fbpx

ထိုင်းအစိုးရ ကန့်သတ်မှုတွေ၊ ဝင်စွက်ဖက်မှုတွေ ဖြစ်တဲ့အတွက် ကျနော်တို့ လက်မခံတာပါ – ဦးအောင်မျိုးမင်း

၂၀၁၉ ခုနှစ် အာဆီယံအရပ်ဘက်အဖွဲ့အစည်းများညီလာခံ-လူထုဖိုရမ် (ACSC/APF) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ စက်တင်ဘာ ၁၀ ရက်ကနေ  ၁၂ ရက်အထိ ကျင်းပနေပါတယ်။ ဒီဖိုရမ်ကို အစောပိုင်းက ဘန်ကောက်မြို့လယ်မှာ ကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် အစိုးရရဲ့ ကန့်သတ်မှုတွေကြောင့် မြို့ပြင်ကို ပြောင်း‌ရွှေ့ပြုလုပ်ခဲ့ရပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်ပြီး ညီမျှခြင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းကို  ကိုပီတာအောင်က ဖိုရမ်အတွင်း တွေ့ဆုံမေးမြန်းထားပါတယ်။

ဒီဖိုရမ်က မြို့ထဲမှာ ကျင်းပဖို့လုပ်ရာကနေပြီးတော့ ရွှေ့လိုက်တယ်လို့ သိရတယ်၊ အဲဒီအကြောင်းတွေနဲ့ ပတ်သက်ပြီးတော့ ရှင်းပြပေးပါလား။

“အစပိုင်းမှာ မြို့ထဲမှာရှိတဲ့ ဟိုတယ်မှာ လုပ်မလို့ပါ။  ထိုင်းအစိုးရကလည်း ဒါကို သူတို့ ပံ့ပိုးကူညီပြီး ငွေးကြေးအရ ကူညီမှုရှိမယ်လို့ ပြောထားတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ဒီလိုမျိုး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေလုပ်တဲ့ အစီစဉ်တွေ တက်ရောက်လာတဲ့သူတွေကို ထိုင်းအစိုးရက ဘယ်သူတွေ တက်လဲ ဆိုတာကို သိချင်တယ်တို့၊ နောက်တခါ အစီအစဉ်မှာ ဝင်ရောက်စွက်ဖက်တဲ့ဟာ များတဲ့အတွက် ဒီကိစ္စဟာ အစိုးရနဲ့သက်ဆိုင်တဲ့ပွဲ မဟုတ်ဘူး။ အရပ်ဘက်လူမှုအဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ပွဲ ဖြစ်တဲ့အတွက် ကျနော်တို့ ဒါကို လက်မခံဘူး။ လက်မခံတဲ့အနေနဲ့ ကျနော်တို့က သူတို့ပေးတဲ့ငွေနဲ့ ကျနော်တို့ မယူတော့ဘဲနဲ့ သူတို့ စီစဉ်တဲ့နေရာမှာ မကျင်းပဘဲ အခုလိုမျိုး မြို့ပြင်မှာ လုပ်တာ ဖြစ်ပါတယ်။ သူတို့ကတော့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့သဘော ရှိတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ နေရာမျိုးမှာ သူတို့က ဝင်ရောက်ပြီးတော့ ခြယ်လှယ်မှုတွေ၊ ကန့်သတ်မှုတွေ လုပ်လာတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုး အရပ်ဘက်အဖွဲ့အစည်းတွေ သီးသန့်ဖော်ဆောင်တဲ့ နေရာတခုကို ကျနော်တို့ စီစဉ်လိုက်တာ ဖြစ်ပါတယ်။ ”

အဓိကအားဖြင့် ငွေကြေးဖြတ်တာလို့လည်း ကျနော်တို့ ကြားတယ်။ အဲဒီတော့ အရေးပေါ်ငွေကြေးတွေ လိုက်ပြီးအကူအညီတောင်းပြီးတော့ မရမက လုပ်လိုက်တယ်လို့ သိရပါတယ်။  အဲဒါတွေ ပြောပြပေးပါလား။

“သူတို့ ဖြတ်တာ မဟုတ်ပါဘူး။ ကျနော်တို့က လက်မခံတော့တာ။ ငွေထောက်ပံ့တယ်ဆို ပြီးတော့ အရပ်ဘက်အဖွဲ့အစည်းရဲ့ကိစ္စတွေ ဝင်ရောက်စီမံခန့်ခွဲတာတွေ မဖြစ်သင့်ဘူး။ ဒီအာဆီယံ people forum ဆိုတာ အာဆီယံမှာရှိတဲ့ ပြည်သူတွေက အဓိက ဦးဆောင်လုပ်ပြီးတော့ အစိုးရက ပံ့ပို့ပေးတဲ့သဘောမျိုးပဲ။ ဒါပေမဲ့ အခုနလိုမျိုး ငွေကြေးပေးမယ်၊ အစီစဉ်တွေ တက်ရောက်တဲ့လူတွေကို ကန့်သတ်မှုတွေ၊ ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်တဲ့အတွက် ကျနော်တို့က လက်မခံတာပါ။ နောက်ဆုံးမိနစ် ဖြစ်တဲ့အတွက် အစိုးရက ပေးထားမယ့်ငွေကို ကျနော်တို့ ပြန်အပ်လိုက်တဲ့အခါမှာ ငွေကြေးအခက်အခဲတော့ အများကြီးရှိပါတယ်။ အဲဒါကြောင့်မို့လို့ ဒီမှာရှိတဲ့ တချို့သော သံရုံးတွေ ဖိုင်းနင်းအင်ဂျင်စီတွေကို နောက်ဆုံးမိနစ်မှာ အသည်းအသန် ကျနော်တို့ ပြန်ပြီးတော့ တောင်းရတယ်။ အဲဒီတော့ ဖြစ်တဲ့နေရာမှာ ရသလောက် ကျနော်တို့ ပြန်ပြီးတော့ လုပ်နိုင်တာဟာ ဒီပွဲလေးရဲ့ အနှစ်သာရပဲ ဖြစ်ပါတယ်။”

အရင်တုန်းကတော့ ထိုင်းအစိုးရက စစ်အစိုးရပေါ့၊ အခုကတော့ ရွေးကောက်ခံ အစိုးရ ဖြစ်လာရက်နဲ့ ဘာကြောင့်မို့လို့ အရပ်ဘက်အဖွဲ့အစည်းတွေ လုပ်တဲ့ပွဲတွေကို အားမပေးတဲ့အပြင်ကို အဆင်မပြေအောင် အခုလိုမျိုး လုပ်တာ ဘာကြောင့်လို့ ထင်လဲ။

“ကျနော်တို့က ပထမဆုံး ထိုင်းနိုင်ငံက အရင်တုန်းကလိုပဲ ဒီမိုကရေစီပွင့်လင်းပြီးတော့ ဒီပွဲကို တကယ့်ကို အရပ်ဘက်လူမှုအဖွဲ့အစည်းအခန်းကဏ္ဍ လွတ်လွတ်လပ်လပ် ပြောနိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဖြစ်တာက ဘယ်လိုလဲဆိုရင်တော့ ဝန်ကြီးချုပ်ကိုယ်တိုင်က သူ့မှာ National sicurity လို့ခေါ်တဲ့ အမျိုးသားလုံခြုံရေးကိစ္စကို သူတို့ စိုးရိမ်တယ်။ ဒါ့ကြောင့်မို့လို့ တချို့ကိစ္စတွေ တချို့သောသူ တက်ရောက်ဖို့အတွက် သူတို့မှာ စိုးရိမ်ပူပန်မှု National sicurity  ဆိုတဲ့ အမြင်ဘက်ကနေ သူတို့ ကန့်သတ်တာရှိပါတယ်။ အမှန်တော့ ဒီပွဲလေးဟာ ထိုင်းနိုင်ငံတခုတည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံတခုတည်း မဟုတ်ပါဘူး။ အာဆီယံမှာ ဖြစ်နေတဲ့ကိစ္စတွေကို ဖော်ဆောင်ဆွေးနွေးပြီးတော့ အာဆီယံအစိုးရတွေကို ပိုမိုကောင်းမွန်တဲ့ လူ့အခွင့်အရေးကိစ္စ၊ အခြားသောကဏ္ဍတွေ ပေါ်ပေါက်လာလို့ တိုက်တွန်းမယ့်ပွဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခုန ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ဦးစားပေးပြီးတော့ ကန့်သတ်မှုတွေ ရှိလာတယ်လို့ ကျနော်တို့ ဒါ တွက်ဆမိပါတယ်။ ထိုင်းနိုင်ငံ တနိုင်ငံတည်းနဲ့ သက်ဆိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ အာဆီယံဒေသလုံးမှာ ရှိတဲ့ နိုင်ငံ ၁၀ နိုင်ငံအပြင် မကြာမီမှာ အဖွဲ့ဝင်နိုင်ငံဖြစ်မယ့် တီမောနိုင်ငံ အပါအဝင် ရှိနေတဲ့ ပြည်သူတွေရဲ့အသံ၊ ဆန္ဒ၊ သူတို့ရဲ့ တိုက်တွန်းချက်တွေကို ဖော်ဆောင်မယ့်ပွဲပဲ ဖြစ်ပါတယ်။”

အခုလိုမျိုး နောက်ဆုံးမိနစ်မှာ ရွှေ့ပြောင်းလိုက်ရတဲ့အတွက်ကြောင့် မြန်မာပြည်က အစ်ကိုတို့လို အရပ်ဘက်အဖွဲ့အစည်းတွေက တက်ရောက်မယ့်လူတွေအတွက် ဘယ်လိုမျိုး အခက်အခဲတွေ ကြုံခဲ့ရလဲ။

“ကျနော်တို့ နေထိုင်သွားလာမှု တော်တော်ကြီးကို အဆင်မပြေတာ ဖြစ်တယ်။ အရင်က မြို့ထဲမှာ စီစဉ်ထားတယ်။ အဲဒါကြောင့် ဒီကို ပြောင်းတဲ့အခါ နေရာသစ်ရှာရတဲ့အပြင် အရင်တုန်းက ပေးထားတဲ့ စပေါ်တွေ ဆုံးရှုံးတာလည်း ရှိတယ်။ အရင်တုန်းကဆိုရင် အလုပ်ရုံ ဆွေးနွေးပွဲတွေက သုံးဆယ်ကျော် ရှိပါတယ်။ အခုက အခြေအနေရ လျှော့လိုက်ရတယ်။ တချို့ workshop ၃ ခုလောက်ကို ပေါင်းလိုက်ရတဲ့အခါမှာ တချို့ issue တွေက အရင်တုန်းကလို ကျယ်ကျယ်ပြန့်ပြန့်နဲ့ ပြည့်ပြည့်ဝဝ ဆွေးနွေးနိုင်မယ့် အနေအထားမျိုး သိပ်မရှိတော့ဘဲနဲ့ ချုံ့ပြီး လုပ်ဆောင်ရတဲ့ကိစ္စမျိုး ဖြစ်ပါတယ်။ နေရာအနေအထားကိုက အခန်းတွေဖွဲ့လို့ရတဲ့ အနေအထားမျိုး မရှိဘူး။ အဲဒီတော့ အစီအစဉ်ချုံ့တာတွေ၊ မလိုလားအပ်ဘဲ ငွေကြေးကုန်ကျမှု ပိုမိုများသွားတာတွေ အဓိကကြုံတွေ့ရတဲ့ အခက်အခဲပါပဲ။”

ဒီနေ့မှာ ကိုအောင်မျိုးမင်းကိုယ်တိုင်အနေနဲ့ ဆွေးနွေးဖို့ မရှိသေးဘူးလို့ သိရတယ်။ နောက်နေ့မှာ အစ်ကို့အနေနဲ့ အဓိက ဘာဆွေးနွေးဖို့ ပြင်ထားလဲ။

“အခု အစီအစဉ် ချုံ့လိုက်တဲ့အတွက် ကျနော်က အစီအစဉ်နှစ်ခုပဲ ရှိပါတော့တယ်။ တခုက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အကြောင်းနဲ့ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများရဲ့ အခြေအနေတွေ တင်ပြတဲ့ workshop တခုရယ်၊ LGBT လို့ ခေါ်တဲ့ လိင်စိတ်ကွဲပြားသူများရဲ့ အခြေအနေ၊ ဒေသတွင်းမှာ သူတို့ရဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ နှစ်ခုပဲ ကျန်ပါတော့တယ်။ ကျန်တဲ့ workshop တွေလည်း အများကြီးကနေ ချုံ့လိုက်ရတဲ့အတွက် Speaker ၊ workshop ဆွေးနွေးတဲ့ panel list အကူးအပြောင်းပဲ ရှိပါတယ်။”

အစ်ကို့အနေနဲ့ အဓိက တခုပဲ ဆွေးနွေးရမယ်ဆိုတော့ အဲဒီ section မှာရော မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမက်ဆေ့ခ်ျ အဓိက ပေးချင်တာလဲ၊ သတင်းစကား ပါးချင်တာလဲ။

“ကျနော်ကတော့ အာဆီယံဒေသတခုလုံးမှာရှိတဲ့ကိစ္စ လွှမ်းခြုံပြောရမှာပါ။ ဒါပေမဲ့ မြန်မာပြည်မှာ မကြာခင်က ဖြစ်ခဲ့တဲ့ ငြိမ်းစုစီကြောင့် အဖမ်းခံထိတဲ့ ကိစ္စတွေ၊ ဆက်သွယ်ရေးဥပဒေနဲ့ အဖမ်းခံထိတဲ့သူတွေရဲ့ စာရင်းတွေအပြင် အာဆီယံဒေသတွင်းမှာလည်း လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ပတ်သက်ပြီး အန္တရာယ်နဲ့ ဆက်လက်ကြုံတွေ့နေရတယ်။ အာဆီယံဒေသတွင်းမှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ကာကွယ်နိုင်မယ့် ဥပဒေစိုးမိုးမှုတွေ၊ တရားဥပဒေ အားနည်းနေတဲ့ အချက်တွေကို အဓိကထားပြီး ပြောမှာ ဖြစ်ပါတယ်။”

မြန်မာပြည်က LGBT လှုပ်ရှားတဲ့သူတွေအတွက်ရော ဘယ်လိုမျိုးကိစ္စတွေ ထည့်သွင်း‌ဆွေးနွေးကြဖို့ ရှိလဲ။

“LGBT ကတော့ အာဆီယံဒေသအတွင်းမှာ လက်ခံတဲ့နိုင်ငံတွေ ရှိသလို လက်မခံတဲ့ နိုင်ငံတွေလည်း အများကြီး ရှိပါသေးတယ်။ အထူးသဖြင့် ပုဒ်မ ၃၇၇ လို့ ခေါ်တဲ့ ရာဇသတ်ကြီး ပုဒ်မအရ LGBT တွေကို ဓမ္မတာနှင့်ဆန့်ကျင်သော အပြုအမူဆိုတဲ့ သတ်မှတ်ချက်တွေက မြန်မာနိုင်ငံအပြင် မလေးရှား၊ စင်ကာပူ၊ ဘူရူနိုင်း စတဲ့နိုင်ငံတွေမှာ ဆက်လက်ရှိနေတုန်းပဲ။ မြန်မာနိုင်ငံမှာ ဒါကို ပြုပြင်ပြောင်းလဲဖို့ ကြိုးစားနေသလို အာဆီယံမှာ ကျန်တဲ့နိုင်ငံတွေနဲ့ လက်တွဲလုပ်ဆောင်ဖို့ကိစ္စ။ နောက်တခုက LGBT တွေကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေက ထိုင်းနိုင်ငံလို နေရာမျိုးမှာလည်း ရှိနေတယ်လို့ ကျနော်တို့ ပြင်ဆင်ချက်မှာ တွေ့ရတယ်။ အဲဒီအချက်တွေကို ဘယ်လိုမျိုး ပြုပြင်ပြောင်းလဲနိုင်မလဲ၊ အထူးသဖြင့် အာဆီယံမှာရှိတဲ့ လူ့အခွင့်အရေးယန္တရားထဲမှာ LGBT ‌တွေကို အထူးကာကွယ်ပေးတဲ့ အချက်တွေ၊ အထူးကာကွယ်စောင့်ရှောက်ပေးတဲ့ လုပ်ငန်းစဉ်တွေ ဖော်ဆောင်ဖို့အတွက် အာဆီယံအစိုးရကို တိုက်တွန်းသွားမှာ ဖြစ်ပါတယ်။”

အကျဉ်းချုံးပြီး ကျင်းပလိုက်ရတဲ့ ဒီဖိုရမ်ကနေပြီးတော့ မြန်မာပြည်သူလူထုတွေရော၊ အာဆီယံ ပြည်သူလူထုတွေအတွက်ရော ဘာအကျိုးရလဒ် ရှိမယ်လို့ ထင်လဲ။

“ဒီနှစ်ကတော့ ထူးထူးခြားခြား အစိုးရနဲ့ အဆင်ပြေပြီးမှ နောက်ဆုံးမိနစ်အချိန်မှာ ပြောင်းလိုက်ရတယ်။ ကသီလင်တ အများကြီးရှိတယ်။ ဒါပေမဲ့ ဒီနှစ်ပွဲက အာဆီယံမှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်း၊ CSO တွေ အစစ်အမှန်၊ People Organisation တွေ အစစ်အမှန်တွေ စုဝေးပြီးတော့ တကယ့်အသံ ထုတ်ဖော်တဲ့ပွဲ ဖြစ်ပါတယ်။ အစိုးရကနေ စပွန်ဆာပေးပြီးတော့ အစိုးရ အလိုကျ ပြောမယ့်ပွဲမျိုး မဟုတ်တာကို ကျနော်တို့ ဂုဏ်ယူပါတယ်။ အဲဒါကတော့ အာဆီယံ people forum ရဲ့ ရည်မှန်းချက်လည်း ဖြစ်သလို စောင့်ထိန်းရမယ့် ဂုဏ်သိက္ခာလည်း ဖြစ်ပါတယ်။ အခက်အခဲ ဘယ်လိုရှိရှိ အာဆီယံမှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဖြစ်အောင် လုပ်နိုင်တယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်း အသံကို ဖော်ဆောင်နိုင်တယ်။ အဲဒီအသ့တွေကို အာဆီယံအစိုးရတွေအားလုံး လေးစားလိုက်နာအောင် အတတ်နိုင်ဆုံး ဆက်လက်လုပ်ဆောင်သွားပါမယ်။ အာဆီယံအစိုးရထဲမှာလည်း မြန်မာအစိုးရ ပါဝင်တဲ့အတွက် အခုလို ဒေသအတွင်းမှာ ပြောကြားချက်တွေကလည်း မြန်မာနိုင်ငံအစိုးရ လက်ရှိလုပ်ဆောင်နေတဲ့ အစိုးရပေါ်လစီတွေ၊ အစိုးရရဲ့ လုပ်ဆောင်မှုအပိုင်းမှာလည်း သွားရောက်သက်ရောက်မှု ရှိနိုင်တဲ့အတွက် မြန်မာနိုင်ငံအရေးလည်း လုပ်ဆောင်ရာကျသလို အာဆီယံအရေးကိုလည်း ပိုမိုအားကောင်းအောင် လုပ်ဆောင်တဲ့အရာ ဖြစ်ပါတယ်လို့ အသိပေးချင်ပါတယ်။”

~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ထိုင်းအစိုးရ ကန့်သတ္မှုတြေ၊ ဝင္စြက္ဖက္မှုတျြေဖစ္တဲ့အတြက် က်န္တောို့ လက္မခံတာပါ – ဦးအောင္မိုးမင်း

၂၀၁၉ ခုနွစ် အာဆီယံအရပ္ဘက်အဖြဲ့အစည်းမ်ားညီလာခံ-လူထုဖိုရမ် (ACSC/APF) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မွာ စက္တင္ဘာ ၁၀ ရက္ကေန  ၁၂ ရက်အထိ က်င်းပေနပါတယ်။ ဒီဖိုရမ္ကို အေစာပိုင်းက ဘန်ကောက်မြို့လယ္မွာ က်င်းပဖို့ စီစဉ္ခဲ့ပေမယ့် အစိုးရရဲ့ ကန့်သတ္မှုတြေကြာင့် မြိျု့ပင္ကိုျေပာင်း‌ရွှျေ့ပုလုပ္ခဲ့ရပါတယ်။

ဒီအေကြာင်းနဲ့ပတ်သက်ပြီး ညီမွ်ျခင်ျးမန္မာ အမှုဆောင္ဒါရိုက္တာ ဦးအောင္မိုးမင်းကို  ကိုပီတာအောင္က ဖိုရမ်အတြင်း တြေ့ဆုံမေျးမန်းထားပါတယ်။

ဒီဖိုရမ္က မြို့ထဲမွာ က်င်းပဖို့လုပ်ရာကေနပြီးတော့ ရွှေ့လိုက္တယ္လို့ သိရတယ်၊ အဲဒီအေကြာင်းတြေနဲ့ ပတ်သက်ပြီးတော့ ရွင်ျးပေပးပါလား။

“အစပိုင်းမွာ မြို့ထဲမွာရွိတဲ့ ဟိုတယ္မွာ လုပ္မလို့ပါ။  ထိုင်းအစိုးရကလည်း ဒါကို သူတို့ ပံ့ပိုးကူညီပြီး ငြေးကြေးအရ ကူညီမှုရွိမယ္လို့ျေပာထားတယ်။ ဒါပေမဲ့ နောက္ပိုင်းမွာ ဒီလိုမိုး အရပ္ဘက် လူမှုအဖြဲ့အစည်းတြေလုပ္တဲ့ အစီစဉ်တြေ တက်ရောက္လာတဲ့သူတြေကို ထိုင်းအစိုးရက ဘယ်သူတြေ တက္လဲ ဆိုတာကို သိခ်င္တယ္တို့၊ နောက္တခါ အစီအစဉ္မွာ ဝင်ရောက္စြက္ဖက္တဲ့ဟာ မ်ားတဲ့အတြက် ဒီကိစ္စဟာ အစိုးရနဲ့သက်ဆိုင္တဲ့ပြဲ မဟုတ္ဘူး။ အရပ္ဘက္လူမှုအဖြဲ့အစည်းနဲ့ သက်ဆိုင္တဲ့ပျြဲဖစ္တဲ့အတြက် က်န္တောို့ ဒါကို လက္မခံဘူး။ လက္မခံတဲ့အေနနဲ့ က်န္တောို့က သူတို့ပေးတဲ့ငြေနဲ့ က်န္တောို့ မယူတော့ဘဲနဲ့ သူတို့ စီစဉ္တဲ့နေရာမွာ မက်င်းပဘဲ အခုလိုမိုး မြိျု့ပင္မွာ လုပ္တျာဖစ္ပါတယ်။ သူတို့ကေတာ့ ပူးပေါင်းဆောင်ရက္မြယ်ဆိုတဲ့သေဘာ ရွိတယ်။ ဒါပေမဲ့ ပူးပေါင်းဆောင်ရက္မြယ်ဆိုတဲ့ နေရာမိုးမွာ သူတို့က ဝင်ရောက်ပြီးတေျာ့ခယ္လွယ္မှုတြေ၊ ကန့်သတ္မှုတြေ လုပ္လာတဲ့အတြက်ကြောင့္မို့လို့ အခုလိုမိုး အရပ္ဘက်အဖြဲ့အစည်းတြေ သီးသန့်ဖော်ဆောင္တဲ့ နေရာတခုကို က်န္တောို့ စီစဉ္လိုက္တျာဖစ္ပါတယ်။ ”

အဓိကအာျးဖင့် ငြေကြျးဖတ္တာလို့လည်း က်န္တောို့ ကြားတယ်။ အဲဒီတော့ အေရးပေါ်ငြေကြးတြေ လိုက်ပြီးအကူအညီတောင်းပြီးတော့ မရမက လုပ္လိုက္တယ္လို့ သိရပါတယ်။  အဲဒါတြေျေပျာပေပးပါလား။

“သူတိျု့ဖတ္တာ မဟုတ္ပါဘူး။ က်န္တောို့က လက္မခံတော့တာ။ ငြေထာက္ပံ့တယ်ဆို ပြီးတော့ အရပ္ဘက်အဖြဲ့အစည်းရဲ့ကိစ္စေတြ ဝင်ရောက္စီမံခန့္ခြဲတာတြေ မျဖစ်သင့္ဘူး။ ဒီအာဆီယံ people forum ဆိုတာ အာဆီယံမွာရွိတျဲ့ပည်သူတြေက အဓိက ဦးဆောင္လုပ်ပြီးတော့ အစိုးရက ပံ့ပို့ပေးတဲ့သေဘာမိုးပဲ။ ဒါပေမဲ့ အခုနလိုမိုး ငြေကြးပေးမယ်၊ အစီစဉ်တြေ တက်ရောက္တဲ့လူတြေကို ကန့်သတ္မှုတြေ၊ ဝင်ရောက္စြက္ဖက္မှုတျြေဖစ္တဲ့အတြက် က်န္တောို့က လက္မခံတာပါ။ နောက်ဆုံးမိနစ်ျဖစ္တဲ့အတြက် အစိုးရက ပေးထားမယ့်ငြေကို က်န္တောိျု့ပန်အပ္လိုက္တဲ့အခါမွာ ငြေကြးအခက်အခဲတော့ အမ်ားကြီးရွိပါတယ်။ အဲဒါကြောင့္မို့လို့ ဒီမွာရွိတဲ့ တခို့သော သံရုံးတြေ ဖိုင်းနင်းအင္ဂ်င္စီတြေကို နောက်ဆုံးမိနစ္မွာ အသည်းအသန် က်န္တောိျု့ပန်ပြီးတော့ တောင်းရတယ်။ အဲဒီတေျာ့ဖစ္တဲ့နေရာမွာ ရသေလာက် က်န္တောိျု့ပန်ပြီးတော့ လုပ်နိုင္တာဟာ ဒီပြဲလေးရဲ့ အနွစ်သာရပျဲဖစ္ပါတယ်။”

အရင္တုန်းကေတာ့ ထိုင်းအစိုးရက စစ်အစိုးရေပါ့၊ အခုကေတာ့ ရြေးကောက္ခံ အစိုးရျဖစ္လာရက္နဲ့ ဘာကြောင့္မို့လို့ အရပ္ဘက်အဖြဲ့အစည်းတြေ လုပ္တဲ့ပြဲတြေကို အားမေပးတဲ့အျပင္ကို အဆင္မျေပေအာင် အခုလိုမိုး လုပ္တာ ဘာကြောင့္လို့ ထင္လဲ။

“က်န္တောို့က ပထမဆုံး ထိုင်းနိုင်ငံက အရင္တုန်းကလိုပဲ ဒီမိုကေရစီပြင့္လင်းပြီးတော့ ဒီပြဲကို တကယ့္ကို အရပ္ဘက္လူမှုအဖြဲ့အစည်းအခန်းကဏ္ဍ လြတ္လြတ္လပ္လပ်ျေပာနိုင္မယ္လို့ က်န္တောို့ မွေ်္လာင့္ပါတယ်။ ဒါပေမျဲ့ဖစ္တာက ဘယ္လိုလဲဆိုရင်တော့ ဝန်ကြီးခ်ုပ္ကိုယ္တိုင္က သူ့မွာ National sicurity လို့ခေါ်တဲ့ အမိုးသားလုံခြုံရေးကိစ္စကို သူတို့ စိုးရိမ္တယ်။ ဒါ့ကြောင့္မို့လို့ တခို့ကိစ္စေတြ တခို့သောသူ တက်ရောက္ဖို့အတြက် သူတို့မွာ စိုးရိမ္ပူပန္မှု National sicurity  ဆိုတဲ့ အျမင္ဘက္ကေန သူတို့ ကန့်သတ္တာရွိပါတယ်။ အမွန်တော့ ဒီပြဲလေးဟာ ထိုင်းနိုင်ငံတခုတည်း မဟုတ္ပါဘူး။ျမန္မာနိုင်ငံတခုတည်း မဟုတ္ပါဘူး။ အာဆီယံမျွာဖစ်နေတဲ့ကိစ္စေတြကို ဖော်ဆောင်ဆြေးနြေးပြီးတော့ အာဆီယံအစိုးရေတြကို ပိုမိုကောင်းမြန္တဲ့ လူ့အခြင့်အေရးကိစ္စ၊ အျခားသောကဏ္ဍတြေ ပေါ်ပေါက္လာလို့ တိုက္တြန်းမယ့္ပျြဲဖစ္ပါတယ်။ ဒါပေမဲ့ အခုန ထိုင်းနိုင်ငံရဲ့ အမိုးသားလုံခြုံရေးကို ဦးစားပေးပြီးတော့ ကန့်သတ္မှုတြေ ရွိလာတယ္လို့ က်န္တောို့ ဒါ တြက်ဆမိပါတယ်။ ထိုင်းနိုင်ငံ တနိုင်ငံတည်းနဲ့ သက်ဆိုင္တဲ့ကိစ္စ မဟုတ္ပါဘူး။ အာဆီယံဒေသလုံးမွာ ရွိတဲ့ နိုင်ငံ ၁၀ နိုင်ငံအျပင် မကြာမီမွာ အဖြဲ့ဝင်နိုင်ငျံဖစ္မယ့် တီမောနိုင်ငံ အပါအဝင် ရွိနေတျဲ့ပည်သူတြေရဲ့အသံ၊ ဆန္ဒ၊ သူတို့ရဲ့ တိုက္တြန်းခ်က်တြေကို ဖော်ဆောင္မယ့္ပြဲပျဲဖစ္ပါတယ်။”

အခုလိုမိုး နောက်ဆုံးမိနစ္မွာ ရွှေ့ျေပာင်းလိုက်ရတဲ့အတြက်ကြောင့်ျမန္မျာပည္က အစ္ကိုတို့လို အရပ္ဘက်အဖြဲ့အစည်းတြေက တက်ရောက္မယ့္လူတြေအတြက် ဘယ္လိုမိုး အခက်အခဲတြေ ကြုံခဲ့ရလဲ။

“က်န္တောို့ နေထိုင်သြားလာမှု တော်တော်ကြီးကို အဆင္မျေပတျာဖစ္တယ်။ အရင္က မြို့ထဲမွာ စီစဉ္ထားတယ်။ အဲဒါကြောင့် ဒီကိုျေပာင်းတဲ့အခါ နေရာသစ်ရွာရတဲ့အျပင် အရင္တုန်းက ပေးထားတဲ့ စေပ်ါတြေ ဆုံးရှုံးတာလည်း ရွိတယ်။ အရင္တုန်းကဆိုရင် အလုပ်ရုံ ဆြေးနြေးပြဲတြေက သုံးဆယ်ကော်် ရွိပါတယ်။ အခုက အျေခအေနရ လွော့်လိုက်ရတယ်။ တခို့ workshop ၃ ခုလောက္ကို ပေါင်းလိုက်ရတဲ့အခါမွာ တခို့ issue တြေက အရင္တုန်းကလို က်ယ္က်ယ်ျပန့်ျပန့္နျဲ့ပည့်ျပည့်ဝဝ ဆြေးနြေးနိုင္မယ့် အေနအထားမိုး သိပ္မရွိတော့ဘဲနဲ့ ခ်ုံ့ပြီး လုပ်ဆောင်ရတဲ့ကိစ္စမိုျးဖစ္ပါတယ်။ နေရာအေနအထားကိုက အခန်းတြေဖြဲ့လို့ရတဲ့ အေနအထားမိုး မရွိဘူး။ အဲဒီတော့ အစီအစဉ္ခ်ုံ့တာတြေ၊ မလိုလားအပ္ဘဲ ငြေကြးကုန္က်မှု ပိုမိုမ်ားသြားတာတြေ အဓိကကြုံတြေ့ရတဲ့ အခက်အခဲပါပဲ။”

ဒီနေ့မွာ ကိုအောင္မိုးမင်းကိုယ္တိုင်အေနနဲ့ ဆြေးနြေးဖို့ မရွိသေးဘူးလို့ သိရတယ်။ နောက်နေ့မွာ အစ္ကို့အေနနဲ့ အဓိက ဘာဆြေးနြေးဖိျု့ပင္ထားလဲ။

“အခု အစီအစဉ် ခ်ုံ့လိုက္တဲ့အတြက် က်န္ကော အစီအစဉ်နွစ္ခုပဲ ရွိပါတော့တယ်။ တခုက လြတ္လပ္စြာ ထုတ်ဖော်ျေပာဆိုခြင့်အေကြာင်းနဲ့ လူ့အခြင့်အေရး ကာကြယ်စောင့်ရွောက်သူမ်ားရဲ့ အျေခအေနေတြ တင်ျပတဲ့ workshop တခုရယ်၊ LGBT လို့ ခေါ်တဲ့ လိင္စိတ္ကျြဲပားသူမ်ားရဲ့ အျေခအေန၊ ဒေသတြင်းမွာ သူတို့ရဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ နွစ္ခုပဲ က်န္ပါတော့တယ်။ က်န္တဲ့ workshop တြေလည်း အမ်ားကြီးကေန ခ်ုံ့လိုက်ရတဲ့အတြက် Speaker ၊ workshop ဆြေးနြေးတဲ့ panel list အကူးအျေပာင်းပဲ ရွိပါတယ်။”

အစ္ကို့အေနနဲ့ အဓိက တခုပဲ ဆြေးနြေးရမယ်ဆိုတော့ အဲဒီ section မွာရျောမန္မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ဘယ္လိုမက်ဆေ့ခ် အဓိက ပေးခ်င္တာလဲ၊ သတင်းစကား ပါးခ်င္တာလဲ။

“က်န္ကောတော့ အာဆီယံဒေသတခုလုံးမွာရွိတဲ့ကိစ္စ လွှမ်းခြုံျေပာရမွာပါ။ ဒါပေမျဲ့မန္မျာပည္မွာ မကြာခင္ကျဖစ္ခဲ့တဲ့ ငြိမ်းစုစီကြောင့် အဖမ်းခံထိတဲ့ ကိစ္စေတြ၊ ဆက်သြယ်ရေးဥပေဒနဲ့ အဖမ်းခံထိတဲ့သူတြေရဲ့ စာရင်းတြေအျပင် အာဆီယံဒေသတြင်းမွာလည်း လူ့အခြင့်အေရး ကာကြယ်စောင့်ရွောက်သူတြေနဲ့ပတ်သက်ပြီး အန္တရာယ္နဲ့ ဆက္လက်ကြုံတြေ့နေရတယ်။ အာဆီယံဒေသတြင်းမွာ လူ့အခြင့်အေရး ကာကြယ်စောင့်ရွောက်သူတြေကို ကာကြယ်နိုင္မယ့် ဥပေဒစိုးမိုးမှုတြေ၊ တရားဥပေဒ အားနည်းနေတဲ့ အခ်က်တြေကို အဓိကထားပြီးျေပာမျွာဖစ္ပါတယ်။”

ျမန္မျာပည္က LGBT လှုပ်ရွားတဲ့သူတြေအတြက်ရော ဘယ္လိုမိုးကိစ္စေတြ ထည့်သြင်း‌ဆြေးနြေးကြဖို့ ရွိလဲ။

“LGBT ကေတာ့ အာဆီယံဒေသအတြင်းမွာ လက္ခံတဲ့နိုင်ငံတြေ ရွိသလို လက္မခံတဲ့ နိုင်ငံတြေလည်း အမ်ားကြီး ရွိပါသေးတယ်။ အထူးသျဖင့် ပုဒ္မ ၃၇၇ လို့ ခေါ်တဲ့ ရာဇသတ်ကြီး ပုဒ္မအရ LGBT တြေကို ဓမ္မတာနွင့်ဆန့္က်င်သော အျပုအမူဆိုတဲ့ သတ္မွတ္ခ်က်တြေကျမန္မာနိုင်ငံအျပင် မေလးရွား၊ စင္ကာပူ၊ ဘူရူနိုင်း စတဲ့နိုင်ငံတြေမွာ ဆက္လက်ရွိနေတုန်းပဲ။ျမန္မာနိုင်ငံမွာ ဒါကျိုပျုပင်ျေပာင်းလဲဖို့ ကြိုးစားနေသလို အာဆီယံမွာ က်န္တဲ့နိုင်ငံတြေနဲ့ လက္တြဲလုပ်ဆောင္ဖို့ကိစ္စ။ နောက္တခုက LGBT တြေကို လိင္ပိုင်းဆိုင်ရာ စ္ကောားမှုတြေ၊ အကြမ်းဖက္မှုတြေက ထိုင်းနိုင်ငံလို နေရာမိုးမွာလည်း ရွိနေတယ္လို့ က်န္တောိျု့ပင်ဆင္ခ်က္မွာ တြေ့ရတယ်။ အဲဒီအခ်က်တြေကို ဘယ္လိုမိုျးပျုပင်ျေပာင်းလဲနိုင္မလဲ၊ အထူးသျဖင့် အာဆီယံမွာရွိတဲ့ လူ့အခြင့်အေရးယန္တရားထဲမွာ LGBT ‌တြေကို အထူးကာကြယ်ပေးတဲ့ အခ်က်တြေ၊ အထူးကာကြယ်စောင့်ရွောက်ပေးတဲ့ လုပ်ငန်းစဉ်တြေ ဖော်ဆောင္ဖို့အတြက် အာဆီယံအစိုးရကို တိုက္တြန်းသြားမျွာဖစ္ပါတယ်။”

အက်ဉ်းခ်ုံးပြီး က်င်းပလိုက်ရတဲ့ ဒီဖိုရမ္ကေနပြီးတေျာ့မန္မျာပည်သူလူထုတြေရာ၊ အာဆီယျံပည်သူလူထုတြေအတြက်ရော ဘာအကိုးရလဒ် ရွိမယ္လို့ ထင္လဲ။

“ဒီနွစ္ကေတာ့ ထူးထူျးခာျးခား အစိုးရနဲ့ အဆင်ျေပပြီးမွ နောက်ဆုံးမိနစ်အခိန္မွာျေပာင်းလိုက်ရတယ်။ ကသီလင္တ အမ်ားကြီးရွိတယ်။ ဒါပေမဲ့ ဒီနွစ္ပြဲက အာဆီယံမွာရွိတဲ့ အရပ္ဘက် လူမှုအဖြဲ့အစည်း၊ CSO တြေ အစစ်အမွန်၊ People Organisation တြေ အစစ်အမွန်တြေ စုဝေးပြီးတော့ တကယ့်အသံ ထုတ်ဖ္တောဲ့ပျြဲဖစ္ပါတယ်။ အစိုးရကေန စပြန်ဆာပေးပြီးတော့ အစိုးရ အလိုက်ျေပာမယ့္ပြဲမိုး မဟုတ္တာကို က်န္တောို့ ဂုဏ်ယူပါတယ်။ အဲဒါကေတာ့ အာဆီယံ people forum ရဲ့ ရည္မွန်းခ်က္လည်ျးဖစ်သလို စောင့္ထိန်းရမယ့် ဂုဏ်သိက္ခာလည်ျးဖစ္ပါတယ်။ အခက်အခဲ ဘယ္လိုရွိရွိ အာဆီယံမွာရွိတဲ့ အရပ္ဘက် လူမှုအဖြဲ့အစည်းတြေကျဖစ်အောင် လုပ်နိုင္တယ်။ အရပ္ဘက္လူမှုအဖြဲ့အစည်း အသံကို ဖော်ဆောင်နိုင္တယ်။ အဲဒီအသ့တြေကို အာဆီယံအစိုးရေတြအားလုံး လေးစားလိုက္နာအောင် အတတ်နိုင်ဆုံး ဆက္လက္လုပ်ဆောင်သြားပါမယ်။ အာဆီယံအစိုးရထဲမွာလည်ျးမန္မာအစိုးရ ပါဝင္တဲ့အတြက် အခုလို ဒေသအတြင်းမွာျေပာကြားခ်က်တြေကလည်ျးမန္မာနိုင်ငံအစိုးရ လက်ရွိလုပ်ဆောင်နေတဲ့ အစိုးရေပ်ါလစီတြေ၊ အစိုးရရဲ့ လုပ်ဆောင္မှုအပိုင်းမွာလည်း သြားရောက်သက်ရောက္မှု ရွိနိုင္တဲ့အတြက်ျမန္မာနိုင်ငံအေရးလည်း လုပ်ဆောင်ရာက်သလို အာဆီယံအေရးကိုလည်း ပိုမိုအားကောင်းအောင် လုပ်ဆောင္တဲ့အရျာဖစ္ပါတယ္လို့ အသိပေးခ်င္ပါတယ်။”

Tags:

Source : DVB