fbpx

သာစည် ရွှေစည်းခုံဘုရားတွင် ပိဿာ ၁၀၀ ရှိ ကြေးခေါင်းလောင်းကြီး ခိုးယူခံရ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ ခြောက်ခွဲရွာ ရွှေစည်းခုံဘုရား တောင်ဘက်ရှိ ကြေးပိဿာ ၁၀၀ ကျော်ရှိ ‌ခေါင်းလောင်းကြီး ဒီနေ့မနက် အခိုးခံလိုက်ရတယ်လို့ ရွှေစည်းခုံဘုရား ကျောင်းထိုင်ဆရာတော်က ပြောပါတယ်။

ကျောင်းထိုင်ဆရာတော်ဉူးတေဇောသာရက “ခြောက်ခွဲရွာနေ ဒေါ်အေးပုမိသားစုက လှူထားတာပါ။ လွန်ခဲ့တဲ့ ၁၉ နှစ်လောက်က လှူထားတာပေါ့၊ အဲတုန်းကကို ၁၀ သိန်းကျော်လောက် ကုန်ကျထားတယ်။ အခုနေဆို သိန်း ၂၀ ကျော်လောက် ကုန်မှာပေါ့။ ဘုန်းကြီးက ရွှေယင်မျှော်ဘုရားမှာ ပဋ္ဌာန်းရွတ်နေတာ၊ ဉူးဇင်းဉူးစိတ္တရက ဖုန်းဆက်ပြောတယ်၊ အဲဒါနဲ့ ဟံဇားရဲစခန်း အကြောင်းကြားတယ် စခန်းမှူးနဲ့ အဖွဲ့လာသွားတယ်” လို့ မိန့်ပါတယ်။

ဟံဇားရွာရဲစခန်း တာဝန်ကျရဲဝန်ထမ်းက “ခိုးယူသွားတဲ့ ကြေးခေါင်းလောင်း အမြန်ဆုံး ပြန်ရအောင် စုံစမ်းနေပါတယ်” လို့ ပြောပါတယ်။

ဒေသခံကိုညိုကြီးက “မြန်မာလူလူမျိုးတွေရဲ့ ဘုရားတွေမှာ လုံခြုံရေးအားနည်းတယ်။ ဒုက္ခသည်ပဲ ဖြစ်ဖြစ်၊ ဘုရားဖူးပဲဖြစ်ဖြစ် အချိန်မရွေး ဝင်နိုင်ထွက်နိုင် တည်းခိုးနိုင်တယ်။ အဲတော့ ခိုးမယ့်သူက အလွယ်လေး ခိုးလို့ ရနေတယ်” လို့ ပြောပါတယ်။

မိတ္ထီလာခရိုင်အတွင်းမှာ တစ်လအတွင်း ကြေးပိဿာ ၁၀၀ ကျော်ရှိ ခေါင်းလောင်း ၃ လုံး အခိုးခံခဲ့ရတာလည်း ဖြစ်ပါတယ်။

သာစည်မြို့နယ်အတွင်းမှာ ဇူလိုင် ၃၁ ရက်က ဝမ်းသာရွာ ဖောင်တန့်နားစေတီရှိ ကြေးပိဿာ ၁၀၀ ကျော်တဲ့ ကြေးခေါင်းလောင်း ၁ လုံး အခိုးခံရပြီး အခုအခိုးခံရတာ သာစည်မြို့နယ်ထဲမှာ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ 

သြဂုတ် ၈ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ် သံဘိုအုပ်စု ကဘားတဲရွာ ဇိနမာရ်အောင်ဘုရားရှိ ကြေးပိဿာ ၁၀၀ ရှိ ခေါင်းလောင်း အခိုးခံခဲ့ရတာကြောင့် တလအတွင်း ကြေးခေါင်းလောင်း ၃ လုံး အခိုးခံခဲ့ရတာပါ။

သတင်း-မောင်မောင်လင်း

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သာစည် ရွှေစည်းခုံဘုရားတြင် ပိဿာ ၁၀၀ ရွိ ကြေးခေါင်းလောင်းကြီး ခိုးယူခံရ

မန္တေလးတိုင်း၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်၊ျေခာက္ခြဲရြာ ရွှေစည်းခုံဘုရား တောင္ဘက်ရွိ ကြေးပိဿာ ၁၀၀ ကော််ရွိ ‌ခေါင်းလောင်းကြီး ဒီနေ့မနက် အခိုးခံလိုက်ရတယ္လို့ ရွှေစည်းခုံဘုရား ကော်င်းထိုင်ဆရာတ္ကောျေပာပါတယ်။

ကော်င်းထိုင်ဆရာတော်ဉူးတေဇာသာရက “ျေခာက္ခြဲရြာနေ ဒေါ်အေးပုမိသားစုက လှူထားတာပါ။ လြန္ခဲ့တဲ့ ၁၉ နွစ်လောက္က လှူထားတာပေါ့၊ အဲတုန်းကကို ၁၀ သိန်းကော််လောက် ကုန္က်ထားတယ်။ အခုနေဆို သိန်း ၂၀ ကော််လောက် ကုန္မွာပေါ့။ ဘုန်းကြီးက ရွှေယင်မွေ်္ဘာုရားမွာ ပဋ္ဌာန်းရတ်ြနေတာ၊ ဉူးဇင်းဉူးစိတ္တရက ဖုန်းဆက်ျေပာတယ်၊ အဲဒါနဲ့ ဟံဇားရဲစခန်း အေကြာင်းကြားတယ် စခန်းမှူးနဲ့ အဖြဲ့လာသြားတယ်” လို့ မိန့္ပါတယ်။

ဟံဇားရြာရဲစခန်း တာဝန္က်ရဲဝန္ထမ်းက “ခိုးယူသြားတဲ့ ကြေးခေါင်းလောင်း အျမန်ဆုံျးပန်ရေအာင် စုံစမ်းနေပါတယ်” လို့ျေပာပါတယ်။

ဒေသခံကိုညိုကြီးက “ျမန္မာလူလူမိုးတြေရဲ့ ဘုရားတြေမွာ လုံခြုံရေးအားနည်းတယ်။ ဒုက္ခသည္ပျဲဖစ်ျဖစ်၊ ဘုရားဖူးပျဲဖစ်ျဖစ် အခိန္မေရြး ဝင်နိုင္ထြက်နိုင် တည်းခိုးနိုင္တယ်။ အဲတော့ ခိုးမယ့်သူက အလြယ်လေး ခိုးလို့ ရေနတယ်” လို့ျေပာပါတယ်။

မိတ္ထီလာခရိုင်အတြင်းမွာ တစ္လအတြင်း ကြေးပိဿာ ၁၀၀ ကော််ရွိ ခေါင်းလောင်း ၃ လုံး အခိုးခံခဲ့ရတာလည်ျးဖစ္ပါတယ်။

သာစည်မြို့နယ်အတြင်းမွာ ဇူလိုင် ၃၁ ရက္က ဝမ်းသာရြာ ဖောင္တန့္နားစေတီရွိ ကြေးပိဿာ ၁၀၀ ကေ်္တာဲ့ ကြေးခေါင်းလောင်း ၁ လုံး အခိုးခံရပြီး အခုအခိုးခံရတာ သာစည်မြို့နယ္ထဲမွာ ဒုတိယအကြိမ်ျေမာက်ျဖစ္ပါတယ်။

သြဂုတ် ၈ ရက်နေ့ကလည်း မိတ္ထီလာမြို့နယ် သံဘိုအုပ္စု ကဘားတဲရြာ ဇိနမာရ်အောင္ဘုရားရွိ ကြေးပိဿာ ၁၀၀ ရွိ ခေါင်းလောင်း အခိုးခံခဲ့ရတာကြောင့် တလအတြင်း ကြေးခေါင်းလောင်း ၃ လုံး အခိုးခံခဲ့ရတာပါ။

သတင်း-မောင်မောင္လင်း

Tags:

Source : DVB