fbpx

အမွေဆက်ခံရေး – (ဥပဒေရေးရာ အမေးအဖြေ)

အမွေဆက်ခံရေးနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ပေါ်က မေးမြန်းလာထားတာတွေကို ဒေါ်ခင်မေသန်း (တရားလွှတ်တော်ရှေ့နေ) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး။ ။ ကျနော်တို့မှာ မောင်နှမ ၄ ယောက် ရှိပါတယ်။ အဖေက ဆုံးသွားတာ ကြာပါပြီ။ အမေပဲ ရှိပါတော့တယ်။ သမီး ၃ ယောက်က အိမ်ခွဲသွားပြီဖြစ်လို့ ကျနော်က အမေနဲ့ အတူနေပါတယ်။ အိမ်ထောင်ခွဲ သမီးတွေကို သင့်တင့်တဲ့ ငွေကြေးများ ပေးပြီးဖြစ်လို့ လက်ရှိ နေထိုင်တဲ့ အိမ်ဝိုင်းကို အမေက ကျနော့်ကို စာချုပ်စာတမ်းနဲ့ အပိုင်ပေးလိုပါတယ်။ အပိုင်ပေးတဲ့ကိစ္စကို အသိသက်သေ ၄ ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ စာချုပ်ချုပ်ခဲ့ပါတယ်။ တရားဝင်မှု ရှိ မရှိ၊ တရားဝင်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိလိုပါတယ်။

ဖြေ။ ။ မြန်မာ ဗုဒ္ဓဘာသာ ဖြစ်တဲ့အတွက်ကြောင့် မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ အကျုံးဝင်ပါတယ်။ နောက် မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ မိခင်က သက်ရှိထင်ရှား ရှိနေတဲ့အတွက်ကြောင့် မိခင်တဦးတည်း ပိုင်တယ်။ အမွေဆိုင်ပစ္စည်းအဖြစ် မရောက်သေးဘူး။ မိခင်မှာ စီမံခန့်ခွဲပိုင်ခွင့် ရှိလားဆိုတော့ ရှိပါတယ်။ အမေ ကွယ်လွန်ရင်တော့ ကျန်တဲ့ သားသမီးတွေက အမွေဆိုင်တွေ ဖြစ်လာမှာပဲ။ မေးခွန်းအရ သားတယောက်တည်းကိုပဲ ပေးချင်တယ် ဆိုရင်လည်း ပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတဲ့ ဥပဒေတခု ရှိတာက ကျန်အမွေဆိုင်တွေ ခွဲဖို့ ဘာမှမကျန်လောက်အောင် မိခင်ကနေပြီးတော့ ရှိရှိသမျှ ပစ္စည်းကိုတော့ အကုန်ပေးလို့ မရဘူး။ ပေးရင် ပျက်ပါတယ်။ ဒါကို သတိပြုရမှာ ဖြစ်ပါတယ်။ မေးခွန်းမှာပါတဲ့ အပိုင်ပေးတယ် ဆိုတာက ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေနဲ့ စာချုပ် ချုပ်တယ်ပေါ့.. စသဖြင့် ပြောထားတယ်။ ဒါပေမဲ့ အခုလို့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းကို ပေးရင် မှတ်ပုံတင်စာချုပ် ချုပ်မှသာလျှင် တရားဝင်ပါတယ်လို့ ဖြေကြားချင်ပါတယ်။ 

မေး။ အဘိုးဖြစ်သူက ခရစ်ယာန်ဘာသာဝင် ဖြစ်ပြီး ဇနီးမယား နှစ်ဦးနဲ့ သေဆုံးချိန်ထိ ပေါင်းသင်းနေထိုင်ခဲ့ပါတယ်။ ယခုအချိန်တွင် အဘိုးနှင့် မယား နှစ်ဦးလုံး သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။ သေတမ်းစာ ရေးခဲ့ခြင်း မရှိပါ။ အဘိုး အမည်ပေါက် ပိုင်ဆိုင်တဲ့ အိမ်ခြံမြေတခု ကျန်ခဲ့ပါတယ်။ အဲဒီမှာ မယားကြီးဘက်မှ သားသမီးတွေက မယားငယ်ဘက်မှ သားသမီးတွေကို မောင်းထုတ်ပြီး နေထိုင်နေကြပါတယ်။ ၂၀၀၃ ခုနှစ်တွင် အဘိုး ဆုံး၍ ၂၀၁၃ ခုနှစ်တွင် မယားကြီးဘက်မှ သားသမီးများနှင့် ကချင်ယဉ်ကျေးမှုဓလေ့ထုံးစံဖြင့် ဖြေရှင်းခဲ့ပေမယ့် အဆင်မပြေခဲ့ပ်။ အခုချိန်မှာ မယားငယ်ဘက်က သားသမီးတွေက တရားစွဲချင်ပေမယ့် ဖခင် သေဆုံးပြီး ၁၂ နှစ်အတွင်းသာ အကျုံးဝင်တယ်လို့ ပြောနေကြတဲ့အတွက် အမွေဆက်ခံခွင့်အတွက် ဘယ်လို ဆက်လုပ်ရမလဲ ဆိုတာကို သိပါရစေ။

ဖြေ။ ။ အမွေကိစ္စနဲ့ပတ်သက်ရင် နံပါတ်တစ် အချက်က ကွယ်လွန်သူ အမွေရှင် အဘိုးနဲ့ သက်ဆိုင်တဲ့၊ အကျုံးဝင်တဲ့ ဥပဒေ ဘာလဲဆိုတာ ကြည့်ရမယ်။ ခရစ်ယာန်ဆိုတော့ ခရစ်ယာန်ဥပဒေနဲ့ အကျုံးဝင်တယ်။ ကချင်ဓလေ့ထုံးတမ်း ယဉ်ကျေးမှုနဲ့လည်း အကျုံးဝင်တယ်။ နောက် ကာလစည်းကမ်းသတ်ဥပဒေ ပထမဇယား အမှတ်စဉ်၊ ၁၄၄ မှာ အမွေရှင် ကွယ်လွန်တဲ့နေ့ကစ၍ ဖြစ်စေ၊ အဲဒီ ကွယ်လွန်တဲ့ပစ္စည်းနဲ့ ပတ်သက်ပြီး ခွဲဖို့ ပြောတာကို ငြင်းတဲ့နေ့ကစပြီး ရေတွက်ရင် ၁၂ နှစ်အတွင်း တရားစွဲရပါမယ်။ ၂၀၁၃ ခုနှစ်မှာ အမွေခွဲဖို့ ဖြေရှင်းတာ မပြေလည်ဘူး။ အခု ၂၀၁၉ ခုနှစ်ဆိုတော့ အချိန်မလွန်သေးဘူးပေါ့။ အဲတော့ ကာလစည်းကမ်းသတ်လည်း မလွန်သေးဘူးဆိုတော့ ဥပဒေအတိုင်း အမွေပုံပစ္စည်း စီမံခန့်ခွဲပေးစေလိုမှုနဲ့ စွဲလို့ရတယ်။ အမွေပစ္စည်း ရှိရမယ်၊ အမွေဆိုင် ရှိရမယ်၊ အမွေပုံ အမျိုးအစားတွေကတော့ သက်ဆိုင်ရာ အမှုသဘောသဘာဝအလိုက်  ပေါ်ပေါက်တဲ့ အချက်အတိုင်း အမိန့်ချမှတ်မှာ ဖြစ်တယ်လို့ ဖြေကြားပေးချင်ပါတယ်။

မေး။ ။  အမွေရှင် သားသမီး ၃ ယောက် ရှိပါတယ်။ အဲဒီထဲက တယောက် ကွယ်လွန်ပြီးကာမှ ကျန်တဲ့ သားသမီး နှစ်ဦးနဲ့ မိသားစု စီမံမှု လုပ်ကြမယ်ဆိုရင် ဥပဒေအရ ဘောင်ဝင်ပါသလား။ ဘယ်လို ဆက်လုပ်ရမလဲဆိုတာကို ဖြေကြားပေးစေချင်ပါတယ်။

ဖြေ။ ။ ပြဿနာက အမွေရှင်ရယ် သက်ရှိထင်ရှား ရှိနေတဲ့ သမီးနှစ်ယောက်ကြား ပြဿနာပေါ့။ အဲဒီတော့ သေသွားတဲ့သူမှာ ဇနီး ရှိသလား၊ ခင်ပွန်း ရှိလား၊ သားသမီး ရှိလား။ ရှိရင် သူတို့က family arrangement  ထဲမှာ ပါရမယ်။ ဒါမှ ပြည့်စုံတဲ့ မိသားစုစီမံမှု ဖြစ်မယ်။ ဒါက ၁ အချက်၊ ၂ အချက်က သေသွားတဲ့သူက လူပျိုလား၊ အပျိုလား၊ မုဆိုးဖိုလား၊ မုဆိုးမလား၊ တစ်ခုလပ်လား၊ ဒါဆိုရင်တော့ မလိုတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ သေသူရဲ့ ကိုယ်စားပြုသူက ဒီထဲမှာ မရှိတော့ဘူး။

အဲဒီတော့ မြန်မာဓလေ့ထုံးတမ်းဥပဒေအရ မိသားစုစီမံမှု လုပ်လို့ရပါတယ်။  နှုတ်နဲ့လည်း နည်းလမ်းတကျ လုပ်လို့ ရပါတယ်။ အများ သဘောတူရမယ်။ ကျေနပ်ရမယ်။ အခွင့်အရေး ရှိတဲ့လူတွေ ပါရမယ်။ ပါတဲ့သူတွေကလည်း အားလုံး သဘောတူရမယ်။ ဒါပေမဲ့ ခွဲမယ့်ပစ္စည်းက အိမ်ခြံမြေ ဖြစ်မယ်၊ မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း ဖြစ်မယ်၊ ကျပ် တသိန်းထက် ပိုတဲ့ပစ္စည်း ဖြစ်မယ်ဆိုရင်တော့  စာချုပ်ချုပ်ရမယ်။ လုပ်ထုံးလုပ်နည်းနဲ့အညီ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးမှာ မှတ်ပုံတင်မှ တရားဝင်ပါမယ်။ ဒါကြောင့် မိသားစု စုံစုံညီညီ မှတ်ပုံတင်၊ စာချုပ်ချုပ် စီမံခန့်ခွဲတာက အကောင်းဆုံးလို့ ဖြေကြားပေးချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦးဘဖေပါ ၆ နဲ့ မချိုတီ ၁၉၆၆ မတစ စာမျက်နှာ ၇၂၇၊ ဒေါ်ငွေလှိုင်ပါ ၈ အမှု၊ ၁၉၉၁ မတစ စာမျက်နှာ ၅၀ အမှုတွေမှာလည်း ထုံးဖွဲ့ထားတယ်လို့ ဖြေကြားချင်ပါတယ်။

မေး။ ။ ကျမတို့ မိဘတွေက ဟိန္ဒူဘာသာဝင်တွေပါ။ မိဘတွေ သေဆုံးသွားချိန်မှာ သားသမီး ၅ ယောက်အနက် အစ်ကိုတစ်ယောက်နဲ့ ညီမတစ်ယောက်ပဲ ကျန်ပါတယ်။ ကျန်တဲ့ မောင်နှမတွေလည်း ဆုံးသွားပါပြီ။ သားသမီးတွေတော့ ကျန်ပါတယ်။ အစ်ကိုဖြစ်သူက မိဘအမွေကို သမီးမိန်းကလေးတွေနဲ့ မဆိုင်ဘူး၊ မပေးနိုင်ဘူးလို့ ပြောနေပါတယ်။ မိဘတွေက သေတမ်းစာ မရေးခဲ့ဘူးဆိုရင် မိဘတွေ ထားခဲ့တဲ့ အမွေတွေကို ကျန်ရစ်တဲ့ သားသမီး ၅ ယောက် ညီတူမျှတူ ခွဲဝေရမှာလား။ ဘယ်လို လုပ်ရမလဲဆိုတာကို ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ။ မြန်မာဓလေ့ထုံးတမ်းဥပဒေနဲ့ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေနဲ့က ကွဲပြားတယ်ဆိုတာ တစ် အချက်အနေနဲ့ သိရပါမယ်။ နောက် နှစ် အချက်က မြန်မာနိုင်ငံ တရားဥပဒေများ အက်ဥပဒေ ပုဒ်မ ၁၃ (၁) အရ မြန်မာနိုင်ငံအတွင်းမှာ ရှိနေတဲ့ ဟိန္ဒူဘာသာဝင်တွေရဲ့ အမွေဆက်ခံရေး၊ ထိမ်မြားလက်ထပ်ရေး၊ မျိုးနွယ်ရေး၊ ဘာသာရေးတွေ အားလုံးကို ဟိန္ဒူ ဓလေ့ထုံးတမ်းဥပဒေအရပဲ အဆုံးအဖြတ်ပြုရမှာ ဖြစ်ပါတယ်။ ဟိန္ဒူဓလေ့ထုံးတမ်းဥပဒေကို ကြည့်လိုက်ရင် ပူးတွဲပိုင်ဆိုင်တဲ့ မိသားစုပုံစံကို အခြေခံထားပါတယ်။ အဲတော့ အမွေရှင်ရဲ့ သား၊ သူ့သားရဲ့သား၊ မြေး ဖြစ်တာပေါ့။ သားရဲ့ သားရဲ့သား၊ မြစ် အဲလိုမျိုးပုံစံနဲ့ မိသားစုတွေက သွေးတူတဲ့ ပုံစံမျိုး ဖြစ်ကြပြီးတော့ အမွေရှင်ရဲ့ အမွေကို သွေးတူသူတွေက ဆက်ခံတာဖြစ်တယ်။  အဲဒါက ဒုတိယအချက်ပေါ့။

အဲဒီတော့ မေးခွန်းအရ ကွယ်လွန်တဲ့ သားသမီးတွေက မိဘတွေနောက်မှာ ကွယ်လွန်ရင်တော့ သေတဲ့သူတွေရဲ့ သားသမီးမြေး၊ မြစ်တွေက အမွေဆက်ခံခွင့်ရမယ်။ ဒါပေမဲ့ မိဘတွေအရင် ကွယ်လွန်ရင်တော့ ကိုယ်စားပြု ဆက်ခံနိုင်ခွင့် မရှိတဲ့အတွက်ကြောင့် အမွေမရနိုင်ပါဘူး။ နောက်တစ်ခါ ဟိန္ဒူတွေရဲ့ ဓလေ့ထုံးတမ်းက ခုနက ပြောတဲ့ သား၊ သားရဲ့ သား ဆိုတဲ့အတိုင်းပဲ သားယောက်ျားလေးဖြစ်တဲ့ အစ်ကို ရှိနေတဲ့အတွက်ကြောင့်မို့လို့  သမီးမိန်းကလေးဖြစ်တဲ့ ညီမဖြစ်တဲ့သူက အမွေရခွင့် မရှိပါဘူးလို့ပဲ ဖြေကြားချင်ပါတယ်။

မေး။ ။  မိဘများဆုံးတော့ သားသမီး ၈ ဦး ကျန်ခဲ့ပါတယ်။ နံပါတ် ၆ အစ်မရဲ့ အမျိုးသားက သေဆုံးသွားတာ ၂ နှစ်ရှိပါပြီ။ အဲဒီအစ်မက နောက်အိမ်ထောင်ပြုဖို့ အစီအစဉ်ရှိလာတော့ အိမ်ထောင်မပြုခင်မှာ သူ ပိုင်ဆိုင်တဲ့ အိမ်၊ ပစ္စည်း၊ ငွေကြေး စတာတွေကို သူမရဲ့ အိမ်ထောင်ဘက်ထက် သူက အရင်ဦးစွာ သေဆုံးခဲ့ရင် မောင် ၂ ယောက်ဖြစ်တဲ့ နံပါတ် ၇ နဲ့ ၈ တို့ကို တရားဝင် လွှဲပြောင်းပေးခဲ့ချင်ပါတယ်။ မောင် နှစ်ယောက်တည်းကို လွှဲပေးလို့ ရပါသလား။ ကျန်တဲ့မောင်နှမတွေက ဝင်ပြီး တောင်းခံခွင့် ရှိပါသလား။  အစ်မရဲ့ နောက်အိမ်ထောင်နဲ့ကော သက်ဆိုင်မှု ရှိပါသလား ဆိုတာကို သိပါရစေ။

ဖြေ။ ။ မေးခွန်းက နံပါတ် ၆ အစ်မရဲ့ ပြဿနာပေါ့။ မေးခွန်းအရ သားသးမီးလည်း သူက မွေးထားတာ မတွေ့ဘူး။ နောက်အိမ်ထောင်ပြုရင် နံပတ် ၆ အမရဲ့ ပိုင်ဆိုင်တဲ့ပစ္စည်းတွေကို ပါရင်းအဖြစ် ဥပဒေကတော့ နောက်အိမ်ထောင်ဆီကို ရောက်သွားမှာတော့ သေချာပါတယ်။  နံပတ် ၆ အစ်မက နောက်အိမ်ထောင်ပြုရင် သားသမီး မွေးလား၊ မမွေးလားလည်း မသေချာပါဘူး။ နောက်ယောက်ျားနဲ့ ယူလိုက်တဲ့အခါမှာ သူ အရင်သေမလား၊ ယောက်ျားက အရင်သေမှာလား ဆိုတာလည်း မသေချာပါဘူး။ အဲဒီတော့ သူ မသေခင် သူ့ပစ္စည်းတွေကို မောင်နှစ်ယောက်ကို လွှဲပေးချင်တယ်။ အဲလိုလွှဲပေးရင် ကျန်တဲ့ မောင်နှမတွေက ဝင်ပြီး နှောင့်ယှက်မလားဆိုပြီး မေးခွန်းမေးလာတယ်။ အဲဒီတော့ နောက်အိမ်ထောင်မပြုခင်မှာ ကိုယ် ပေးချင်တဲ့ပစ္စည်းကို ကိုယ်ပေးချင်တဲ့သူကို ပေးလို့ရပါတယ်။ တရားဝင် လက်ရောက် လွှဲပြောင်းပေးရမယ်။ နောက်တစ်ချက်က နံပါတ် ၆ အစ်မနေနဲ့က ကျန်တဲ့မောင်နှမတွေကို သူ သေရင် သူ့ပစ္စည်းတွေကို မောင်နှစ်ယောက်ကို ပေးပါလို့ မှာကြားမယ် ဆိုတာမျိုးက လုပ်ခွင့် မရှိဘူး။ ရေးသားထားခွင့်လည်း မရှိဘူး။ ဗမာ့ဓလေ့ထုံးတမ်းဥပဒေက သေတမ်းစာ ရေးသားခွင့်ကို တားမြစ်ပိတ်ပင်ထားပါတယ်။ ဒါကြောင့် ဒီလို့ မှာကြားရုံနဲ့ ပေးဖို့ ရည်စူးထားတဲ့ မောင်နှစ်ယောက်ဆီကိုလည်း ရောက်မှာ မဟုတ်ပါဘူး။ အဲတော့ နောက်အိမ်ထောင်ပြုသွားတဲ့ ခင်ပွန်းကတော့ သူ့ဆီ ရောက်လာတဲ့ ပစ္စည်းကတော့ ဥပဒေအခွင့်အရေး ရှိသမျှတော့ ဆိုင်နေမှာပဲ။ ဒါကြောင့် နံပါတ် ၆ အစ်မရဲ့ ပြဿနာအနေနဲ့ သူ့မောင်နှစ်ယောက်ကို ပေးချင်ရင် နောက်အိမ်ထောင်မပြုခင်မှာ တိတိလင်းလင်း အခုအချိန်မှာ စီမံပိုင်ခွင့်ရှိတယ်လို့ ဖြေကြားပေးချင်ပါတယ်။

~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

အေမြဆက္ခံရေး – (ဥပေဒေရးရာ အေမးအျေဖ)

အေမြဆက္ခံရေးနဲ့ပတ်သက်ပြီး လူမှုကြန်ရက်ပေါ်က မေျးမန်းလာထားတာတြေကို ဒေါ်ခင်မေသန်း (တရားလွှတ်တော်ရွေ့နေ) အား ဒီဗြီဘီက တြေ့ဆုံမေျးမန်းထားပါတယ်။

မေး။ ။ က်န္တောို့မွာ မောင်နွမ ၄ ယောက် ရွိပါတယ်။ အေဖက ဆုံးသြားတာ ကြာပါပြီ။ အေမပဲ ရွိပါတော့တယ်။ သမီး ၃ ယောက္က အိမ္ခြဲသြားပျြီဖစ္လို့ က်န္ကော အေမနဲ့ အတူနေပါတယ်။ အိမ်ထောင္ခြဲ သမီးတြေကို သင့္တင့္တဲ့ ငြေကြးမ်ား ပေးပြီျးဖစ္လို့ လက်ရွိ နေထိုင္တဲ့ အိမ်ဝိုင်းကို အေမက က်နော့္ကို စာခ်ုပ္စာတမ်းနဲ့ အပိုင်ပေးလိုပါတယ်။ အပိုင်ပေးတဲ့ကိစ္စကို အသိသက်သေ ၄ ဦး၊ ကေ်းရြာအုပ္ခ်ုပ်ရေးမှူးနဲ့ စာခ်ုပ္ခ်ုပ္ခဲ့ပါတယ်။ တရားဝင္မှု ရွိ မရွိ၊ တရားဝင်အောင် ဘယ္လိုလုပ်ရမလဲ ဆိုတာ သိလိုပါတယ်။

ေ်ဖ။ ။ျမန္မာ ဗုဒ္ဓဘာသျာဖစ္တဲ့အတြက်ကြောင့်ျမန္မာဓေလ့ထုံးတမ်းဥပေဒနဲ့ အက်ုံးဝင္ပါတယ်။ နောက်ျမန္မာ့ဓေလ့ ထုံးတမ်းဥပေဒအရ မိခင္က သက်ရွိထင်ရွား ရွိနေတဲ့အတြက်ကြောင့် မိခင္တဦးတည်း ပိုင္တယ်။ အေမြဆိုင္ပစ္စည်းအျဖစ် မေရာက်သေးဘူး။ မိခင္မွာ စီမံခန့္ခြဲပိုင္ခြင့် ရွိလားဆိုတော့ ရွိပါတယ်။ အေမ ကြယ္လြန်ရင်တော့ က်န္တဲ့ သားသမီးတြေက အေမြဆိုင်တျြေဖစ္လာမွာပဲ။ မေးခြန်းအရ သားတေယာက္တည်းကိုပဲ ပေးခ်င္တယ် ဆိုရင္လည်း ပေးပိုင္ခြင့်ရွိပါတယ်။ ဒါပေမဲ့ အေရးကြီးတဲ့ ဥပေဒတခု ရွိတာက က်န်အေမြဆိုင်တြေ ခြဲဖို့ ဘာမွမက်န်လောက်အောင် မိခင္ကေနပြီးတော့ ရွိရွိသမွ် ပစ္စည်းကိုတော့ အကုန်ပေးလို့ မရဘူး။ ပေးရင် ပ်က္ပါတယ်။ ဒါကို သတျိပုရမျွာဖစ္ပါတယ်။ မေးခြန်းမွာပါတဲ့ အပိုင်ပေးတယ် ဆိုတာက ရပ္ကြက် အုပ္ခ်ုပ်ရေးမှူးတြေနဲ့ စာခ်ုပ် ခ်ုပ္တယ်ပေါ့.. စသျဖင့်ျေပာထားတယ်။ ဒါပေမဲ့ အခုလို့ မေရွှ့မျေပာင်းနိုင္တဲ့ ပစ္စည်းကို ပေးရင် မွတ္ပုံတင္စာခ်ုပ် ခ်ုပ္မွသာလ်ွင် တရားဝင္ပါတယ္လို့ျေဖကြားခ်င္ပါတယ်။

မေး။ အဘိုျးဖစ်သူက ခရစ်ယာန္ဘာသာဝင်ျဖစ်ပြီး ဇနီးမယား နွစ်ဦးနဲ့ သေဆုံးခိန္ထိ ပေါင်းသင်းနေထိုင္ခဲ့ပါတယ်။ ယခုအခိန္တငြ် အဘိုးနွင့် မယား နွစ်ဦးလုံး သေဆုံးခဲ့ပြီျးဖစ္ပါတယ်။ သေတမ်းစာ ရေးချဲ့ခင်း မရွိပါ။ အဘိုး အမည်ပေါက် ပိုင်ဆိုင္တဲ့ အိမ်ခြံျေမတခု က်န္ခဲ့ပါတယ်။ အဲဒီမွာ မယားကြီးဘက္မွ သားသမီးတြေက မယားငယ္ဘက္မွ သားသမီးတြေကို မောင်းထုတ်ပြီး နေထိုင်နေကြပါတယ်။ ၂၀၀၃ ခုနွစ္တြင် အဘိုး ဆုံး၍ ၂၀၁၃ ခုနွစ္တြင် မယားကြီးဘက္မွ သားသမီးမ်ားနွင့် ကခ်င်ယဉ်ကေ်းမှုဓေလ့ထုံးဈံဖင့်ျေဖရွင်းခဲ့ပေမယ့် အဆင္မျေပခဲ့ပ်။ အခုခိန္မွာ မယားငယ္ဘက္က သားသမီးတြေက တရားစြဲခ်င်ပေမယ့် ဖခင် သေဆုံးပြီး ၁၂ နွစ်အတြင်းသာ အက်ုံးဝင္တယ္လို့ျေပာနေကြတဲ့အတြက် အေမြဆက္ခံခြင့်အတြက် ဘယ္လို ဆက္လုပ်ရမလဲ ဆိုတာကို သိပါရေစ။

ေ်ဖ။ ။ အေမြကိစ္စနဲ့ပတ်သက်ရင် နံပါတ္တစ် အခ်က္က ကြယ္လြန်သူ အေမြရွင် အဘိုးနဲ့ သက်ဆိုင္တဲ့၊ အက်ုံးဝင္တဲ့ ဥပေဒ ဘာလဲဆိုတာ ကြည့်ရမယ်။ ခရစ်ယာန်ဆိုတော့ ခရစ်ယာန်ဥပေဒနဲ့ အက်ုံးဝင္တယ်။ ကခ်င္ဓေလ့ထုံးတမ်း ယဉ်ကေ်းမှုနဲ့လည်း အက်ုံးဝင္တယ်။ နောက် ကာလစည်းကမ်းသတ်ဥပေဒ ပထမဇယား အမွတ္စဉ်၊ ၁၄၄ မွာ အေမြရွင် ကြယ္လြန္တဲ့နေ့ကစ၍ျဖစ်စေ၊ အဲဒီ ကြယ္လြန္တဲ့ပစ္စည်းနဲ့ ပတ်သက်ပြီး ခြဲဖို့ျေပာတာကျိုငင်းတဲ့နေ့ကစပြီး ရေတြက်ရင် ၁၂ နွစ်အတြင်း တရားစြဲရပါမယ်။ ၂၀၁၃ ခုနွစ္မွာ အေမြခြဲဖို့ျေဖရွင်းတာ မျေပလည္ဘူး။ အခု ၂၀၁၉ ခုနွစ်ဆိုတော့ အခိန္မလြန်သေးဘူးပေါ့။ အဲတော့ ကာလစည်းကမ်းသတ္လည်း မလြန်သေးဘူးဆိုတော့ ဥပေဒအတိုင်း အေမြပုံပစ္စည်း စီမံခန့္ခြဲပေးစေလိုမှုနဲ့ စြဲလို့ရတယ်။ အေမြပစ္စည်း ရွိရမယ်၊ အေမြဆိုင် ရွိရမယ်၊ အေမြပုံ အမိုးအစားတြေကေတာ့ သက်ဆိုင်ရာ အမှုသေဘာသဘာဝအလိုက်  ပေါ်ပေါက္တဲ့ အခ်က်အတိုင်း အမိန့္ခ်မွတ္မျွာဖစ္တယ္လို့ျေဖကြားပေးခ်င္ပါတယ်။

မေး။ ။  အေမြရွင် သားသမီး ၃ ယောက် ရွိပါတယ်။ အဲဒီထဲက တေယာက် ကြယ္လြန်ပြီးကာမွ က်န္တဲ့ သားသမီး နွစ်ဦးနဲ့ မိသားစု စီမံမှု လုပ်ကြမယ်ဆိုရင် ဥပေဒအရ ဘောင်ဝင္ပါသလား။ ဘယ္လို ဆက္လုပ်ရမလဲဆိုတာကိုျေဖကြားပေးစေခ်င္ပါတယ်။

ေ်ဖ။ ။ျပဿနာက အေမြရွင်ရယ် သက်ရွိထင်ရွား ရွိနေတဲ့ သမီးနွစ်ယောက်ကြာျးပဿနာပေါ့။ အဲဒီတော့ သေသြားတဲ့သူမွာ ဇနီး ရွိသလား၊ ခင္ပြန်း ရွိလား၊ သားသမီး ရွိလား။ ရွိရင် သူတို့က family arrangement  ထဲမွာ ပါရမယ်။ ဒါမျွပည့္စုံတဲ့ မိသားစုစီမံမျှုဖစ္မယ်။ ဒါက ၁ အခ်က်၊ ၂ အခ်က္က သေသြားတဲ့သူက လူပိုလား၊ အပိုလား၊ မုဆိုးဖိုလား၊ မုဆိုးမလား၊ တစ္ခုလပ္လား၊ ဒါဆိုရင်တော့ မလိုတော့ပါဘူး။ ဘာကြောင့္လဲဆိုတော့ သေသူရဲ့ ကိုယ္စာျးပုသူက ဒီထဲမွာ မရွိတော့ဘူး။

အဲဒီတေျာ့မန္မာဓေလ့ထုံးတမ်းဥပေဒအရ မိသားစုစီမံမှု လုပ္လို့ရပါတယ်။  နှုတ္နဲ့လည်း နည်းလမ်းတက် လုပ္လို့ ရပါတယ်။ အမ်ား သေဘာတူရမယ်။ က်ေနပ်ရမယ်။ အခြင့်အေရး ရွိတဲ့လူတြေ ပါရမယ်။ ပါတဲ့သူတြေကလည်း အားလုံး သေဘာတူရမယ်။ ဒါပေမဲ့ ခြဲမယ့္ပစ္စည်းက အိမ်ခြံျေမျဖစ္မယ်၊ မေရွှ့မျေပာင်းနိုင္တဲ့ပစ္စည်ျးဖစ္မယ်၊ က်ပ် တသိန်းထက် ပိုတဲ့ပစ္စည်ျးဖစ္မယ်ဆိုရင်တော့  စာခ်ုပ္ခ်ုပ်ရမယ်။ လုပ္ထုံးလုပ္နည်းနဲ့အညီ စာခ်ုပ္စာတမ်း မွတ္ပုံတင်ရုံးမွာ မွတ္ပုံတင္မွ တရားဝင္ပါမယ်။ ဒါကြောင့် မိသားစု စုံစုံညီညီ မွတ္ပုံတင်၊ စာခ်ုပ္ခ်ုပ် စီမံခန့္ခြဲတာက အေကာင်းဆုံးလို့ျေဖကြားပေးခ်င္ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဦးဘေဖပါ ၆ နဲ့ မခိုတီ ၁၉၆၆ မတစ စာမ်က်နွာ ၇၂၇၊ ဒေါ်ငြေလှိုင္ပါ ၈ အမှု၊ ၁၉၉၁ မတစ စာမ်က်နွာ ၅၀ အမှုတြေမွာလည်း ထုံးဖြဲ့ထားတယ္လို့ျေဖကြားခ်င္ပါတယ်။

မေး။ ။ က်မတို့ မိဘေတြက ဟိန္ဒူဘာသာဝင်တြေပါ။ မိဘေတြ သေဆုံးသြားခိန္မွာ သားသမီး ၅ ယောက်အနက် အစ္ကိုတစ်ယောက္နဲ့ ညီမတစ်ယောက္ပဲ က်န္ပါတယ်။ က်န္တဲ့ မောင်နွမေတြလည်း ဆုံးသြားပါပြီ။ သားသမီးတြေတာ့ က်န္ပါတယ်။ အစ္ကျိုဖစ်သူက မိဘအေမြကို သမီးမိန်းကေလးတြေနဲ့ မဆိုင္ဘူး၊ မေပးနိုင္ဘူးလို့ျေပာနေပါတယ်။ မိဘေတြက သေတမ်းစာ မေရးခဲ့ဘူးဆိုရင် မိဘေတြ ထားခဲ့တဲ့ အေမြေတြကို က်န်ရစ္တဲ့ သားသမီး ၅ ယောက် ညီတူမ်ွတူ ခြဲဝေရမွာလား။ ဘယ္လို လုပ်ရမလဲဆိုတာကိုျေပျာပေပးစေခ်င္ပါတယ်။

ေ်ဖ။ ။ျမန္မာဓေလ့ထုံးတမ်းဥပေဒနဲ့ ဟိန္ဒူဓေလ့ထုံးတမ်းဥပေဒနဲ့က ကျြဲပားတယ်ဆိုတာ တစ် အခ်က်အေနနဲ့ သိရပါမယ်။ နောက် နွစ် အခ်က္ကျမန္မာနိုင်ငံ တရားဥပေဒမ်ား အက်ဥပေဒ ပုဒ္မ ၁၃ (၁) အရျမန္မာနိုင်ငံအတြင်းမွာ ရွိနေတဲ့ ဟိန္ဒူဘာသာဝင်တြေရဲ့ အေမြဆက္ခံရေး၊ ထိမ်ျမားလက္ထပ်ရေး၊ မိုးနယ်ြရေး၊ ဘာသာရေးတြေ အားလုံးကို ဟိန္ဒူ ဓေလ့ထုံးတမ်းဥပေဒအရပဲ အဆုံးအျဖတ်ျပုရမျွာဖစ္ပါတယ်။ ဟိန္ဒူဓေလ့ထုံးတမ်းဥပေဒကို ကြည့္လိုက်ရင် ပူးတြဲပိုင်ဆိုင္တဲ့ မိသားစုပုံစံကို အျေခခံထားပါတယ်။ အဲတော့ အေမြရွင်ရဲ့ သား၊ သူ့သားရဲ့သား၊ျေမျးဖစ္တာပေါ့။ သားရဲ့ သားရဲ့သား၊ျမစ် အဲလိုမိုးပုံစံနဲ့ မိသားစုတြေက သြေးတူတဲ့ ပုံစံမိုျးဖစ်ကြပြီးတော့ အေမြရွင်ရဲ့ အေမြကို သြေးတူသူတြေက ဆက္ခံတျာဖစ္တယ်။  အဲဒါက ဒုတိယအခ်က်ပေါ့။

အဲဒီတော့ မေးခြန်းအရ ကြယ္လြန္တဲ့ သားသမီးတြေက မိဘေတြေနာက္မွာ ကြယ္လြန်ရင်တော့ သေတဲ့သူတြေရဲ့ သားသမီျးေမး၊ျမစ်တြေက အေမြဆက္ခံခြင့်ရမယ်။ ဒါပေမဲ့ မိဘေတြအရင် ကြယ္လြန်ရင်တော့ ကိုယ္စာျးပု ဆက္ခံနိုင္ခြင့် မရွိတဲ့အတြက်ကြောင့် အေမြမရနိုင္ပါဘူး။ နောက္တစ္ခါ ဟိန္ဒူတြေရဲ့ ဓေလ့ထုံးတမ်းက ခုနကျေပာတဲ့ သား၊ သားရဲ့ သား ဆိုတဲ့အတိုင်းပဲ သားယောက်ားလေျးဖစ္တဲ့ အစ္ကို ရွိနေတဲ့အတြက်ကြောင့္မို့လို့  သမီးမိန်းကေလျးဖစ္တဲ့ ညီမျဖစ္တဲ့သူက အေမြရခြင့် မရွိပါဘူးလို့ပဲျေဖကြားခ်င္ပါတယ်။

မေး။ ။  မိဘမ်ားဆုံးတော့ သားသမီး ၈ ဦး က်န္ခဲ့ပါတယ်။ နံပါတ် ၆ အစ္မရဲ့ အမိုးသားက သေဆုံးသြားတာ ၂ နွစ်ရွိပါပြီ။ အဲဒီအစ္မက နောက်အိမ်ထောင်ျပုဖို့ အစီအစဉ်ရွိလာတော့ အိမ်ထောင္မျပုခင္မွာ သူ ပိုင်ဆိုင္တဲ့ အိမ်၊ ပစ္စည်း၊ ငြေကြး စတာတြေကို သူမရဲ့ အိမ်ထောင္ဘက္ထက် သူက အရင်ဦးစြာ သေဆုံးခဲ့ရင် မောင် ၂ ယောက်ျဖစ္တဲ့ နံပါတ် ၇ နဲ့ ၈ တို့ကို တရားဝင် လွှျဲေပာင်းပေးခဲ့ခ်င္ပါတယ်။ မောင် နွစ်ယောက္တည်းကို လွှဲပေးလို့ ရပါသလား။ က်န္တဲ့မောင်နွမေတြက ဝင်ပြီး တောင်းခံခြင့် ရွိပါသလား။  အစ္မရဲ့ နောက်အိမ်ထောင္နဲ့ကော သက်ဆိုင္မှု ရွိပါသလား ဆိုတာကို သိပါရေစ။

ေ်ဖ။ ။ မေးခြန်းက နံပါတ် ၆ အစ္မရျဲ့ပဿနာပေါ့။ မေးခြန်းအရ သားသးမီးလည်း သူက မြေးထားတာ မေတြ့ဘူး။ နောက်အိမ်ထောင်ျပုရင် နံပတ် ၆ အမရဲ့ ပိုင်ဆိုင္တဲ့ပစ္စည်းတြေကို ပါရင်းအျဖစ် ဥပေဒကေတာ့ နောက်အိမ်ထောင်ဆီကို ရောက်သြားမွာတော့ သေခ်ာပါတယ်။  နံပတ် ၆ အစ္မက နောက်အိမ်ထောင်ျပုရင် သားသမီး မြေးလား၊ မေမြးလားလည်း မေသခ်ာပါဘူး။ နောက်ယောက်ားနဲ့ ယူလိုက္တဲ့အခါမွာ သူ အရင်သေမလား၊ ယောက်ားက အရင်သေမွာလား ဆိုတာလည်း မေသခ်ာပါဘူး။ အဲဒီတော့ သူ မေသခင် သူ့ပစ္စည်းတြေကို မောင်နွစ်ယောက္ကို လွှဲပေးခ်င္တယ်။ အဲလိုလွှဲပေးရင် က်န္တဲ့ မောင်နွမေတြက ဝင်ပြီး နွောင့်ယွက္မလားဆိုပြီး မေးခြန်းမေးလာတယ်။ အဲဒီတော့ နောက်အိမ်ထောင္မျပုခင္မွာ ကိုယ် ပေးခ်င္တဲ့ပစ္စည်းကို ကိုယ်ပေးခ်င္တဲ့သူကို ပေးလို့ရပါတယ်။ တရားဝင် လက်ရောက် လွှျဲေပာင်းပေးရမယ်။ နောက္တစ္ခ်က္က နံပါတ် ၆ အစ္မေနနဲ့က က်န္တဲ့မောင်နွမေတြကို သူ သေရင် သူ့ပစ္စည်းတြေကို မောင်နွစ်ယောက္ကို ပေးပါလို့ မွာကြားမယ် ဆိုတာမိုးက လုပ္ခြင့် မရွိဘူး။ ရေးသားထားခြင့္လည်း မရွိဘူး။ ဗမာ့ဓေလ့ထုံးတမ်းဥပေဒက သေတမ်းစာ ရေးသားခြင့္ကို တာျးမစ္ပိတ္ပင္ထားပါတယ်။ ဒါကြောင့် ဒီလို့ မွာကြားရုံနဲ့ ပေးဖို့ ရည္စူးထားတဲ့ မောင်နွစ်ယောက်ဆီကိုလည်း ရောက္မွာ မဟုတ္ပါဘူး။ အဲတော့ နောက်အိမ်ထောင်ျပုသြားတဲ့ ခင္ပြန်းကေတာ့ သူ့ဆီ ရောက္လာတဲ့ ပစ္စည်းကေတာ့ ဥပေဒအခြင့်အေရး ရွိသမ်ွတော့ ဆိုင်နေမွာပဲ။ ဒါကြောင့် နံပါတ် ၆ အစ္မရျဲ့ပဿနာအေနနဲ့ သူ့မောင်နွစ်ယောက္ကို ပေးခ်င်ရင် နောက်အိမ်ထောင္မျပုခင္မွာ တိတိလင်းလင်း အခုအခိန္မွာ စီမံပိုင္ခြင့်ရွိတယ္လို့ျေဖကြားပေးခ်င္ပါတယ်။

Tags:

Source : DVB