fbpx

သထုံမြို့နယ်က ကျူးကျော်အချို့ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံစာတင်ပြမည်

မွန်ပြည်နယ်၊ သထုံမြို့နယ် နောင်ဘိုကျေးရွာက လမ်းဘေးကျူးကျော် နေထိုင်တဲ့ အိမ်ထောင်စု ၁၃ စုကို တာဝန်ရှိသူတွေက စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးဖို့ နို့တစ်စာပေးပို့တာကြောင့် သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံထံ အသနားခံစာတင်ပြသွားမယ်လို့ သိရပါတယ်။

နောင်ဘိုကျေးရွာအတွင်းရှိ နောင်ဘိုဘူတာလမ်းဘေးဝဲရာမှာ လွန်ခဲ့သောနှစ် ၂၀ ကျော်ကတည်းက ခြံမြေကွက် ၄၀ ကျော်ကို ကျေးရွာဥက္ကဋ္ဌနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေက အကွက်ရိုက်ရောင်းချပေးခဲ့တာပါ။

အဲဒီခြံမြေတွေအတွင်း နေထိုင်သူတွေကို နို့တစ်စာပေးပို့ ဖယ်ရှားခိုင်းနေတာကြောင့် နိုင်ငံတော်အတိုင်ပင်ခံတို့ထံ အသနားခံစာ တင်ပြသွားမယ်လို့ လက်ရှိနေထိုင်နေတဲ့ ဒေါ်နန်းမြင့်မြင့်စန်းက ပြောပါတယ်။

“ကျမတို့ကတော့ ဆက်ပြီးရင်ဆိုင်သွားမှာပါ။ ဒီမှာတော့ ဖယ်ပေးဖို့မရဘူး ဘာဖြစ်လို့လဲ ဆိုတော့ ရာဘာခြံသမားတွေက မျက်နှာစာလိုချင်လို့ လုပ်တာပဲ။ ဒီမှာပဲ အသေခံပြီး နေရမှာပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတော်အတိုင်ပင်ခံအထိ အသနားခံ ဆက်လက်တင်ပြသွားမှာပါ။”

နောင်ဘိုကျေးရွာက လမ်းဘေးကျူးကျော် နေထိုင်တဲ့သူတွေ နစ်နာမှုမရှိစေဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ အခြားမြေကွက်သစ်တွေကို အခမဲ့စီစဉ်ပေးခဲ့ပြီး အချို့က ပြောင်းရွှေ့သွားခဲ့ပေမယ့် အိမ်ထောင်စု ၁၂ စုမှာ မပြောင်းရွှေ့သေးတာကြောင့် အခုလို နို့တစ်စာ ပေးပို့တာလို့ သထုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ ၁၂ ဦးက မြေကွက်ပေးတာကိုလည်း မယူဘူး။ ဒီနေရာကလည်း မထွက်ခွာမပေးဘူးပေါ့နော်၊ အဲ့ဒါကြောင့် အစိုးရအဖွဲ့လမ်းညွှန်ချက်နဲ့အညီ ဥပဒေ အကြံပြုချက်တွေအရ ၁၈၈ နဲ့ ဒုတိယအကြိမ်တရားစွဲဆိုနိုင်ရေးကို နို့တစ်ပေးနေခြင်းဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကွန်ကရစ်လမ်း၊ လမ်းမီးတိုင်တွေနဲ့ အိမ်သုံးမီတာတွေ တပ်ဆင်ကာ အခိုင်အမာဆောက်လုပ်နေထိုင်ပြီး အခုလို ဖယ်ရှားတာတွေ၊ တရားစွဲတာတွေ ပြုလုပ်နေတာကို ဘယ်လိုမှ နားမလည်နိုင်ကြောင်း ဖယ်ရှားခိုင်းခံရတဲ့ မခင်မိုးရှိန်က အခုလိုပြောပါတယ်။

“ကျမတို့အနေနဲ့ သူများခြံထဲနေခဲ့ရတာပါ။ စုဆောင်းထားတာလေးတွေနဲ့ အခုမှ အိမ်ပိုင်ခြံပိုင်လေး ဝယ်ယူနေရတဲ့အပါ။ ကျမတို့က ဖယ်ပေးဖို့ဆိုတာလည်း အားလုံးက အခိုင်အမာ ဆောက်ထားကြတာတွေဆိုတော့ အားလုံးပျက်စီးကုန်မှာလေ၊ ကျမတို့ အိမ်တွေပျက်ဆီးတာကလည်း ကျမတို့ဘဝတွေ ပျက်စီးတာနဲ့အတူတူပေါ့။”

နောင်ဘိုဘူတာလမ်းအတွင်း ကျူးကျော်နေထိုင်သူတွေကို စက်တင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးဖယ်ရှားပေးဖို့ တတိယအကြိမ်မြောက်နို့တစ်စာကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အကြောင်းကြားထားတာပါ။

ဝဏ္ဏထွန်း

~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

သထုံမြို့နယ္က က်ူးကော််အခို့ အတိုင္ပင္ခံပုဂ္ဂိုလ္ထံ အသနားခံစာတင်ျပမည်

မြန်ျပည္နယ်၊ သထုံမြို့နယ် နောင္ဘိုကေ်းရြာက လမ်းဘေးက်ူးကော်် နေထိုင္တဲ့ အိမ်ထောင္စု ၁၃ စုကို တာဝန်ရွိသူတြေက စက္တင္ဘာ ၂၀ ရက်နေ့ နောက်ဆုံးထား ဖယ်ရွားပေးဖို့ နို့တစ္စာပေးပို့တာကြောင့် သမ္မတနဲ့ နိုင်ငံတော်အတိုင္ပင္ခံထံ အသနားခံစာတင်ျပသြားမယ္လို့ သိရပါတယ်။

နောင္ဘိုကေ်းရြာအတြင်းရွိ နောင္ဘိုဘူတာလမ်းဘေးဝဲရာမွာ လြန္ခဲ့သောနွစ် ၂၀ ကေ်္ကာတည်းက ခြံျေမကြက် ၄၀ ကေ်္ကာို ကေ်းရြာဥက္ကဋ္ဌနျဲ့ပည်သူ့စစ်ခေါင်းဆောင်တြေက အကြက်ရိုက်ရောင်းခ်ပေးခဲ့တာပါ။

အဲဒီခြံျေမေတြအတြင်း နေထိုင်သူတြေကို နို့တစ္စာပေးပို့ ဖယ်ရွားခိုင်းနေတာကြောင့် နိုင်ငံတော်အတိုင္ပင္ခံတို့ထံ အသနားခံစာ တင်ျပသြားမယ္လို့ လက်ရွိနေထိုင်နေတဲ့ ဒေါ်နန်ျးမင့်ျမင့္စန်းကျေပာပါတယ်။

“က်မတို့ကေတာ့ ဆက်ပြီးရင်ဆိုင်သြားမွာပါ။ ဒီမွာတော့ ဖယ်ပေးဖို့မရဘူး ဘျာဖစ္လို့လဲ ဆိုတော့ ရာဘာခြံသမားတြေက မ်က်နွာစာလိုခ်င္လို့ လုပ္တာပဲ။ ဒီမွာပဲ အေသခံပြီး နေရမွာပါ။ ဒါနဲ့ပတ်သက်ပြီးတော့လည်း နိုင်ငံတော်အတိုင္ပင္ခံအထိ အသနားခံ ဆက္လက္တင်ျပသြားမွာပါ။”

နောင္ဘိုကေ်းရြာက လမ်းဘေးက်ူးကော်် နေထိုင္တဲ့သူတြေ နစ္နာမှုမရွိစေဖို့ တိုင်းဒေသကြီးအစိုးရအဖြဲ့ အစီအစဉ္နဲ့ အျခာျးေမကြက်သစ်တြေကို အခမဲ့စီစဉ်ပေးခဲ့ပြီး အခို့ကျေပာင်းရွှေ့သြားခဲ့ပေမယ့် အိမ်ထောင္စု ၁၂ စုမွာ မျေပာင်းရွှေ့သေးတာကြောင့် အခုလို နို့တစ္စာ ပေးပို့တာလို့ သထုံမြို့နယ်အုပ္ခ်ုပ်ရေးမှူး ဦးသိန်းဝင်းက ဒီဗြီဘီကိုျေပာပါတယ်။

“သူတို့ ၁၂ ဦးကျေမကြက်ပေးတာကိုလည်း မယူဘူး။ ဒီနေရာကလည်း မထြက္ခြာမေပးဘူးပေါ့နော်၊ အဲ့ဒါကြောင့် အစိုးရအဖြဲ့လမ်းညွှန္ခ်က္နဲ့အညီ ဥပေဒ အကျြံပုခ်က်တြေအရ ၁၈၈ နဲ့ ဒုတိယအကြိမ္တရားစြဲဆိုနိုင်ရေးကို နို့တစ်ပေးနျေခင်ျးဖစ္ပါတယ်” လို့ျေပာပါတယ်။

ကြန္ကရစ္လမ်း၊ လမ်းမီးတိုင်တြေနဲ့ အိမ်သုံးမီတာတြေ တပ်ဆင္ကာ အခိုင်အမာဆောက္လုပ်နေထိုင်ပြီး အခုလို ဖယ်ရွားတာတြေ၊ တရားစြဲတာတျြေပုလုပ်နေတာကို ဘယ္လိုမွ နားမလည်နိုင်ကြောင်း ဖယ်ရွားခိုင်းခံရတဲ့ မခင္မိုးရွိန္က အခုလိျုေပာပါတယ်။

“က်မတို့အေနနဲ့ သူမ်ားခြံထဲနေခဲ့ရတာပါ။ စုဆောင်းထားတာလေးတြေနဲ့ အခုမွ အိမ္ပိုင်ခြံပိုင်လေး ဝယ်ယူနေရတဲ့အပါ။ က်မတို့က ဖယ်ပေးဖို့ဆိုတာလည်း အားလုံးက အခိုင်အမာ ဆောက္ထားကြတာတြေဆိုတော့ အားလုံးပ်က္စီးကုန္မွာလေ၊ က်မတို့ အိမ်တြေပ်က်ဆီးတာကလည်း က်မတို့ဘဝေတြ ပ်က္စီးတာနဲ့အတူတူပေါ့။”

နောင္ဘိုဘူတာလမ်းအတြင်း က်ူးကော််နေထိုင်သူတြေကို စက္တင္ဘာ ၂၀ ရက်နေ့ နောက်ဆုံးဖယ်ရွားပေးဖို့ တတိယအကြိမ်ျေမာက်နို့တစ္စာကို အေထြေထြအုပ္ခ်ုပ်ရေးဦးစီးဌာနက အေကြာင်းကြားထားတာပါ။

ဝဏ္ဏထြန်း

Tags:

Source : DVB