fbpx

နမ့်ဆန်တွင် စစ်ဘေးရှောင်ပြည်သူပေါင်း ၁၀၀၀ ကျော် ထွက်ပြေးခိုလှုံရောက်ရှိလာ

ရှမ်းပြည်မြောက်ပိုင်း၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့အနီးမှာ စက်တင်ဘာ  ၁၃ ရက်ကတည်းက ဒီနေ့အထိ တပ်မတော်နဲ့ တအာင်းတပ်မတော် (တီအန်အလ်အေ)တို့ အကြား တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး  ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

လက်နက်ကြီးကျည်တွေ ရွာထဲကျတာကြောင့် နေအိမ်မီးလောင်ပျက်စီးတာ၊ ရွာသားတွေ ထိခိုက်သေဆုံး ဒဏ်ရာရတာတွေ ရှိခဲ့သလို ထောင်နဲ့ချီတဲ့ ရွာသားတွေဟာလည်း ဘေးလွတ်မယ့်နေရာနဲ့ နမ့်ဆန်မြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ 

ဒီနေ့မနက်မှာလည်း နမ့်ဆန်မြို့အနောက်ဘက်ရှိ တောင်ရိုးဘုရားကုန်းဘက်ကနေ ပစ်ခတ်သံတွေ ကြားနေရသလို တပ်မတော်စစ်ကြောင်းတွေလည်း အများအပြား ဝင်ရောက်လာတာ ကြောင့် ဒေသခံရွာသားတွေ တသုတ်ပြီးတသုတ် နမ့်ဆန်မြို့ပေါ်ကို ထွက်ပြေး လာရာမှာ လူပေါင်း ၁၂၀၀ ကျော်သွားပြီလို့ ပလောင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့  အလုပ်အမှုဆောင်ကော်မတီဝင် ဦးသိန်းဇော်က ဒီဗွီဘီကို ပြောပါတယ်။ 

“စစ်ရှောင်သူတွေက ကယားလမ်းအုပ်စုထဲက ၃ ရွာ၊ ဇယန်းကြီးအုပ်စုထဲက ၂ ရွာ ပြီးရင် အနောက်ကင်းအုပ်စုက ၃ ရွာ ၊ ကယားကြီးအုပ်စုထဲက ၆ ရွာရှိတယ်။ သူတို့ကို လောလောဆယ် နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်းမှာရော၊ အ.မ.က မူလွန်ကျောင်းနဲ့ သမဝါယမအသင်းရုံးမှာ နေရာချထားတယ်။ လူများလာလို့ မြို့မဂိုဏ်းချုပ်ကျောင်းမှာလည်း နေရာချထားပေးဖို့  ပြင်ဆင်နေ ပါတယ်။ နမ့်ဆန်မြို့ပေါ်အထိ မရောက်လာဘဲ ကယားလမ်းအုပ်စု ၇၄ မိုင်ရွာ ဘုန်းကြီးကျောင်းမှာလည်း တိုက်ပွဲ ရှောင်ပြည်သူ ၂၀၀ လောက်ရှိသေးတယ်။”

စစ်ဘေးရှောင်တွေအတွက် စောင်၊ အိပ်ယာနဲ့စားနပ်ရိက္ခာတွေကို သက်ဆိုင်ရာဘုန်းတော်ကြီး ကျောင်းကရော၊ ပလောင်ဒေသဦးစီးအဖွဲကပါ ထောက်ပံ့ထားသလို နမ့်ဆန်လူမှုကူညီရေးအသင်းနဲ့ လားရှိုး၊ သီပေါ ၊ ကျောက်မဲ စတဲ့မြို့က ပရဟိလူမှုကူညီရေးအဖွဲ့တွေပါကူညီပေးနေပါတယ်။

သူတို့ကျန်းမာရေးအတွက်လည်း နမ့်ဆန်မြို့နယ် ဆရာဝန်၊ လက်ထောက်ဆရာဝန်နဲ့ ကျန်းမာရေးဌာနကပါ လာရောက်စစ်ဆေးကုသပေးနေပါတယ်။ 

နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကျောင်း၊ ကယားကြီးဘုန်းကြီးကျောင်း၊ ကယားလမ်းနဲ့ စပန်စရီကျေးရွာအစရှိတဲ့နေရာ ၄ ခုမှာ စစ်ရှောင် ၁၀၀၀ ကျော်ခိုလှုံနေကြရတယ်လို့ နမ့်ဆန်ဒေသခံ လွေးအေးမိုင်က ပြောပါတယ်။

“ဘယ်ရွာတွေကလည်းဆိုတော့ ကယားလမ်းကတော့ ကယားလမ်းရွာကပဲ၊ ကယားကြီးမှာ ကျတော့ ပန်တူအူရှိမယ်၊ ကတုန်ခိုး၊ ဟိုလ ရွာရယ်၊ ဟိုချောင်းရယ် ရွာလေးရွာက Camp (စခန်း) ၄ ခုမှာပေါ့။ ပန်စရီမှာရှိတဲ့ စခန်းက ဟိုလရယ်၊ ပန်တူအူ၊ ကတုန်ခိုးရွာတွေက အဲဒီမှာစုကြတယ်။ ကယားကြီး မှာကျတော့ ဟိုချောင်းတွေလူတွေပါမယ်။ ”

စက်တင်ဘာ ၁၄ ရက်နေ့က ပန်တူအူကျေးရွာမှာ လက်နက်ကြီးကျရောက်ပြီး နေအိမ် နှစ်လုံး ထိခိုက်ပျက်ဆီးသွားခဲ့သလို အသက် ၆၀ အရွယ် ရွာခံအမျိုးသား တဦး လက်နက်ကြီးစ ထိမှန်သေဆုံးသွားကာ အမျိုးသမီး တဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ရွာထဲကို လက်နက်ကြီးတွေ ကျလာတာနဲ့ ပတ်သက်ကပြီး မျက်မြင်ရွာသားတဦးက “ဟိုတနေ့က စစ်တပ်ကလှမ်းပစ်လိုက်တဲ့ လက်နက်ကြီးက အိမ်တအိမ်ပေါ်ကျတယ်။ ပန်တူအူရွာပဲ။ သူ့မိန်းမကကျတော့ အခုလောလောဆယ် ကယားကြီးစခန်းမှာပဲ။ သူတို့ လမ်းကြောင်း မဖွင့်ပေးဘူးတဲ့  သူ့ယောက်ျား သွားကူလို့အဆင်မပြေတော့ အဆင်ပြေတဲ့အချိန် သွား ခေါ်တယ်။ ဒါပေမယ့် ဆေးရုံမရောက်လိုက်ရဘူး သွေးအရမ်းထွက်လို့ ဆုံးသွားပြီ။ သူတို့ လင်မယား နှစ် ယောက်ရဲ့အိမ်လည်း မီးလောင်သွားတယ်။”

ဒါ့အပြင်လတ်တလောအနေအထားမှာလည်း ပန်စရီနဲ့ ကယားကြီးကျေးရွာကို သွားရောက် ကူညီဖို့ တပ်ဖက်ကခွင့်မပေးတဲ့အတွက် စစ်ဘေးရှောင်တွေကို လူမှုအဖွဲ့အစည်းတွေက သွားရောက်ကူညီလို့ မရဖြစ်နေပါတယ်။

“အခုလောလောဆယ် လုံးဝလိုအပ်နေတယ်။ အခက်အခဲလည်းဖြစ်နေတယ်။ အလှူရှင်တွေ လုံးဝ သွားလို့မရတဲ့ရွာက ပန်စီရီရယ်၊ ကယားကြီးရယ် တပ်က သူတို့လုံးဝ လမ်းမပေးဖြစ်ဘူး။ ဟိုဘက်ကလည်း လာလို့မရဘူး။ ဒီဘက်ကလည်း သွားကူလို့ မရဘူး။ တကယ့်အရေးပေါ် အစားအသောက်က အစ။”

နမ့်ဆန်မြို့အနောက်ဘက် ၇ မိုင်ခန့်အကွာ တောင်ရိုးဘုရားတောင်တဝိုက်မှာ တိုက်ပွဲဖြစ်နေတာဖြစ်ပြီး တောင်ရိုးဘုရားတောင်မှာ ရောက်ရှိနေတဲ့ ပလောင်တပ်ကို မြန်မာ့တပ်မတော်က နမ့်ဆန်ရှိတပ်စခန်းတွေကဘက်ကနေလှမ်းပစ်သလို လေယာဉ်တွေနဲ့လည်း လာပြီးကူပစ်ခဲ့တယ်လို့ ဦးသိန်းဇော်က ပြောပါတယ်။

အခုလို ပြည်သူလူထုပေါ်ထိခိုက်မှုရှိနေတာတွေနဲ့ ပတ်သက်ပြီး နှစ်ဖက်တပ်တွေအနေနဲ့ တိုက်ပွဲအရှိန်တွေလျော့ချပေးဖို့ ပလောင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့  ဦးသိန်းဇော်က တိုက်တွန် ပြောပါတယ်။ 

တပ်မတော်ဘက်က လာမယ့် စက်တင်ဘာ ၂၁ ရက်ထိ အပစ်ရပ်မယ်လို့ သြဂုတ် ၃၁ ရက်မှာ ထုတ်ပြန်ထားသလို တီအန်အယ်လ်အေ၊ ကိုးကန့်နဲ့ အေအေ မြောက်ပိုင်း ၃ ဖွဲ့ကလည်း အောက်တိုဘာလ ၈ ရက်အထိ တဖက်သတ်အပစ်ရပ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် အေအေ၊ တီအန်အယ်လ်အေ၊ ကိုးကန့်နဲ့ ကေအိုင်အေတို့အကြား မနက်ဖြန် စက်တင်ဘာ ၁၇ ရက်မှာ  ကျိုင်းတုံမြို့မှာ ထပ်မံတွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။

သတင်း- နန်းမြနဒီ၊ နော်နိုရင်း


နမ့်ဆန္တငြ် စစ်ဘေးရွောင်ျပည်သူပေါင်း ၁၀၀၀ ကော်် ထြက်ျေပးခိုလှုံရောက်ရွိလာ
DVB

ရွမ်ျးပည်ျေမာက္ပိုင်း၊ ပေလာင္ကိုယ္ပိုင်အုပ္ခ်ုပ္ခြင့်ရေဒသ နမ့်ဆန်မြို့အနီးမွာ စက္တင္ဘာ ၁၃ ရက္ကတည်းက ဒီနေ့အထိ တပ္မေတ္နာဲ့ တအာင်းတပ္မေတာ် (တီအန်အလ်အေ)တို့ အကြား တိုက္ပြဲတြေဆက္တိုက်ျဖစ်နေပြီး ဒေသခံ ၁၀၀၀ ကော်် ထြက်ျေပးတိမ်းရွောင်နေကြရပါတယ်။

လက္နက်ကြီးက်ည်တြေ ရြာထဲက်တာကြောင့် နေအိမ္မီးလောင္ပ်က္စီးတာ၊ ရြာသားတြေ ထိခိုက်သေဆုံး ဒဏ်ရာရတာတြေ ရွိခဲ့သလို ထောင္နဲ့ခ်ီတဲ့ ရြာသားတြေဟာလည်း ဘေးလြတ္မယ့်နေရာနဲ့ နမ့်ဆန်မြို့ပေါ်ကို ထြက်ျေပးတိမ်းရွောင်နေရပါတယ်။

ဒီနေ့မနက္မွာလည်း နမ့်ဆန်မြို့အေနာက္ဘက်ရွိ တောင်ရိုးဘုရားကုန်းဘက္ကေန ပစ္ခတ်သံတြေ ကြားနေရသလို တပ္မေတ္စာစ်ကြောင်းတြေလည်း အမ်ားအျပား ဝင်ရောက္လာတာ ကြောင့် ဒေသခံရြာသားတြေ တသုတ်ပြီးတသုတ် နမ့်ဆန်မြို့ပေါ်ကို ထြက်ျေပး လာရာမွာ လူပေါင်း ၁၂၀၀ ကော််သြားပြီလို့ ပေလာင်အုပ္ခ်ုပ္ခြင့်ရေဒသဦးစီးအဖြဲ့ အလုပ်အမှုဆောင်က္မောတီဝင် ဦးသိန်းဇ္ကော ဒီဗြီဘီကိုျေပာပါတယ်။

“စစ်ရွောင်သူတြေက ကယားလမ်းအုပ္စုထဲက ၃ ရြာ၊ ဇယန်းကြီးအုပ္စုထဲက ၂ ရြာ ပြီးရင် အေနာက္ကင်းအုပ္စုက ၃ ရြာ ၊ ကယားကြီးအုပ္စုထဲက ၆ ရြာရွိတယ်။ သူတို့ကို လောလောဆယ် နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကော်င်းမွာရော၊ အ.မ.က မူလြန်ကော်င်းနဲ့ သမဝါယမအသင်းရုံးမွာ နေရာခ်ထားတယ်။ လူမ်ားလာလို့ မြို့မဂိုဏ်းခ်ုပ်ကော်င်းမွာလည်း နေရာခ်ထားပေးဖိျု့ပင်ဆင်နေ ပါတယ်။ နမ့်ဆန်မြို့ပေါ်အထိ မေရာက္လာဘဲ ကယားလမ်းအုပ္စု ၇၄ မိုင်ရြာ ဘုန်းကြီးကော်င်းမွာလည်း တိုက္ပြဲ ရွောင်ျပည်သူ ၂၀၀ လောက်ရွိသေးတယ်။”

စစ်ဘေးရွောင်တြေအတြက် စောင်၊ အိပ်ယာနဲ့စားနပ်ရိက္ခာတြေကို သက်ဆိုင်ရာဘုန်းတော်ကြီး ကော်င်းကေရာ၊ ပေလာင်ဒေသဦးစီးအဖြဲကပါ ထောက္ပံ့ထားသလို နမ့်ဆန္လူမှုကူညီရေးအသင်းနဲ့ လားရှိုး၊ သီပေါ ၊ ကော်က္မဲ စတဲ့မြို့က ပရဟိလူမှုကူညီရေးအဖြဲ့တြေပါကူညီပေးနေပါတယ်။

သူတို့က်န်းမာရေးအတြက္လည်း နမ့်ဆန်မြို့နယ် ဆရာဝန်၊ လက်ထောက်ဆရာဝန္နဲ့ က်န်းမာရေးဌာနကပါ လာရောက္စစ်ဆေးကုသေပးနေပါတယ်။

နမ့်ဆန်မြို့ ဇယန်းကြီးဘုန်းကြီးကော်င်း၊ ကယားကြီးဘုန်းကြီးကော်င်း၊ ကယားလမ်းနဲ့ စပန္စရီကေ်းရြာအစရွိတဲ့နေရာ ၄ ခုမွာ စစ်ရွောင် ၁၀၀၀ ကေ်္ခာိုလှုံနေကြရတယ္လို့ နမ့်ဆန်ဒေသခံ လြေးအေးမိုင္ကျေပာပါတယ်။

“ဘယ်ရြာတြေကလည်းဆိုတော့ ကယားလမ်းကေတာ့ ကယားလမ်းရြာကပဲ၊ ကယားကြီးမွာ က်တော့ ပန္တူအူရွိမယ်၊ ကတုန္ခိုး၊ ဟိုလ ရြာရယ်၊ ဟိုခော်င်းရယ် ရြာလေးရြာက Camp (စခန်း) ၄ ခုမွာပေါ့။ ပန္စရီမွာရွိတဲ့ စခန်းက ဟိုလရယ်၊ ပန္တူအူ၊ ကတုန္ခိုးရြာတြေက အဲဒီမွာစုကြတယ်။ ကယားကြီး မွာက်တော့ ဟိုခော်င်းတြေလူတြေပါမယ်။ ”

စက္တင္ဘာ ၁၄ ရက်နေ့က ပန္တူအူကေ်းရြာမွာ လက္နက်ကြီးက်ရောက်ပြီး နေအိမ် နွစ္လုံး ထိခိုက္ပ်က်ဆီးသြားခဲ့သလို အသက် ၆၀ အရယြ် ရြာခံအမိုးသား တဦး လက္နက်ကြီးစ ထိမွန်သေဆုံးသြားကာ အမိုးသမီး တဦး ထိခိုက္ဒဏ်ရာရခဲ့ပါတယ်။

ရြာထဲကို လက္နက်ကြီးတြေ က်လာတာနဲ့ ပတ်သက္ကပြီး မ်က်ျမင်ရြာသားတဦးက “ဟိုတေန့က စစ္တပ္ကလွမ်းပစ္လိုက္တဲ့ လက္နက်ကြီးက အိမ္တအိမ်ပေါ်က်တယ်။ ပန္တူအူရြာပဲ။ သူ့မိန်းမကက်တော့ အခုလောလောဆယ် ကယားကြီးစခန်းမွာပဲ။ သူတို့ လမ်းကြောင်း မဖြင့်ပေးဘူးတဲ့ သူ့ယောက်ား သြားကူလို့အဆင္မျေပေတာ့ အဆင်ျေပတဲ့အခိန် သြား ခေါ်တယ်။ ဒါပေမယ့် ဆေးရုံမေရာက္လိုက်ရဘူး သြေးအရမ်းထြက္လို့ ဆုံးသြားပြီ။ သူတို့ လင္မယား နွစ် ယောက်ရဲ့အိမ္လည်း မီးလောင်သြားတယ်။”

ဒါ့အျပင္လတ္တေလာအေနအထားမွာလည်း ပန္စရီနဲ့ ကယားကြီးကေ်းရြာကို သြားရောက် ကူညီဖို့ တပ္ဖက္ကခြင့္မပေးတဲ့အတြက် စစ်ဘေးရွောင်တြေကို လူမှုအဖြဲ့အစည်းတြေက သြားရောက္ကူညီလို့ မရျဖစ်နေပါတယ်။

“အခုလောလောဆယ် လုံးဝလိုအပ်နေတယ်။ အခက်အခဲလည်ျးဖစ်နေတယ်။ အလှူရွင်တြေ လုံးဝ သြားလို့မရတဲ့ရြာက ပန္စီရီရယ်၊ ကယားကြီးရယ် တပ္က သူတို့လုံးဝ လမ်းမေပျးဖစ္ဘူး။ ဟိုဘက္ကလည်း လာလို့မရဘူး။ ဒီဘက္ကလည်း သြားကူလို့ မရဘူး။ တကယ့်အေရးပေါ် အစားအေသာက္က အစ။”

နမ့်ဆန်မြို့အေနာက္ဘက် ၇ မိုင္ခန့်အကြာ တောင်ရိုးဘုရားတောင္တဝိုက္မွာ တိုက္ပျြဲဖစ်နေတျာဖစ်ပြီး တောင်ရိုးဘုရားတောင္မွာ ရောက်ရွိနေတဲ့ ပေလာင္တပ္ကျိုမန္မာ့တပ္မေတ္ကာ နမ့်ဆန်ရွိတပ္စခန်းတြေကဘက္ကေနလွမ်းပစ်သလို လေယာဉ်တြေနဲ့လည်း လာပြီးကူပစ္ခဲ့တယ္လို့ ဦးသိန်းဇ္ကောျေပာပါတယ်။

အခုလျိုပည်သူလူထုပေါ်ထိခိုက္မှုရွိနေတာတြေနဲ့ ပတ်သက်ပြီး နွစ္ဖက္တပ်တြေအေနနဲ့ တိုက္ပြဲအရွိန်တြေလ်ာ့ခ်ပေးဖို့ ပေလာင်အုပ္ခ်ုပ္ခြင့်ရေဒသဦးစီးအဖြဲ့ ဦးသိန်းဇ္ကော တိုက္တြန်ျေပာပါတယ်။

တပ္မေတ္ဘာက္က လာမယ့် စက္တင္ဘာ ၂၁ ရက္ထိ အပစ်ရပ္မယ္လို့ သြဂုတ် ၃၁ ရက္မွာ ထုတ်ျပန္ထားသလို တီအန်အယ္လ်အေ၊ ကိုးကန့္နဲ့ အေအျေမာက္ပိုင်း ၃ ဖြဲ့ကလည်း အောက္တိုဘာလ ၈ ရက်အထိ တဖက်သတ်အပစ်ရပ္မယ္လို့ ထုတ်ျပန္ထားပါတယ်။

ဒါ့အျပင် အစိုးရ ငြိမ်းခ်မ်းရေးက္မောရွင္နဲ့ျေမာက္ပိုင်းမဟာမိတ် အေအ၊ တီအန်အယ္လ်အေ၊ ကိုးကန့္နဲ့ ကေအိုင်အေတို့အကြား မနက်ျဖန် စက္တင္ဘာ ၁၇ ရက္မွာ ကိုင်းတုံမြို့မွာ ထပ္မံတြေ့ဆုံဆြေးနြေးဖို့ ရွိနေပါတယ်။
သတင်း- နန်ျးမနဒီ၊ နော်နိုရင်း

Tags:

Source : DVB