fbpx

နာမည်ကြီး It Chapter Two ရုပ်ရှင် ကန်ဒေါ်လာ ၉၁ သန်းဖြင့် ရုံတင်ဝင်ငွေ ထိပ်ဆုံးဦးဆောင်

ပြီးခဲ့တဲ့ သောကြာနေ့ကမှ ရုံတင်ပြသခဲ့တဲ့ နာမည်ကြီး ဟောလိဝုဒ်ရုပ်ရှင် IT Chapter Two ဟာ Box Office ရုံတင်ဝင်ငွေဇယားမှာ အမေရိကန်ဒေါ်လာ ၉၁ သန်းနဲ့ ဦးဆောင်နေပါတယ်။

Supernatural Horror အမျိုးအစား ရုပ်ရှင်ကားတကားဖြစ်တဲ့ ဒီရုပ်ရှင်ကားကို  နာမည်ကြီး Warner Bros. ရုပ်ရှင်ထုတ်လုပ်ရေးကနေ တင်ဆက်လိုက်တာဖြစ်ပြီး အရင် IT ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ အာဂျင်တီးနား ရုပ်ရှင်ဒါရိုက်တာ Andy Muschietti ကပဲ  ထပ်မံပြီးတော့ ပုံဖော်ရိုက်ကူးပေးထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားဟာ အမေရိကန် နာမည်ကြီးစာရေးဆရာ စတီဖင်ကင်းရဲ့ ၁၉၈၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ IT ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ပထမရုပ်ရှင်ကား IT ထဲမှာတော့ Derry မြို့ငယ်လေးကို ရောက်ရှိလာခဲ့တဲ့ ချောက်ချားစရာ သွင်ပြင်နဲ့ မိစ်ဆာကောင်ကြီး Pennywise နဲ့ လူငယ်လေးတစုက ရင်ဆိုင်ခဲ့ကြရတာကို ရှုစားခဲ့ကြရတာ ဖြစ်ပါတယ်။ နောက်ဆက်တွဲရုပ်ရှင် Chapter Two ထဲမှာတော့ အချိန် ၂၇ နှစ်ကြာပြီးနောက်မှာ အဲဒီမြို့ကလေးကို Pennywise ပြန်ရောက်လာသလို သူ့ကို လက်စရှင်းဖို့ အရွယ်ရောက်ခဲ့ပြီဖြစ်တဲ့ Losers’ Club က လူငယ်လေးတွေကလည်း မြို့လေးကို ပြန်ရောက်လာကြတဲ့အခါ ဘာတွေ ဆက်ဖြစ်လာမလဲ။  ဘယ်လို သွေးပျက်ထိတ်လန့်စရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ဖန်တီးထားမလဲ ဆိုတာကိုတော့ မကြာခင်မှာပဲ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။

ဒီကားထဲမှာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင်မင်းသား James McAvoy ပါဝင်လာခဲ့ပြီး သူနဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ့ Jay Ryan တို့ကလည်း အတွဲညီညီ ပါဝင်ထားခဲ့ကြတာ ဖြစ်ပါတယ်။

ဘတ်ဂျတ် အမေရိကန်ဒေါ်လာ ၃၅ သန်း အကုန်အကျခံ ရိုက်ကူးခဲ့တဲ့ ပထမဆုံး IT ရုပ်ရှင်ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ ဝင်ငွေ အ မေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်ရရှိခဲ့ပြီး စံချိန်တင်နိုင်ခဲ့တာမို့ ခုနောက်ဆက်တွဲ ရုပ်ရှင်ကရော စံချိန်ချိုးနိုင်ပါ့မလား ဆိုတာကို ပရိသတ်တွေက စိတ်ဝင်စားနေခဲ့ကြတာ ဖြစ်ပါတယ်။

နာမည်ကြီး ဖို့ဘ်စ်မဂ္ဂဇင်းမှာတော့ ခုအသစ်ရုံတင်တဲ့ IT Chapter Two ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရုံတင်ခဲ့တဲ့ IT ရုပ်ရှင်ကားရဲ့ ပထမသီတင်းပတ် ရုံတင်ဝင်ငွေ အမေ ရိကန်ဒေါ်လာ ၁၂၃ သန်းကို မမီခဲ့ဘူးလို့ သုံးသပ်ထားပါတယ်။

Box Office ရဲ့ ဝင်ငွေထိပ်တန်းဇယားရဲ့ ဒုတိယနေရာမှာတော့ ၃ ပတ်မြောက် ပြသခဲ့ပြီး ပထမသီတင်းပတ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ သန်း၊ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၅၃ ဒဿမ ၅ သန်း ရရှိထားတဲ့ Angel Has Fallen ရုပ်ရှင်ကား ရှိနေပြီး တတိယ နေရာမှာတော့ ၄ ပတ်မြောက် ပြသခဲ့ပြီး ပထမသီတင်းပတ်ဝင်ငွေ အမေရိကန် ဒေါ်လာ ၅ ဒဿမ ၄ သန်း၊ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၆၆ ဒဿမ ၈ သန်း ရရှိထားတဲ့ Good Boys ရုပ်ရှင်ကားတွေက အသီးသီး ရပ်တည်နေတာ ဖြစ်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

နာမည်ကြီး It Chapter Two ရုပ်ရွင် ကန်ဒေါ်လာ ၉၁ သန်ျးဖင့် ရုံတင်ဝင်ငြေ ထိပ်ဆုံးဦးဆောင်

ပြီးခဲ့တဲ့ သောကြာနေ့ကမွ ရုံတင်ျပသခဲ့တဲ့ နာမည်ကြီး ဟောလိဝုဒ်ရုပ်ရွင် IT Chapter Two ဟာ Box Office ရုံတင်ဝင်ငြေဇယားမွာ အေမရိကန်ဒေါ်လာ ၉၁ သန်းနဲ့ ဦးဆောင်နေပါတယ်။

Supernatural Horror အမိုးအစား ရုပ်ရွင္ကားတကာျးဖစ္တဲ့ ဒီရုပ်ရွင္ကားကို  နာမည်ကြီး Warner Bros. ရုပ်ရွင္ထုတ္လုပ်ရေးကေန တင်ဆက္လိုက္တျာဖစ်ပြီး အရင် IT ရုပ်ရွင္ကားကို ရိုက္ကူးခဲ့တဲ့ အာဂ်င္တီးနား ရုပ်ရွင္ဒါရိုက္တာ Andy Muschietti ကပဲ  ထပ္မံပြီးတော့ ပုံဖော်ရိုက္ကူးပေးထားတျာဖစ္ပါတယ်။

ဒီရုပ်ရွင္ကားဟာ အေမရိကန် နာမည်ကြီးစာရေးဆရာ စတီဖင္ကင်းရဲ့ ၁၉၈၆ ခုနွစ္က ထြက်ရွိခဲ့တဲ့ IT ဝတ္ထုကို အျေခခံပြီး ရိုက္ကူးထားတျာဖစ္ပါတယ်။

ပထမရုပ်ရွင္ကား IT ထဲမွာတော့ Derry မြို့ငယ်လေးကို ရောက်ရွိလာခဲ့တဲ့ ခော်က္ခ်ားစရာ သြင်ျပင္နဲ့ မိစ္ဆာကောင်ကြီး Pennywise နဲ့ လူငယ်လေးတစုက ရင်ဆိုင္ခဲ့ကြရတာကို ရှုစားခဲ့ကြရတျာဖစ္ပါတယ်။ နောက်ဆက္တြဲရုပ်ရွင် Chapter Two ထဲမွာတော့ အခိန် ၂၇ နွစ်ကြာပြီးနောက္မွာ အဲဒီမြို့ကေလးကို Pennywiseျပန်ရောက္လာသလို သူ့ကို လက္စရွင်းဖို့ အရယ်ြရောက္ခဲ့ပျြီဖစ္တဲ့ Losers’ Club က လူငယ်လေးတြေကလည်း မြို့လေးကျိုပန်ရောက္လာကြတဲ့အခါ ဘာတြေ ဆက်ျဖစ္လာမလဲ။  ဘယ္လို သြေးပ်က္ထိတ္လန့္စရာကောင်းတဲ့ ဇာတ္လမ်းဇာတ္ကြက်တြေနဲ့ ပုံဖ္ဖောန္တီးထားမလဲ ဆိုတာကိုတော့ မကြာခင္မွာပဲ ပရိသတ်တြေက ရှုစားကြရမျွာဖစ္ပါတယ်။

ဒီကားထဲမွာတော့ နာမည်ကြီး ဟောလိဝုဒ် သရုပ်ဆောင္မင်းသား James McAvoy ပါဝင္လာခဲ့ပြီး သူနဲ့အတူ တျခား သရုပ်ဆောင် မင်းသား မင်းသမီးတျြေဖစ်ကြတဲ့ Jessica Chastain၊ Bill Hader၊ Isaiah Mustafa နဲ့ Jay Ryan တို့ကလည်း အတြဲညီညီ ပါဝင္ထားခဲ့ကြတျာဖစ္ပါတယ်။

ဘတ္ဂ်တ် အေမရိကန်ဒေါ်လာ ၃၅ သန်း အကုန်အက်ခံ ရိုက္ကူးခဲ့တဲ့ ပထမဆုံး IT ရုပ်ရွင္ကိုတော့ ပြီးခဲ့တဲ့ ၂၀၁၇ ခုနွစ္မွာ ရုံတင်ျပသခဲ့ပြီး Box Office မွာ ဝင်ငြေ အ မေရိကန်ဒေါ်လာ သန်း ၇၀၀ ကော််ရရွိခဲ့ပြီး စံခိန္တင်နိုင္ခဲ့တာမို့ ခုနောက်ဆက္တြဲ ရုပ်ရွင္ကေရာ စံခိန္ခိုးနိုင္ပါ့မလား ဆိုတာကို ပရိသတ်တြေက စိတ်ဝင္စားနေခဲ့ကြတျာဖစ္ပါတယ်။

နာမည်ကြီး ဖို့ဘ္စ္မဂ္ဂဇင်းမွာတော့ ခုအသစ်ရုံတင္တဲ့ IT Chapter Two ဟာ လြန္ခဲ့တဲ့ ၂ နွစ္က ရုံတင္ခဲ့တဲ့ IT ရုပ်ရွင္ကားရဲ့ ပထမသီတင်းပတ် ရုံတင်ဝင်ငြေ အေမ ရိကန်ဒေါ်လာ ၁၂၃ သန်းကို မမီခဲ့ဘူးလို့ သုံးသပ္ထားပါတယ်။

Box Office ရဲ့ ဝင်ငြေထိပ္တန်းဇယားရဲ့ ဒုတိယေနရာမွာတော့ ၃ ပတ်ျေမာက်ျပသခဲ့ပြီး ပထမသီတင်းပတ်ဝင်ငြေ အေမရိကန်ဒေါ်လာ ၆ သန်း၊ စုစုပေါင်းဝင်ငြေ အေမရိကန်ဒေါ်လာ ၅၃ ဒဿမ ၅ သန်း ရရွိထားတဲ့ Angel Has Fallen ရုပ်ရွင္ကား ရွိနေပြီး တတိယ နေရာမွာတော့ ၄ ပတ်ျေမာက်ျပသခဲ့ပြီး ပထမသီတင်းပတ်ဝင်ငြေ အေမရိကန် ဒေါ်လာ ၅ ဒဿမ ၄ သန်း၊ စုစုပေါင်းဝင်ငြေ အေမရိကန်ဒေါ်လာ ၆၆ ဒဿမ ၈ သန်း ရရွိထားတဲ့ Good Boys ရုပ်ရွင္ကားတြေက အသီးသီး ရပ္တည်နေတျာဖစ္ပါတယ်။

Tags:

Source : DVB