fbpx

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်တွင် ဖယောင်းစက်ရုံ ၂ ရုံ မီးလောင်၊ ၅ ဦး ဒဏ်ရာရ

ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာ လောင်ကျွမ်းခဲ့တဲ့ မီးကြောင့် ဖယောင်းစက်ရုံ ၂ ရုံ ပျက်စီးဆုံးရှုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ်လို့ မီးငြှိမ်းသတ်ခဲ့တဲ့ တောင်ဒဂုံမီးသတ်တပ်ဖွဲ့ အရန်တပ်ခွဲမှူး ဦးစံသိန်းက ပြောပါတယ်။

အဲဒီမီးဟာ သြဂုတ် ၁၀ ရက်နေ့ ညနေ ၆ နာရီကတည်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး မီးသတ်ကား အဝင်အထွက် ခက်ခဲတဲ့ ပြဿနာကြောင့် ည ၁၀ နာရီခွဲအချိန်လောက်မှ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“အထဲကို ဝင်လို့မရတဲ့အခါကျတော့ ရေသယ်ရတာ ခက်တယ်။ မီးဖြန်းရတာ ခက်တယ်၊ ‌နောက်တခါ ဖယောင်းစက်ရုံ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဖယောင်းအရည်ပျော်ပြီးတော့ တော်တော်အန္တရယ်များများနဲ့လုပ်ရတာပါ။ လမ်းမှာ တွေ့တဲ့အတိုင်းပဲ မီးသတ်ကား အများကြီးက လိုသလောက် ဝင်လို့မရဘူး ဖြစ်နေတယ်” လို့ အရန်တပ်ခွဲမှူး ဦးစံသိန်းက ပြောပါတယ်။

မီးလောင်မှုဖြစ်ပွားရာကို ရန်ကုန်တိုင်းတတိုင်းလုံးက ကြက်ခြေနီတပ်ဖွဲ့ဝင် ၁၅၀ ကျော် လာရောက်ကူညီနေပြီး ရှေးဦးသူနာပြုစုနည်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ ဒဂုံဆိပ်ကမ်းမြို့နယ် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဇော်မျိုးထိုက်က ဆိုပါတယ်။

ဖယောင်းအရည်ပျော်ကျပြီး ထိခိုက်ဒဏ်ရာရရှိသူ အရေအတွက်ဟာ ည ၉ နာရီဝန်းကျင် မေးမြန်းချက်ရ ၅ ဦးလောက် ရှိနေပြီး အသေအပျောက် မရှိဘူးလို့ ဦးဇော်မျိုးထိုက်က ဆိုပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ကတော့ ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန် ၁ မှာ လောင်တဲ့မီးကို ညနေ ၇ နာရီလောက် စတင်သိရှိပြီး Level 2 အဆင့်ရှိတဲ့ မီးသတ်ယာဉ်တွေ စတင်စေလွှတ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ညနေ ၇ နာရီခွဲမှာတော့ Level 3 အဆင့် စေလွှတ်ခဲ့သလို ည ၇ နာရီ ၅၀ မိနစ်မှာတော့ Level 4 အဆင့်မီးသတ်ယာဉ်တွေနဲ့ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ည ၁၀ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

ဒဂုံဆိပ္ကမ်းမြို့နယ် စက္မှုဇုန္တငြ် ဖေယာင်းစက်ရုံ ၂ ရုံ မီးလောင်၊ ၅ ဦး ဒဏ်ရာရ

ရန္ကုန္တိုင်း ဒဂုံဆိပ္ကမ်းမြို့နယ် စက္မှုဇုန် ၁ မွာ လောင္ကျြမ်းခဲ့တဲ့ မီးကြောင့် ဖေယာင်းစက်ရုံ ၂ ရုံ ပ်က္စီးဆုံးရှုံးခဲ့ပြီး ၅ ဦး ဒဏ်ရာရခဲ့တယ္လို့ မီျးငှိမ်းသတ္ခဲ့တဲ့ တောင္ဒဂုံမီးသတ္တပ္ဖြဲ့ အရန္တပ္ခြဲမှူး ဦးစံသိန်းကျေပာပါတယ်။

အဲဒီမီးဟာ သြဂုတ် ၁၀ ရက်နေ့ ညေန ၆ နာရီကတည်းက စတင်လောင္ကျြမ်းခဲ့တျာဖစ်ပြီး မီးသတ္ကား အဝင်အထြက် ခက္ခဲတျဲ့ပဿနာကြောင့် ည ၁၀ နာရီခြဲအခိန်လောက္မွ မီျးငှိမ်းသတ်နိုင္ခဲ့တယ္လို့ ဆိုပါတယ်။

“အထဲကို ဝင္လို့မရတဲ့အခါက်တော့ ရေသယ်ရတာ ခက္တယ်။ မီျးဖန်းရတာ ခက္တယ်၊ ‌နောက္တခါ ဖေယာင်းစက်ရျုံဖစ္တဲ့အတြက်ကြောင့္မို့လို့ ဖေယာင်းအရည်ပော််ပြီးတော့ တော်တော်အန္တရယ္မ်ားမ်ားနဲ့လုပ်ရတာပါ။ လမ်းမွာ တြေ့တဲ့အတိုင်းပဲ မီးသတ္ကား အမ်ားကြီးက လိုသေလာက် ဝင္လို့မရဘူျးဖစ်နေတယ်” လို့ အရန္တပ္ခြဲမှူး ဦးစံသိန်းကျေပာပါတယ်။

မီးလောင္မျှုဖစ္ပြားရာကို ရန္ကုန္တိုင်းတတိုင်းလုံးက ကြက်ျေခနီတပ္ဖြဲ့ဝင် ၁၅၀ ကော်် လာရောက္ကူညီနေပြီး ရွေးဦးသူနျာပုစုနည်းနဲ့ က်န်းမာရေးစောင့်ရွောက္မှုတြေ ဆောင်ရက်ြပေးနေတယ္လို့ ဒဂုံဆိပ္ကမ်းမြို့နယ် မြို့နယ်ကြက်ျေခနီတပ္ဖြဲ့မှူး ဦးဇ္မောိုးထိုက္က ဆိုပါတယ်။

ဖေယာင်းအရည်ပေ်္ကာ်ပြီး ထိခိုက္ဒဏ်ရာရရွိသူ အေရအတြက်ဟာ ည ၉ နာရီဝန်းက်င် မေျးမန်းခ်က်ရ ၅ ဦးလောက် ရွိနေပြီး အေသအေပ်ာက် မရွိဘူးလို့ ဦးဇ္မောိုးထိုက္က ဆိုပါတယ်။

ျမန္မာနိုင်ငံ မီးသတ္တပ္ဖြဲ့ကေတာ့ ဒဂုံဆိပ္ကမ်းမြို့နယ် စက္မှုဇုန် ၁ မွာ လောင္တဲ့မီးကို ညေန ၇ နာရီလောက် စတင်သိရွိပြီး Level 2 အဆင့်ရွိတဲ့ မီးသတ်ယာဉ်တြေ စတင်စေလွှတ္ခဲ့တယ္လို့ ထုတ်ျပန္ထားပါတယ်။

ညေန ၇ နာရီခြဲမွာတော့ Level 3 အဆင့် စေလွှတ္ခဲ့သလို ည ၇ နာရီ ၅၀ မိနစ္မွာတော့ Level 4 အဆင့္မီးသတ်ယာဉ်တြေနဲ့ ထြက္ချြာငှိမ်းသတ္ခဲ့ပြီး ည ၁၀ နာရီ ၃၅ မိနစ္မွာ မီးငြိမ်းသြားတယ္လို့ ထုတ်ျပန္ထားပါတယ်။

Tags:

Source : DVB