fbpx

ရေကြီးနစ်မြုပ်ဒဏ်ခံရသည့် ရေးမြို့က ရာသီပေါ်သီးနှံခြံများ ပြန်ထူထောင်ရေး အခက်ကြုံ

မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရတဲ့ ဒေသထွက်ကုန် ရာသီပေါ်သီးနှံ စိုက်ပျိုးခြံတွေ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အခက်အခဲ ရင်ဆိုင်ကြုံ တွေ့နေရတယ်လို့ ခြံသမားတွေက ပြောပါတယ်။

ရေပြန်ကျသွားပေမယ့် နုန်းတွေက ကျန်ရှိနေတာကြောင့် ကွမ်းသီး၊ သံပုရာ၊ ဒူးရင်းသီးနဲ့ တခြားစိုက်ပျိုးပင်တွေပါ ထိခိုက်ပျက်စီးမှုနဲ့ ကြုံတွေ့ရလို့ ခြံလုပ်ငန်းလည်း ပြန်လုပ်မရတော့ကြောင်း၊ လာမယ့်နှစ်တွေမှာ ခြံထွက်သီးနှံတွေ မရရှိတဲ့အတွက် ထိခိုက်လာနိုင်တယ်လို့ ခြံသမား ဦးမဲက ပြောပါတယ်။

လက်ရှိ မိုးရာသီချိန်မှာလည်း ဒူးရင်း၊ သံပုရာ၊ မင်းဂွတ်၊ ကြက်မောက်သီးတွေ အထွက်နှုန်း ကျဆင်းလာနေသလို ဈေးကွက်မှာလည်း အရောင်းအဝယ်တွေက အေးနေတယ်လို့ ဆိုပါတယ်။

ရေးမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ဒဏ်ကို ကွမ်းသီး၊ သံပုရာ၊ ဒူးရင်းသီးနဲ့ အခြား သီးနှံပင်တွေ အများဆုံး ရေဘေးဒဏ်ခံရပြီး စိုက်ဧကပေါင်း ထောင်နဲ့ချီ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ကြပါတယ်။

အခုအချိန်ထိ ခြံတွေဟာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ပြန်လည်မလုပ်ကိုင်နိုင်ကြဘဲ ရှိနေကြတယ်လို့ ဒေသခံခြံရှင်တွေက ဆိုပါတယ်။

နေမျိုးထွဋ်

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ရေကြီးနစ်ျမုပ္ဒဏ္ခံရသည့် ရေးမြို့က ရာသီပေါ်သီးနွံခြံမ်ာျးပန္ထူထောင်ရေး အခက်ကြုံ

မြန်ျပည္နယ်၊ ရေးမြို့နယ္မွာ ရေကြီးနစ်ျမုပ္မှုကြောင့် ပ်က္စီးခဲ့ရတဲ့ ဒေသထြက္ကုန် ရာသီပေါ်သီးနွံ စိုက္ပိုးခြံတျြေပန္လည္ထူထောင်ရေးလုပ္ဖို့ အခက်အခဲ ရင်ဆိုင်ကြုံ တြေ့နေရတယ္လို့ ခြံသမားတြေကျေပာပါတယ်။

ရျေပန္က်သြားပေမယ့် နုန်းတြေက က်န်ရွိနေတာကြောင့် ကြမ်းသီး၊ သံပုရာ၊ ဒူးရင်းသီးနဲ့ တျခားစိုက္ပိုးပင်တြေပါ ထိခိုက္ပ်က္စီးမှုနဲ့ ကြုံတြေ့ရလို့ ခြံလုပ်ငန်းလည်ျးပန္လုပ္မရေတာ့ကြောင်း၊ လာမယ့်နွစ်တြေမွာ ခြံထြက်သီးနွံတြေ မရရွိတဲ့အတြက် ထိခိုက္လာနိုင္တယ္လို့ ခြံသမား ဦးမဲကျေပာပါတယ်။

လက်ရွိ မိုးရာသီခိန္မွာလည်း ဒူးရင်း၊ သံပုရာ၊ မင်းဂြတ်၊ ကြက်မောက်သီးတြေ အထြက်နှုန်း က်ဆင်းလာနေသလို စေ်းကြက္မွာလည်း အေရာင်းအဝယ်တြေက အေးနေတယ္လို့ ဆိုပါတယ်။

ရေးမြို့နယ်အတြင်း ရေကြီးနစ်ျမုပ္ဒဏ္ကို ကြမ်းသီး၊ သံပုရာ၊ ဒူးရင်းသီးနဲ့ အျခား သီးနွံပင်တြေ အမ်ားဆုံး ရေဘးဒဏ္ခံရပြီး စိုက်ဧကေပါင်း ထောင္နဲ့ခ်ီ ထိခိုက္ပ်က္စီး ဆုံးရှုံးခဲ့ကြပါတယ်။

အခုအခိန္ထိ ခြံတြေဟျာပန္လည္ထူထောင်ရေးလုပ်ငန်းတျြေပန္လည္မလုပ္ကိုင်နိုင်ကြဘဲ ရွိနေကြတယ္လို့ ဒေသခံခြံရွင်တြေက ဆိုပါတယ်။

နေမိုးထြဋ်

Tags:

Source : DVB