fbpx

လောင်စာဆီတင်သင်္ဘောတစီး အီရန် ဖမ်းဆီး၊ ဖိလစ်ပိုင်သင်္ဘောသား ၁၂ ဦးကို ထိန်းသိမ်း

ပင်လယ်ကွေ့ရေပြင်မှာ လောင်စာဆီမှောင်ခို တင်ပို့တယ်လို့ သံသယရှိတဲ့ နိုင်ငံခြားတွန်းသင်္ဘောတစီးကို အီရန်ကမ်းခြေစောင့် တပ်ဖွဲ့က သိမ်းယူလိုက်ပြီး ဖိလစ်ပိုင် သင်္ဘောသား ၁၂ ယောက်ကိုလည်း ထိန်းသိမ်းထားတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်သံသတင်းဌာနက စက်တင်ဘာ ၇ ရက်နေ့မှာ ဖော်ပြပါတယ်။

အဲဒီတွန်းသင်္ဘောဟာ ဒီဇယ်ဆီ လီတာပေါင်း နှစ်သိန်းရှစ်သောင်းလေးထောင်နီးပါး တင်ဆောင်လာတယ်လို့ နိုင်ငံပိုင်ရုပ်သံက ပြောပေမယ့် ဘယ်နိုင်ငံအလံလွှင့်သင်္ဘော ဆိုတာကိုတော့ မပြောခဲ့ပါဘူး။

အီရန်နိုင်ငံမှာ များပြားတဲ့ အစိုးရ အမတော်ကြေးကြောင့် ကမ္ဘာ့ဈေးအချိုဆုံး လောင်စာဆီတွေ ရနိုင်ပါတယ်။ ဒါကြောင့် ကုန်းကြောင်းနဲ့ အာရပ်ပင်လယ်ကွေ့ ရေပြင်ကနေတဆင့် အိမ်နီးချင်းနိုင်ငံတွေဆီကို လောင်စာဆီ မှောင်ခိုတင်ပို့မှုတွေကို အီရန်အစိုးရက  နှိမ်နင်းနေရပါတယ်။

၂၀၁၈ ခုနှစ်မှာ အမေရိကန်နိုင်ငံက ၂၀၁၅ အီရန် နျူကလီးယား သဘောတူညီချက်ကနေ နုတ်ထွက်ပြီး အီရန်ရဲ့ ရေနံလုပ်ငန်းအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း ပင်လယ်ကွေ့ဒေသမှာ အီရန်နဲ့ အနောက်နိုင်ငံတွေအကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ လောင်စာဆီ မှောင်ခိုပြဿနာတွေ အရှိန်မြင့်တက်လာတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လောင္စာဆီတင်သေင်္ဘာတစီး အီရန် ဖမ်းဆီး၊ ဖိလစ္ပိုင်သေင်္ဘာသား ၁၂ ဦးကို ထိန်းသိမ်း

ပင္လယ်ကြေ့ရျေပင္မွာ လောင္စာဆီမွောင္ခို တင္ပို့တယ္လို့ သံသယရွိတဲ့ နိုင်ငျံခားတြန်းသေင်္ဘာတစီးကို အီရန္ကမ်ျးေခေစာင့် တပ္ဖြဲ့က သိမ်းယူလိုက်ပြီး ဖိလစ္ပိုင် သေင်္ဘာသား ၁၂ ယောက္ကိုလည်း ထိန်းသိမ်းထားတယ္လို့ အီရန်နိုင်ငံပိုင် ရုပ်သံသတင်းဌာနက စက္တင္ဘာ ၇ ရက်နေ့မွာ ဖော်ျပပါတယ်။

အဲဒီတြန်းသေင်္ဘာဟာ ဒီဇယ်ဆီ လီတာပေါင်း နွစ်သိန်းရွစ်သောင်းလေးထောင္နီးပါး တင်ဆောင္လာတယ္လို့ နိုင်ငံပိုင်ရုပ်သံကျေပာပေမယ့် ဘယ်နိုင်ငံအလံလွှင့်သေင်္ဘာ ဆိုတာကိုတော့ မျေပာခဲ့ပါဘူး။

အီရန်နိုင်ငံမွာ မ်ာျးပားတဲ့ အစိုးရ အမေတ်ာကြေးကြောင့် ကမ္ဘာ့ဈေးအခိုဆုံး လောင္စာဆီတြေ ရနိုင္ပါတယ်။ ဒါကြောင့် ကုန်းကြောင်းနဲ့ အာရပ္ပင္လယ်ကြေ့ ရျေပင္ကေနတဆင့် အိမ္နီးခ်င်းနိုင်ငံတြေဆီကို လောင္စာဆီ မွောင္ခိုတင္ပို့မှုတြေကို အီရန်အစိုးရက  နွိမ္နင်းနေရပါတယ်။

၂၀၁၈ ခုနွစ္မွာ အေမရိကန်နိုင်ငံက ၂၀၁၅ အီရန် န်ူကလီးယား သေဘာတူညီခ်က္ကေန နုတ္ထြက်ပြီး အီရန်ရဲ့ ရေနံလုပ်ငန်းအေပါ် အေရးယူ ပိတ်ဆို့မှုတြေ ခ်မွတ္ခဲ့ပါတယ်။

အဲဒီနောက္ပိုင်း ပင္လယ်ကြေ့ဒေသမွာ အီရန္နဲ့ အေနာက်နိုင်ငံတြေအကြား တင်းမာမှုတျြေမင့္တက်နေခိန္မွာ လောင္စာဆီ မွောင္ချိုပဿနာတြေ အရွိန်ျမင့္တက္လာတယ္လို့ ရိုက္တာသတင်းက ဆိုပါတယ်။

Tags:

Source : DVB