fbpx

လမ်းပေါ် ပြတ်ကျနေသည့် ဓာတ်ကြိုးကြောင့် ဓာတ်လိုက်သေဆုံးမှု ဘယ်သူ့မှာ တာဝန်ရှိသလဲ (ဥပဒေရေးရာ အမေးအဖြေ) 

သက်ငယ်မုဒိမ်းမှု၊ ဉာဏ်ရည် မမီသူအား ရိုက်နှက်မှု၊ ထောင်သားထွက်ပြေးမှု စတာတွေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်ကနေ မေးမြန်းထားတာတွေကို  ဦးခင်မောင်မြင့် (ဥပဒေအကြံပေး) အား ဒီဗွီဘီက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး– ကျမတို့နိုင်ငံမှာ သက်ငယ်မုဒိမ်းမှုကို ကြီးလေးတဲ့ ပြစ်ဒဏ်အနေနဲ့ သတ်မှတ်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခင်က ပြဋ္ဌာန်းခဲ့တဲ့ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအရ အသက် ၁၈ နှစ်မပြည့်သေးသူတွေကို ကလေးသူငယ်လို့ သတ်မှတ်လိုက်တဲ့အတွက် သက်ငယ်မုဒိမ်း ကျူးလွန်တဲ့ သူက အသက် ၁၈ နှစ်အောက် ဖြစ်နေရင် အာမခံပေးနိုင်ပါသလား၊ ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်လို့ မရဘူးလားဆိုတာကို ဥပဒေ ဗဟုသုတအနေနဲ့ သိပါရစေရှင့်။

“အတိုချုပ်ပြောမယ် ဆိုရင်တော့ ၂၀၁၉ ပြဋ္ဌာန်းလိုက်တဲ့ ကလေးသူငယ် အခွင့်အရေး ဥပဒေပေါ့နော်။ အဲဒီဥပဒေအရဆိုရင် ကျနော်တို့က အသက် ၁၈ နှစ်အောက်ဆိုရင် ကလေးသူငယ်လို့ သတ်မှတ်လိုက်တာပေါ့။ သတ်မှတ်လိုက်တော့ သူရဲ့ဥပဒေ ပြဋ္ဌာန်းချက်အရ ဆိုရင် ကလေးသူငယ်ကို ဘယ်အကြောင်းနဲ့မှ ဒီအချုပ်ကျခံခြင်း မရှိရဘူးလို့ ပြဋ္ဌာန်းထားတဲ့အတွက် သူက ဒီအာမခံပေးဖို့ဆိုတာ မလိုအပ်တော့ဘူးပေါ့။ သို့သော် ဒီပြစ်မှု ကျူးလွန်တဲ့အခါမှာ သူ ဘယ်လို ရင်ဆိုင်မလဲပေါ့။

နံပါတ်တစ်က ပြစ်မှုကျူးလွန်တဲ့ ကလေးသူငယ်သည် သူ့ဥပဒေအရဆိုရင် ၁၀ နှစ် အောက်ဆိုရင် ဒီကင်းလွတ်ခွင့်ရတဲ့အတွက် သူကို ဘာမှ အရေးမယူဘူး။ ၁၂ နှစ်အောက် ဆိုလို့ရှိရင်လည်းပဲ.. ၁၂ နှစ်အောက်တော့ ဖြစ်တယ်။ ဒါပေမဲ့ သူ ပြုလုပ်တဲ့ ပြစ်မှုရဲ့ အကျိုး အပြစ်ကို သူ မသိဘူးဆိုရင်လည်းပဲ ဒါ သူ့ကို အပြစ်ပေးလို့မရဘူး။ နောက်တစ်ခါ ၁၈ နှစ်အောက် ကလေးသူငယ်တွေကျတော့ သေဒဏ်၊ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ်၊ နောက်တခါ နှစ် ၂၀ ပြစ်ဒဏ်။ အဲဒီလို ပြစ်ဒဏ်ကြီးတွေ မဟုတ်တဲ့ တခြား အသေးအဖွဲ ပြစ်မှုတွေ ဆိုရင် သူတို့ကို အပြစ်ပေးလို့မရဘူး။

အဲဒီတော့ သူ့ရဲ့ပြဋ္ဌာန်းချက်အရ သူတို့ ခုနက ပြောတဲ့ သေဒဏ်ကျခံနိုင်တဲ့ ပြစ်မှုကြီးမျိုးတွေ ကျူးလွန်မယ်။ နောက် ထောင်ဒဏ်တစ်သက် ကျခံနိုင်တာတွေ ဖြစ်မယ်။ ထောင်ဒဏ်နှစ် ၂၀ ကျခံနိုင်တဲ့ ပြစ်မှုကြီးမျိုးတွေ ကျုးလွန်ခဲ့တယ်။ ကျူးလွန်ရုံတင် မဟုတ်ဘူး၊ အဲဒီကလေးက မိဘအုပ်ထိန်းသူတွေကလည်း မလာဘူး။ ရပ်ရွာကလည်း အုပ်ချုပ်လို့ မနိုင်တဲ့ ဆိုးသွမ်းတဲ့ လူငယ်ဖြစ်ပြီဆိုမှ၊ သူက ဒါ ဥပဒေအရ အရေးယူမယ်။ အရေးယူတဲ့အခါကျတော့ လက်ထိတ်၊ ခြေချင်းကြိုးနဲ့ တုပ်နှောင်ခြင်း မပြုရဘူး။ သူ့ကို ကလေးသူငယ် တရားရုံးမှာ အမြန်ဆုံး ပို့ဖို့ လုပ်ရမယ်။ ကလေးသူငယ်တရားရုံးနဲ့ အလှမ်းဝေးနေတယ်ဆိုရင် ဒီမိဘဆွေမျိုးရဲ့ အုပ်ထိန်းသူရဲ့ ကောင်းမွန်စွာ နေထိုင်ပါမယ်ဆိုတဲ့ ခံဝန်ချက်နဲ့ သူ့ကို အပြင်မှာ လွှတ်ထားပေးရမယ်။ သို့သော် မိဘအုပ်ထိန်းသူတွေက သူကို ခံဝန်မလုပ်ပေးနိုင်ဘူး။ သူ အင်မတန် ဆိုးသွမ်းတယ်ဆိုရင်တော့ ဒီကိစ္စအတွက် လူမှုဝန်ထမ်းဦးစီးဌာနကနေ တည်ထောင်ထားတဲ့ သီးခြားဂေဟာတခုာ သူ့ကို ချုပ်နှောင်ပေးထားရမယ်။

ဒါကြောင့် ပြန်ပြောမယ် ဆိုရင်တော့ သူတို့ကို ၁၈ နှစ်အောက် ကလေးသူငယ်တွေ ပြစ်မှု ကျူးလွန်ရင် အာမခံမလိုအပ်ပါဘူး။ သူက အဲဒီအာမခံကင်းလွတ်ခွင့် ရတယ်။ နောက်တခါ ပြစ်ဒဏ်တွေအနေနဲ့ကျရင်လည်း  သူသည် အသက် ၁၆ နှစ်အောက်၊ ၁၂ နှစ်နဲ့ ၁၆ နှစ်ကြား ကလေးတွေ ကျုးလွန်ခဲ့ရင် ပြစ်ဒဏ် ၇ နှစ်ထက် ပိုပြီးတော့ အပြစ်ပေးလို့ မရဘူး။ နောက်တခါ အသက် ၁၈ နှစ်အောက် ကလေးက ကျူးလွန်မယ်ဟေ့ ဆိုရင် ပြစ်ဒဏ် ၁၀ နှစ်ထက် ပိုပြီးတော့ ချလို့မရဘူး။ အဲဒီတော့ ဒီအသက် ၁၈ နှစ်အောက် ကလေးငယ်က သက်ငယ်မုဒိမ်း ကျူးလွန်ခဲ့မယ် ဆိုရင် သူသည် အမြင့်ဆုံးရနိုင်တဲ့ ပြစ်ဒဏ်သည် ဟိုဥပဒေမှာ သေဒဏ် ဘယ်လိုပဲ ပြဋ္ဌာန်းထားထား၊ သူ ရနိုင်တဲ့ပြစ်ဒဏ်သည် ၁၀ နှစ်အထက် မပိုသော ပြစ်ဒဏ်ပဲ ရမယ်။”

မေး– ကျနော့်ရဲ့ ညီအရင်းတယောက်က မွေးရာပါ ဉာဏ်ရည် မမီတဲ့သူဖြစ်ပြီ အခုဆိုရင် ၁၀ နှစ်ရှိပါပြီ။ ကျနော်တို့က ရွာမှာနေတော့ ကျောင်းအပ်ဖို့လည်း အဆင်မပြေပါဘူး။ လွန်ခဲ့တဲ့ တပတ်လောက်က ရွာထဲမှာ လျှောက်သွားနေတုန်း ကလေးနှစ်ယောက်က ဝိုင်းပြီး စနောက်ရာက ကျနော့်ညီက ကလေးတယောက်ကို တွန်းလိုက်လို့ လဲကျသွားပါတယ်။ အဲဒီအချိန်မှာ ကလေးအမေ ရောက်လာပြီး ဉာဏ်ရည်မမီတဲ့ ကျနော့်ညီကို ပါးရိုက်ပါတယ်။ ဒဏ်ရာလည်း ရခဲ့ပါတယ်။ အခုအချိန်ထိ ကြပ်ထုပ်ထိုးနေရတုန်းပဲ။ ဒီကိစ္စကို ရဲစခန်း တိုင်လို့ရ ပါသလား။ ဘယ်လို တိုင်ရမလဲ ဆိုတာကို သိပါရစေ။

“ကျနော်တို့က ဒီမသန်စွမ်းကလေး ဆိုတာလေး သိဖို့ လိုတာပေါ့လေ။ မသန်စွမ်းကို တကယ်တမ်း သတ်မှတ်ထားတာက ၄ မျိုး ရှိပါတယ်။ တမျိုးက ကိုယ်အင်္ဂါမသန်စွမ်း၊ နောက်တခုက အမြင်အာရုံ မသန်စွမ်း၊ နောက် အကြားအာရုံ မသန်စွမ်းတာရယ်၊ ဉာဏ်ရည်မသန်စွမ်းတာရယ်။ အဲဒီတော့ ကိုယ်အင်္ဂါ မသန်စွမ်းတဲ့ ကလေးတွေ၊ နောက် အမြင်အာရုံ၊ အကြားအာရုံမသန်စွမ်း… ဒါက အသက် ၁၈ နှစ်ပြည့်ပြီး သူကိုယ်တိုင်လည်း အမှုဖွင့်လို့ ရတယ်။ သို့မဟုတ် သူတို့က မဖွင့်နိုင်ဘူးဆိုရင် သူတို့ရဲ့ အုပ်ထိန်းသူ၊ သို့မဟုတ် မိဘက အမှုဖွင့်လို့ ရတယ်။

သို့သော် ဉာဏ်ရည်မမီတဲ့ ကလေးကျတော့ သူကိုယ်တိုင် မဖွင့်နိုင်တဲ့အတွက် မိဘ သို့မဟုတ်၊ အုပ်ထိန်းသူကနေ ဖွင့်ပေးရမှာပေါ့။ ဘယ်မှာ ဖွင့်မလဲဆိုရင် သူ့ကို အနိုင်အထက် အလုပ်ခံရတဲ့ နေရာမှာရှိတဲ့ နယ်မြေရဲစခန်း၊ သို့မဟုတ် မြို့မရဲစခန်းမှာ ဖွင့်လို့လည်း ရတယ်။ သို့တည်းမဟုတ် ကလေး နေထိုင်တဲ့ နေရာမှာရှိတဲ့ ဒီနယ်မြေရဲစခန်း သို့မဟုတ် မြို့မရဲစခန်းမှာလည်း ဖွင့်လို့ရပါတယ်။ ဖွင့်တဲ့အခါမှာ ဒီရဲစခန်းကလည်းပဲ သူ့ရဲလက်စွဲ ဥပဒေအရ အမှုလာဖွင့်တယ်ဆိုရင် ဒါကို လက်မခံလို့ မရဘူး။ လက်ခံပြီးတော့ ဖွင့်ပေးရပါတယ်။

အခု ဒီမေးတဲ့အထဲမှာ ဆိုရင် သူက တိုင်ကြားလို့ရသမျှ တိုင်ကြားလို့ရတယ်။ ကဲ.. ဘာနဲ့ တိုင်ကြားမလဲ။ ဒီကလေးဆိုရင် သူ့ရဲ့ဒဏ်ရာပေါ်မှာ မူတည်ပြီးတော့မှ သာမန်နာကျင်စေမှုနဲ့ တိုင်ကြားလို့ ရသလို၊ ဒဏ်ရာပြင်းထန်တယ်ဆိုရင် အပြင်းအထန် နာကျင်စေမှုနဲ့ တိုင်ကြားလို့ ရတယ်။ ၂၀၁၅ မှာ မသန်စွမ်းသူများရဲ့ အခွင့်အရေး ကာကွယ်ရေးဥပဒေဆိုတာ ပြဋ္ဌာန်းပြီးသား ဖြစ်တယ်။ အဲဒီဥပဒေမှာဆိုရင်လည်း မသန်စွမ်းတွေနဲ့ ပတ်သက်လို့ အနိုင်အထက်လုပ်တာ၊ အကြမ်းဖက်တာ၊ နှိပ်စက်တာ၊ ညှဉ်းပန်းတာတွေအတွက် သီးသန့်ပြစ်ဒဏ် ပြဋ္ဌာန်းပေးထားတယ်။ အဲဒီဥပဒေအရလည်း တိုင်လို့ ရတယ်။ အဲဒီဥပဒေအရဆိုရင် အမြင့်ဆုံး ပြစ်ဒဏ်  ထောင်ဒဏ် ၁ နှစ်အထိ ချလို့ရတယ်။ ငွေဒဏ်က ၁၅ သိန်းအထိ ချလို့ရမယ်။ အဲဒီပြစ်ဒဏ် နှစ်ရပ်စလုံးလည်း ချပေးလို့ ရပါတယ်။ ပြန်ချုပ်ပြောရင်တော့ ဒီမသန်စွမ်းတဲ့ ကလေးတွေနဲ့ပတ်သက်တဲ့ ဒီအနိုင်အထက် ပြုကျင့်ခံရတာတွေ ဆိုလို့ရှိရင် မိဘ၊ သို့မဟုတ် အုပ်ထိန်းသူကနေမှ သူက တိုင်ကြားပေးလို့ ရပါတယ်။”

မေး– ဒီနှစ်ထဲမှာ အချုပ်ဖောက်ပြေးတာ၊ ထောင်ဖောက်ထွက်ပြေးတဲ့ ကိစ္စတွေ ခပ်စိပ်စိပ် ဖြစ်လာတာ တွေ့ရပါတယ်။ ဒါပေမဲ့ အချုပ်သား၊ ထောင်သား ထွက်ပြေးတဲ့ကိစ္စမှာ တာဝန်ရှိသူတွေကို အရေးယူတာက မဖြစ်စလောက်လို ဖြစ်နေပါတယ်။ ဥပမာ- မနှစ်က ဘားအံထောင်မှာ အကျဉ်းသား ၄၀ ကျော် ထွက်ပြေးတဲ့ကိစ္စမှာ ထောင်က တာဝန်ရှိသူတွေကို  မစို့မပို့ ထောင်ဒဏ်လေးသာ ချမှတ်ခဲ့တာ တွေ့ရပါတယ်။ အချုပ်သား၊ ထောင်သားတွေ ထွက်ပြေးတဲ့ အမှုအခင်းတွေမှာ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး သိလိုပါတယ်။

အကျဉ်းသား ထွက်ပြေးမှုနဲ့ ပတ်သက်ပြီးတော့ အရေးယူတဲ့အခါမှာ နှစ်ပိုင်းခွဲပြီး အရေးယူတာပါ။ တပိုင်းက တာဝန်ရှိမှုအရ အရေးယူတာ၊ နောက်တစ်ပိုင်း အပြစ်ရှိလို့ အရေးယူတာ။ တာဝန်ရှိမှုအရ အရေးယူတဲ့အခါ ကျတော့ နိုင်ငံ့ဝန်ထမ်းဥပဒေအရ ပြစ်ဒဏ် ၉ မျိုးရှိပါတယ်။ အဲဒီပြစ်ဒဏ်၉ မျိုးထဲမှာ အမြင့်ဆုံး ပြစ်ဒဏ်က တော့ ရာထူးက ထုတ်ပယ်တာရယ် ၊နောက်တစ်ခုက ဝန်ထမ်းအဖြစ်မှ ထုတ်ပစ်တာရယ်။ အဲဒီပြစ်ဒဏ်တွေကို ၉ မျိုး ပေးလို့ရတယ်။ ဒါကတော့ တာဝန်ရှိမှုအရ အရေးယူတာ။

အပြစ်ရှိလို့  အရေးယူတဲ့အခါကျတော့  ဥပဒေ နှစ်ရပ် ရှိတယ်။ တရပ်ကတော့ အကျဉ်းထောင်လက်စွဲဥပဒေ ပုဒ်မ ၅၄(၁) ပေါ့။ တာဝန်ပေါ့လျော့စွာ တာဝန်ထမ်းဆောင်တယ်။ ရွပ်ရွပ်ချွံချွံ မထမ်းဆောင်ဘူး။ ဒါကို စီမံကွပ်ကဲဖို့အတွက် ပေါ့လျော့တဲ့အတွက် သူကတော့ ပြစ်ဒဏ်အားဖြင့် ထောင်ဒဏ် သုံးလ၊ ဒဏ်ငွေက ကျပ်နှစ်သောင်း၊ နှစ်ခုစလုံးလည်း ပေးလို့ရတယ်။ အဲဒါက ဝန်ထမ်း၊ သို့မဟုတ် ထောင်အရာရှိက ဒီအမှုကြီးထဲမှာ မပါဘူး ပေါ့လျော့မှုအတွက်။ သို့သော် နောက်တခုကျတော့ အဲဒီဝန်ထမ်း၊ အဲဒီအရာရှိကိုယ်တိုင်က ထွက်ပြေးမယ့်သူတွေနဲ့ ပူးပေါင်းပြီးတော့၊ အားပေးပြီးတော့ အဲဒီအမှုတွဲမှာ တစိတ်တပိုးမှာ ပူးပေါင်းပါဝင်ရင် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၂၅ နဲ့ အရေးယူတယ်။ ၂၂၅ ကျတော့ ထွက်ပြေးတဲ့ အကျဉ်းသားရဲ့ ကျခံရမယ့် နှစ်ကာလ၊ သို့မဟုတ် ကျခံနေတဲ့ နှစ်ကာလအပေါ် မူတည်ပြီးတော့ အနိမ့်ဆုံးပြစ်ဒဏ် ၂ နှစ်ကနေ တသက်တကျွန်းအထိ သူက ပြစ်ဒဏ်ကျခံနိုင်တယ်။ ဆိုကြပါစို့.. သေဒဏ်ကျခံရမယ့် အကျဉ်းသား ထွက်ပြေးဖို့ ကူညီခဲ့မယ်။ ဆောင်ရွက်ပေးခဲ့မယ်။ သို့မဟုတ် ဒီလက်ရှိကိုပဲ သေဒဏ်ကျနေတဲ့ အကျဉ်းသားကို ထွက်ပြေးဖို့ ကူညီခဲ့မယ်ဆိုရင် သူက တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

အဲဒီတော့ ဘားအံထောင်မှာ ဖြစ်တဲ့ ဖြစ်စဉ်ကို ကြည့်လိုက်ရင် သာမန်အားဖြင့် ကြည့်ရင်တော့ ပြစ်ဒဏ်က နည်းတယ်လို့ သတ်မှတ်လို့ ရတာပေါ့။ သို့သော် ဟိုဘက်မှာ တာဝန်ရှိမှုအရလည်း သူတို့အလုပ်ကနေ ထုတ်ပယ်တဲ့ ပြစ်ဒဏ်ကို ချမှတ်ခဲ့ပြီ။ ပြီးတော့မှ အပြစ်ရှိမှုအတွက်  ဒီဘက်မှာ လာပြီး ၅၄(၁)အရ တရားစွဲတဲ့ အခါကျတော့ ဟိုဘက်ပြစ်ဒဏ်နဲ့ ချိန်ထိုးပြီး သူတို့ကို ချလိုက်တဲ့အတွက် နည်းတယ်လို့တော့ ပြောလို့မရဘူး။

သို့သော် အဲဒီမှာ ဘာကျန်နေခဲ့သလဲဆိုရင် ဒီအထဲမှာ ခုနက ပေါ့လျော့လို့ ကျတဲ့သူတွေပါသလို၊ ခုနကလို ပူးပေါင်းကြံစည်ပြီး လုပ်သလား ဆိုတာကို တရားရုံးက ဖော်ထုတ်ပြီး စစ်ဆေးနိုင်ခဲ့တာ မပါဘူး။ ဥပမာ ဒီကားကြီးကို သတင်းရလျက်နဲ့ ကားကြီးကို အထဲသွင်းပေးတဲ့ပုဂ္ဂိုလ် ဒီအထဲမှာ မပါဘူး။ လုံခြုံရေးတာဝန်ကျ တရားစွဲတဲ့ အထဲမှာ မပါဘူး။ ဒီလိုလေးတွေတော့ ရှိပါတယ်။ သို့သော် ချသွားတဲ့ ပြစ်ဒဏ်ကတော့ တာဝန်ရှိမှုအရကော အလုပ်က ထုတ်ပယ်ပြီးသား ဖြစ်တဲ့အတွက် ဒီဘက်မှာ ထောင်ဒဏ်ချမှတ်အတဲ့အခါမှာ နှစ်ခုကို ချိန်ဆပြီးပေးတဲ့အတွက် နည်းတယ်လို့တော့ သုံးသပ်လို့မရပါဘူး။”

မေး– မကြာခဏ ဖတ်မိတဲ့ သတင်းတွေထဲမှာ လမ်းပေါ်မှာ ဓာတ်ကြိုးပြတ်ကျနေတာကို မသိဘဲ လမ်းလျှောက်ရာက ဓာတ်လိုက်ပြီး သေဆုံးသူ၊ လမ်းမပေါ်မှာ သွားလာတုန်း ဓာတ်တိုင် ကျိုးကျလို့ ကိုယ်ပေါ် မိမိပြီး သေဆုံးရသူ၊ ရေမြောင်းအဖုံး မရှိလို့ ချော်ကျပြီး ခြေတောက်ကျိုးသူတွေကို တွေ့ရပါတယ်။ ဒီလိုကိစ္စမျိုးဖြစ်ရင် နစ်နာသူအတွက် တာဝန်ယူဖို့၊ နစ်နာကြေးပေးဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ဘယ်လို တောင်းဆိုရမလဲ ဆိုတာကို ဥပဒေ ဗဟုသုတအနေနဲ့ သိပါရစေ။

“ဒါကတော့ ဒီနောက်ပိုင်းမှာ အတော်များများ မကြာ မကြာ၊ ပြည်သူလူထုအတွင်းမှာ ကြားရတာတွေ ရှိတယ်။ စိတ်မချမ်းမြေ့စရာတွေ ရှိတယ်။ ဒါတွေအပြင်ကိုပဲ ဟိုတလောကတင် ခွေးလေခွေးလွင့်တွေ ဝိုင်းကိုက်လို့ ကလေးတွေ ခံရတာတို့၊ နောက် ဆေးကုသရင်းကနေမှ သေဆုံးသွားတာတွေ။ ဒါတွေဖြစ်တဲ့အခါမှာ များသောအားဖြင့် ဘယ်လို အရေးယူရမလဲ ဆိုတာ မသိကြတာ များတယ်။ နောက် ကျနော်တို့ ဒီမြန်မာနိုင်ငံမှာ တည်ရှိနေတဲ့ ဥပဒေတွေတ တော်များများကလည်း ဒီပြည်သူတွေက လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့ရင်သာ ဘယ်လိုတွေ တာဝန်ရှိမယ်၊ ဘယ်လိုတွေ ပြစ်ဒဏ်ပေးမယ်လို့ ပြဋ္ဌာန်းထားတာ။ ဒီအဖွဲ့အစည်းတွေက ဆောင်ရွက်လို့ ပျက်ကွက်ခဲ့ရင် ဘယ်လိုတွေ တာဝန်ယူမလဲ၊ တာဝန်ခံမလဲ ဆိုတာ ပြဋ္ဌာန်းချက်တွေမှာ မပါဘူး။ အဲဒီတော့ တခုတော့ ရှိတယ်။ ကျနော်တို့ ဥပဒေမှာ အသုံးနည်းတဲ့ ဥပဒေတခု ရှိတယ်။ ၁၉၇၅ မှာ ပြဋ္ဌာန်းခဲ့တဲ့ဟာ ရှိတယ်။ မြန်မာနိုင်ငံသားများ၏ အခွင့်အရေးကာကွယ်ရေးဆိုင်ရာ ဥပဒေ ဆိုတာ ရှိတယ်။ အဲဒီဥပဒေမှာ အစိုးရအဖွဲ့အစည်းတွေက သူတို့ ဆောင်ရွက်ရမယ့် လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာ မဆောင်ရွက်လို့ နစ်နာခဲ့ရင် နစ်နာသူသည် သက်ဆိုင်ရာအဖွဲ့အကြီးအကဲကို တိုင်ကြားခွင့် ရှိတယ်။ တိုင်ကြားရင် ဒါကို စစ်ဆေးပြီးတော့မှ နစ်နာမှုအတွက် ကုစားပေးရမယ်။ လိုအပ်ခဲ့လို့ လျော်ကြေးရှိရင်လည်း လျော်ကြေးပေးရမယ်။ အဲလိုမှ မပေးဘူးဟေ့ဆိုရင် အဲဒီအဖွဲ့ရဲ့ အကြီးအကဲကို အရေးယူရမယ်လို့ ပြဋ္ဌာန်းခဲ့တာ ရှိပါတယ်။ သို့သော် ဒီဥပဒေက လူတွေက အသိနည်းတဲ့အခါကျတော့ တိုင်ကြားတာ နည်းတယ်။ ဒါက ဥပဒေနဲ့အညီ တိုင်းတာ။

နောက်တခုကကျတော့ မိမိရဲ့လျော်ကြေး၊ နစ်နာကြေးအတွက် တရား မနစ်နာမှုဥဒေအရ တရားဝင် ပြဋ္ဌာန်းထားတာ ရှိပါတယ်။ ကျနော်တို့ ခုနက ဆိုကြါစို့။ မြောင်းအဖုံးတွေ ချော်ကျသွားတယ်။ မြောင်းအဖုံးလုပ်ဖို့ တာဝန်ရှိနေတဲ့ မြို့တော်စည်ပင်.. ဒါတွေကို ကျနော်တို့ တိုင်ကြားခွင့်ရှိတယ်။ ဒီခုနက လျော်ကြေးတောင်းခံခွင့် ရှိတယ်။ အလာတူးပဲ လျှပ်စစ်ဓာတ်ကြိုးတွေ ပြတ်ကျနေလို့ မသိဘဲ ဓာတ်လိုက်ပြီး သေဆုံးတယ်။ ဒါဆိုရင် ဒီသက်ဆိုင်ရာ ဌာနရဲ့ အကြီးအကဲ၊ ဒီလျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း အကြီးအကဲကို ကျနော်တို့ တိုင်ကြားလို့ရတယ်။ ဆိုလိုတာက ခုနကပြောတဲ့ ၁၉၇၅ ခုနှစ်၊ မြန်မာနိုင်ငံသားများ၏ အခွင့်အရေး ကာကွယ်ရေး  ဥပဒေအရလည်းပဲ သက်ဆိုင်ရာ ဌာနအကြီးအကဲကို တင်ပြပြီး တိုင်ကြားနိုင်တယ်။ လျော်ကြေးတွေ တောင်းခံနိုင်တယ်။ သက်ဆိုင်ရာ တရားရုံး တရုံးရုံးမှာလည်း မိမိရဲ့ နစ်နာမှုကို ဖော်ပြပြီး တရားမအမှုအနေနဲ့ မိမိရဲ့ နစ်နာကြေး၊ လျော်ကြေး တောင်းခံခွင့် ရှိပါတယ်။”

မေး– အဂတိမှု ကျူးလွန်လို့ ဖြစ်စေ၊ အခြား ပြစ်မှုတခုခုကို ကျူးလွန်လို့ ဖြစ်စေ ဝရမ်းပြေးအဖြစ် ကြေညာထားသူ တယောက်ကို သာမန်ပြည်သူတဦးက ဖြစ်စေ၊ လူတစုက ဖြစ်စေ အတင်းအကျပ် ဖမ်းဆီးချုပ်နှောင်ခွင့် ရှိပါသလား၊ ဒီလို လုပ်ဆောင်ရာမှာ တရားခံက သေစေလောက်တဲ့ လက်နက်ပစ္စည်းတခုခုနဲ့ ခုခံမယ်ဆိုရင် ဖမ်းဆီးတဲ့သူတွေက အဲဒီတရားခံကို အနာတရဖြစ်စေအောင် လုပ်ပြီး ဖမ်းဆီးရင် ဥပဒေနဲ့ ငြိစွန်းနိုင်ပါသလား။

“လက်ရှိ အခင်းအကျင်းမှာ ဝရမ်းပြေးက များတယ်။ ကျနော်တို့ခေတ်က ဝရမ်းပြေးတွေခေတ် ဖြစ်နေတာပေါ့။ သက်ဆိုင်ရာ အကြောင်းကြောင်းတွေကြောင့် ရဲတပ်ဖွဲ့ကလည်း မဖမ်းနိုင်ဘူး။ လူသူကြားထဲမှာ ရှိနေတယ်။ တရားခံပြေး ကြေညာထားတာ သိတယ်။ သိတယ်ဆိုရင် ကျနော်တို့ ပြည်သူတွေက ဖမ်းဆီးခွင့် ရှိပါတယ်။ သို့သော် ဖမ်းဆီးမယ့် အချက်နဲ့တော့ ကိုက်ညီရမယ်။ အဲဒါကတော့ သူသည် တရားရုံး တရုံးရုံးကနေ တရားခံပြေးအဖြစ် ကြေညာထားတဲ့သူ ဖြစ်ရမယ်။ နောက်.. ဖမ်းဝရမ်းထုတ်ပေးထားတဲ့သူ ဖြစ်ရမယ်။ ဖမ်းဝရမ်းကလည်း ဒီခုနက တနိုင်ငံလုံးမှာ လွှမ်းခြုံပြီး ဖမ်းဆီးနိုင်တဲ့ ဖမ်းဝရမ်းမျိုး ဖြစ်ရမယ်။ အဲဒါဆိုရင်တော့ ဒီရဲတပ်ဖွဲ့ကို နောက်တခါ ဒီသူတို့ဖမ်းတဲ့အချိန်မှာ ရဲတပ်ဖွဲ့၊ သို့မဟုတ် အုပ်ချုပ်ရေးအဖွဲ့အစည်းကို ရုတ်တရက် အကြောင်းကြားဖို့၊ သူတို့ ဖမ်းဆီးနိုင်ဖို့ အခွင့်အရေး မရှိဘူး။ ကိုယ်မှ မဖမ်းဆီးဘူးဆိုရင် လွတ်မြောက်သွားနိုင်မယ့် အခြေအနေမှာ ဆိုရင် ဖမ်ဆီးပိုင်ခွင့် ရှိပါတယ်။ ကျင့်ထုံးဥပဒေမှာလည်း ပေးထားတယ်။ ဒီရာဇဝတ်ကျင့်ထုံး ဥပဒေမှာ အတိအကျ ပေးထားပါတယ်။

ပေးထားတဲ့အပြင်… ဘာပေးထားလဲဆိုတော့ သူက ဖမ်းဆီးတဲ့အခါမှာ ထွက်ပြေးရင်ပဲ ဖြစ်ဖြစ်၊ သို့တည်းမဟုတ် ပြန်ပြီးတော့ လက်နက်တွေနဲ့ပြန်ပြီးတော့ ခုခံမယ်ဆိုခဲ့ရင်လည်းပဲ သူ့ကို မည်သည့်နည်းနဲ့ဖြစ်ဖြစ် ဖမ်းဆီးနိုင်ဖို့ အတင်းအကျပ် ဆောင်ရွက်နိုင်ခွင့် ရှိတယ်။ ပြန်လည် ခုခံနိုင်ခွင့်ရှိတယ်။ အဲဒီလို ခုခံတဲ့အခါမှာ တခုခု ဖြစ်သွားမယ်၊ ဒဏ်ရာ အနာတရ .. ရသွားမယ်။ အဲဒါဆိုရင် သူက ကျင့်ထုံးဥပဒေအရ ပြဋ္ဌာန်းပေးထားတာ။ အဲဒီ ဖမ်းဆီးရမယ့် တရားခံပြေးသည် သေဒဏ်ကျခံရမည့်သူ၊ သို့မဟုတ် တသက်တကျွန်း ကျခံရမယ့်လူမှအပ ကျန်တ်ဲသူတွေဆိုရင် မသေစေရလို့ပဲ ပြဋ္ဌာန်းထားတယ်။ မသေဘူးဆိုရင် ကျိုးသွားလည်း ပြဿနာမရှိဘူး၊ ပဲ့သွားလည်း ပြဿနာမရှိဘူး။ အဲဒီအတွက် ဒီဘက် ရာဇသတ်ကြီးဥပဒေမှာလည်းပဲ ဒီကင်းလွတ်ခွင့် ပေးထားတယ်။ ဒီလို ဝရမ်းပြေးတွေကို ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းပြီးတော့ပဲ ဖြစ်စေ၊ ရဲတပ်ဖွဲ့ကို အကြောင်းမကြားနိုင်လို့ ပြည်သူလူထုက ဝိုင်းဝန်းဖမ်းဆီးလို့ပဲ ဖြစ်စေ၊ ထွက်ပြေးရင်၊ သို့မဟုတ် ခုခံရင် အတင်းအကျပ် ဖမ်းဆီးတဲ့အခါမှာ ဒဏ်ရာအနာတရ ဖြစ်သွားရင် တာဝန်မရှိပါဘူး၊ ကင်းလွတ်ခွင့်ရှိပါတယ်။ ဒါကြောင့် ပြည်သူလူထုတွေအနေနဲ့ ရဲရဲဝံ့ဝံ့ ပူးပေါင်းဖမ်းဆီးခွင့် ရှိပါတယ်။ ကူညီလို့ ရပါတယ်။”

~~~~~~~~~~~~~~~~~~~~~~~~~~

Zawgyi_version

လမ်းပေါ်ျပတ္က်နေသည့် ဓာတ်ကြိုးကြောင့် ဓာတ္လိုက်သေဆုံးမှု ဘယ်သူ့မွာ တာဝန်ရွိသလဲ (ဥပေဒေရးရာ အေမးအျေဖ) 

သက်ငယ္မုဒိမ်းမှု၊ ဉာဏ်ရည် မမီသူအား ရိုက်နွက္မှု၊ ထောင်သားထြက်ျေပးမှု စတာတြေနဲ့ပတ်သက်ပြီး လူမှုကြန်ရက္ကေန မေျးမန်းထားတာတြေကို  ဦးခင်မောင်ျမင့် (ဥပေဒအကြံပေး) အား ဒီဗြီဘီက တြေ့ဆုံမေျးမန်းထားပါတယ်။

မေး– က်မတို့နိုင်ငံမွာ သက်ငယ္မုဒိမ်းမှုကို ကြီးလေးတျဲ့ပစ္ဒဏ်အေနနဲ့ သတ္မွတ်ပြီျးဖစ္ပါတယ်။ ဒါပေမဲ့ မကြာခင္ကျပဋ္ဌာန်းခဲ့တဲ့ ကေလးသူငယ် အခြင့်အေရးမ်ားဆိုင်ရာ ဥပေဒအရ အသက် ၁၈ နွစ္မျပည့်သေးသူတြေကို ကေလးသူငယ္လို့ သတ္မွတ္လိုက္တဲ့အတြက် သက်ငယ္မုဒိမ်း က်ူးလြန္တဲ့ သူက အသက် ၁၈ နွစ်အောက်ျဖစ်နေရင် အာမခံပေးနိုင္ပါသလား၊ ကြီးလေးတျဲ့ပစ္ဒဏ္ခ်မွတ္လို့ မရဘူးလားဆိုတာကို ဥပေဒ ဗဟုသုတအေနနဲ့ သိပါရေစရွင့်။

“အတိုခ်ုပ်ျေပာမယ် ဆိုရင်တော့ ၂၀၁၉ျပဋ္ဌာန်းလိုက္တဲ့ ကေလးသူငယ် အခြင့်အေရး ဥပေဒေပါ့နော်။ အဲဒီဥပေဒအရဆိုရင် က်န္တောို့က အသက် ၁၈ နွစ်အောက်ဆိုရင် ကေလးသူငယ္လို့ သတ္မွတ္လိုက္တာပေါ့။ သတ္မွတ္လိုက်တော့ သူရဲ့ဥပေဒျပဋ္ဌာန်းခ်က်အရ ဆိုရင် ကေလးသူငယ္ကို ဘယ်အေကြာင်းနဲ့မွ ဒီအခ်ုပ္က်ချံခင်း မရွိရဘူးလိျု့ပဋ္ဌာန်းထားတဲ့အတြက် သူက ဒီအာမခံပေးဖို့ဆိုတာ မလိုအပ်တော့ဘူးပေါ့။ သို့သော် ဒျီပစ္မှု က်ူးလြန္တဲ့အခါမွာ သူ ဘယ္လို ရင်ဆိုင္မလဲပေါ့။

နံပါတ္တစ္ကျပစ္မှုက်ူးလြန္တဲ့ ကေလးသူငယ်သည် သူ့ဥပေဒအရဆိုရင် ၁၀ နွစ် အောက်ဆိုရင် ဒီကင်းလြတ္ခြင့်ရတဲ့အတြက် သူကို ဘာမွ အေရးမယူဘူး။ ၁၂ နွစ်အောက် ဆိုလို့ရွိရင္လည်းပဲ.. ၁၂ နွစ်အောက်တေျာ့ဖစ္တယ်။ ဒါပေမဲ့ သျူပုလုပ္တျဲ့ပစ္မှုရဲ့ အကိုး အျပစ္ကို သူ မသိဘူးဆိုရင္လည်းပဲ ဒါ သူ့ကို အျပစ်ပေးလို့မရဘူး။ နောက္တစ္ခါ ၁၈ နွစ်အောက် ကေလးသူငယ်တြေက်တော့ သေဒဏ်၊ ထောင္ဒဏ် တစ်သက်ျပစ္ဒဏ်၊ နောက္တခါ နွစ် ၂၀ျပစ္ဒဏ်။ အဲဒီလျိုပစ္ဒဏ်ကြီးတြေ မဟုတ္တဲ့ တျခား အေသးအဖျြဲပစ္မှုတြေ ဆိုရင် သူတို့ကို အျပစ်ပေးလို့မရဘူး။

အဲဒီတော့ သူ့ရျဲ့ပဋ္ဌာန်းခ်က်အရ သူတို့ ခုနကျေပာတဲ့ သေဒဏ္က်ခံနိုင္တျဲ့ပစ္မှုကြီးမိုးတြေ က်ူးလြန္မယ်။ နောက် ထောင္ဒဏ္တစ်သက် က်ခံနိုင္တာတျြေဖစ္မယ်။ ထောင္ဒဏ်နွစ် ၂၀ က်ခံနိုင္တျဲ့ပစ္မှုကြီးမိုးတြေ က်ုးလြန္ခဲ့တယ်။ က်ူးလြန်ရုံတင် မဟုတ္ဘူး၊ အဲဒီကေလးက မိဘအုပ္ထိန်းသူတြေကလည်း မလာဘူး။ ရပ်ရြာကလည်း အုပ္ခ်ုပ္လို့ မနိုင္တဲ့ ဆိုးသြမ်းတဲ့ လူငယ်ျဖစ်ပြီဆိုမွ၊ သူက ဒါ ဥပေဒအရ အေရးယူမယ်။ အေရးယူတဲ့အခါက်တော့ လက္ထိတ်၊ျေခခ်င်းကြိုးနဲ့ တုပ်နွောင်ျခင်း မျပုရဘူး။ သူ့ကို ကေလးသူငယ် တရားရုံးမွာ အျမန်ဆုံး ပို့ဖို့ လုပ်ရမယ်။ ကေလးသူငယ္တရားရုံးနဲ့ အလွမ်းဝေးနေတယ်ဆိုရင် ဒီမိဘေဆြမိုးရဲ့ အုပ္ထိန်းသူရဲ့ ကောင်းမြန္စြာ နေထိုင္ပါမယ်ဆိုတဲ့ ခံဝန္ခ်က္နဲ့ သူ့ကို အျပင္မွာ လွှတ္ထားပေးရမယ်။ သို့သော် မိဘအုပ္ထိန်းသူတြေက သူကို ခံဝန္မလုပ်ပေးနိုင္ဘူး။ သူ အင္မတန် ဆိုးသြမ်းတယ်ဆိုရင်တော့ ဒီကိစ္စအတြက် လူမှုဝန္ထမ်းဦးစီးဌာနကေန တည်ထောင္ထားတဲ့ သီျးခားဂေဟာတခုာ သူ့ကို ခ်ုပ်နွောင်ပေးထားရမယ်။

ဒါကြောင့်ျပန်ျေပာမယ် ဆိုရင်တော့ သူတို့ကို ၁၈ နွစ်အောက် ကေလးသူငယ်တျြေပစ္မှု က်ူးလြန်ရင် အာမခံမလိုအပ္ပါဘူး။ သူက အဲဒီအာမခံကင်းလြတ္ခြင့် ရတယ်။ နောက္တချါပစ္ဒဏ်တြေအေနနဲ့က်ရင္လည်း  သူသည် အသက် ၁၆ နွစ်အောက်၊ ၁၂ နွစ္နဲ့ ၁၆ နွစ်ကြား ကေလးတြေ က်ုးလြန္ခဲ့ရင်ျပစ္ဒဏ် ၇ နွစ္ထက် ပိုပြီးတော့ အျပစ်ပေးလို့ မရဘူး။ နောက္တခါ အသက် ၁၈ နွစ်အောက် ကေလးက က်ူးလြန္မယ်ဟေ့ ဆိုရင်ျပစ္ဒဏ် ၁၀ နွစ္ထက် ပိုပြီးတော့ ခ်လို့မရဘူး။ အဲဒီတော့ ဒီအသက် ၁၈ နွစ်အောက် ကေလးငယ္က သက်ငယ္မုဒိမ်း က်ူးလြန္ခဲ့မယ် ဆိုရင် သူသည် အျမင့်ဆုံးရနိုင္တျဲ့ပစ္ဒဏ်သည် ဟိုဥပေဒမွာ သေဒဏ် ဘယ္လိုပျဲပဋ္ဌာန်းထားထား၊ သူ ရနိုင္တျဲ့ပစ္ဒဏ်သည် ၁၀ နွစ်အထက် မပိုသျောပစ္ဒဏ္ပဲ ရမယ်။”

မေး– က်နော့်ရဲ့ ညီအရင်းတေယာက္က မြေးရာပါ ဉာဏ်ရည် မမီတဲ့သျူဖစ်ပြီ အခုဆိုရင် ၁၀ နွစ်ရွိပါပြီ။ က်န္တောို့က ရြာမွာနေတာ့ ကော်င်းအပ္ဖို့လည်း အဆင္မျေပပါဘူး။ လြန္ခဲ့တဲ့ တပတ်လောက္က ရြာထဲမွာ လွော်က်သြားနေတုန်း ကေလးနွစ်ယောက္က ဝိုင်းပြီး စေနာက်ရာက က်နော့်ညီက ကေလးတေယာက္ကို တြန်းလိုက္လို့ လဲက်သြားပါတယ်။ အဲဒီအခိန္မွာ ကေလးအေမ ရောက္လာပြီး ဉာဏ်ရည္မမီတဲ့ က်နော့်ညီကို ပါးရိုက္ပါတယ်။ ဒဏ်ရာလည်း ရခဲ့ပါတယ်။ အခုအခိန္ထိ ကြပ္ထုပ္ထိုးနေရတုန်းပဲ။ ဒီကိစ္စကို ရဲစခန်း တိုင္လို့ရ ပါသလား။ ဘယ္လို တိုင်ရမလဲ ဆိုတာကို သိပါရေစ။

“က်န္တောို့က ဒီမသန္စမြ်းကေလး ဆိုတာလေး သိဖို့ လိုတာပေါ့လေ။ မသန္စမြ်းကို တကယ္တမ်း သတ္မွတ္ထားတာက ၄ မိုး ရွိပါတယ်။ တမိုးက ကိုယ်အင်္ဂါမသန္စမြ်း၊ နောက္တခုက အျမင်အာရုံ မသန္စမြ်း၊ နောက် အကြားအာရုံ မသန္စမြ်းတာရယ်၊ ဉာဏ်ရည္မသန္စမြ်းတာရယ်။ အဲဒီတော့ ကိုယ်အင်္ဂါ မသန္စမြ်းတဲ့ ကေလးတြေ၊ နောက် အျမင်အာရုံ၊ အကြားအာရုံမသန္စမြ်း… ဒါက အသက် ၁၈ နွစ်ျပည့်ပြီး သူကိုယ္တိုင္လည်း အမှုဖြင့္လို့ ရတယ်။ သို့မဟုတ် သူတို့က မဖြင့်နိုင္ဘူးဆိုရင် သူတို့ရဲ့ အုပ္ထိန်းသူ၊ သို့မဟုတ် မိဘက အမှုဖြင့္လို့ ရတယ်။

သို့သော် ဉာဏ်ရည္မမီတဲ့ ကေလးက်တော့ သူကိုယ္တိုင် မဖြင့်နိုင္တဲ့အတြက် မိဘ သို့မဟုတ်၊ အုပ္ထိန်းသူကေန ဖြင့်ပေးရမွာပေါ့။ ဘယ္မွာ ဖြင့္မလဲဆိုရင် သူ့ကို အနိုင်အထက် အလုပ္ခံရတဲ့ နေရာမွာရွိတဲ့ နယ်ျေမရဲစခန်း၊ သို့မဟုတ် မြို့မရဲစခန်းမွာ ဖြင့္လို့လည်း ရတယ်။ သို့တည်းမဟုတ် ကေလး နေထိုင္တဲ့ နေရာမွာရွိတဲ့ ဒီနယ်ျေမရဲစခန်း သို့မဟုတ် မြို့မရဲစခန်းမွာလည်း ဖြင့္လို့ရပါတယ်။ ဖြင့္တဲ့အခါမွာ ဒီရဲစခန်းကလည်းပဲ သူ့ရဲလက္စြဲ ဥပေဒအရ အမှုလာဖြင့္တယ်ဆိုရင် ဒါကို လက္မခံလို့ မရဘူး။ လက္ခံပြီးတော့ ဖြင့်ပေးရပါတယ်။

အခု ဒီမေးတဲ့အထဲမွာ ဆိုရင် သူက တိုင်ကြားလို့ရသမွ် တိုင်ကြားလို့ရတယ်။ ကဲ.. ဘာနဲ့ တိုင်ကြားမလဲ။ ဒီကေလးဆိုရင် သူ့ရဲ့ဒဏ်ရာပေါ်မွာ မူတည်ပြီးတော့မွ သာမန္နာက်င်စေမှုနဲ့ တိုင်ကြားလို့ ရသလို၊ ဒဏ်ရျာပင်းထန္တယ်ဆိုရင် အျပင်းအထန် နာက်င်စေမှုနဲ့ တိုင်ကြားလို့ ရတယ်။ ၂၀၁၅ မွာ မသန္စမြ်းသူမ်ားရဲ့ အခြင့်အေရး ကာကြယ်ရေးဥပေဒဆိုတျာပဋ္ဌာန်းပြီးသာျးဖစ္တယ်။ အဲဒီဥပေဒမွာဆိုရင္လည်း မသန္စမြ်းတြေနဲ့ ပတ်သက္လို့ အနိုင်အထက္လုပ္တာ၊ အကြမ်းဖက္တာ၊ နွိပ္စက္တာ၊ ညှဉ်းပန်းတာတြေအတြက် သီးသန့်ျပစ္ဒဏ်ျပဋ္ဌာန်းပေးထားတယ်။ အဲဒီဥပေဒအရလည်း တိုင္လို့ ရတယ်။ အဲဒီဥပေဒအရဆိုရင် အျမင့်ဆုံျးပစ္ဒဏ်  ထောင္ဒဏ် ၁ နွစ်အထိ ခ်လို့ရတယ်။ ငြေဒဏ္က ၁၅ သိန်းအထိ ခ်လို့ရမယ်။ အဲဒျီပစ္ဒဏ် နွစ်ရပ္စလုံးလည်း ခ်ပေးလို့ ရပါတယ်။ျပန္ခ်ုပ်ျေပာရင်တော့ ဒီမသန္စမြ်းတဲ့ ကေလးတြေနဲ့ပတ်သက္တဲ့ ဒီအနိုင်အထက်ျပုက်င့္ခံရတာတြေ ဆိုလို့ရွိရင် မိဘ၊ သို့မဟုတ် အုပ္ထိန်းသူကေနမွ သူက တိုင်ကြားပေးလို့ ရပါတယ်။”

မေး– ဒီနွစ္ထဲမွာ အခ်ုပ်ဖောက်ျေပးတာ၊ ထောင်ဖောက္ထြက်ျေပးတဲ့ ကိစ္စေတြ ခပ္စိပ္စိပ်ျဖစ္လာတာ တြေ့ရပါတယ်။ ဒါပေမဲ့ အခ်ုပ်သား၊ ထောင်သား ထြက်ျေပးတဲ့ကိစ္စမွာ တာဝန်ရွိသူတြေကို အေရးယူတာက မျဖစ္စေလာက္လျိုဖစ်နေပါတယ်။ ဥပမာ- မနွစ္က ဘားအံထောင္မွာ အက်ဉ်းသား ၄၀ ကော်် ထြက်ျေပးတဲ့ကိစ္စမွာ ထောင္က တာဝန်ရွိသူတြေကို  မစို့မပို့ ထောင္ဒဏ်လေးသာ ခ်မွတ္ခဲ့တာ တြေ့ရပါတယ်။ အခ်ုပ်သား၊ ထောင်သားတြေ ထြက်ျေပးတဲ့ အမှုအခင်းတြေမွာ ခ်မွတ်နိုင္တျဲ့ပစ္ဒဏ္နဲ့ ပတ်သက်ပြီး သိလိုပါတယ်။

အက်ဉ်းသား ထြက်ျေပးမှုနဲ့ ပတ်သက်ပြီးတော့ အေရးယူတဲ့အခါမွာ နွစ္ပိုင်းခြဲပြီး အေရးယူတာပါ။ တပိုင်းက တာဝန်ရွိမှုအရ အေရးယူတာ၊ နောက္တစ္ပိုင်း အျပစ်ရွိလို့ အေရးယူတာ။ တာဝန်ရွိမှုအရ အေရးယူတဲ့အခါ က်တော့ နိုင်ငံ့ဝန္ထမ်းဥပေဒအရျပစ္ဒဏ် ၉ မိုးရွိပါတယ်။ အဲဒျီပစ္ဒဏ်၉ မိုးထဲမွာ အျမင့်ဆုံျးပစ္ဒဏ္က တော့ ရာထူးက ထုတ္ပယ္တာရယ် ၊နောက္တစ္ခုက ဝန္ထမ်းအျဖစ္မွ ထုတ္ပစ္တာရယ်။ အဲဒျီပစ္ဒဏ်တြေကို ၉ မိုး ပေးလို့ရတယ်။ ဒါကေတာ့ တာဝန်ရွိမှုအရ အေရးယူတာ။

အျပစ်ရွိလို့  အေရးယူတဲ့အခါက်တော့  ဥပေဒ နွစ်ရပ် ရွိတယ်။ တရပ္ကေတာ့ အက်ဉ်းထောင္လက္စြဲဥပေဒ ပုဒ္မ ၅၄(၁) ပေါ့။ တာဝန်ပေါ့လော့်စြာ တာဝန္ထမ်းဆောင္တယ်။ ရပ်ြရပ္ချြံချြံ မထမ်းဆောင္ဘူး။ ဒါကို စီမံကြပ္ကဲဖို့အတြက် ပေါ့လော့်တဲ့အတြက် သူကေတျာ့ပစ္ဒဏ်အာျးဖင့် ထောင္ဒဏ် သုံးလ၊ ဒဏ်ငြေက က်ပ်နွစ်သောင်း၊ နွစ္ခုစလုံးလည်း ပေးလို့ရတယ်။ အဲဒါက ဝန္ထမ်း၊ သို့မဟုတ် ထောင်အရာရွိက ဒီအမှုကြီးထဲမွာ မပါဘူး ပေါ့လော့်မှုအတြက်။ သို့သော် နောက္တခုက်တော့ အဲဒီဝန္ထမ်း၊ အဲဒီအရာရွိကိုယ္တိုင္က ထြက်ျေပးမယ့်သူတြေနဲ့ ပူးပေါင်းပြီးတော့၊ အားပေးပြီးတော့ အဲဒီအမှုတြဲမွာ တစိတ္တပိုးမွာ ပူးပေါင်းပါဝင်ရင် ရာဇသတ်ကြီးဥပေဒ ပုဒ္မ ၂၂၅ နဲ့ အေရးယူတယ်။ ၂၂၅ က်တော့ ထြက်ျေပးတဲ့ အက်ဉ်းသားရဲ့ က်ခံရမယ့် နွစ္ကာလ၊ သို့မဟုတ် က်ခံနေတဲ့ နွစ္ကာလအေပါ် မူတည်ပြီးတော့ အနိမ့်ဆုံျးပစ္ဒဏ် ၂ နွစ္ကေန တသက္တကျြန်းအထိ သူကျပစ္ဒဏ္က်ခံနိုင္တယ်။ ဆိုကြပါစို့.. သေဒဏ္က်ခံရမယ့် အက်ဉ်းသား ထြက်ျေပးဖို့ ကူညီခဲ့မယ်။ ဆောင်ရက်ြပေးခဲ့မယ်။ သို့မဟုတ် ဒီလက်ရွိကိုပဲ သေဒဏ္က်နေတဲ့ အက်ဉ်းသားကို ထြက်ျေပးဖို့ ကူညီခဲ့မယ်ဆိုရင် သူက တသက္တကျြန်းအထျိပစ္ဒဏ္ခ်မွတ်နိုင္ပါတယ်။

အဲဒီတော့ ဘားအံထောင္မျွာဖစ္တျဲ့ဖစ္စဉ္ကို ကြည့္လိုက်ရင် သာမန်အာျးဖင့် ကြည့်ရင်တေျာ့ပစ္ဒဏ္က နည်းတယ္လို့ သတ္မွတ္လို့ ရတာပေါ့။ သို့သော် ဟိုဘက္မွာ တာဝန်ရွိမှုအရလည်း သူတို့အလုပ္ကေန ထုတ္ပယ္တျဲ့ပစ္ဒဏ္ကို ခ်မွတ္ခဲ့ပြီ။ ပြီးတော့မွ အျပစ်ရွိမှုအတြက်  ဒီဘက္မွာ လာပြီး ၅၄(၁)အရ တရားစြဲတဲ့ အခါက်တော့ ဟိုဘက်ျပစ္ဒဏ္နဲ့ ခိန္ထိုးပြီး သူတို့ကို ခ်လိုက္တဲ့အတြက် နည်းတယ္လို့တော့ျေပာလို့မရဘူး။

သို့သော် အဲဒီမွာ ဘာက်န်နေခဲ့သလဲဆိုရင် ဒီအထဲမွာ ခုနက ပေါ့လော့်လို့ က်တဲ့သူတြေပါသလို၊ ခုနကလို ပူးပေါင်းကြံစည်ပြီး လုပ်သလား ဆိုတာကို တရားရုံးက ဖ္ထောုတ်ပြီး စစ်ဆေးနိုင္ခဲ့တာ မပါဘူး။ ဥပမာ ဒီကားကြီးကို သတင်းရလ်က္နဲ့ ကားကြီးကို အထဲသြင်းပေးတဲ့ပုဂ္ဂိုလ် ဒီအထဲမွာ မပါဘူး။ လုံခြုံရေးတာဝန္က် တရားစြဲတဲ့ အထဲမွာ မပါဘူး။ ဒီလိုလေးတြေတာ့ ရွိပါတယ်။ သို့သော် ခ်သြားတျဲ့ပစ္ဒဏ္ကေတာ့ တာဝန်ရွိမှုအရေကာ အလုပ္က ထုတ္ပယ်ပြီးသာျးဖစ္တဲ့အတြက် ဒီဘက္မွာ ထောင္ဒဏ္ခ်မွတ်အတဲ့အခါမွာ နွစ္ခုကို ခိန်ဆပြီးပေးတဲ့အတြက် နည်းတယ္လို့တော့ သုံးသပ္လို့မရပါဘူး။”

မေး– မကြာခဏ ဖတ္မိတဲ့ သတင်းတြေထဲမွာ လမ်းပေါ်မွာ ဓာတ်ကြိုျးပတ္က်နေတာကို မသိဘဲ လမ်းလွော်က်ရာက ဓာတ္လိုက်ပြီး သေဆုံးသူ၊ လမ်းမေပ်ါမွာ သြားလာတုန်း ဓာတ္တိုင် ကိုးက်လို့ ကိုယ်ပေါ် မိမိပြီး သေဆုံးရသူ၊ ရျေမာင်းအဖုံး မရွိလို့ ခေ်္ကာ်ပြီးျေခေတာက္ကိုးသူတြေကို တြေ့ရပါတယ်။ ဒီလိုကိစ္စမိုျးဖစ်ရင် နစ္နာသူအတြက် တာဝန်ယူဖို့၊ နစ္နာကြေးပေးဖို့ ဘယ်သူ့မွာ တာဝန်ရွိသလဲ။ ဘယ္လို တောင်းဆိုရမလဲ ဆိုတာကို ဥပေဒ ဗဟုသုတအေနနဲ့ သိပါရေစ။

“ဒါကေတာ့ ဒီနောက္ပိုင်းမွာ အေတ္မာ်ားမ်ား မကြာ မကြာ၊ျပည်သူလူထုအတြင်းမွာ ကြားရတာတြေ ရွိတယ်။ စိတ္မခ်မ်ျးေမ့စရာတြေ ရွိတယ်။ ဒါတြေအျပင္ကိုပဲ ဟိုတေလာကတင် ခြေးလေခြးလြင့်တြေ ဝိုင်းကိုက္လို့ ကေလးတြေ ခံရတာတို့၊ နောက် ဆေးကုသရင်းကေနမွ သေဆုံးသြားတာတြေ။ ဒါတျြေဖစ္တဲ့အခါမွာ မ်ားသောအာျးဖင့် ဘယ္လို အေရးယူရမလဲ ဆိုတာ မသိကြတာ မ်ားတယ်။ နောက် က်န္တောို့ ဒျီမန္မာနိုင်ငံမွာ တည်ရွိနေတဲ့ ဥပေဒေတြတ တ္မော်ားမ်ားကလည်း ဒျီပည်သူတြေက လိုက္နာဆောင်ရက္ဖြို့ ပ်က္ကြက္ခဲ့ရင်သာ ဘယ္လိုတြေ တာဝန်ရွိမယ်၊ ဘယ္လိုတျြေပစ္ဒဏ်ပေးမယ္လိျု့ပဋ္ဌာန်းထားတာ။ ဒီအဖြဲ့အစည်းတြေက ဆောင်ရက္လြို့ ပ်က္ကြက္ခဲ့ရင် ဘယ္လိုတြေ တာဝန်ယူမလဲ၊ တာဝန္ခံမလဲ ဆိုတျာပဋ္ဌာန်းခ်က်တြေမွာ မပါဘူး။ အဲဒီတော့ တခုတော့ ရွိတယ်။ က်န္တောို့ ဥပေဒမွာ အသုံးနည်းတဲ့ ဥပေဒတခု ရွိတယ်။ ၁၉၇၅ မျွာပဋ္ဌာန်းခဲ့တဲ့ဟာ ရွိတယ်။ျမန္မာနိုင်ငံသားမ်ား၏ အခြင့်အေရးကာကြယ်ရေးဆိုင်ရာ ဥပေဒ ဆိုတာ ရွိတယ်။ အဲဒီဥပေဒမွာ အစိုးရအဖြဲ့အစည်းတြေက သူတို့ ဆောင်ရက်ြရမယ့် လုပ်ငန်းတာဝန်တြေကို က်ေပြန္စြာ မေဆာင်ရက္လြို့ နစ္နာခဲ့ရင် နစ္နာသူသည် သက်ဆိုင်ရာအဖြဲ့အကြီးအကဲကို တိုင်ကြားခြင့် ရွိတယ်။ တိုင်ကြားရင် ဒါကို စစ်ဆေးပြီးတော့မွ နစ္နာမှုအတြက် ကုစားပေးရမယ်။ လိုအပ္ခဲ့လို့ လော််ကြေးရွိရင္လည်း လော််ကြေးပေးရမယ်။ အဲလိုမွ မေပးဘူးဟေ့ဆိုရင် အဲဒီအဖြဲ့ရဲ့ အကြီးအကဲကို အေရးယူရမယ္လိျု့ပဋ္ဌာန်းခဲ့တာ ရွိပါတယ်။ သို့သော် ဒီဥပေဒက လူတြေက အသိနည်းတဲ့အခါက်တော့ တိုင်ကြားတာ နည်းတယ်။ ဒါက ဥပေဒနဲ့အညီ တိုင်းတာ။

နောက္တခုကက်တော့ မိမိရဲ့လော််ကြေး၊ နစ္နာကြေးအတြက် တရား မနစ္နာမှုဥဒေအရ တရားဝင်ျပဋ္ဌာန်းထားတာ ရွိပါတယ်။ က်န္တောို့ ခုနက ဆိုကြါစို့။ျေမာင်းအဖုံးတြေ ခေ်္ကာ်သြားတယ်။ျေမာင်းအဖုံးလုပ္ဖို့ တာဝန်ရွိနေတဲ့ မြို့တ္စောည္ပင်.. ဒါတြေကို က်န္တောို့ တိုင်ကြားခြင့်ရွိတယ်။ ဒီခုနက လော််ကြေးတောင်းခံခြင့် ရွိတယ်။ အလာတူးပဲ လ်ွပ္စစ္ဓာတ်ကြိုးတျြေပတ္က်နေလို့ မသိဘဲ ဓာတ္လိုက်ပြီး သေဆုံးတယ်။ ဒါဆိုရင် ဒီသက်ဆိုင်ရာ ဌာနရဲ့ အကြီးအကဲ၊ ဒီလ်ွပ္စစ္ဓာတ်အားပေးက္ပောိုရေးရွင်း အကြီးအကဲကို က်န္တောို့ တိုင်ကြားလို့ရတယ်။ ဆိုလိုတာက ခုနကျေပာတဲ့ ၁၉၇၅ ခုနွစ်၊ျမန္မာနိုင်ငံသားမ်ား၏ အခြင့်အေရး ကာကြယ်ရေး  ဥပေဒအရလည်းပဲ သက်ဆိုင်ရာ ဌာနအကြီးအကဲကို တင်ျပပြီး တိုင်ကြားနိုင္တယ်။ လော််ကြေးတြေ တောင်းခံနိုင္တယ်။ သက်ဆိုင်ရာ တရားရုံး တရုံးရုံးမွာလည်း မိမိရဲ့ နစ္နာမှုကို ဖော်ျပပြီး တရားမအမှုအေနနဲ့ မိမိရဲ့ နစ္နာကြေး၊ လော််ကြေး တောင်းခံခြင့် ရွိပါတယ်။”

မေး– အဂတိမှု က်ူးလြန္လိျု့ဖစ်စေ၊ အျခာျးပစ္မှုတခုခုကို က်ူးလြန္လိျု့ဖစ်စေ ဝရမ်ျးေပးအျဖစ် ကြေညာထားသူ တေယာက္ကို သာမန်ျပည်သူတဦးကျဖစ်စေ၊ လူတစုကျဖစ်စေ အတင်းအက်ပ် ဖမ်းဆီးခ်ုပ်နွောင္ခြင့် ရွိပါသလား၊ ဒီလို လုပ်ဆောင်ရာမွာ တရားခံက သေစေလာက္တဲ့ လက္နက္ပစ္စည်းတခုခုနဲ့ ခုခံမယ်ဆိုရင် ဖမ်းဆီးတဲ့သူတြေက အဲဒီတရားခံကို အနာတရျဖစ်စေအာင် လုပ်ပြီး ဖမ်းဆီးရင် ဥပေဒနဲ့ ငြိစြန်းနိုင္ပါသလား။

“လက်ရွိ အခင်းအက်င်းမွာ ဝရမ်ျးေပးက မ်ားတယ်။ က်န္တောို့ခေတ္က ဝရမ်ျးေပးတြေခတ်ျဖစ်နေတာပေါ့။ သက်ဆိုင်ရာ အေကြာင်းကြောင်းတြေကြာင့် ရဲတပ္ဖြဲ့ကလည်း မဖမ်းနိုင္ဘူး။ လူသူကြားထဲမွာ ရွိနေတယ်။ တရားခံျေပး ကြေညာထားတာ သိတယ်။ သိတယ်ဆိုရင် က်န္တောိျု့ပည်သူတြေက ဖမ်းဆီးခြင့် ရွိပါတယ်။ သို့သော် ဖမ်းဆီးမယ့် အခ်က္နဲ့တော့ ကိုက်ညီရမယ်။ အဲဒါကေတာ့ သူသည် တရားရုံး တရုံးရုံးကေန တရားခံျေပးအျဖစ် ကြေညာထားတဲ့သျူဖစ်ရမယ်။ နောက်.. ဖမ်းဝရမ်းထုတ်ပေးထားတဲ့သျူဖစ်ရမယ်။ ဖမ်းဝရမ်းကလည်း ဒီခုနက တနိုင်ငံလုံးမွာ လွှမ်းခြုံပြီး ဖမ်းဆီးနိုင္တဲ့ ဖမ်းဝရမ်းမိုျးဖစ်ရမယ်။ အဲဒါဆိုရင်တော့ ဒီရဲတပ္ဖြဲ့ကို နောက္တခါ ဒီသူတို့ဖမ်းတဲ့အခိန္မွာ ရဲတပ္ဖြဲ့၊ သို့မဟုတ် အုပ္ခ်ုပ်ရေးအဖြဲ့အစည်းကို ရုတ္တရက် အေကြာင်းကြားဖို့၊ သူတို့ ဖမ်းဆီးနိုင္ဖို့ အခြင့်အေရး မရွိဘူး။ ကိုယ္မွ မဖမ်းဆီးဘူးဆိုရင် လြတ်ျေမာက်သြားနိုင္မယ့် အျေခအေနမွာ ဆိုရင် ဖမ်ဆီးပိုင္ခြင့် ရွိပါတယ်။ က်င့္ထုံးဥပေဒမွာလည်း ပေးထားတယ်။ ဒီရာဇဝတ္က်င့္ထုံး ဥပေဒမွာ အတိအက် ပေးထားပါတယ်။

ပေးထားတဲ့အျပင်… ဘာပေးထားလဲဆိုတော့ သူက ဖမ်းဆီးတဲ့အခါမွာ ထြက်ျေပးရင္ပျဲဖစ်ျဖစ်၊ သို့တည်းမဟုတ်ျပန်ပြီးတော့ လက္နက်တြေနျဲ့ပန်ပြီးတော့ ခုခံမယ်ဆိုခဲ့ရင္လည်းပဲ သူ့ကို မည်သည့္နည်းနျဲ့ဖစ်ျဖစ် ဖမ်းဆီးနိုင္ဖို့ အတင်းအက်ပ် ဆောင်ရက်ြနိုင္ခြင့် ရွိတယ်။ျပန္လည် ခုခံနိုင္ခြင့်ရွိတယ်။ အဲဒီလို ခုခံတဲ့အခါမွာ တခုချုဖစ်သြားမယ်၊ ဒဏ်ရာ အနာတရ .. ရသြားမယ်။ အဲဒါဆိုရင် သူက က်င့္ထုံးဥပေဒအရျပဋ္ဌာန်းပေးထားတာ။ အဲဒီ ဖမ်းဆီးရမယ့် တရားခံျေပးသည် သေဒဏ္က်ခံရမည့်သူ၊ သို့မဟုတ် တသက္တကျြန်း က်ခံရမယ့္လူမွအပ က်န္တ်ဲသူတြေဆိုရင် မေသေစရလို့ပျဲပဋ္ဌာန်းထားတယ်။ မေသဘူးဆိုရင် ကိုးသြားလည်ျးပဿနာမရွိဘူး၊ ပဲ့သြားလည်ျးပဿနာမရွိဘူး။ အဲဒီအတြက် ဒီဘက် ရာဇသတ်ကြီးဥပေဒမွာလည်းပဲ ဒီကင်းလြတ္ခြင့် ပေးထားတယ်။ ဒီလို ဝရမ်ျးေပးတြေကို ရဲတပ္ဖြဲ့နဲ့ ပူးပေါင်းပြီးတော့ပျဲဖစ်စေ၊ ရဲတပ္ဖြဲ့ကို အေကြာင်းမကြားနိုင္လိျု့ပည်သူလူထုက ဝိုင်းဝန်းဖမ်းဆီးလို့ပျဲဖစ်စေ၊ ထြက်ျေပးရင်၊ သို့မဟုတ် ခုခံရင် အတင်းအက်ပ် ဖမ်းဆီးတဲ့အခါမွာ ဒဏ်ရာအနာတရျဖစ်သြားရင် တာဝန္မရွိပါဘူး၊ ကင်းလြတ္ခြင့်ရွိပါတယ်။ ဒါကြောင့်ျပည်သူလူထုတြေအေနနဲ့ ရဲရဲဝံ့ဝံ့ ပူးပေါင်းဖမ်းဆီးခြင့် ရွိပါတယ်။ ကူညီလို့ ရပါတယ်။”

Tags:

Source : DVB