fbpx

အွန်လိုင်းပေါ်က အစွန်းရောက်ပို့စ်များကို ဟန့်တားရန် ကမ္ဘာကျော်နည်းပညာကုမ္ပဏီများ စီစဉ်နေ 

ကမ္ဘာကျော်နည်းပညာ ကုမ္ပဏီကြီးများအဖွဲ့ဟာ ခရိုက်ချာ့ခ်ျ တိုက်ခိုက်မှုလိုမျိုး ထိခိုက်စေတဲ့ ဘယ်လို စာတွေ၊ ပုံတွေကိုမဆို ဖယ်ရှားရုံသာမက စကတည်းက ဟန့်တားဖို့ ကြိုးစားရေး စီစဉ်နေတယ်လို့ နယူးဇီလန် ဝန်ကြီးချုပ် ဂျာစင်ဒါအာဒါန်က ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ဆက်စပ် အစည်းအဝေးအတွင်း သတင်းစာ ရှင်းလင်းပွဲမှာ စက်တင်ဘာ ၂၃ ရက်က ပြောပါတယ်။

ခရိုက်ချာ့ခ်ျ ဗလီမှာ အစုလိုက် သတ်ဖြတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစိုးရ အဖွဲ့ဝင်တွေနဲ့ ပညာရှင်တွေနဲ့အတူ ဆောင်ရွက်ခွင့်ပြုတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းက ဒီလုပ်ရပ်ကို စလုပ်လိုက်တာလို့ ဖေ့စ်ဘွတ်ခ် နိုင်ငံတကာ ကော်ပိုရေးရှင်းက ပြောပါတယ်။

နယူးဇီလန် တောင်ပိုင်းက ဗလီမှာ သောကြာ ဝတ်ပြုပွဲကို တက်လာတဲ့ မွတ်စလင်တွေကို သေနတ်သမား တယောက်က တိုက်ခိုက်ချိန်မှာ တိုက်ခိုက်သူက သူ့လုပ်ရပ်ကို ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါတယ်။

“တိုက်ခိုက်မှုအပြီး ပထမ ၂၄ နာရီအတွင်းမှာ ဒီရုပ်သံကို ကြည့်သူ တသန်းခွဲ ရှိခဲ့တယ်။ မျှဝေမှု ၁ ဒသမ ၂ သန်းကို ဘယ်သူမှ မမြင်ခင် ကျမတို့ ဖြုတ်ချခဲ့တယ်။ နောက်တကြိမ် ဒါမျိုး ထပ်ဖြစ်တဲ့အထိ ကျမတို့ မစောင့်နိုင်ဘူး။ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ငန်းစဉ်တွေ စနစ်တွေ အစပြုဖို့ အခု ကြိုးကြိုးစားစား အလုပ်လုပ်ရမယ်။ ကျမတို့ရဲ့ လွတ်လပ်ခွင့်တွေကို လှိုက်စားဖို့ ကြိုးစားသူတွေအတွက် သတိရှိနေရမယ်”လို့ ဖေ့စ်ဘွတ်ခ်ရဲ့ လုပ်ငန်းလည်ပတ်မှု အရာရှိချုပ် ရှရီဆန်းဘာ့ဂ်က ပြောပါတယ်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ အင်တာနက် ဖိုရမ်ကို မိုက်ခရိုဆော့ဖ် ကော်ပိုရေးရှင်း၊ တွစ်တာ နိုင်ငံတကာ ကော်ပိုရေးရှင်းနဲ့ အယ်လ်ဖှာဘတ် နိုင်ငံတကာ ကော်ပိုရေးရှင်းတို့လည်း ပါဝင်ဖွဲ့စည်းထားပါတယ်။

ဥရောပ အစိုးရတွေနဲ့ အမေရိကန် အစိုးရတို့က ဖိအားပေးအပြီးမှာ ဒီကုမ္ပဏီတွေဟာ အွန်လိုင်းပေါ်က အစွန်းရောက် တင်ပြချက်တွေကို ဖယ်ရှားဖို့ အဖြေတွေကို မျှဝေခဲ့ကြပြီး အစွန်းရောက်မှု တိုက်ဖျက်ရေး ပညာရှင်တွေနဲ့ လက်တွဲ လုပ်ဆောင်ရင်း အလားတူ တင်ပြချက်တွေကို တိုက်ဖျက်ရေး သုတေသနတွေ လုပ်ခဲ့ကြပါတယ်။

~~~~~~~~~~~~~~~~~~

Zawgyi_version

အြန္လိုင်းပေါ်က အစြန်းရောက္ပို့စ္မ်ားကို ဟန့္တားရန် ကမ္ဘာကေ်္နာည်းပညာကုမ္ပဏီမ်ား စီစဉ်နေ 

ကမ္ဘာကေ်္နာည်းပညာ ကုမ္ပဏီကြီးမ်ားအဖြဲ့ဟာ ခရိုက္ခ်ာ့ခ် တိုက္ခိုက္မှုလိုမိုး ထိခိုက်စေတဲ့ ဘယ္လို စာတြေ၊ ပုံတြေကိုမဆို ဖယ်ရွားရုံသာမက စကတည်းက ဟန့္တားဖို့ ကြိုးစားရေး စီစဉ်နေတယ္လို့ နယူးဇီလန် ဝန်ကြီးခ်ုပ် ဂ်ာစင္ဒါအာဒါန္က ကုလသမဂ္ဂ အေထြေထြညီလာခံနဲ့ ဆက္စပ် အစည်းအေဝးအတြင်း သတင်းစာ ရွင်းလင်းပြဲမွာ စက္တင္ဘာ ၂၃ ရက္ကျေပာပါတယ်။

ခရိုက္ခ်ာ့ခ် ဗလီမွာ အစုလိုက် သတ်ျဖတ္မှုကို တုံျ့ပန္တဲ့အေနနဲ့ အစိုးရ အဖြဲ့ဝင်တြေနဲ့ ပညာရွင်တြေနဲ့အတူ ဆောင်ရက္ခြင့်ျပုတဲ့ လြတ္လပ္တဲ့ အဖြဲ့အစည်းက ဒီလုပ်ရပ္ကို စလုပ္လိုက္တာလို့ ဖေ့စ္ဘြတ္ခ် နိုင်ငံတကာ က္ပောိုရေးရွင်းကျေပာပါတယ်။

နယူးဇီလန် တောင္ပိုင်းက ဗလီမွာ သောကြာ ဝတ်ျပုပြဲကို တက္လာတဲ့ မြတ္စလင်တြေကို သေနတ်သမား တေယာက္က တိုက္ခိုက္ခိန္မွာ တိုက္ခိုက်သူက သူ့လုပ်ရပ္ကို ဖေ့စ္ဘြတ္ခ် လူမှုကြန်ရက်ပေါ်ကေန တိုက်ရိုက် ထုတ္လွှင့္ခဲ့ပါတယ်။

“တိုက္ခိုက္မှုအပြီး ပထမ ၂၄ နာရီအတြင်းမွာ ဒီရုပ်သံကို ကြည့်သူ တသန်းခြဲ ရွိခဲ့တယ်။ မ်ွဝေမှု ၁ ဒသမ ၂ သန်းကို ဘယ်သူမွ မျမင္ခင် က်မတိျု့ဖုတ္ခ်ခဲ့တယ်။ နောက္တကြိမ် ဒါမိုး ထပ်ျဖစ္တဲ့အထိ က်မတို့ မေစာင့်နိုင္ဘူး။ ပူးပေါင်းဆောင်ရက္ဖြို့ လုပ်ငန်းစဉ်တြေ စနစ်တြေ အဈပုဖို့ အခု ကြိုးကြိုးစားစား အလုပ္လုပ်ရမယ်။ က်မတို့ရဲ့ လြတ္လပ္ခြင့်တြေကို လှိုက္စားဖို့ ကြိုးစားသူတြေအတြက် သတိရွိနေရမယ်”လို့ ဖေ့စ္ဘြတ္ခ်ရဲ့ လုပ်ငန်းလည္ပတ္မှု အရာရွိခ်ုပ် ရွရီဆန်းဘာ့ဂ္ကျေပာပါတယ်။

အကြမ်းဖက္မှု တိုက္ဖ်က်ရေး ကမ္ဘာလုံးဆိုင်ရာ အင္တာနက် ဖိုရမ္ကို မိုက္ခရိုဆော့ဖ် က္ပောိုရေးရွင်း၊ တြစ္တာ နိုင်ငံတကာ က္ပောိုရေးရွင်းနဲ့ အယ္လ္ဖွာဘတ် နိုင်ငံတကာ က္ပောိုရေးရွင်းတို့လည်း ပါဝင္ဖြဲ့စည်းထားပါတယ်။

ဥရောပ အစိုးရေတြနဲ့ အေမရိကန် အစိုးရတို့က ဖိအားပေးအပြီးမွာ ဒီကုမ္ပဏီတြေဟာ အြန္လိုင်းပေါ်က အစြန်းရောက် တင်ျပခ်က်တြေကို ဖယ်ရွားဖို့ အျေဖေတြကို မ်ွဝေခဲ့ကြပြီး အစြန်းရောက္မှု တိုက္ဖ်က်ရေး ပညာရွင်တြေနဲ့ လက္တြဲ လုပ်ဆောင်ရင်း အလားတူ တင်ျပခ်က်တြေကို တိုက္ဖ်က်ရေး သုတေသနေတြ လုပ္ခဲ့ကြပါတယ်။

Tags:

Source : DVB