fbpx

ယာဉ်မတော်တဆဖြစ်ပြီး ကားအတွင်း ညပ်နေသူ ၂ ဦးကို မီးသတ်တပ်ဖွဲ့ ကယ်ထုတ်၊ ၁ ဦး သေဆုံး

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်မှာ ယာဉ်မတော်တဆဖြစ်ပြီး ကားခေါင်းခန်းအတွင်း ညပ်နေသူ ၂ ဦးအား မီးသတ်တပ်ဖွဲ့က သွားရောက်ကယ်ထုတ်ခဲ့ပြီး ၁ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

ရွှေပြည်သာမြို့နယ်၊ ၂၄ ရပ်ကွက်၊ အမှတ် ၄ လမ်း၊ Denko စက်သုံးဆီအရောင်းဆိုင်၊ အရှေ့လမ်းဘေးမှာ ရပ်နားထားတဲ့ GNC အမျိုးအစား ၂၂ ဘီး ကွန်တိန်နာယာဉ်(အဖြူရောင်)ရဲ့ အနောက်ဖရိန်တန်းအား အင်းစိန်ဘက်ကနေ မှော်ဘီဘက်ကနေ အမှတ် ၄ လမ်းအတိုင်း မောင်းနှင်လာတဲ့ Light Truck အမျိုးအစား(အဖြူရောင်)ယာဉ်က နောက်ကနေ ဝင်တိုက်ခဲ့တာလို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Light Truck ယာဉ်ပေါ်ရှိ ယာဉ်မောင်းနဲ့ လိုက်ပါစီးနင်းသူ ကျား ၂ ဦး ကားခေါင်းခန်းအတွင်း ညပ်မိနေကြောင်း သတင်းရလို့ မြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး ရွှေပြည်သာစက်မှုဇုန် နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ အင်းစိန်မြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်း (မစိုးရိမ်ရ) နဲ့ လိုက်ပါစီးနင်းသူ (သေဆုံး)တို့ကို နာရေးကူညီမှုအသင်း ကားတွေနဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~

Zawgyi_version

ယာဉ္မတ္တောဆျဖစ်ပြီး ကားအတြင်း ညပ်နေသူ ၂ ဦးကို မီးသတ္တပ္ဖြဲ့ ကယ္ထုတ်၊ ၁ ဦး သေဆုံး

ရန္ကုန္တိုင်း၊ ရျွှေပည်သာမြို့နယ္မွာ ယာဉ္မတ္တောဆျဖစ်ပြီး ကားခေါင်းခန်းအတြင်း ညပ်နေသူ ၂ ဦးအား မီးသတ္တပ္ဖြဲ့က သြားရောက္ကယ္ထုတ္ခဲ့ပြီး ၁ ဦး သေဆုံးသြားတယ္လို့ သိရပါတယ်။

ရျွှေပည်သာမြို့နယ်၊ ၂၄ ရပ္ကြက်၊ အမွတ် ၄ လမ်း၊ Denko စက်သုံးဆီအေရာင်းဆိုင်၊ အေရွ့လမ်းဘေးမွာ ရပ္နားထားတဲ့ GNC အမိုးအစား ၂၂ ဘီး ကြန္တိန္နာယာဉ်(အျဖူရောင်)ရဲ့ အေနာက္ဖရိန္တန်းအား အင်းစိန္ဘက္ကေန မွေ္ဘာီဘက္ကေန အမွတ် ၄ လမ်းအတိုင်း မောင်းနွင္လာတဲ့ Light Truck အမိုးအစား(အျဖူရောင်)ယာဉ္က နောက္ကေန ဝင္တိုက္ခဲ့တာလို့ မီးသတ္တပ္ဖြဲ့က ထုတ်ျပန္ထားပါတယ်။

Light Truck ယာဉ်ပေါ်ရွိ ယာဉ်မောင်းနဲ့ လိုက္ပါစီးနင်းသူ က်ား ၂ ဦး ကားခေါင်းခန်းအတြင်း ညပ္မိနေကြာင်း သတင်းရလို့ျေမာက္ပိုင်းခရိုင္မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး ရျွှေပည်သာစက္မှုဇုန် နယ်ျေမမီးသတ္စခန်းမွ မီျးငှိမ်းသတ်ယာဉ် ၁ စီး၊ အင်းစိန်မြို့နယ် မီးသတ္စခန်းမွ ရွာဖြေကယ်ဆယ်ရေးယာဉ် ၁ စီး၊ သေန္ဓမီးသတ္တပ္ဖြဲ့ဝင်တြေ၊ အရန္မီးသတ္တပ္ဖြဲ့ဝင်တြေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းမ်ား ဆောင်ရက္ခြဲ့တယ္လို့ ဆိုပါတယ်။

ယာဉ္မတ္တောဆမှုကြောင့် ယာဉ်မောင်း (မစိုးရိမ်ရ) နဲ့ လိုက္ပါစီးနင်းသူ (သေဆုံး)တို့ကို နာရေးကူညီမှုအသင်း ကားတြေနဲ့ အင်းစိန်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ္လို့ သိရပါတယ်။

Tags:

Source : DVB