fbpx

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့တွင် နှစ်ပေါင်း ၃၁ နှစ်အတွင်း မိုးရေချိန်စံချိန်သစ်တင်

မိုးရေချိန်စံချိန်သစ်တင်မှုကို ပြသည့် ဇယားအားတွေ့ရစဉ် (ဓာတ်ပုံ–မိုးဇလ)

ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့တွင် နှစ်ပေါင်း ၃၁ နှစ်အတွင်း မိုးရေချိန်စံချိန်သစ် တင်ခဲ့ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဇလွန်မြို့တွင် မိုးရေချိန်စံချိန်ဟောင်း ၁၀၀ မီလီမီတာ မှ စံချိန်သစ် ၁၀၃ မီလီမီတာ အထိ မိုးရေချိန် စံချိန်သစ်တင်ခဲ့ကြောင်း သိရသည်။

ယခင်စံချိန်ကျိုးခဲ့သည့် နှစ်မှာ ၂၀၀၅ ခုနှစ် ဖြစ်ကြောင်း မိုးဇလ ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။  (Xinhua) 

 

Source : Xinhua Myanmar