fbpx

ငြိမ်းချမ်းရေးကော်မရှင်က ကျိုင်းတုံတွင် ဆွေးနွေးရန် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ကို ဖိတ်ခေါ်

အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၄ ဖွဲ့ကို ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့  ရှမ်းပြည်နယ် ကျိုင်းတုံမြို့ကို အဆိုပြုထားပါတယ်။ 

ငြိမ်းချမ်းရေးကော်မရှင်က ပေးပို့တဲ့စာမှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ KIO၊ PSLF၊ MNTJP နဲ့ ULA အဖွဲ့တွေနဲ့ သြဂုတ် ၃၁ ရက်နေ့က တွေ့ဆုံပြီး စက်တင်ဘာ ၁၆၊ ၁၇ မှာ ထပ်မံဆွေးနွေးဖို့ သဘောတူခဲ့တယ်လို့ ဆိုထားပါတယ်။ 

ဒါကြောင့် တွေ့ဆုံဆွေးနွေးပွဲကို စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တွေ ကျိုင်းတုံမှာ ပြုလုပ်မှာဖြစ်ပြီး တက်ရောက်ဖို့ ငြိမ်းချမ်းရေး ကော်မရှင်က ဖိတ်ကြားထားပါတယ်။ 

ခရီးစဉ်အရ မိုင်းလား-ကျိုင်းတုံ ယာဉ်တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေကို အပြည့်အ၀ တာဝန်ယူကြောင်း ဖိတ်ကြားစာမှာ ရေးသားထားပါတယ်။ 

ဒီဖိတ်ကို ရရှိပြီဖြစ်ကြောင်းနဲ့ ဒီကိစ္စအပေါ် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့အနေနဲ့ ပြန်လည်ဆွေးနွေးမှာဖြစ်ပြီး ပန်ဆန်းသို့မဟုတ် မိုင်းလားမှာတွေ့ဆုံနိုင်ဖို့ အဆိုပြုပေးပို့မယ်လို့ တီအန်အယ်လ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျောက်က ပြောပါတယ်။

“ဒီဖိတ်စာကတော့ ကျနော်တို့လက်ခံရရှိပြီးဖြစ်တယ်။ ကျနော်တို့က ကျနော်တို့ ၄ ဖွဲ့ကြားမှာ ပြန်ညှိရမှာပေါ့နော်။ နောက်တခုက ကျနော်တို့အဖွဲ့က တောင်းဆိုတာကတော့ ပန်ဆန်းမိုင်းလား သို့မဟုတ် တရုတ်ပြည်တွင်းတွေ့ဖို့ အဲလိုမျိုးပြန်တောင်းဆိုထားတယ်။ နောက်တခုက စစ်ရေနဲ့ပတ်သက်ပြီးတော့ စကားပြောနိုင်မယ့် တပ်ကိုယ်စားလှယ် ပါဝင်တက်ရောက်ဖို့ အကြံပြုထားတယ်။  တပ်မပါဘဲ PC နဲ့တွေ့ဆုံတယ်ဆိုရင်တော့ ဒီတွေ့ဆုံမှုက နောက်နှေးနေတယ်ပေါ့နော်။ အရာမရောက်သေးဘူး။”

မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ အစိုးရငြိမ်းချမ်းရေးကော်မရှင်တို့ ဩဂုတ်လ ၃၁ ရက်နေ့တုန်းက ကျိုင်းတုံမြို့မှာ တွေ့ဆုံအပြီး တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်ရေးအတွက် တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက် တွေ့ဆုံဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။

နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးပြီးတဲ့နောက်မှာ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (အန်စီအေ) နဲ့ပတ်သက်ပြီးတော့ ဆက်လက် ညှိနှိုင်းသွားဖို့လည်း သဘောတူခဲ့ကြသလို နိုင်ငံထဲမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ အမြန်ဆုံး ရပ်တန့်နိုင်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးဆန္ဒ အပြည့်အဝနဲ့ နှစ်ဖက်စလုံးက ဆက်ပြီး ကြိုးပမ်းသွားမယ်လို့ ပူးပေါင်းထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ငြိမ်းခ်မ်းရေးက္မောရွင္က ကိုင်းတုံတြင် ဆြေးနြေးရန်ျေမာက္ပိုင်းမဟာမိတ် ၄ ဖြဲ့ကို ဖိတ်ခေါ်

အစိုးရရဲ့ ငြိမ်းခ်မ်းရေးက္မောရွင္ကျေမာက္ပိုင်းမဟာမိတ်အဖြဲ့ ၄ ဖြဲ့ကို ငြိမ်းခ်မ်းရေးအတြက် တြေ့ဆုံဆြေးနြေးဖို့  ရွမ်ျးပည္နယ် ကိုင်းတုံမြို့ကို အဆျိုပုထားပါတယ်။

ငြိမ်းခ်မ်းရေးက္မောရွင္က ပေးပို့တဲ့စာမွာျေမာက္ပိုင်းမဟာမိတ်အဖြဲ့တျြေဖစ္တဲ့ KIO၊ PSLF၊ MNTJP နဲ့ ULA အဖြဲ့တြေနဲ့ သြဂုတ် ၃၁ ရက်နေ့က တြေ့ဆုံပြီး စက္တင္ဘာ ၁၆၊ ၁၇ မွာ ထပ္မံဆြေးနြေးဖို့ သေဘာတူခဲ့တယ္လို့ ဆိုထားပါတယ်။

ဒါကြောင့် တြေ့ဆုံဆြေးနြေးပြဲကို စက္တင္ဘာ ၁၆ နဲ့ ၁၇ ရက်နေ့တြေ ကိုင်းတုံမျွာပုလုပ္မျွာဖစ်ပြီး တက်ရောက္ဖို့ ငြိမ်းခ်မ်းရေး က္မောရွင္က ဖိတ်ကြားထားပါတယ်။

ခရီးစဉ်အရ မိုင်းလား-ကိုင်းတုံ ယာဉ္တန်းလုံခြုံရေး၊ လမ်းကြောင်းလုံခြုံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စေတြကို အျပည့်အ၀ တာဝန်ယူကြောင်း ဖိတ်ကြားစာမွာ ရေးသားထားပါတယ်။

ဒီဖိတ္ကို ရရွိပျြီဖစ်ကြောင်းနဲ့ ဒီကိစ္စအေပါ်ျေမာက္ပိုင်းမဟာမိတ် ၄ ဖြဲ့အေနနျဲ့ပန္လည်ဆြေးနြေးမျွာဖစ်ပြီး ပန်ဆန်းသို့မဟုတ် မိုင်းလားမွာတြေ့ဆုံနိုင္ဖို့ အဆျိုပုပေးပို့မယ္လို့ တီအန်အယ္လ်အေျေပာခြင့်ရသူ ဗိုလ္မှူးမိုင်အိုက်ကော်က္ကျေပာပါတယ်။

“ဒီဖိတ္စာကေတာ့ က်န္တောို့လက္ခံရရွိပြီျးဖစ္တယ်။ က်န္တောို့က က်န္တောို့ ၄ ဖြဲ့ကြားမျွာပန်ညှိရမွာပေါ့နော်။ နောက္တခုက က်န္တောို့အဖြဲ့က တောင်းဆိုတာကေတာ့ ပန်ဆန်းမိုင်းလား သို့မဟုတ် တရုတ်ျပည္တငြ်းတြေ့ဖို့ အဲလိုမိုျးပန်တောင်းဆိုထားတယ်။ နောက္တခုက စစ်ရေနဲ့ပတ်သက်ပြီးတော့ စကာျးေပာနိုင္မယ့် တပ္ကိုယ္စားလွယ် ပါဝင္တက်ရောက္ဖို့ အကျြံပုထားတယ်။  တပ္မပါဘဲ PC နဲ့တြေ့ဆုံတယ်ဆိုရင်တော့ ဒီတြေ့ဆုံမှုက နောက်နွေးနေတယ်ပေါ့နော်။ အရာမေရာက်သေးဘူး။”

ျေမာက္ပိုင်းမဟာမိတ္တပ်တြေနဲ့ အစိုးရငြိမ်းခ်မ်းရေးက္မောရွင္တို့ ဩဂုတ္လ ၃၁ ရက်နေ့တုန်းက ကိုင်းတုံမြို့မွာ တြေ့ဆုံအပြီး တိုက္ပြဲတြေ အျမန်ဆုံး ရပ္တန့်ရေးအတြက် တပ္မေတ္ကာိုယ္စားလွယ်တြေနဲ့ ဆက္လက် တြေ့ဆုံဆြေးနြေးဖို့ သေဘာတူခဲ့ကြပါတယ်။

နွစ္ဖက် အပစ်အခတ်ရပ္စဲရေး သေဘာတူ လက္မွတ္ထိုးပြီးတဲ့နောက္မွာ တနိုင်ငံလုံး ပစ္ခတ် တိုက္ခိုက္မှုရပ္စဲရေး သေဘာတူစာခ်ုပ် (အန္စီအေ) နဲ့ပတ်သက်ပြီးတော့ ဆက္လက် ညှိနှိုင်းသြားဖို့လည်း သေဘာတူခဲ့ကြသလို နိုင်ငံထဲမျွာဖစ်နေတဲ့ တိုက္ပြဲတြေ အျမန်ဆုံး ရပ္တန့်နိုင်ရေး၊ အမိုးသာျးပန္လည်သင့်ျမတ်ရေးနျဲ့ပည်ထောင္စု ငြိမ်းခ်မ်းရေးအတြက် နိုင်ငံရေးဆန္ဒ အျပည့်အဝနဲ့ နွစ္ဖက္စလုံးက ဆက်ပြီး ကြိုးပမ်းသြားမယ္လို့ ပူးပေါင်းထုတ်ျပန္ထားပါတယ်။

Tags:

Source : DVB