fbpx

မဲဆောက်တွင် တရားမဝင်မြန်မာ ၇ ဦးအား စိတ်ကြွဆေးနှင့်အတူဖမ်းမိ

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့မှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ ၇ ဦးကို စိတ်ကြွဆေးပြားတွေနဲ့ ဖမ်းဆီးရမိတယ်လို့ AEC အာဆီယံသတင်းမှာ ဖော်ပြပါတယ်။

မဲဆောက် ဒုမြို့နယ်မှူး၊ ပြည်သူ့စစ်၊ ကျေးရွာအုပ် ချုပ်ရေးမှူး နဲ့ ရပ်ရွာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းပါဝင်တဲ့ အင်အား ၃၀ ဟာ စက်တင်ဘာ ၈ ရက်နေ့က ရပ်ရွာလုံခြုံရေး၊ သစ်တောထွက်ပစ္စည်းများ ထိန်းသိမ်းရေး၊ သစ်တောနယ်မြေကျူးကျော်မှုများ တားဆီးရေးအတွက် နယ်မြေထဲကွင်းဆင်းစစ်ဆေးရာက တောထဲကနေ ဖြတ်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် လာတဲ့ မြန်မာနိုင်ငံသား ၇ ဦးကို စိတ်ကြွဆေး ၉ ပြားနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

သူတို့အားလုံးကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးလက်ဝယ်တွေ့ရှိမှုနဲ့ အရေးယူဖို့ မဲဆောက်ရဲစခန်းကို ဆက်လက်ပို့ဆောင်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

မဲဆောက်မြို့နယ်ထဲမှာ ခုတပတ်တွင်း နယ်မြေလုံခြုံမှုစစ်ဆေးရေးတွေ ဆောင်ရွက်နေရာ မှာ အရင်ပတ်ကလည်း မြန်မာဘက်ကမ်းကနေ သောင်ရင်းမြစ်ကို လှေနဲ့ဖြတ်ကူးပြီး ထိုင်း ဘက်ခြမ်း မဲဆောက်မြို့နယ် ထာ့ဆိုင်လွှတ်ရပ်ကွက်ထဲကို တရားမဝင် ဝင်ရောက်နေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၇၀ ကျော်  ပိတ်ဆို့ဖမ်းဆီးခံခဲ့ရပါတယ်။

Photo: aecaseannews


မဲဆောက္တြင် တရားမဝင်ျမန္မာ ၇ ဦးအား စိတ်ကြေဆးနွင့်အတူဖမ်းမိ
ဒီဗြီဘီ

ထိုင်-ျမန္မာနယ္စပ် တာ့ခ္ခရိုင် မဲဆောက်မြို့မွာ တရားမဝင် ဝင်ရောက္လာတျဲ့မန္မာ ၇ ဦးကို စိတ်ကြေဆျးပားတြေနဲ့ ဖမ်းဆီးရမိတယ္လို့ AEC အာဆီယံသတင်းမွာ ဖော်ျပပါတယ်။

မဲဆောက် ဒုမြို့နယ္မှူး၊ျပည်သူ့စစ်၊ ကေ်းရြာအုပ် ခ်ုပ်ရေးမှူး နဲ့ ရပ်ရြာလုံခြုံရေးအဖြဲ့တြေ ပူးပေါင်းပါဝင္တဲ့ အင်အား ၃၀ ဟာ စက္တင္ဘာ ၈ ရက်နေ့က ရပ်ရြာလုံခြုံရေး၊ သစ်တောထြက္ပစ္စည်းမ်ား ထိန်းသိမ်းရေး၊ သစ်တောနယ်ျေမက်ူးကေ်္မှာုမ်ား တားဆီးရေးအတြက် နယ်ျေမထဲကြင်းဆင်းစစ်ဆေးရာက တောထဲကေနျဖတ်ပြီး ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် လာတျဲ့မန္မာနိုင်ငံသား ၇ ဦးကို စိတ်ကြေဆး ၉ျပားနဲ့အတူ ဖမ်းဆီးရမိတယ္လို့ ဆိုပါတယ်။

သူတို့အားလုံးကို နိုင်ငံထဲ တရားမဝင် ဝင်ရောက္မှု၊ မူးယစ်ဆေးလက်ဝယ်တြေ့ရွိမှုနဲ့ အေရးယူဖို့ မဲဆောက်ရဲစခန်းကို ဆက္လက္ပို့ဆောင္ထားတယ္လို့ သတင်းမွာ ဖော်ျပပါတယ်။

မဲဆောက်မြို့နယ္ထဲမွာ ခုတပတ္တြင်း နယ်ျေမလုံခြုံမှုစစ်ဆေးရေးတြေ ဆောင်ရက်ြနေရာ မွာ အရင္ပတ္ကလည်ျးမန္မာဘက္ကမ်းကေန သောင်ရင်ျးမစ္ကို လွေနျဲ့ဖတ္ကူးပြီး ထိုင်း ဘက်ျခမ်း မဲဆောက်မြို့နယ် ထာ့ဆိုင္လွှတ်ရပ္ကြက္ထဲကို တရားမဝင် ဝင်ရောက်နေထိုင်နေတျဲ့မန္မာနိုင်ငံသား ၇၀ ကော်် ပိတ်ဆို့ဖမ်းဆီးခံခဲ့ရပါတယ်။
Photo: aecaseannews

Tags:

Source : DVB