fbpx

 ပြောပြီးရင်းပြောနေရဦးမယ့် စည်ပင်သာယာအကြောင်း

  အပြောင်းအလဲတခုအတွက် လူထုအမြင်မှာ ထင်သာမြင်သာဖြစ်စေတာက စည်ပင်သာယာပဲ။ စည်ပင်သာယာရဲ့ လုပ်ဆောင်မှုကောင်းရင် လူထုအမြင်မှာ အပြောင်းအလဲတခုတော့ ရှိပါတယ်လို့မြင်မယ်။ စည်ပင်သာယာ လုပ်ဆောင်မှုညံ့ရင် ဘာမှမပြောင်းလဲပါဘူးကွာ လို့ပြောကြမှာပါ။ ဘာလို့လဲဆိုတော့ စည်ပင်သာယာဟာ လူထုနဲ့အထိစပ်ဆုံးမှာရှိနေလို့ပါပဲ။ 

မနက်မိုးလင်းတာနဲ့ အမှိုက်သန့်ရှင်းရေး၊ ဈေးသန့်ရှင်းရေး၊ အလေးအချိန်အတွယ် မှန်ကန်ရေး ဆိုတာတွေနဲ့ စတင်ထိတွေ့ကြရတာပါ။ ပြီးမှ သွားရေးလာရေးခရီအဆုံး စည်ပင်သာယာအောက်မှာ အစစကြုံတွေ့ဖြတ်သန်းကြရတာ မဟုတ်လား။ ဒါကြောင့် စည်ပင်သာယာဟာ အရေးကြီးတယ်လို့ပြောတာ။

စည်ပင်သာယာဆိုတာ မြို့တော်ဝန်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိစမြဲပဲ။ မြို့တော်ဝန်ဟာ နိုင်ငံတော်သမ္မတက ခန့်ထားတဲ့ဝန်ကြီးလည်းဖြစ်တယ်။ စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တယ်။ ကော်မတီကတော့ ဝန်ကြီချုပ်ကို တိုက်ရိုက်အစီရင်ခံရပါတယ်။ 

သမိုင်းကြောင်းကိုပြန်ကြည့်တော့ မြို့တော်ဝန်ဆိုတာ အင်္ဂလက်ထက် ၁၉၂၂  ခုနှစ်ရောက်မှ မြူနီစီပါယ်အက်ဥပဒေကို ပြင်ဆင်ပြဋ္ဌာန်းပြီး မြို့တော်ဝန်ကိုရွေးချယ်ခဲ့တာ။ သူ့အရင်ကတော့ ၁၈၇၄ ခုနှစ် မတ်လ ၂၄ ရက်မှာ ရန်ကုန်မြူနီစီပါယ်အက်ဥပဒေကို စတင်ပြဋ္ဌာန်းခဲ့တာပါ။ ပထမဆုံးမြူဥက္ကဋ္ဌက ဆရာဝန်ကြီး ဦးဘရင်ပါ။ ၁၉၂၂ ရဲ့ ပထမဦးဆုံးမြို့တော်ဝန်က မစ္စတာမွန်ရှီးလို့ဆိုပါတယ်။

မြို့တော်ဝန်ကို မဲနဲ့ရွေးချယ်ခြင်းရဲ့အဆုံးသတ်ကတော့ ၁၉၅၆ ခုနှစ်ပါပဲ။ အဲ့ဒီနောက် စစ်တပ်က အာဏာသိမ်းတဲ့အချိန်ကစပြီး မြို့တော်ဝန်ဟာ လူထုဆန္ဒမဲနဲ့ရွေးချယ်တာ မဟုတ်တော့ပဲ မိုးကျရွှေကိုယ်တွေကို အာဏာရှိ သူကပဲ တိုက်ရိုက်ခန့်ထားခဲ့ပါတော့တယ်။ ဒီလိုခန့်ထားတာကတော့ ၁၉၅၈ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရကာလမှာ စတင်ခဲ့တာပါ။ ၁၉၇၄ မှာတော့ “ရန်ကုန်မြူနီစီပယ်ကော်မတီ” ကို “ရန်ကုန်မြို့တော်စီပင်သာယာရေးအဖွဲ့” လို့ အမည်စတင်ပြောင်းခဲ့ပါတယ်။ ဥပဒေတွေလည်း အဆင့်ဆင့်ပြောင်းလာခဲ့တယ်။ ရန်ကုန်စည်ပင်သာယာရေးအက်ဥပဒေ လို့ အမည်သာရှိပေမယ့် စစ်တပ်က တိုက်ရိုက်ခန့်ထားတဲ့ မြို့တော်ဝန်ကပဲ စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ အဖြစ်တာဝန်ယူခဲ့တာပါ။

  အဲ့ဒီလိုနဲ့ နှစ်ပေါင်း ၆၀ ကျော် မိုးကျရွှေကိုယ်ခန့်ထားရာကနေ လူထုဆန္ဒနဲ့ စည်ပင်သာယာရေးကော်မတီ အဆင့်ဆင့်ရွေးချက်တင်မြှောက်ခြင်းကို ၂၀၁၄ ဒီဇင်ဘာလကုန်ပိုင်မှာ တကျော့ပြန်လုပ်ဆောင်လာခဲ့ပါတယ်။ ဒါလည်း သိပ်မကြာလိုက်ပါဘူး။ ကော်မတီဖွဲ့ပြီး ၁၇ လအကြာမှာ လူထုမဲနဲ့ရွေးကောက်ခဲ့တဲ့ ကော်မတီတွေကို ဖျက်သိမ်းလိုက်ပြန်ပါတယ်။ ၂၀၁၆ မေလထဲ အစိုးရသစ်တက်ပြီးတာနဲ့ ဖျက်သိမ်းလိုက်တာပါ။ ရွေးကောက်ပွဲပြန်စဖြစ်တာက ၂၀၁၉ မတ်လထဲမှာပါ။ သုံးနှစ်နီးပါး ပြည်သူ့ကိုယ်စားလှယ်မရှိဘဲ လျစ်လျူရှု့ခဲ့တာ။ ၂၀၁၄ စည်ပင်ကော်မတီတွေက အမှန်တကယ်အလုပ်လုပ်ခဲ့တာကြောင့် ပြည်သူထုရဲ့ နှစ်လိုဖွယ်အဖွဲ့တခုဖြစ်ခဲ့တာကိုတော့ ငြင်းမရပါဘူး။

  လက်ရှိ စည်ပင်ကော်မတီပြန်လည်ရွေးချယ်ခန့်အပ်ခဲ့တာ အခုဆိုရင် ၆ လနီးပါးရှိနေပြီ။ ထင်သာမြင်သာတဲ့ လုပ်ဆောင်မှု မတွေ့ရသေးပါဘူး။ မြို့တော်သန့်ရှင်းရေးမှာလည်း မနက်လင်းတာနဲ့ အနံ့ဆိုးတွေကလည်း ထွက်နေဆဲပါ။ အရင်က မိုးမလင်းမီကတည်းက လမ်းထိပ်အမှိုက်ပုံးတွေသိမ်းပြီး စုပုံတဲ့နေရာတွေမှာ တပတ်တကြိမ် ထုံးဖြူး ပေးခဲ့လို့ အနံ့အသက်ကင်းခဲ့ဖူးတယ်။ အခုတော့ ဒါတွေလည်း လုပ်ဆောင်တာ မတွေ့ရဘူး။စ ည်းကမ်းမဲ့ယာဉ်ရပ်နားမှု၊ လမ်းဘေးပလက်ဖောင်းဈေးသည်၊ ခွေးလေခွေးလွင့်၊ ကျူးကျော်နေထိုင်မှု၊ ပန်းခြံသာယာမှုမှအစ ပြောချင်စရာတွေ အများကြီးရှိနေတယ်။ YBS ယာဉ်လိုင်းတွေကလည်း အချိန်ကြာလာတာနဲ့အမျှ စည်းကမ်းတွေလျော့လာတယ်။

မန္တလေးစည်ပင်သာယာနဲ့ သိသိသာသာ ကွာခြားသွားတာကိုလည်းတွေ့နေရတယ်။ မန္တလေးလူထုကတော့ သူတို့ မြို့ဟာ သိသာထင်ရှားတဲ့ ပြောင်လဲမှုတွေကို ခံစားရတယ်လို့ ဆိုပါတယ်။ အမှန်တကယ်လည်း သိသာတဲ့အပြောင်းအလဲဖြစ်ခဲ့ပါတယ်။ လူထုပူးပေါင်းပါဝင်လာအောင်လည်း ပြည်သူရဲ့အကြံပြုစာပေးပို့နိုင်အောင်စီ စဉ်ပေးနိုင်ခဲ့တယ်။ ပြည်သူပူးပေါင်းမှုအားကောင်းပုံကို နမူနာပြုပြောရရင် လမ်းဖောက်ရာမှာမလွတ်တဲ့ ဘုန်းတော်ကြီးကျောင်း ၂ ကျောင်းကို လိုလိုချင်ချင်ဖျက်ပေး၊ ရွှေ့ပေးခဲ့တယ်။ သိန်းပေါင်းသောင်းချီတန်တဲ့ မြေ ၂ ကွက်ကိုလည်း ပိုင်ရှင်တွေရဲ့စိတ် ဆန္ဒအလျောက် ဖယ်ပေးခဲ့တယ်။ အဲ့လိုဖယ်ပေးနိုင်အောင် ဆွေးနွေးညှိနှိုင်းနိုင်ခြင်းဟာလည်း မန္တလေးစည်ပင်ရဲ့ အားသာချက်တရပ်အဖြစ် မြင်တွေ့ရပါတယ်။ 

မြို့ပြလူနေမှုပုံစံအပြောင်းအလဲကို ရန်ကုန်မှာ မြင်တွေ့ရမှုနည်းပါးနေတာ ကို တွေ့ရတယ်။ မြို့တွင်းသွားလာမှုမှာ ပလက်ဖောင်းမဲ့လမ်းတွေဖြစ်နေတယ်။ ဈေးသည်က ပလက်ဖောင်းမှာရောင်းသလို လူတွေက လမ်းမပေါ်တက် လျောက်ရ။ လမ်းဘေးဝဲယာမှာက အိမ်စီးကာများကလည်း လမ်းမပေါ်မှာ တနေကုန်အသေရပ်ထားလေရဲ့။ ကျန် ကားတွေကလည်း ထပ်ရပ်တော့ နှစ်ထပ်ပါကင်ဖြစ်နေရော။ လမ်းဘေးဝဲယာနှစ်ခုပေါင်းတော့ လေးထပ်ပါကင်ဖြစ် သွားပြီ။ ဒီတော့ ကားအသွားအလာလမ်းကြောင်းက တကယ့်ကြပ်ကြပ်တည်းတည်းပဲ။ အဲသလို လမ်းမပေါ်ယာဉ် ကြောသွားလာမှုပိတ်ဆို့နေခြင်းတွေဟာ နေ့တဓူဝ ရန်ကုန်လူထုကြုံတွေ့နေရတဲ့ ဒုတ္ခတွေပဲ။ တကယ်ဆို ပလက်ဖောင်း‌‌ဈေးသည်နဲ့ ယာဉ်ရပ်နားမှုကိစ္စတွေက အသေအချာစီမံခန့်ခွဲပေးနိုင်ရမှာပါ။

ကဲ ..စည်ပင်သာယာအကြောင်းပြောရရင် တထောင့်တည ပုံပြင်ထက်ရှည်ကြာဦးမယ်ထင်တယ်။ ဒေါ်မာမာအေးစကားလိုပဲ ပြောစရာတွေကလည်း တပုံကြီးကျန်သေးတယ်။ ရှေ့မှာပြောခဲ့သလိုပဲ လူထုအတွက် ထင်သာမြင်သာရှိတဲ့ ပြောင်းလဲရေးဟာ စည်ပင်ပါ။ အလွယ်ဆုံးအမြင်သာဆုံးအပြောင်းအလဲကို ဖော်ဆောင်မပေးနိုင်တာဟာ စီမံခန့်ခွဲမှုအားနည်းတာလား၊ စည်ပင်ရဲ့ဌာနမှူးတွေဟာ စစ်ဘက်အသွင်ပြောင်းတွေ ဖြစ်နေလို့ပဲလားဆိုတာကတော့ စဉ်းစားစရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ထင်သာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှုကို မဖော်ဆောင်နိုင်လောက‌အောင် အားနည်းချက်ချို့ယွင်းချက်ရှိနေခဲ့ရင် ဖယ်ထုတ်ဖို့ တာဝန်ဟာ အစိုးရဆီရောက်လာပါတယ်။ သေချာစိစစ်ပြီး လူထုအကျိုးလုပ်ဆောင်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါကြောင်းဗျာ။

ထွန်းဇော်ဌေး


ျေပာပြီးရင်ျးေပာနေရဦးမယ့် စည္ပင်သာယာအေကြာင်း

အျေပာင်းအလဲတခုအတြက် လူထုအျမင္မွာ ထင်သျာမင်သျာဖစ်စေတာက စည္ပင်သာယာပဲ။ စည္ပင်သာယာရဲ့ လုပ်ဆောင္မှုကောင်းရင် လူထုအျမင္မွာ အျေပာင်းအလဲတခုတော့ ရွိပါတယ္လိျု့မင္မယ်။ စည္ပင်သာယာ လုပ်ဆောင္မှုညံ့ရင် ဘာမွမျေပာင်းလဲပါဘူးကြာ လို့ျေပာကြမွာပါ။ ဘာလို့လဲဆိုတော့ စည္ပင်သာယာဟာ လူထုနဲ့အထိစပ်ဆုံးမွာရွိနေလို့ပါပဲ။

မနက္မိုးလင်းတာနဲ့ အမှိုက်သန့်ရွင်းရေး၊ ဈေးသန့်ရွင်းရေး၊ အေလးအခိန်အတြယ် မွန္ကန်ရေး ဆိုတာတြေနဲ့ စတင္ထိတြေ့ကြရတာပါ။ ပြီးမွ သြားရေးလာရေးခရီအဆုံး စည္ပင်သာယာအောက္မွာ အစစကြုံတြျေ့ဖတ်သန်းကြရတာ မဟုတ္လား။ ဒါကြောင့် စည္ပင်သာယာဟာ အေရးကြီးတယ္လို့ျေပာတာ။

စည္ပင်သာယာဆိုတာ မြို့တော်ဝန်ရဲ့ ထိန်းခ်ုပ္မှုအောက္မွာရွိစမြဲပဲ။ မြို့တော်ဝန်ဟာ နိုင်ငံတော်သမ္မတက ခန့္ထားတဲ့ဝန်ကြီးလည်ျးဖစ္တယ်။ စည္ပင်သာယာရေးက္မောတီ ဥက္ကဋ္ဌလည်ျးဖစ္တယ်။ က္မောတီကေတာ့ ဝန်ကြီခ်ုပ္ကို တိုက်ရိုက်အစီရင္ခံရပါတယ်။

သမိုင်းကြောင်းကျိုပန်ကြည့်တော့ မြို့တော်ဝန်ဆိုတာ အဂင်္လက္ထက် ၁၉၂၂  ခုနွစ်ရောက္မျွမူနီစီပါယ်အက်ဥပေဒကျိုပင်ဆင်ျပဋ္ဌာန်းပြီး မြို့တော်ဝန္ကိုရြေးခ်ယ္ခဲ့တာ။ သူ့အရင္ကေတာ့ ၁၈၇၄ ခုနွစ် မတ္လ ၂၄ ရက္မွာ ရန္ကုန်ျမူနီစီပါယ်အက်ဥပေဒကို စတင်ျပဋ္ဌာန်းခဲ့တာပါ။ ပထမဆုံျးမူဥက္ကဋ္ဌက ဆရာဝန်ကြီး ဦးဘရင္ပါ။ ၁၉၂၂ ရဲ့ ပထမဦးဆုံးမြို့တော်ဝန္က မစ္စတာမြန်ရွီးလို့ဆိုပါတယ်။

မြို့တော်ဝန္ကို မဲနဲ့ရြေးခ်ယ်ျခင်းရဲ့အဆုံးသတ္ကေတာ့ ၁၉၅၆ ခုနွစ္ပါပဲ။ အဲ့ဒီနောက် စစ္တပ္က အာဏာသိမ်းတဲ့အခိန္ကစပြီး မြို့တော်ဝန်ဟာ လူထုဆန္ဒမဲနဲ့ရြေးခ်ယ္တာ မဟုတ်တော့ပဲ မိုးက်ရွှေကိုယ်တြေကို အာဏာရွိ သူကပဲ တိုက်ရိုက္ခန့္ထားခဲ့ပါတော့တယ်။ ဒီလိုခန့္ထားတာကေတာ့ ၁၉၅၈ ဗိုလ်နေဝင်း အိမ်စောင့်အစိုးရကာလမွာ စတင္ခဲ့တာပါ။ ၁၉၇၄ မွာတော့ “ရန္ကုန်ျမူနီစီပယ်က္မောတီ” ကို “ရန္ကုန်မြို့တ္စောီပင်သာယာရေးအဖြဲ့” လို့ အမည္စတင်ျေပာင်းခဲ့ပါတယ်။ ဥပေဒေတြလည်း အဆင့်ဆင့်ျေပာင်းလာခဲ့တယ်။ ရန္ကုန္စည္ပင်သာယာရေးအက်ဥပေဒ လို့ အမည်သာရွိပေမယ့် စစ္တပ္က တိုက်ရိုက္ခန့္ထားတဲ့ မြို့တော်ဝန္ကပဲ စည္ပင်သာယာရေးက္မောတီဥက္ကဋ္ဌ အျဖစ္တာဝန်ယူခဲ့တာပါ။

အဲ့ဒီလိုနဲ့ နွစ်ပေါင်း ၆၀ ကော်် မိုးက်ရွှေကိုယ္ခန့္ထားရာကေန လူထုဆန္ဒနဲ့ စည္ပင်သာယာရေးက္မောတီ အဆင့်ဆင့်ရြေးခ်က္တင်ျေမှာက်ျခင်းကို ၂၀၁၄ ဒီဇင္ဘာလကုန္ပိုင္မွာ တေက်ျာ့ပန္လုပ်ဆောင္လာခဲ့ပါတယ်။ ဒါလည်း သိပ္မကြာလိုက္ပါဘူး။ က္မောတီဖြဲ့ပြီး ၁၇ လအကြာမွာ လူထုမဲနဲ့ရြေးကောက္ခဲ့တဲ့ က္မောတီတြေကို ဖ်က်သိမ်းလိုက်ျပန္ပါတယ်။ ၂၀၁၆ မေလထဲ အစိုးရသစ္တက်ပြီးတာနဲ့ ဖ်က်သိမ်းလိုက္တာပါ။ ရြေးကောက္ပျြဲပန္ဈဖစ္တာက ၂၀၁၉ မတ္လထဲမွာပါ။ သုံးနွစ္နီးပါျးပည်သူ့ကိုယ္စားလွယ္မရွိဘဲ လ်စ္လ်ူရှု့ခဲ့တာ။ ၂၀၁၄ စည္ပင်က္မောတီတြေက အမွန္တကယ်အလုပ္လုပ္ခဲ့တာကြောင့်ျပည်သူထုရဲ့ နွစ္လိုဖြယ်အဖြဲ့တချုဖစ္ခဲ့တာကိုတေျာ့ငင်းမရပါဘူး။

လက်ရွိ စည္ပင်က္မောတျီပန္လည်ရြေးခ်ယ္ခန့်အပ္ခဲ့တာ အခုဆိုရင် ၆ လနီးပါးရွိနေပြီ။ ထင်သျာမင်သာတဲ့ လုပ်ဆောင္မှု မေတြ့ရေသးပါဘူး။ မြို့တော်သန့်ရွင်းရေးမွာလည်း မနက္လင်းတာနဲ့ အနံ့ဆိုးတြေကလည်း ထြက်နေဆဲပါ။ အရင္က မိုးမလင်းမီကတည်းက လမ်းထိပ်အမှိုက္ပုံးတြေသိမ်းပြီး စုပုံတဲ့နေရာတြေမွာ တပတ္တကြိမ် ထုံျးဖူး ပေးခဲ့လို့ အနံ့အသက္ကင်းခဲ့ဖူးတယ်။ အခုတော့ ဒါတြေလည်း လုပ်ဆောင္တာ မေတြ့ရဘူး။စ ည်းကမ်းမဲ့ယာဉ်ရပ္နားမှု၊ လမ်းဘေးပလက်ဖောင်းဈေးသည်၊ ခြေးလေခြးလြင့်၊ က်ူးကော််နေထိုင္မှု၊ ပန်းခြံသာယာမှုမွအစျေပာခ်င္စရာတြေ အမ်ားကြီးရွိနေတယ်။ YBS ယာဉ္လိုင်းတြေကလည်း အခိန်ကြာလာတာနဲ့အမွ် စည်းကမ်းတြေလ်ာ့လာတယ်။

မန္တေလးစည္ပင်သာယာနဲ့ သိသိသာသာ ကျြာခားသြားတာကိုလည်းတြေ့နေရတယ်။ မန္တေလးလူထုကေတာ့ သူတို့ မြို့ဟာ သိသာထင်ရွားတဲ့ျေပာင္လဲမှုတြေကို ခံစားရတယ္လို့ ဆိုပါတယ်။ အမွန္တကယ္လည်း သိသာတဲ့အျေပာင်းအလျဲဖစ္ခဲ့ပါတယ်။ လူထုပူးပေါင်းပါဝင္လာအောင္လည်ျးပည်သူရဲ့အကျြံပုစာပေးပို့နိုင်အောင္စီ စဉ်ပေးနိုင္ခဲ့တယ်။ျပည်သူပူးပေါင်းမှုအားကောင်းပုံကို နမူနျာပျုေပာရရင် လမ်းဖောက်ရာမွာမလြတ္တဲ့ ဘုန်းတော်ကြီးကော်င်း ၂ ကော်င်းကို လိုလိုခ်င္ခ်င္ဖ်က်ပေး၊ ရွှေ့ပေးခဲ့တယ်။ သိန်းပေါင်းသောင်းခ်ီတန္တဲ့ျေမ ၂ ကြက္ကိုလည်း ပိုင်ရွင်တြေရဲ့စိတ် ဆန္ဒအေလ်ာက် ဖယ်ပေးခဲ့တယ်။ အဲ့လိုဖယ်ပေးနိုင်အောင် ဆြေးနြေးညှိနှိုင်းနိုင်ျခင်းဟာလည်း မန္တေလးစည္ပင်ရဲ့ အားသာခ်က္တရပ်အျဖစ်ျမင်တြေ့ရပါတယ်။

မြိျု့ပလူနေမှုပုံစံအျေပာင်းအလဲကို ရန္ကုန္မျွာမင်တြေ့ရမှုနည်းပါးနေတာ ကို တြေ့ရတယ်။ မြို့တြင်းသြားလာမှုမွာ ပလက်ဖောင်းမဲ့လမ်းတျြေဖစ်နေတယ်။ ဈေးသည္က ပလက်ဖောင်းမွာရောင်းသလို လူတြေက လမ်းမေပ်ါတက် လော်က်ရ။ လမ်းဘေးဝဲယာမွာက အိမ္စီးကာမ်ားကလည်း လမ်းမေပ်ါမွာ တေနကုန်အေသရပ္ထားလေရဲ့။ က်န် ကားတြေကလည်း ထပ်ရပ်တော့ နွစ္ထပ္ပါကင်ျဖစ်နေရာ။ လမ်းဘေးဝဲယာနွစ္ခုပေါင်းတော့ လေးထပ္ပါကင်ျဖစ် သြားပြီ။ ဒီတော့ ကားအသြားအလာလမ်းကြောင်းက တကယ့်ကြပ်ကြပ္တည်းတည်းပဲ။ အဲသလို လမ်းမေပ်ါယာဉ် ကြောသြားလာမှုပိတ်ဆို့နျေခင်းတြေဟာ နေ့တဓူဝ ရန္ကုန္လူထုကြုံတြေ့နေရတဲ့ ဒုတ္ခေတြပဲ။ တကယ်ဆို ပလက်ဖောင်း‌‌ဈေးသည္နဲ့ ယာဉ်ရပ္နားမှုကိစ္စေတြက အေသအခ်ာစီမံခန့္ခြဲပေးနိုင်ရမွာပါ။

ကဲ ..စည္ပင်သာယာအေကြာင်ျးေပာရရင် တေထာင့္တည ပျုံပင္ထက်ရွည်ကြာဦးမယ္ထင္တယ်။ ဒေါ်မာမာအေးစကားလိုပဲျေပာစရာတြေကလည်း တပုံကြီးက်န်သေးတယ်။ ရွေ့မွျာေပာခဲ့သလိုပဲ လူထုအတြက် ထင်သျာမင်သာရွိတဲ့ျေပာင်းလဲရေးဟာ စည္ပင္ပါ။ အလြယ်ဆုံးအျမင်သာဆုံးအျေပာင်းအလဲကို ဖော်ဆောင္မေပးနိုင္တာဟာ စီမံခန့္ခြဲမှုအားနည်းတာလား၊ စည္ပင်ရဲ့ဌာနမှူးတြေဟာ စစ္ဘက်အသြင်ျေပာင်းတျြေဖစ်နေလို့ပဲလားဆိုတာကေတာ့ စဉ်းစားစရာပါ။ ဘယ္လိုပျဲဖစ်ျဖစ် ထင်သျာမင်သာတျဲ့ပျုပင်ျေပာင်းလဲမှုကို မေဖ်ာဆောင်နိုင်လောက‌အောင် အားနည်းခ်က္ခို့ယြင်းခ်က်ရွိနေခဲ့ရင် ဖယ္ထုတ္ဖို့ တာဝန်ဟာ အစိုးရဆီရောက္လာပါတယ်။ သေခ်ာစိစစ်ပြီး လူထုအကိုးလုပ်ဆောင်ပေးကြပါရန် တိုက္တြန်းရေးသားလိုက်ရပါကြောင်းဗ်ာ။

 

Tags:

Source : DVB