fbpx

၇ကြိမ်မြောက် နိုင်ငံတကာဆောက်လုပ်ရေး စွမ်းအင် နှင့် ဓာတ်သတ္တုပြပွဲ အောက်တိုဘာလ တွင် ကျင်းပမည်

နိုင်ငံတကာဆောက်လုပ်ရေး စွမ်းအင် နှင့် ဓာတ်သတ္တုပြပွဲ ကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ– UMFCCI)

ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၇ကြိမ်မြောက် နိုင်ငံတကာဆောက်လုပ်ရေး စွမ်းအင် နှင့် ဓာတ်သတ္တုပြပွဲ (Construction, Power & Mining Myanmar Exhibition) ကို ရန်ကုန်မြို့တွင် အောက်တိုဘာ ၉ ရက် မှ ၁၁ ရက် အထိကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ယင်းပြပွဲတွင်  မြန်မာနိုင်ငံ၏ အဆောက်အဦနှင့် ဆောက်လုပ်ရေး၊ လျှပ်စစ်စွမ်းအားပြန်လည်ပြည့်ဖြိုးရေး၊ သတ္တုတွင်းတူးဖော်ရေး၊ ဓာတ်သတ္တုထုတ်လုပ်ရေးနှင့် သက်ဆိုင်သောစက်ပစ္စည်းများအားခင်းကျင်းပြသမည့် ပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။ 

 

အဆိုပါ ပြပွဲအား ရန်ကုန်တိုင်းဒေသကြီး ရှိ  Myanmar Expo (ME) ခန်းမ၌ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း၊ ဤလင့်ခ်တွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း သိရသည်။

 

၎င်းပြပွဲတွင် (စက်ယန္တရားများလည်ပတ်ပြသနေမည်ဖြစ်) သောကြောင့် ၁၈နှစ်ပြည့်ပြီးသူများသာ ပြပွဲခန်းမအတွင်းသို့ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။  (Xinhua) 

Source : Xinhua Myanmar