fbpx

တာလီဘန် စစ်သွေးကြွများကို ဆက်လက်ဖိအားပေးသွားမည်ဟု အမေရိကန်ပြော

အာဖဂန်နစ္စတန် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ရပ်ထားလိုက်ပေမယ့် အမေရိကန်ဟာ အာဖဂန်စစ်တပ်ကို စစ်ရေးအကူအညီတွေ ဆက်ပေးပြီး တာလီဘန် စစ်သွေးကြွတွေအား ဆက်လက်ဖိအားပေးသွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ် ပွန်ပေအိုက စက်တင်ဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။

တာလီဘန်တွေရဲ့ အဓိကခေါင်းဆောင်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးနေတာကို ဖျက်သိမ်းတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စက်တင်ဘာ ၇ ရက်နေ့က ရုတ်တရက် ကြေညာလိုက်ပါတယ်။

အမေရိကန် စစ်သည် ၁ ဦးနဲ့ တခြားလူ ၁၁ ယောက် သေဆုံးခဲ့ရတဲ့ အရင်အပတ်က ကဘူးမြို့ တိုက်ခိုက်မှုကို တာလီဘန်တွေက လုပ်တာလို့ ကြေညာအပြီး ထရမ့်က ခုလို ကြေညာခဲ့တာပါ။

အာဖဂန်နစ္စတန်အတွက် အမေရိကန် အထူးသံတမန် ဇယ်မေ ခါလစ်ဇဒ်ကိုလည်း ဝါရှင်တန် ပြန်လာဖို့ အစိုးရက ပြန်ခေါ်ခဲ့တယ်လို့ ပွန်ပေအိုက ပြောပါတယ်။

အာဖဂန် ဆွေးနွေးပွဲတွေ လုံးဝ ရပ်လိုက်တဲ့ အဓိပ္ပာယ်လားလို့ မေးရာမှာ ခုလောလောဆယ် အဲဒီ အတိုင်းပဲလို့ ပွန်ပေအိုက ဖြေပါတယ်။ 

တာလီဘန်တွေက လုံခြုံရေး အာမခံရင် အပြန်အလှန်အနေနဲ့ အမေရိကန်တပ်တွေ အာဖဂန်ကနေ ပြန်ရုပ်သိမ်းရေး စီမံကိန်းအတွက် အမေရိကန်နဲ့ တာလီဘန် ကိုယ်စားလှယ်တွေ ဆွေးနွေးနေတာ လချီ ကြာနေပါပြီ။

အမေရိကန်တပ်တွေ လျှော့ချ ရုပ်သိမ်းရေးဟာ ကတိတွေအပေါ် မူတည်တာ မဟုတ်ဘဲ မြေပြင် အခြေအနေက လက်တွေ့ ဖြစ်ရပ်တွေပေါ်မှာ အခြေခံမယ်၊ သမ္မတ ထရမ့်ရဲ့ ရည်မှန်းချက် ၂ ရပ် မရဘဲ တပ်တွေကို ပြန်ဆုတ်မှာ မဟုတ်ဘူးလို့ ပွန်ပေအိုက ပြောခဲ့ပါတယ်။

~~~~~~~~~~~~~~~~~

Zawgyi_version

တာလီဘန် စစ်သြေးကြမ်ားကို ဆက္လက္ဖိအားပေးသြားမည်ဟု အေမရိကန်ျေပာ

အာဖဂန္နစ္စတန် ငြိမ်းခ်မ်းရေး ဆြေးနြေးပြဲတြေကို ရပ္ထားလိုက်ပေမယ့် အေမရိကန်ဟာ အာဖဂန္စစ္တပ္ကို စစ်ရေးအကူအညီတြေ ဆက်ပေးပြီး တာလီဘန် စစ်သြေးကြေတြအား ဆက္လက္ဖိအားပေးသြားမယ္လို့ အေမရိကန်နိုင်ငျံခားရေးဝန်ကြီး မိုက္ခ် ပြန်ပေအိုက စက္တင္ဘာ ၈ ရက္မွာျေပာလိုက္ပါတယ်။

တာလီဘန်တြေရဲ့ အဓိကေခါင်းဆောင်တြေနဲ့ ငြိမ်းခ်မ်းရေး ဆြေးနြေးနေတာကို ဖ်က်သိမ်းတယ္လို့ အေမရိကန်သမ္မတ ဒေါ်နယ္ထရမ့္က စက္တင္ဘာ ၇ ရက်နေ့က ရုတ္တရက် ကြေညာလိုက္ပါတယ်။

အေမရိကန် စစ်သည် ၁ ဦးနဲ့ တျခားလူ ၁၁ ယောက် သေဆုံးခဲ့ရတဲ့ အရင်အပတ္က ကဘူးမြို့ တိုက္ခိုက္မှုကို တာလီဘန်တြေက လုပ္တာလို့ ကြေညာအပြီး ထရမ့္က ခုလို ကြေညာခဲ့တာပါ။

အာဖဂန္နစ္စတန်အတြက် အေမရိကန် အထူးသံတမန် ဇယ်မေ ခါလစ္ဇဒ္ကိုလည်း ဝါရွင္တန်ျပန္လာဖို့ အစိုးရကျပန်ခေါ်ခဲ့တယ္လို့ ပြန်ပေအိုကျေပာပါတယ်။

အာဖဂန် ဆြေးနြေးပြဲတြေ လုံးဝ ရပ္လိုက္တဲ့ အဓိပ္ပာယ္လားလို့ မေးရာမွာ ခုလောလောဆယ် အဲဒီ အတိုင်းပဲလို့ ပြန်ပေအိုကျေဖပါတယ်။

တာလီဘန်တြေက လုံခြုံရေး အာမခံရင် အျပန်အလွန်အေနနဲ့ အေမရိကန္တပ်တြေ အာဖဂန္ကေနျပန်ရုပ်သိမ်းရေး စီမံကိန်းအတြက် အေမရိကန္နဲ့ တာလီဘန် ကိုယ္စားလွယ်တြေ ဆြေးနြေးနေတာ လခ်ီ ကြာနေပါပြီ။

အေမရိကန္တပ်တြေ လွော့်ခ် ရုပ်သိမ်းရေးဟာ ကတိတြေအေပါ် မူတည္တာ မဟုတ္ဘဲျေမျပင် အျေခအေနက လက်တြျေ့ဖစ်ရပ်တြေပ်ါမွာ အျေခခံမယ်၊ သမ္မတ ထရမ့်ရဲ့ ရည္မွန်းခ်က် ၂ ရပ် မရဘဲ တပ်တြေကျိုပန်ဆုတ္မွာ မဟုတ္ဘူးလို့ ပြန်ပေအိုကျေပာခဲ့ပါတယ်။

Tags:

Source : DVB