fbpx

လူထုဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ကန်ဒေါ်လာ ၁၈၅ သန်း ချေးယူရန် လွှတ်တော်တွင် တင်ပြ

လူထုဖွံ့ဖြိုးရေး စီမံကိန်းဆောင်ရွက်ဖို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ကနေ အမေရိကန်ဒေါ်လာ ၁၈၅ သန်း ချေးယူဖို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက စက်တင်ဘာ ၉ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

ဒီစီမံကိန်းနဲ့ တိုင်းဒေသကြီး၊ ပြည်နယ် ၄ ခုက မြို့နယ် ၁၇ မြို့နယ်မှာ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းတွေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောပါတယ်။

ချေးငွေအပြင် ဒီစီမံကိန်းအတွက် ထောက်ပံ့ငွေအဖြစ် အာရှဖွံ့ဖြိုးရေးရန်ပုံငွေ (ADF) က အမေရိကန်ဒေါ်လာ ၁၀ သန်း၊ အာရှရင်းနှီးမြှုပ်နှံမှုအကူအညီရန်ပုံငွေ (AIF) က အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၅၈ သန်းနဲ့ ဂျပန်အစိုးရရဲ့ ဆင်းရဲလျော့ချရေး ရန်ပုံငွေက အမေရိကန်ဒေါ်လာ ၃ သန်း ပေးအပ်ကြမှာဖြစ်ပြီး အစိုးရကနေ ၁၉ ဒသမ ၃၇ သန်း ထည့်ဝင်ရဦးမှာဖြစ်တဲ့အတွက် စီမံကိန်းရဲ့ ကုန်ကျမယ့် စုစုပေါင်းတန်ဖိုးမှာ ၂၄၄ ဒသမ ၉၅ သန်းဖြစ်တယ်လို့ သိရပါတယ်။

“စီမံကိန်းမြို့နယ် ၁၇ မြို့နယ်မှာရှိတဲ့ ကျေးရွာ ၂၉၄၂ ရွာက ကျေးလက်လူဦးရေ ၁ ဒသမ ၈၁ သန်းကို အကျိုးပြုစေမှာ ဖြစ်ပါတယ်။ စီမံကိန်းမှာ ဒေသခံလူငယ် ၁၃၉၅ ဦးကို လူထုစည်းရုံရေးမှုးတွေအဖြစ် ခန့်အပ်မှာဖြစ်လို့ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း ရရှိစေမှာဖြစ်ပါတယ်” လို့ ဒုတိယဝန်ကြီး ဦးလှကျော်က ဆိုပါတယ်။

စီမံကိန်းကာလမှာ ၂၀၁၉-၂၀ ကနေ ၂၀၂၅-၂၆ ထိ ၇ နှစ် ဖြစ်ပြီး ချေးငွေ သတ်မှတ်ချက်တွေမှာ ဆိုင်းငံ့ကာလ ၈ နှစ် အတွက် အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ပြန်ဆပ်ကာလ ၂၄ နှစ်အတွက် အ တိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်ပြီး စုစုပေါင်း ချေးငွေသက်တမ်းမှာ ၃၂ နှစ် ဖြစ်ပါတယ်။

“စီမံကိန်းရည်ရွယ်ချက်အတိုင်း လူထုကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေ မိသားစုတွေရဲ့ ဝင်ငွေတိုးပွားစေခြင်း၊ လူနေမှု အဆင့်အတန်း မြင့်မားတိုးတက်စေခြင်းတို့မှတဆင့် နိုင်ငံတော်ရဲ့ ဂျီဒီပီ တိုးတက်မှုကို အထောက်အကူ ပြုနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။ ကျေးလက်နေပြည်သူတွေ အထူးသဖြင့် ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသနေပြည်သူတွေရဲ့ လူမှုစီးပွားဘဝတွေ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ စီမံကိန်းရန်ပုံငွေတွေကို ထိရောက်အောင် သုံးစွဲနိုင်ဖို့ အရေးကြီးပါတယ်” လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောပါတယ်။

စီမံကိန်းအကောင်အထည်ဖော်မယ့် ဧရီယာတွေမှာ ချင်းပြည်နယ်မှာ ၄ မြို့နယ်၊ စစ်ကိုင်းတိုင်းမှာ ၄ မြို့နယ်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၃ မြို့နယ်၊ တနင်္သာရီတိုင်းမှာ ၃ မြို့နယ်နဲ့ ဧရာဝတီတိုင်းမှာ ၃ မြို့နယ်တို့ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ၂၀၁၉ ခုနှစ် ဇွန်လထိ ပြည်ပကြွေးမြီ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၀၃၉ ဒသမ ၀၂၂ သန်းရှိပြီး ပေးဆပ်ဖို့ လက်ကျန် အမေရိကန်ဒေါ်လာ ၈၄၉ ဒသမ ၅၈၁ သန်း ရှိတယ်လို့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လူထုဖြံ့ဖြိုးရေးလုပ်ငန်းမ်ားအတြက် ကန်ဒေါ်လာ ၁၈၅ သန်း ခေ်းယူရန် လွှတ်တ္တောငြ် တင်ျပ

လူထုဖြံ့ဖြိုးရေး စီမံကိန်းဆောင်ရက္ဖြို့ အာရွဖြံ့ဖြိုးရေးဘဏ် (ADB) ကေန အေမရိကန်ဒေါ်လာ ၁၈၅ သန်း ခေ်းယူဖို့ စိုက္ပိုးရေး၊ မြေျးမူရေးနွင့် ဆည်ျေမာင်းဝန်ကြီးဌာနက စက္တင္ဘာ ၉ ရက်နျေ့ပည်ထောင္စုလွှတ်တ္မေွာာ တင်ျပခဲ့ပါတယ်။

ဒီစီမံကိန်းနဲ့ တိုင်းဒေသကြီး၊ျပည္နယ် ၄ ခုက မြို့နယ် ၁၇ မြို့နယ္မွာ သဘာဝေဘးအန္တရာယ် ကာကြယ်ရေးလုပ်ငန်းတြေ၊ ကေ်းလက်ဒေသဖြံ့ဖြိုးရေးနဲ့ ဆင်းရဲနမြ်းပါးမှု လွော့်ခ်ရေးလုပ်ငန်းတြေ ဆောင်ရက်ြသြားမယ္လို့ စိုက္ပိုးရေး၊ မြေျးမူရေးနွင့် ဆည်ျေမာင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွေက်္ကာျေပာပါတယ်။

ခေ်းငြေအျပင် ဒီစီမံကိန်းအတြက် ထောက္ပံ့ငြေအျဖစ် အာရွဖြံ့ဖြိုးရေးရန္ပုံငြေ (ADF) က အေမရိကန်ဒေါ်လာ ၁၀ သန်း၊ အာရွရင်းနွီျးမှုပ်နွံမှုအကူအညီရန္ပုံငြေ (AIF) က အေမရိကန်ဒေါ်လာ ၂၇ ဒသမ ၅၈ သန်းနဲ့ ဂ်ပန်အစိုးရရဲ့ ဆင်းရဲလော့်ခ်ရေး ရန္ပုံငြေက အေမရိကန်ဒေါ်လာ ၃ သန်း ပေးအပ်ကြမျွာဖစ်ပြီး အစိုးရကေန ၁၉ ဒသမ ၃၇ သန်း ထည့်ဝင်ရဦးမျွာဖစ္တဲ့အတြက် စီမံကိန်းရဲ့ ကုန္က်မယ့် စုစုပေါင်းတန္ဖိုးမွာ ၂၄၄ ဒသမ ၉၅ သန်ျးဖစ္တယ္လို့ သိရပါတယ်။

“စီမံကိန်းမြို့နယ် ၁၇ မြို့နယ္မွာရွိတဲ့ ကေ်းရြာ ၂၉၄၂ ရြာက ကေ်းလက္လူဦးရေ ၁ ဒသမ ၈၁ သန်းကို အကိုျးပုစေမျွာဖစ္ပါတယ်။ စီမံကိန်းမွာ ဒေသခံလူငယ် ၁၃၉၅ ဦးကို လူထုစည်းရုံရေးမှုးတြေအျဖစ် ခန့်အပ္မျွာဖစ္လို့ အလုပ်အကိုင် အခြင့်အလမ်းတြေလည်း ရရွိစေမျွာဖစ္ပါတယ်” လို့ ဒုတိယဝန်ကြီး ဦးလွေက်္ကာ ဆိုပါတယ်။

စီမံကိန်းကာလမွာ ၂၀၁၉-၂၀ ကေန ၂၀၂၅-၂၆ ထိ ၇ နွစ်ျဖစ်ပြီး ခေ်းငြေ သတ္မွတ္ခ်က်တြေမွာ ဆိုင်းငံ့ကာလ ၈ နွစ် အတြက် အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ျပန်ဆပ္ကာလ ၂၄ နွစ်အတြက် အ တိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်ျးဖစ်ပြီး စုစုပေါင်း ခေ်းငြေသက္တမ်းမွာ ၃၂ နွစ်ျဖစ္ပါတယ်။

“စီမံကိန်းရည်ရယ္ခ်ြက်အတိုင်း လူထုကိုယ္တိုင် ပါဝင်ဆောင်ရကြ်ျခင်ျးဖင့် ကေ်းလက်နေ မိသားစုတြေရဲ့ ဝင်ငြေတိုးပြားဈေခင်း၊ လူနေမှု အဆင့်အတန်ျးမင့္မားတိုးတက်ဈေခင်းတို့မွတဆင့် နိုင်ငံတော်ရဲ့ ဂ်ီဒီပီ တိုးတက္မှုကို အေထာက်အကျူပုနိုင်အောင် ဆောင်ရက်ြသင့္ပါတယ်။ ကေ်းလက်နျေပည်သူတြေ အထူးသျဖင့် ဖြံ့ဖြိုးမှု နောက္က်နေတဲ့ ဒေသေနျပည်သူတြေရဲ့ လူမှုစီးပြားဘဝေတြ အမွန္တကယ် ဖြံ့ဖြိုးတိုးတက္လာစေဖို့ စီမံကိန်းရန္ပုံငြေတြကို ထိရောက်အောင် သုံးစြဲနိုင္ဖို့ အေရးကြီးပါတယ်” လို့ စီမံကိန်းနွင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကျေပာပါတယ်။

စီမံကိန်းအေကာင်အထည်ဖ္မောယ့် ဧရီယာတြေမွာ ခ်င်ျးပည္နယ္မွာ ၄ မြို့နယ်၊ စစ္ကိုင်းတိုင်းမွာ ၄ မြို့နယ်၊ နာဂကိုယ္ပိုင်အုပ္ခ်ုပ္ခြင့်ရေဒသမွာ ၃ မြို့နယ်၊ တနင်္သာရီတိုင်းမွာ ၃ မြို့နယ္နဲ့ ဧရာဝတီတိုင်းမွာ ၃ မြို့နယ္တို့ ဆောင်ရက်ြသြားမယ္လို့ျေပာပါတယ်။

စိုက္ပိုးရေး၊ မြေျးမူရေးနွင့် ဆည်ျေမာင်းဝန်ကြီးဌာနအေနနဲ့ ၂၀၁၉ ခုနွစ် ဇြန္လထျိပည္ပကြေးမြီ စုစုပေါင်း အေမရိကန်ဒေါ်လာ ၂၀၃၉ ဒသမ ၀၂၂ သန်းရွိပြီး ပေးဆပ္ဖို့ လက္က်န် အေမရိကန်ဒေါ်လာ ၈၄၉ ဒသမ ၅၈၁ သန်း ရွိတယ္လို့ ဦးမောင်မောင်ဝင်းက ဆိုပါတယ်။

Tags:

Source : DVB