fbpx

လစူးစမ်းရေးယာဉ်နှင့် အိန္ဒိယအာကာသအေဂျင်စီ အဆက်အသွယ်ပြတ်တောက်

ချန်ဒရာယန်း-၂ လို့ အမည်ပေးထားတဲ့ လစူးစမ်းရေးယာဉ်နဲ့ အိန္ဒိယအာကာသ အေဂျင်စီတို့ စက်တင်ဘာ ၇ ရက်နေ့ အစောပိုင်းမှာ အဆက်အသွယ် ပြတ်တောက်ခဲ့တယ်လို့ တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။

ဒါဟာ လကမ္ဘာတောင်ဝင်ရိုးစွန်းအနီးမှာ လူလိုက်ပါခြင်းမရှိတဲ့ လစူးစမ်းရေးယာဉ် ဆင်းသက်မယ့် အိန္ဒိယနိုင်ငံ ရည်မှန်းချက်အတွက် အတားအဆီး ဖြစ်ပါတယ်။  

အိန္ဒိယ အာကာသသုတေသနအဖွဲ့ ဥက္ကဋ္ဌက အချက်အလက်တွေ စုံစမ်းစစ်ဆေးနေတယ်လို့  ပြောပါတယ်။

သိပ္ပံပညာရှင် အတော်များများက မစ်ရှင် ကျရှုံးဖွယ် ရှိတယ်လို့ ယုံကြည်ကြပြီးနောက်မှာတော့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက  သူတို့ကို အားပေးနှစ်သိမ့်ခဲ့ပါတယ်။   

အဲဒီ လကမ္ဘာသွားယာဉ်ကို ဇူလိုင်လ ၂၂ ရက်နေ့က သျှရီဟာရီကိုတာ  အာကာသစခန်းကနေ လွှတ်တင်ခဲ့တာပါ။

ချန်ဒရာယန်း-၂ ဟာ ကမ္ဘာပတ်လမ်းအတွင်း ၂၃ ရက်နီးပါး လှည့်ပတ်ပြီးနောက်   သြဂုတ်လ ၁၄ ရက်နေ့မှာ လကမ္ဘာခရီးကို စတင်ခဲ့တာပါ။

အဲဒီနောက် သြဂုတ်လ ၂၀  ရက်နေ့က ချန်ဒရာယန်း- ၂ ဟာ လပတ်လမ်းကြောင်းထဲ  ဝင်ရောက်ခဲ့ပါတယ်။ ချန်ဒရာယန်း-၂ ဟာ အိန္ဒိယနိုင်ငံရဲ့ ရည်မှန်းချက်အကြီးမားဆုံး အာကာသ မစ်ရှင် ဖြစ်ပါတယ်။

ဒီမစ်ရှင် ကုန်ကျစရိတ်ဟာ အမေရိကန် ဒေါ်လာ ၁၄၆ သန်းရှိပြီး အောင်မြင်ခဲ့မယ်ဆိုရင် အိန္ဒိယဟာ လကမ္ဘာတောင်ဝင်ရိုးစွန်းမှာရှိတဲ့ ရေအကြောင်း သုတေသန ပြုလုပ်သွားနိုင်မှာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~

Zawgyi_version

လစူးစမ်းရေးယာဉ်နွင့် အိန္ဒိယအာကာသေအဂ်င္စီ အဆက်အသြယ်ျပတ်တောက်

ခ်န္ဒရာယန်း-၂ လို့ အမည်ပေးထားတဲ့ လစူးစမ်းရေးယာဉ္နဲ့ အိန္ဒိယအာကာသ အေဂ်င္စီတို့ စက္တင္ဘာ ၇ ရက်နေ့ အေစာပိုင်းမွာ အဆက်အသြယ်ျပတ်တောက္ခဲ့တယ္လို့ တာဝန်ရွိသူတဦးကျေပာခဲ့ပါတယ်။

ဒါဟာ လကမ္ဘာတောင်ဝင်ရိုးစြန်းအနီးမွာ လူလိုက္ပျါခင်းမရွိတဲ့ လစူးစမ်းရေးယာဉ် ဆင်းသက္မယ့် အိန္ဒိယနိုင်ငံ ရည္မွန်းခ်က်အတြက် အတားအဆီျးဖစ္ပါတယ်။

အိန္ဒိယ အာကာသသုတေသနအဖြဲ့ ဥက္ကဋ္ဌက အခ်က်အလက်တြေ စုံစမ်းစစ်ဆေးနေတယ္လို့ျေပာပါတယ်။

သိပ္ပံပညာရွင် အေတ္မာ်ားမ်ားက မစ်ရွင် က်ရှုံးဖြယ် ရွိတယ္လို့ ယုံကြည်ကြပြီးနောက္မွာတော့ အိန္ဒိယဝန်ကြီးခ်ုပ် မိုဒီက  သူတို့ကို အားပေးနွစ်သိမ့္ခဲ့ပါတယ်။

အဲဒီ လကမ္ဘာသြားယာဉ္ကို ဇူလိုင္လ ၂၂ ရက်နေ့က သ်ွရီဟာရီကိုတာ  အာကာသစခန်းကေန လွှတ္တင္ခဲ့တာပါ။

ခ်န္ဒရာယန်း-၂ ဟာ ကမ္ဘာပတ္လမ်းအတြင်း ၂၃ ရက္နီးပါး လွည့္ပတ်ပြီးနောက်   သြဂုတ္လ ၁၄ ရက်နေ့မွာ လကမ္ဘာခရီးကို စတင္ခဲ့တာပါ။

အဲဒီနောက် သြဂုတ္လ ၂၀  ရက်နေ့က ခ်န္ဒရာယန်း- ၂ ဟာ လပတ္လမ်းကြောင်းထဲ  ဝင်ရောက္ခဲ့ပါတယ်။ ခ်န္ဒရာယန်း-၂ ဟာ အိန္ဒိယနိုင်ငံရဲ့ ရည္မွန်းခ်က်အကြီးမားဆုံး အာကာသ မစ်ရွင်ျဖစ္ပါတယ်။

ဒီမစ်ရွင် ကုန္က်စရိတ်ဟာ အေမရိကန် ဒေါ်လာ ၁၄၆ သန်းရွိပြီး အောင်ျမင္ခဲ့မယ်ဆိုရင် အိန္ဒိယဟာ လကမ္ဘာတောင်ဝင်ရိုးစြန်းမွာရွိတဲ့ ရေအေကြာင်း သုတေသနျပုလုပ်သြားနိုင္မျွာဖစ္ပါတယ်။

Tags:

Source : DVB