကြတယ္လို့ ကေအန်ယူက ထုတ်ျပန္ပါတယ်။

အခု အလြတ်သေဘာတြေ့ဆုံတာဟာ ၈ ကြိမ်ျေမာက်တြေ့ဆုံတျာဖစ်ပြီး ပြီးခဲ့တဲ့ သြဂုတ် ၂၀ ရက္က ထိုင်းနိုင်ငံ ခ်င်းမိုင်မြို့မွာ နောက်ဆုံး တြေ့ဆုံခဲ့လို့ ရက်သတ္တ ၂ ပတ်ကော််အတြင်း ဒုတိယအကြိမ် တြေ့ဆုံကြတာပါ။

အခုလာမယ့် စက္တင္ဘာလ ၁၀ ရက်နေ့နဲ့ ၁၁ ရက်နေ့တြေမွာလည်း ရန္ကုန္က အမိုးသာျးပန္လည်သင့်ျမတ်ရေးနဲ့ငြိမ်းခ်မ်းရေးဗဟိုဌာန (NRPC) ရုံးမွာ NCA လက္မွတ္ထိုး ၁၀ ဖြဲ့နဲ့ အစိုးရအဖြဲ့တို့တြေ့ဆုံဆြေးနြေးဖို့ ရွိပါတယ်။

KNU အပါအဝင် NCA လက္မွတ္ထိုး ၁၀ ဖြဲ့က အစိုးရနဲ့ နိုင်ငံရေး၊ စစ်ရေးဆိုင်ရာတြေ ဆြေးနြေးဖို့ဆိုပြီး ညှိနှိုင်းရေး အဖြဲ့နွစ္ဖြျဲ့ဖစ္တဲ့ NCA စာခ်ုပ်အေကာင်အထည်ဖ္မေှာုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖြဲ့နဲ့ အပစ်အခတ်ရပ္စဲမှု ခိုင္မာရေးဆိုင်ရာ ညှိနှိုင်းရေးအဖြဲ့တြေကို   သြဂုတ္မွာ ဖြဲ့စည်းထားခဲ့တာပါ။

Tags:

Source : DVB