fbpx

အင်ပင်မြို့တွင် နေအိမ်ဖောက်ထွင်းမှုများကြောင့် ဒေသခံများ စိုးရိမ်

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်ရဲတပ်ဖွဲ့စခန်းအပိုင် အင်ပင်မြို့ပေါ်မှာ တပတ်အတွင်း နေအိမ် ဖောက်ထွင်းခိုးယူမှုနှစ်ခု ဖြစ်ပွားခဲ့လို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

စက်တင်ဘာ ၄ ရက်ညမှာ အင်ပင်မြို့၊ နိမ္ဗာန်လမ်းက နေအိမ်တခုအတွင်း ဝင်ရောက်ဖောက်ထွင်းပြီး တယ်လီဖုန်း ၃ လုံးနဲ့ ငွေကျပ် ၁ သိန်းကျော်ကို ယူဆောင်ခဲ့ပါတယ်။

စက်တင်ဘာ ၇ ရက်နေ့မှာလည်း အင်ပင်မြို့ ဟင်္သာတ-ကြံခင်းလမ်းမပေါ်က နေအိမ်တခုအတွင်းက ငွေကျပ် ဆယ်သိန်းကျော်နဲ့ တယ်လီဖုန်းတလုံးကို ဖောက်ထွင်း ခိုးယူမှု ဖြစ်ပွားခဲ့တာပါ။

အင်ပင်နယ်မြေရဲတပ်ဖွဲ့စခန်းက နယ်ထိန်းတပ်ဖွဲ့ ရဲတပ်သား မောင်မောင်ကျော်က “ဟုတ်တယ် အစ်ကို၊ ကျနော်တို့လည်း လှည့်ကင်း လှည့်နေတာပါပဲ။ ကျနော့်အထင်တော့ မိုးလင်းခါနီးလောက်မှာ ဖြစ်တယ်လို့ ထင်တယ်။ ပထမအမှုကို စုံစမ်းတုန်း ခုလို ဖြစ်သွားတာပါ။ ကျနော်တို့ ခိုးဆိုးလုယက်စာရင်းရှိတဲ့ လူတွေနဲ့ ဆက်စပ်တဲ့လူတွေကို စစ်ဆေးနေပါတယ်။ နောက်ဆုံး အခြေအနေကိုတော့ ပြောလို့မရပါဘူး” လို့ ပြောပါတယ်။

တပတ်အတွင်း ခုလို ဆက်တိုက် ဖောက်ထွင်းမှုတွေ ဖြစ်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး လောင်းကစားတွေ ပေါတာကြောင့် အခုလို ဖြစ်တာလို့ အင်ပင်မြို့ ကနောင်လမ်းနေ ကိုဇော်လွင်က ပြောပါတယ်။

“အဓိကပြဿနာကတော့ ငွေရေးကြေးရေး ပါးရှားတာရယ်၊ ပြီးတော့ လောင်းကစားတွေ ပေါတာတွေကြောင့် ခုလို ခိုးဆိုးတာတွေ ဖြစ်ပေါ်တာ ဖြစ်နိုင်ပါတယ်။ အင်ပင်မြို့မှာက လောင်းကစားဝိုင်းက နာရေးကနေစပြီး နေရာတိုင်း လုပ်နေကြတာလေ။ ဒါတွေလည်း ထိန်းချုပ်ဖို့ လိုမယ်” လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်အတွင်းမှာ ရဲစခန်းပေါင်း ၄ ခုရှိပြီး အင်ပင်ရဲတပ်ဖွဲ့စခန်းမှာ အမှုအများဆုံး ဖြစ်ပေါ်နေတာပါ။

သန်းထိုက်မြင့်

~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အင္ပင်မြို့တြင် နေအိမ်ဖောက္ထြင်းမှုမ်ားကြောင့် ဒေသခံမ်ား စိုးရိမ်

ဧရာဝတီတိုင်း၊ျမန်အောင်မြို့နယ်၊ အင္ပင်ရဲတပ္ဖြဲ့စခန်းအပိုင် အင္ပင်မြို့ပေါ်မွာ တပတ်အတြင်း နေအိမ် ဖောက္ထြင်းခိုးယူမှုနွစ္ချုဖစ္ပြားခဲ့လို့ ဒေသခံတြေ စိုးရိမ်နေကြပါတယ်။

စက္တင္ဘာ ၄ ရက်ညမွာ အင္ပင်မြို့၊ နိမ္ဗာန္လမ်းက နေအိမ္တခုအတြင်း ဝင်ရောက်ဖောက္ထြင်းပြီး တယ္လီဖုန်း ၃ လုံးနဲ့ ငြေက်ပ် ၁ သိန်းကေ်္ကာို ယူဆောင္ခဲ့ပါတယ်။

စက္တင္ဘာ ၇ ရက်နေ့မွာလည်း အင္ပင်မြို့ ဟင်္သာတ-ကြံခင်းလမ်းမေပ်ါက နေအိမ္တခုအတြင်းက ငြေက်ပ် ဆယ်သိန်းကေ်္နာဲ့ တယ္လီဖုန်းတလုံးကို ဖောက္ထြင်း ခိုးယူမျှုဖစ္ပြားခဲ့တာပါ။

အင္ပင္နယ်ျေမရဲတပ္ဖြဲ့စခန်းက နယ္ထိန်းတပ္ဖြဲ့ ရဲတပ်သား မောင်မောင်ကေ်္ကာ “ဟုတ္တယ် အစ္ကို၊ က်န္တောို့လည်း လွည့္ကင်း လွည့်နေတာပါပဲ။ က်နော့်အထင်တော့ မိုးလင်းခါနီးလောက္မျွာဖစ္တယ္လို့ ထင္တယ်။ ပထမအမှုကို စုံစမ်းတုန်း ခုလျိုဖစ်သြားတာပါ။ က်န္တောို့ ခိုးဆိုးလုယက္စာရင်းရွိတဲ့ လူတြေနဲ့ ဆက္စပ္တဲ့လူတြေကို စစ်ဆေးနေပါတယ်။ နောက်ဆုံး အျေခအေနကိုတော့ျေပာလို့မရပါဘူး” လို့ျေပာပါတယ်။

တပတ်အတြင်း ခုလို ဆက္တိုက် ဖောက္ထြင်းမှုတျြေဖစ်နေတာကြောင့် ဒေသခံတြေ စိုးရိမ်နေကြပြီး လောင်းကစားတြေ ပေါတာကြောင့် အခုလျိုဖစ္တာလို့ အင္ပင်မြို့ ကေနာင္လမ်းနေ ကိုဇ္လောင္ကြျေပာပါတယ်။

“အဓိကျပဿနာကေတာ့ ငြေရးကြေးရေး ပါးရွားတာရယ်၊ ပြီးတော့ လောင်းကစားတြေ ပေါတာတြေကြာင့် ခုလို ခိုးဆိုးတာတျြေဖစ်ပေါ်တျာဖစ်နိုင္ပါတယ်။ အင္ပင်မြို့မွာက လောင်းကစားဝိုင်းက နာရေးကေနစပြီး နေရာတိုင်း လုပ်နေကြတာလေ။ ဒါတြေလည်း ထိန်းခ်ုပ္ဖို့ လိုမယ်” လို့ျေပာပါတယ်။

ျမန်အောင်မြို့နယ်အတြင်းမွာ ရဲစခန်းပေါင်း ၄ ခုရွိပြီး အင္ပင်ရဲတပ္ဖြဲ့စခန်းမွာ အမှုအမ်ားဆုံျးဖစ်ပေါ်နေတာပါ။

သန်းထိုက်ျမင့်

Tags:

Source : DVB